မိုဘိုင်းဖုန်းများတွင် Font အလွယ်တကူထည့်သွင်း၍မရနိုင်
| Tuesday, 08 September 2009 |
| “မိုဘိုင်းဖုန်းထဲကိုဖောင့်ထည့်သွင်းတာ နည်းစနစ်ပိုင်းကအရမ်းကို ရှုပ်ထွေးပါတယ်။ သာမန်သုံးစွဲသူတွေ အလွယ်တကူထည့်ဖို့သိပ်မလွယ်ပါဘူး။ ဒါပေမယ့် Windows မိုဘိုင်းဖုန်းတွေက အဆင်ပြေနိုင်တယ်။ Symbian OS ဖုန်း တွေအနေနဲ့ ဆော့ဖ်ဝဲလိုဟာမျိုးတွေသုံးရတာလွယ်ကူပြီး ဆော့ဖ်ဝဲမဟုတ်ဘဲ အင်တာနက်ကြည့်ဖို့ Office Application တွေမှာသုံးဖို့အတွက်ဆိုရင်တော့ Windows Mobile လို PDA ဖုန်းတွေမှာမြင်ရပေမယ့် Symbian ဖုန်းတွေမှာမြင်ရဖို့ အတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေများပါတယ်” ဟု မိုဘိုင်းဖုန်းဆားဗစ်သမားတစ်ဦးက ရှင်းပြသည်။ မိုဘိုင်းဖုန်းများတွင် မြန်မာစာစနစ်သုံးနိုင်ခြင်းမှာ Technomation Studio မှထုတ်လုပ်သောဆော့ဖ်ဝဲများတွင် မြန်မာလို SMS အပြန်အလှန်ပို့နိုင်ပြီး sm3 မှမိုဘိုင်းဆော့ဖ်ဝဲများသည်လည်း မြန်မာလိုအသုံးပြုနိုင်သော ဆော့ဖ် ၀ဲများကိုထုတ်လုပ်သည်။ Zawgyi ဖြင့်သုံးနိုင်သော မိုဘိုင်းဆော့ဖ်ဝဲများကိုလည်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ နောင်နောင် |