Facebook Badge

Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Wednesday, September 9, 2009

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ ( အပိုင်း ၅ )



အာရှနိုင်ငံရဲ့ Himalayas



မည်သည့် ရှုထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ တောင်တန်းတွေဟာ တစ်ရစ်ပြီးတစ်ရစ် တစ်သွယ်ပြီးတစ်သွယ် စီရီနေပြီး ကျောက်ဆောင်ကျောက်တုံးတွေ အစီလိုက်စဉ်ထားသလို ဖြစ်ပြီး အဲဒီတောင်အထပ် တွေကို ကြည့်ရင်ပဲ ၃၀၀၀ ကီလိုမီတာလောက် ရှိပါတယ်။ တောင်ထိပ်တောင်ဖျားတွေဟာ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်ပြီး planet ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးတောင်တွေ စုဝေးနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်တွေလည်း ပါဝင်ပါတယ် ။ Mount Everest နဲ့K2 တို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းတွေဟာ Afghanistan , Bhutan , China , India , Nepal, Pakistan နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာဟာ ကောင်းကင်နဲ့ထိစပ်နေတဲ့ ကမ္ဘာ့နေရာလည်း ဖြစ်ပါတယ် ။

California ရဲ့ Yosemite တောင်ကြား



နှိုင်းယှဉ်လို့မရတဲ့ သဘာသအလှတရားတွေဟာ ရာသီတိုင်း ရာသီတိုင်း ရောင်အသွေးစုံလင်စွာနဲ့ စိန်ခေါ်လျှက်ရှိပါတယ် ။ လတ်ဆတ်တဲ့လေပြည်လေညှင်းတွေရဲ့ ရနှံ့ဟာ ဒီ တောင်ကြားမှာပဲ ရရှိနိုင်ပါတယ် ။ Yo-seh-mit-tea လို့လည်း အသံထွက်ပါတယ် ။ ဒီတောင်ကြားဟာSierra Nevada တောင်တန်းတွေမှာ ရှိတဲ့ Yosemite National Park ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ် ။ ဒီနေရာလေးမှာ အလွန်အမင်းလှပမှုတွေ ပြည့်နှက်နေပြီး အကျယ်အားဖြင့် ၁ မိုင်ခန့်သာ ရှိပါတယ် ။ အရှည်ကတော့ ၈ မိုင်လောက်လောက်ရှိပြီး ဒေါင်လိုက် တောင်နံရံကြီးကတော့ တစ်ဖက်ဆီမှာ ပေ၂၀၀၀ ခန့်မြင့်ပါတယ် ။ ရေတံခွန်ပေါင်း ကိုးခုကလည်း ဒီတောင်ကြားထဲကို စီးဆင်းနေပါတယ် ။ ငြိမ်းချမ်းလှပတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။

Ontario , Canada , New York , United States မှာ ရှိတဲ့ Niagara ရေတံခွန်



Niatara မြစ်ထဲမှာ ကြီးမားလှပတဲ့ ရေတံခွန်ပေါင်း များစွာစီးဆင်းလျှက်ရှိပါတယ် ။ သူတို့ဟာ ရေအားလျှပ်စစ်အတွက် အဓိကပင်ရင်း ဖြစ်ပြီးထင်ရှားကျော်ကြားလှပါတယ် ။ ဒီရေတံခွန်တွေကို ၃ မျိုးလည်း ခွဲခြားထားပါတယ် ။ Canadian ဘက်မှာ Horseshoe ရေတံခွန်American ဘက်မှာAmerican ရေတံခွန်နဲ့ Bridal Veil ရေတံခွန်တို့ပဲ ဖြစ်ပါတယ် ။ ဒီရေတံခွန်တွေဟာ နောက်ဆုံးရေခဲခေတ် ရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ဒီရေတံခွန်တွေဟာ အမြင့်ဆုံးမဟုတ်ပေမယ့် အလွန်အမင်းကျယ်ဝန်းပြီး North America မှာ အားအပြင်းဆုံးလည်း ဖြစ်ပါတယ် ။


Russia ပြည်ရှိ အံ့သြဖွယ် တွင်းနက်ကြီး

Russia ပြည်ရှိ အံ့သြဖွယ် တွင်းနက်ကြီး



၁၉၈၀ နောက်ပိုင်းမှာ ရုရှား ပြည်နယ်ရဲ့ အချို့တောနက်တွေထဲမှာ ထူးဆန်းမှုတွေ ဖြစ်ပွားခဲ့ပါတယ် ။ လူတွေဟာ
အလွန်ထူးဆန်းတဲ့ တွင်းအနက်ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ ကြခြင်းဖြစ်ပါတယ် ။ သူတို့ကိုတွှေ့ရှိခဲ့တဲ့ တောနက်တွေ ဟာ အလွန်အမင်းနက်ရှိင်း ပြီး အဲဒီနေရာကို ကား သို့မဟုတ် မည်သည့် ပစ္စည်းမှ သယ်ယူမသွား နိုင်လောက်အောင် ဝေးလံခေါင်သီပါတယ် ။ ဒီတွင်းနက်ထဲ မှ မြေကြီးအချို့ကို ယူဆောင်ဖို့မဆိုထားနှင့် မည်မျှနက်ရှိုင်းသည် ဆိုသည်ကိုပင် မည်သူမျှ မခန့်မှန်းနိုင်ပေ ။ လူအချို့ဟာ အဲဒီတွင်းနက်ထဲကို ဆင်းဖို့ကြိုးစားကြပြီး အတွင်းပိုင်းမှာ အဆုံးအဆမဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်သောကြောင့် မအောင်မြင်ခဲ့ပါဘူး ။ ဒီတွင်းနက်တွေ မည်သည့်အတွက်ကြောင့်ပေါ်လာသည်မည်သို့အသုံးပြုရမည်ကို မည်သူမျှ မသိသေးပေ ။


ငရဲပြည် တောင်ကုန်း

ငရဲပြည် တောင်ကုန်း



၁၉၆၂ မှာ Centralia ( Pennsylvania ) မှာ မီးလောင်မှုဖြစ်ပွား ပြီး အဲဒီမီးဟာ မြို့ အောက်ခြေမှာ ရှိတဲ့ ကျောက်မီးသွေးကြောကို ကူးစက်သွားခဲ့ပါတယ် ။ မျက်နှာပြင်ပေါ်ကို ထွက်ပေါ်လာတဲ့ မီးတောက်မီးညွှန့်တွေဟာ အရှိန်ပြင်းလှ ပြီး ကျောက်မီးသွေးတွေကတော့ နှစ်ပေါင်းများစွာ တိုင်အောင် ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ် ။ ၁၉၈၄ ခုနှစ်မှာ ထိမ်းချုပ်လို့မရတော့လောက်အောင် မီးလောင်မှုက ပြင်းထန်လာပြီး မြို့မှလူတွေဟာ ဘေးကင်းရာအရပ်ကိုပြောင်းရွှေ့ပြီး မြို့ကို စွန့်ခွာခဲ့ရပါတယ် ။

ယခုအချိန်မှာတော့ Centralia ဟာ လူသူတိတ်ဆိတ်ကင်းမဲ့ပြီး ၀ိဥာဉ်ဆန်ဆန်နေရာ တစ်ခုဖြစ်ခဲ့ပါတယ် ။ မြို့ရဲ့ ဟိုးအောက်ခြေအတွင်းပိုင်းထိ မီးကဆက်လက်လောင်ကျွမ်းနေပြီး ဒီကျောက်မီးသွေး ကြောကြီးဟာ နောင်နှစ်ပေါင်း ၂၅၀ ထိဆက်လက်လောင်ကျွမ်းလောက်အောင် များပြားလှပါတယ် ။

Crosses တောင်ကုန်း

Crosses တောင်ကုန်း



ဒီနေရာမှာ လက်ဝါးကပ်တိုင်းပေါင်း ၅၀ ၀၀၀ ထက်ပိုပြီး ရှိပါတယ် ။ ဒါပေမယ့် ဒါဟာ လူသေတွေမြုပ်နှံတဲ့ သင်္ချိုင်း
တော့မဟုတ်ပါဘူး ။ ဒီနေရာလေးမှာ လက်ဝါးကပ်တိုင်တွေ စုပုံနေရတဲ့အကြောင်းရင်းကတော့ ပုံပြင်ဆန်လှပါတယ် ။ အကြောင်းကတော့ ဒီနေရာလေးမှာ မိမိတို့ရဲ့ ကိုယ်ပိုင်လက်ဝါး ကပ်တိုင်တစ်ခုကို လာစိုက်ရင် ကံကောင်းလာသည်ဟု ပြောကြသည့်အတွက် ဖြစ်ပါတယ် ။ ဒါကြောင့်လူထောင်ပေါင်းများစွာဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လက်ဝါးကပ်တိုင် တွေကို ဒီတောင်ကုန်းတွေကို လာရောက်စိုက်ထူကြခြင်းဖြစ်ပါတယ် ။ ဒီအယူအဆဟာ ခရစ်ယာန်ဘာသာ က Lithuania နဲ့ Russia ကိုမရောက်လာခင်ကတည်းက ဖြစ်တယ်လို့ဆိုပါတယ် ။ Pagan ကနေ အခြေပြုပြီး ဆင်းသက်လာတယ်လို့ လည်းဆိုပါတယ် ။

Tuesday, September 8, 2009

ငရဲပြည်သို့ တံခါးဝ

ငရဲပြည်သို့ တံခါးဝ



Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅ နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာ လှိုဏ်ခေါင်းကြီး တစ်ခုကို တွှေ့ရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီး တူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။ လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ် ။အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅ နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ဘယ် နှစ်တန်လောက် မီးလောင်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး ။ မြင်ရသူတိုင်းကတော့ ဒါဟာယခုလေးတင်မှ မီးရှို့ထားတယ်လို့ ထင်မှတ်ကြပါတယ် ။

အကြီးမားဆုံး Jellyfish

အကြီးမားဆုံး Jellyfish





ယခုအချိန်မှာတော့ ဂျပန် researcher တွေဟာ တရုတ်ပြည်ရဲ့ ရေပြင်မှာတွေ့ရှိခဲ့တဲ့ အလွန်ကြီးမားတဲ့ Jellyfish နဲ့ပါတ်သတ်ပြီး သုတေသနတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။ သူတို့ဟာ နောက် အချိန်အနည်းငယ်အတွင်းမှာ ဂျပန် ရေပြင်ဆီကို ရောက်ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ် ။ ဒီအဖြစ်မျိုးက ၂၀၀၅ ခုနှစ်ကလည်း တစ်ကြိမ် ဖြစ်ပျက်ခဲ့ ဖူးပါတယ် ။ ဂျပန် ရေပြင် researcher တွေပြောပြချက်အရ သူတို့လာ ဒီကောင်တွေ အရေအတွက်များလာမှာကို စိုးရိမ်နေကြရပါတယ် တဲ့ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ တစ်ကောင်ကို brediameter 2 metre နဲ့ အလေးချိန် ၂၂၀ ကီလိုဂရမ်လေး လို့ပါပဲ ။ သူတို့ရဲ့ ပြောပြချက်အရ ဒီ jellyfish တွေဟာ ရေစီးကြောင်းမှ တဆင့် ဂျပန်ရေပိုင်နက်ထဲကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ် ။ ဒီကောင်တွေ ဂျပန်ရေပိုင်နက်ထဲကို ၀င်ရောက်လာ ခြင်းဟာ ဂျပန်ငါးဖမ်းစက်ရုံတွေကို ပျက်ဆီးစေမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီ jellyfish တွေဟာ အဆိပ်တွေကို ထုတ်လွှတ်ပေးပြီး အဲဒီအဆိပ်တွေက ဖမ်းမိထားတဲ့ ငါးတွေကို သေစေနိုင်တဲ့အတွက် ကြောင့်ပါပဲ ။

ဒီ လေ့လာမှုကြီးကို Shinichi Ue ကဦးဆောင်ပြီး ပြုလုပ်ပါတယ် ။ သူကတော့ Hiroshima University မှာရှိတဲ့ marinebiology ရဲ့ professor တစ်ဦးဖြစ်ပါတယ် ။ သူတို့ဟာ အသင်းဖွဲ့စည်း ပြီး ဒီကောင်တွေရဲ့ ကြီးထွားမှုကို ဆက်ပြီးလေ့လာနေကြပါတယ် ။ Prof Ue က jellyfish တွေရဲ့ မျိုးပွားပြီး အကောင်ရေများပြားလာမှုကို Kuning Sea နဲ့ South chinaSea မှာ ၂၀၀၆ ခုနှစ်ကတည်းက စတင်လေ့လာခဲ့တာ ဖြစ်ပါတယ် ။
သက်တန့် ထံမှ မျှဝေပါသည်။

Read more...

Sunday, September 6, 2009

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ


တရုတ်ပြည်မှ မဟာတံတိုင်းကြီး




မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် ၇ ပါးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ဒီတရုတ်ပြည်မှ မဟာ
တံတိုင်းကြီးကို လူသားတွေကနေပြုလုပ်ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက
တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတံတိုင်းကြီးတည်ဆောက်ဖို့ အတွက် နှစ်ပေါင်း ၁၀၀ တိတိကြာမြင့်ခဲ့
တယ်လို့သိရပါတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ လုပ်ဆောင်ဖန်တီးမှုကြီးဟာ လူသွားတွေရဲ့ မြင့်မြတ်ကြီးကြယ်တဲ့
စွမ်းရည်တွေကို ဖော်ဆောင်ပါတယ် ။

တံတိုင်းတည်ဆောက်မှုကို 5th Century B.C မှစတင်ခဲ့တယ်လို့ သိရပါတယ် ။ ဒီတံတိုင်းဟာ အမှန်တစ်ကယ်အား ဖြင့် နံရံပေါင်းများစွာ အတူတကွ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး အရှည်အားဖြင့် မိုင် ၄၀၀၀ လောက်ရှိပါတယ် ။တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် အင်ပါယာကြီးကို မြောက်ဖက်မှ Xiongnu လူမျိုးတွေရန်မှ ကာကွယ်ဖို့အတွက်လို့ သိရပါတယ် ။တံတိုင်းကြီးကို အစပိုင်းက ကျောက်တုံးတွေ မြေကြီးတွေ မြက်ပင်တွေ သစ်သားတွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းအချောသတ်မှသာ အုတ်ခဲတွေကို ထည့်သွင်းအသုံးပြု တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒီတံတိုင်းတည်ဆောက်မှုနဲ့ ပါတ်သတ်ပြီး တရုတ်လူမျိုးပေါင်း 2-3 million လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်





ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကို ရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။

ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။

ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။

တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason



Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့ သိပ်သည်းနက်နဲမှုကတော့ အလွန်ပဲ နက်ရှိုင်းပြီး တောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့ အချိန်မဲ့ အသက်ရှူမှားဖွယ်ရာ ဒီတောအုပ်ကြီးဟာ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။

နော်ဝေနိုင်ငံမှ Sognafjord ( Sogne Fjord )




ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်ပြီး
အောက်ဖက်သို့ ၁၃၀၀ မီတာနက်ရှိုင်းပါတယ် ။ ကျယ်ပြန့်တဲ့အပြာရောင် ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။
သက်တန့်ချိုဘလော့ဘ်က ကူးယူပါသည်။

Read more...

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

( ကိုသားကြီးနဲ့ ရန်ကုန်သားတို့ မန့်သွားတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။ ကိုယ့်နိုင်ငံရဲ့အလှအပ

တွေကို ဖော်ထုတ်ဖို့ မေ့လျှော့သလို ဖြစ်သွားတဲ့အတွက် ( အမှန်တော့ စိတ်ထဲမှာ အမြဲတမ်းရှိပါတယ် ) တောင်း
ပန်ပါတယ်ခင်ဗျာ ။ အခုရေးပြီးအပိုင်းဆက် အနေနဲ့ တင်ပေးသွားပါ့မယ် ။ အရင်အပိုင်းဆက် လေးက များသွားတဲ့အတွက် နောက်ကျသွားတာပါခင်ဗျ ။ ခွင့်လွှတ်ကြပါကုန် သယ်ရင်းတို့ ။ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

မြန်မာတဲ့... ကမ္ဘာပေါ်မှာ အလှအပတရားတွေ စုဝေးတဲ့နေရာ ။ မေတ္တာတရားတွေ ထုံမွှမ်းတဲ့နေရာ.. ။ ဒီရွှေနိုင်ငံ
ထဲမှာ ကမ္ဘာကအသိအမှတ်ပြုတဲ့ နေရာတွေ အများကြီးရှိပါတယ် ။ လူတွေပြုပြင် ဖန်တီးထားတာမဟုတ်ပဲ သဘာဝ အလှအပတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ကဲသင်တို့ရဲ့စိတ် အာရုံတွေကို ခဏတာလွှတ်ထားလိုက်ပါ ။ ရင်ခုန်ယစ်မှုးဖွယ် အလှအပတွေကို ခံစားကြည့်ကြပါစို့ ။

ရန်ကုန်မြို့ညမြင်ကွင်း


ရန်ကုန်မြို့ရဲ့ည မြင်ကွင်းဖြစ်ပါတယ် ။ ကန်တော်ကြီး ပန်းခြံကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ အရမ်းကိုလှပပြီးတော့အချိန်ကလည်း အလှဆုံးအချိန်ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်ကတော့ လုံးဝကြီး အမှောင်မကျ သေးပါဘူး ။

အင်းလေးနဲ့ရန်ကုန်မြို့ နေ၀င်ချိန်အလှ





ရွှေမြန်မာနိုင်ငံရဲ့ အရမ်းကိုလှပတဲ့ သဘာဝတရားပြယုဉ် တစ်ခုဖြစ်ပါတယ် ။ ပထမပုံကတော့ အင်းလေးဒေသ ပတ်ဝန်းကျင်ရဲ့ နေ၀င်ချိန် ဖြစ်ပါတယ် ။ ဒုတိယပုံကတော့ ရန်ကုန်မြစ်ကြီးရဲ့ ဆည်းဆာနေ၀င်ချိန် အလှတရား တစ်ခုပါ ။ ဒီလိုအချိန်မျိုးနဲ့ ဒီလိုအလှ အပတရား တွေကို တပြိုင်တည်းကြုံ တွေ့ရဖို့ဆိုတာ အရမ်းကိုခက်ခဲလှပါတယ် ။ သင်ရောဘယ်လိုထင်ပါသလဲ ။ ဆက်လက်ပြီးအံ့မခမ်းဖွယ် အလှအပတွေကို ခံစားကြည့်ကြပါအုန်းစို့။

ဦးပိန်တံတား


ကဲဒီနေရာကို မလှပါဘူးဟု မည်သို့သော နှလုံးသားဖြင့် ငြင်းဆန်နိုင်ပါမည်လဲ ။ မြန်မာနိုင်ငံဟု ဆိုလျှင် ဦးပိန်တံတားလည်းတွဲလျှက်ပါဝင်ပေသည် ။ ညနေခင်းမှာ ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာ အလှကို ခံစားရင်း ဘီယာလေးနှင့် နွဲလိုက်ရလေလျှင်....။

ရှမ်းပြည်နယ်မှ အင်းလေးကန်







သဘာဝအလှဆိုတာ တိမ်မြုပ်ကွယ် ပျောက်လုနီးပါး ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ ဒီနေရာလေးကတော့ ရိုးရာဓလေ့တွေ မတိမ်ကောသေးတဲ့ အလှဆုံးနေရာ တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ် ။ သဘာဝအလှဆိုတာ လူတွေပြုပြင်ဖန်တီးထားတဲ့ အလှထက်နှလုံးသားကို ပိုပြီးဆွဲဆောင်နိုင်တယ်ဆိုတာ သင်ငြင်း နိုင်မှာမဟုတ်ပါဘူး ။ အင်းလေးဒေသမှာ အထင်ရှား ဆုံးအရာ တစ်ခုကတော့ခြေထောက်နဲ့ လှေလှော်ခြင်းပဲ ဖြစ်ပါတယ် ။ ခြေထောက်နဲ့ လှေလှော်တဲ့ ဓလေ့ကို ကမ္ဘာပေါ်မှာ ရှာတွေ့ဖို့ ခက်ခဲလှပါတယ် ။ နိုင်ငံခြားသား တွေသာမက ပြည်တွင်း မြန်မာလူမျိုးတွေလည်း အမြတ်တနိုးတန်ဖိုးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ် ။ အကယ်၍သင် မြန်မာနိုင်ငံသို့လာရောက်ခဲ့မယ် ဆိုရင်တော့ အင်းလေးကန်ကို သွားရောက်ဖို့ မမေ့ပါနဲ့ ။ မြန်မာနိုင်ငံရဲ့ အံ့သြဖွယ် အလှတရား ကို သင်နှလုံးသားတစ်လှပ်လှပ်ခုန်လာတဲ့အထိ ခံစားကြည့်လိုက်ပါ ။
သက်တန့်ချိုဘလော့ဘ် မှကူးယူပါသည်။

Read more...

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာရဲ့ နံနက်ခင်းအလှ




ဧရာဝတီမြစ်ကြီးရဲ့ ဘေးမှာတည်ရှိနေတဲ့ ရွာငယ်လေးတွေရဲ့ နံနက်ခင်းအလှကို သင်ခံစားဖူးပါသလား။ ဧရာဝတီ မြစ်ကြီးရဲ့ ရွာနံနံက်ခင်းအလှကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ အာရုံတက်ချိန်လေး ဖြစ်ပါတယ် ။ ဒီနေရာလေးကို ခံစားကြည့်လိုက်တာနဲ့ သင်တို့ ရွှေမြန်မာကို ပြန်လာချင်စိတ် တဖွားဖွား ပေါ်လာပါလိမ့်မယ် ။ ရင်သပ်ရှုမောဖွယ် အလှအပတွေကို သင်ငေးမော ခံစားကြည့်လိုက်ပါ ။ ကျွန်တော်လည်း အရမ်းလွမ်းပါတယ်... ဧရာဝတီကို... ။

ရာဇ၀င်တွေနဲ့ ပုဂံ





ပုဂံမြို့ရဲ့ နေ၀င်ချိန်အလှကလည်း စာဖွဲလို့မမှီလောက်အောင် ပြောင်မြောက်လွန်းလှပါတယ် ။ ပုဂံဟာ မြန်မာနိုင်ငံ ရဲ့ မြို့တော်တွေအနက်မှာ အလွန်လှပတဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသား အများစုက အရှေ့တောင် အာရှတစ်ခွင်မှာ ပုဂံမြို့ ရဲ့ နေ၀င်ချိန်အလှ ဟာဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် လှပဆွဲဆောင်နိုင်တယ် လို့ ဆိုပါတယ် ။ နေ၀င်ချိန်အလှကို စောင့်ပြီး ကြည့်ရတာလောက် ဘယ်အရာမှ ဘ၀ရဲ့ အနှစ်သာရကို ပြည့်စုံစေမှာ မဟုတ်ပါဘူး ။ ပုဂံမြို့ရဲ့ ရာဇ၀င်တွေ ဘုရားတွေ ဂူဘုရားတွေက သင့်ရဲ့ နှလုံးသားကို စွဲဆောင်နိုင်မှာပါ ။

ကရ၀ိတ် ( ကန်တော်ကြီးပန်းခြံ)








မြန်မာနိုင်ငံဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကန်တော်ကြီးပန်းခြံကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကတည်းက ပြန်လည် ပြုပြင်ခဲ့ပါတယ် ။ ကန်တော်ကြီးပန်းခြံဟာ အလွန်လှပပြီး သပ်ရပ် သန့်ရှင်း လှပါတယ်။အနားယူဖို့အတွက်တော့အကောင်းဆုံးနေရာလေးတစ်ခုပေါ့။ကန်တော်ကြီးပန်းခြံကနေရွှေတိဂုံဘုရား ကြီးကိုလည်း လှမ်းပြီးဓါတ်ပုံရိုက် နိုင်ပါသေးတယ် ။ မြင်ကွင်းကတော့ အရမ်းကို ပြီးပြည့်စုံတာပေါ့ ။

ရွှေမန္တလေး

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ် ။ အထင်ကရနေရာတွေနဲ့ အလှအပတွေ စုဝေးရာ နေရာလေးလည်းဖြစ်ပါတယ် ။မန္တလေးတောင်ကြီးကို လှမ်းမျှော်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူလောက်အောင် ဆွဲဆောင်နိုင်ပါတယ် ။ နန်းမြို့ရိုးကလည်းရာဇ၀င်ထဲက မြန်မာတွေကို ပြန်မြင်ယောင်မိအောင် ဆွဲဆောင်နိုင်ပါတယ် ။ (သက်တန့်ချို ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။)

မန္တလေး နန်းမြို့ရိုး



မန္တလေးတောင်


ပင်းတယ



ရွှေကျောင်းကြီး

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP