Facebook Badge

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, July 2, 2010

အနာဂတ် ဥရောပ

ကုန်လွန်ခဲ့သည့် ရာစုနှစ် ပထမ ထက်ဝက်မှာတင် ဥရောပတိုက်သား အချင်းချင်း ကမ္ဘာ့စစ်ပွဲနှစ်ပွဲကို ဆင်နွှဲခဲ့ ကြခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေး ဗဟိုချက်ချာ အခန်းကဏ္ဍမှ လက်လွတ်ဆုံးရှုံးခဲ့ကြတယ်။ ရာစု နှစ်ရဲ့ ဒုတိယ ထက်ဝက်ပိုင်းအရောက်တွင် အမျှော်အမြင်ကြီးလှသည့် ခေါင်းဆောင်ပိုင်းတွေကြောင့် အငြိုးအတေး အာဃာတတွေကို နောက်ချန်ထားရစ်ခဲ့ကြပြီး တဖြည်းဖြည်းနဲ့ ဥရောပ သမဂ္ဂအဖွဲ့အ

စည်းကို တည်ဆောက်ယူနိုင်ခဲ့ကြတယ်။ ပြင်သစ်နဲ့ ဂျာမဏီ နှစ်နိုင်ငံတို့ကြား အပြန်အလှန်စစ်မက်ခင်း ဖို့ရာဖြစ်နိုင်ချေ အလားအလာမရှိဘူးဆိုသည့် တွေးတောစဉ်းစားချက်နှင့် ကမ္ဘာ့နိုင်ငံရေးတွင် soft ပါဝါ

အခန်းကဏ္ဍ အရေးပါအရာရောက်လာသလို ဥရောပ စွမ်းဆောင်ရည်နှင့် ဆွဲဆောင်နိုင်မှုတို့ကြောင့် စု စည်းကြီးထွားလာပြီး ဥရောပသမဂ္ဂလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ကံမကောင်းအကြောင်းမလှ

သည်ကတော့ သမိုင်းကာလမှာ တန်ခိုးထွားအင်အားကြီးအောင်မြင်မှုတွေဟာ ခုနေအခါမှာတော့ ပုစ္ဆာသဖွယ်ဖြစ်ကျန်နေလေရဲ့

ဘတ်ဂျက်လိုငွေပြမှုနှင့် တင်ကျန်နေသည့် အကြွေးတွေပြန်လည်ပေးဆပ်နိုင်ဖို့ရာအတွက် ကြိုးပမ်း

အားထုတ်ရင်း ၂၀၁၀ မေလ ဂရိနိုင်ငံတွင် ဘဏ္ဍရေးဈေးကွက် ပျက်ပြားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရ

သည်။ ဥရောပနိုင်ငံအတွင်းမှ အဖွဲ့ဝင် ၁၆ နိုင်ငံတွေဖြစ်သည့် ပေါ်တူဂီ၊ စပိန် အစရှိသည့် နိုင်ငံတွေမှ

သည် တခြားသော နိုင်ငံတွေဆီသို့ စတင်ကူးစက်ပျံ့ နှံ့လာမှာကို ထိပ်လန့်ကြောက်ရွံ့ လာခဲ့ကြသည်။

ရင်ဆိုင်ကြုံတွေ့နေရသည့် ဘဏ္ဍရေး မုန်တိုင်းဆင်တိုက်ခတ်ခြင်း တည်ငြိမ်သွားဖို့ရာအတွက် ဥရောပ

တိုက်အတွင်းရှိ အစိုးရတွေသည် ဥရောပ ဗဟိုဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့အစည်းသို့

ဒေါ်လာ ဘီလီယံ ၇၀၀ အဆောတလျင် ထောက်ပံ့ကူညီမှုပေးရန် တုန့်ပြန်မှုတွေ စ်ီစဉ်တကျ လုပ်

ဆောင်ခဲ့ကြသည်။ အရေးပေါ်ကူညီထောက်ပံ့မှုတွေဖြင့် ယာယီကုစားနိုင်သော်ငြား ဘဏ္ဍာရေးဆိုင်ရာ

ဈေးကွက်ကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်ဖို့ဆိုတာကတော့ သေချာရေရာခြင်းမရှိလှပါဘူး။ အီးယူ ကျဆုံးခြင်းသည် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုကြီးသက်သက်မဟုတ်ပဲ အီးယူပါ ကျဆုံးမည်ဖြစ်ကြောင်း၊

ပြီးခဲ့သည့် လ ဂျာမဏီ အဓိပတိ အန်ဂျယ်လာ မာကဲလ် ထုတ်ပြန်ကြေငြာသွားခဲ့သည်။ ငွေကြေးဆိုင်

ရာ ပေါင်းစည်းမှုသည် အကန့်အသတ်အနေဖြင့်သာ ရှိနေခဲ့သည့်အတွက် ဥရောပ သမဂ္ဂအနေဖြင့် မ လွှဲမသွေ အကန့်အသတ်တွေနှင့် ရင်ဆိုင်ကြုံတွေ့လာရနိုင်ဖွယ်ရှိသည်။ ဥရောပ သမဂ္ဂ အမှတ်အသား သရုပ်ထက်စာရင် အမျိုးသားရေးဆိုင်ရာ ၀ိသေသတွေက ပိုပြီးချွန်မြနေသော်ငြား အမျိုးသား အကျိုးစီး ပွားအတွက် အတိတ်ကာလ ယှဉ်ပြိုင်မှုတွေကို မေ့ပျောက်ချိုးနှိမ်ပြီး ဆယ်စုနှစ် ခြောက်ခုတာကာလထိ ပေါင်းစပ်စုစည်းထားနိုင်ခဲ့ကြသည်။

ဥရောပတိုက်အတွင်းရှိ နိုင်ငံအားလုံး တစုတဝေးတည်း ပေါင်းစပ်စုစည်းပြီး.ခိုင်မာတောင့်တင်းသည့်

ဥရောပ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ယူနိုင်မှာဖြစ်သည်။ မူဝါဒဆိုင်ရာ အပြောင်းအလဲ

အဖြစ် ဥရောပ တရားဥပဒေခုံရုံးမှာ အဖွဲ့ ၀င်နိုင်ငံအဖြစ် လက်ခံပြီး တရားဝင် ပေါင်းစပ်စုစည်းခြင်းဖြင့် အင်အားတောင့်တင်းခိုင်မာလာမှာဖြစ်သည်။ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေမှာ

တသားတည်းပေါင်းစည်းဖို့ရာအတွက်တော့ နှောင့်နှေးကြန့်ကြာနေသည့်တိုင် အခရာကျသည့် နိုင်ငံ

ခြား ဆက်ဆံရေးတွေမှာ ဥရောပအနေဖြင့် ခေါင်း ဆောင်တဦးကို ပုံဖော်ဖန်တီးတည်ဆောက်နေစဉ်

ကာလတွေမှာ နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေ တသားတည်း ပေါင်းစည်းနိုင်ရေး

ကိစ္စတွေမှာတော့ ခြွင်းချက်အနေဖြင့် ကြွင်းကျန်နေတုန်းပါပဲ။ ဆယ်စုနှစ်တာကာလ အများစုမှာ ဥရော

ပ အနေဖြင့် အလွန်အကျွံ အကောင်းမြင်ဝါဒနှင့် အဆိုးမြင်ဝါဒကြားမှ လမ်းကြောင်းတခုဆီသို့ ခုနေကာ

လများမှာ ရွေးချယ်လျှောက်လှမ်းနိုင်ပြီဖြစ်သည်။ အီးယူအနေဖြင့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် Lisbon သဘောတူညီချက်ကြောင့် (ကနဦးကာ

လတွေများမှာ ပြန်လည်ပြုပြင်ရေးဆိုင်ရာ သဘောတူညီချက်အဖြစ် လူသိများထင်ရှား) ကမ္ဘာ့နိုင်ငံရေး

ဇာတ်ခုံမှာ ဇာတ်ဆောင်တဦးအဖြစ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အင်အားကြီး စူပါပါဝါအဖြစ်သို့ တက်လှမ်းလာသည့် တရုတ်နိုင်ငံတို့ကြောင့် အသစ်ဖြစ်ထွန်းထွက်ပေါ်

လာသည့် ကမ္ဘာ့ပထ၀ီ နိုင်ငံရေး အစီအစဉ်သစ်တွင် ဥရောပ အနေဖြင့် လွှမ်းမိုးကြီးစိုးဖို့ရာ အခွင့်သာ

နိုင်ဖွယ်မရှိချေ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ကိုပေဟေဂင် သဘောတူညီ

ချက်ဆိုင်ရာ အစည်းအဝေးတွင် အမေရိကန်နှင့် တရုတ် ဦးစီးကျင်းပခဲ့ကြပြီး အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိကမှ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့သော်ငြား ဥရောပ ပါဝင်ခြင်းမရှိခဲ့ပါ။ များမကြာမီ

လတ်တလော ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းတွင် ဥရောပဇုံအတွင်း ငွေ

ကြေးဆိုင်ရာ ပေါင်းစည်းခြင်း အကန့်အသတ်တွေကြောင့် ထွက်ပေါ်လာသည့်ဖြစ်စဉ်တွေကြောင့် အနာဂတ် အီးယူ အခန်းကဏ္ဍအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်။

အီးယူ အနာဂတ်က ဘာလဲ။ နေရာတိုင်းလိုလိုမှာ ဥရောပ တခေတ်ကုန်ဆုံးခြင်းနဲ့ တချို့သောအ

ကြောင်းချင်းရပ်တွေဟာဖြင့် ဥရောပ အနာဂတ်ကို ၀န်ပိစေနိုင်သည်ဆိုတဲ့ စကားသံတွေကို ကြား

နိုင်ဖွယ်ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေ ထုတ်နှုတ်ဖော်ပြထားတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ

ဥရောပ အနေဖြင့် ကမ္ဘာ့လူဦးရေ လေးပုံတပုံကို တာဝန်ယူထားနိုင်ခဲ့တယ်။ လာမည့် ၂၀၆၀ ခုနှစ်

တွင် ၆ ရာခိုင်နှုန်းလောက်ကိုသာ တာဝန်ယူနိုင်မှာဖြစ်ခြင်းနှင့် ဒီအထဲကမှ သုံးပုံတပုံနီးပါးဟာ အ

သက်ပိုင်းအားဖြင့် ၆၅ နှစ်အထက်ရှိသူတွေသာလျှင်ဖြစ်တယ်။ ဥရောပ အနေဖြင့် ဆိုးရွားသည့် ဖွား

သေနှုန်းဆိုင်ရာ ပြဿနာရပ်တွေကို ရင်ဆိုင်ကြုံတွေ့လာရနိုင်ဖွယ်ရှိသော်ငြားလည်း ပါဝါနှင့် လူဦးရေ

ဆိုင်ရာ အချိုးအစား အပြန်အလှန်ဆက်စပ်မှု သိပ်မရှိခြင်းနှင့် သမိုင်းကာလတလျှောက်လုံးဆိသလို

ဥရောပ ကျဆုံးခန်းဆိုသည့် မှန်းဆချက်တွေ ထွက်ပေါ်ခဲ့ခြင်းဖြစ်တယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သဘောထားတင်းမားခြင်းနှင့် ကျဆုံးပျက်ဆီးခြင်းတွေရှိခဲ့သည့်တိုင် ဆယ်

စုနှစ်တွေအတွင်းမှာပင် ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဖွဲ့စည်းဆိုင်ရာ ပေါင်းစပ်တိုးတက်မှုတွေရ

ရှိခဲ့တယ်လို့ အကဲဖြတ်တွေ သုံးသပ်ကောက်ချက်ချခဲ့ကြတယ်။ အဖွဲ့အစည်းအတော်များများ ယိုယွင်း

အားနည်းချက်ကြောင့် ပျက်စီးခြင်းဆိုက်ရောက်ခြင်းအပေါ် ဥရောပရဲ့ ပါဝါကိုခွဲဝေသုံးစွဲခြင်း၊ အများသ သဘောညီ လက်ခံထားရှိချက်တွေအပေါ် လိုက်လျောညီထွေမှုရှိစွာ ကျင့်သုံးခြင်းနှင့် ပဋိပက္ခဆိုင်ရာ ပြဿနာရပ်တွေကို ပြန်လည်ဖြေရှင်းခြင်း အစရှိသည့် နည်းနာများဖြင့်ချဉ်းကပ်လုပ်ဆောင်သည့်အ

တွက် အပြန်အလှန် အမှီသဟဲပြုနေရသည့် ကမ္ဘာလောကအတွင်း ကွန်ယက်သဖွယ်ဆက်စပ်နေသည့် ပြဿနာရပ်တွေ လျော့ပါးလာတယ်။ သမရိုးကျ မဟုတ်သည့် အတွေးအခေါ်အယူအဆတွေနဲ့ ဥရောပ

ဖြတ်သန်းကျော်လွှားနိုင်ခဲ့ကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြား ဆက်ဆံရေး ညွှန်ကြားရေးမှူး မာက့်ခ် လီယိုနတ် ပြောဆိုသွားခဲ့တယ်။ အနာဂတ်ကို မှန်းဆတွက်ချက်ရာတွင် အားနည်းချို့ယွင်းခြင်း၊ ရှေးရိုး ဥပဒေသ လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ မရုန်းထွက်နိုင်ခြင်း၊ စစ်ရေး ပါဝါနှင့် သက်ဆိုင်သည့် အစီ အမံများတွင် လိုလားနှစ်သက်မှု အလျဉ်းမရှိခြင်းနှင့် အရပ်ရပ် စီးပွားရေး ယိုယွင်းချွတ်ခြုံကျခြင်း အစရှိ

သည့် ၀ိသေသ လက္ခဏာရပ်တွေဖြင့် ချိန်ထိုးနှိုင်းဆကြည့်သော် အရင်းခံပြဿနာရပ်သည်ကား ဥရောပ မဟုတ်ဘဲ ပါဝါ အပေါ်လက်ခံနားလည်ထားသည့် ရှေးရိုးစွဲအတွေးအခေါ်ရပ်တွေကြောင့်သာ

လျင်ဖြစ်သည်။

ဥရောပ နိုင်ငံတွေရဲ့သီးခြားဝိသေသ သဘောဆောင်ခြင်းနှင့် စုစည်းသည့်အသွင်သဏ္ဍာန်ရှိခြင်းတို့

သည် hard ပါဝါမှ soft ပါဝါသို့ ကူးပြောင်းပြီး ကမ္ဘာတ၀ှမ်းသို့ ပျံ့နှံ့လွှမ်းမိုးရာတွင် အမေရိကန်ထက်စာ လျင်ပိုမို စွမ်းဆောင်နိုင်ကြောင်း အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင် အင်ဒရူး မိုရက်ဆစ် ကောက်ချက်

ချသုံးသပ်ထားတယ်။ ၁၉ ရာစုနှစ်တွင်းဖြစ်ပွားခဲ့ခြင်းအပေါ် အခြေပြုတည်ဆောက်ထားသည့် သူ့ရဲ့အ

ဆိုးမြင် ရှေ့ဖြစ်ဟောတွင် ပါဝါနှင့် ပတ်သက်ဆက်နွယ်နေသည့် ကမ္ဘာ့သံယံဇာတ ရင်း မြစ်အားလုံးကို ခွဲတမ်းချရာတွင် တိုင်းပြည်အများစုသည် သူနိုင်ကိုယ်ရှုံး ယှဉ်ပြိုင်မှုတွေမှ ရုန်းထွက်နိုင်ခြင်းမရှိကြောင်း

ကောက်ချက်ချသုံးသပ်ထားသည်။ ဒါတင်မက စစ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်းရှိသည့် တရုတ်၊ ၃ ရာ ခိုင်နှုန်းရှိသည့် ရုရှ၊ ၂ ရာခိုင်နှုန်းရှိသည့် အိန္ဒိယနှင့် ၁.၅ ရာခိုင်နှုန်းသာရှိသည့် ဘရာဇီးတို့နှင့် ယှဉ်ပြီး စစ်ရေးအသုံးစရိတ် ၂၁ ရာခိုင်နှုန်းရှိသည့် ဥရောပသည် စစ်ရေးပါဝါတွင် ကမ္ဘာ့ဒုတိယအဆင့်နေရာ

တွင်ရှိနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲမှ ထောင်ပေါင်းများ

စွာသော စစ်သည်တွေသည် မိခင်တိုင်းပြည်ပြင်ပဖြစ်သည့် ဆီးရီးယား လီယွန်၊ ကွန်ဂို၊ အိုင်ဗရီကို့စ်၊

ချက်ဒ်၊ လက်ဘနွန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် စစ်ရေးတာဝန်ထမ်းဆောင်နေကြသည်။ စီးပွား

ရေး ပါဝါတွင်လည်း ဥရောပသည် ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ဖြစ်ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှု ၁၇ ရာ

ခိုင်နှုန်းကိုချူပ်ကိုင်ထားနိုင်ခြင်းတို့သည် ၁၂ ရာခိုင်နှုန်းသာ ကိုယ်စားပြုသော အမေရိကန်ပြည်ထောင်

စုနှင့် ချိန်ထိုးကြည့်ဖို့ဖြစ်သလို ကမ္ဘာတ၀ှမ်းရှိ နိုင်ငံခြားတိုင်းပြည်များသို့ ထောက်ပံ့ရေးအကူအညီ ထက်ဝက်နီးပါးပေးနေသော ဥရောပနှင့် ၂၀ ရာခိုင်နှုန်းသာ ထောက်ပံ့ကူညီမှုပြုနိုင်သော အမေရိကန်

တို့ကို ချိန်ထိုးနှိုင်းဆကြည့်ဖို့ဖြစ်တယ်။ ဒီဖြစ်နိုင်ချေ စွမ်းပကားအားလုံး အရာမထင်နိုင်ဘူးဆိုတာ သေ

ချာရေရာခြင်းမရှိသော်ငြား ဥရောပအနေနဲ့ အခရာကျလှသည့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာရပ်ကို အဆောတလျင် ဖြေရှင်းခြင်းမပြုလျင် ယုံကြည်မှုတွေပြိုလဲပျက်စီးမှာ ဧကန်မလွဲပဲ။ ဥရောပ အတွေ့အ

ကြုံနဲ့ ဒီပြဿနာရပ်တွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်နေကြလေရဲ့။

Reference: The Future of Europe

The Korean Times

June 14, 2010

Joseph S. Nye

Read more...

Tuesday, October 13, 2009

မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
ကိုးကန့်ဒေသကို ဗမာစစ်တပ်က၀င်စီးပြီး လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေးဒေါ်လာသန်း (၄၀) ကျော်ပေးဖို့ ယူနန်ဘက်က တောင်းထားကြောင်း သိရတယ်။ တကယ်တော့ ကိုးကန့်နဲ့‘၀’ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။ ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်ဟာ ကိုးကန့်တရုတ်ပါ။ ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရေးထားတာမဟုတ်ဘဲ နုတ်ကတိလောက်နဲ့ နားလည်မှုယူထားတာဖြစ်လို့ တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာဖြစ်နေတယ်။


မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည်ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့အတွက် ပျူနိုင်ငံပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။

(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။ (၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့ ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများတယ်လို့ ‘တာကာနို’ က ဆိုပါတယ်။ ပထမဆုံး ၀တိုင်းရင်းသားနဲ့ လက်ရည်တပြင်တည်း နေထိုင်စားသောက်တဲ့ နိုင်ငံခြားသားဟာ ဂျပန်အမျိုးသား ဟီဒဲယုကိ-တာကာနို ဖြစ်ပါတယ်။

(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာနယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။ (၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က ၀ါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါတယ်။ သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့ အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ ရေးထားတယ်။ မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာကို ဗမာမင်းက မကန့်ကွက်ပါဘူး။

လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်းကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်းခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို ‘လားတရုတ်’ လို့ အညာမှာခေါ်တယ်။ ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို မပြန်တဲ့ တရုတ်လည်းရှိတယ်။ (၁၉) ရာစုမှာ ပန်းသေးတရုတ်မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ်အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။

ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်းကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့တယ်။ တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရက ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ ပထမဘိန်းစစ် ဖြစ်ပွားတယ်။ တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွားလာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာမို့ ဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန် (၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။

ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်းဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်နဲ့ဝဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီးအကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။ စာရေးဆရာရွှေရိုးအမည်ခံ James George Scott အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်းလို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်းတွေက မဆုံးသေးဘူးလို့ ရေးထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်သည်တွေဟာ ကိုးကန့်နဲ့ဝဒေသက ထွက်တဲ့ဘိန်းကို အားကိုးလာရပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသမှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံလွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြုပါ။ ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြုပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဘိန်းကို မဟာမိတ်ဘက်ကသုံးတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပါပြီ။ စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်းပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။

တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။ လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့ ထောက်ပံ့ပါတယ်။ ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်းကို အုတ်မြစ်ချနိုင်ခဲ့တယ်။ ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေလေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေလေဖြစ်လာတယ်။

တရုတ်ကွန်မြူနစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများက များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။

ဒီနေရာမှာ ယူနန်တရုတ်လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။

Read more...

Monday, September 28, 2009

ချိုးဖြူသံလွင် ခရီးနှင်

မုန်တိုင်း (ရွှေဝါရောင်)
တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 15 နာရီ 26 မိနစ်




(ထိုင်းနိုင်ငံ မဲဆောက်မြို့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ (၂၁.၉. ၂၀၀၉)၊ စက်တင်ဘာ ရွှေဝါရောင် ၂ နှစ်မြောက် အထိမ်းအမှတ် ငြိမ်းချမ်းရေး စုပေါင်း လမ်းလျှောက်ပွဲတွင် ဦးဆောင် ပါဝင်ခဲ့သည့် မြန်မာ့ သံဃာတော်များ ဖြစ်သော နို့ဖိုး ဒုက္ခသည် စခန်းမှ အရှင်ကေသရ၊ အရှင်ပညာသာမိ၊ အရှင်ကဝိန္ဒနှင့် အရှင်ကေသရိန္ဒတို့အား သံဃာ့ဇာနည်များ အဖြစ် ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။)

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အကြောင်းကို မြန်မာပြည်သူ အများစု သိပြီး ဖြစ်သလို ကမ္ဘာ့ပြည်သူ တွေက လည်း မြန်မာပြည် အကြောင်းကို ပိုမိုသိရှိ လာကြ၊ စိတ်ဝင်စား လာကြတယ်။ ရွှေဝါရောင် တော်လှန်ရေးဟာ လွယ်လွယ်နဲ့ ပေါ်ပေါက် လာတာ မဟုတ်ပါဘူး။ ရဟန်း၊သံဃာတွေ ဦးဆောင်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ အတိအကျ ပြောရမယ် ဆိုရင် ရဟန်းသမဂ္ဂ အဖွဲ့အစည်း ၄ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အညီ သံဃာတော်တွေရဲ့ စုလုံးညီညွတ်မှု၊ ရဲရင့် သတ္တိ ရှိမှုတို့ကြောင့် ပေါ်ပေါက် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ရွှေဝါရောင်ရဲ့ ဝိညာဉ်၊ စက်တင်ဘာရဲ့ မေတ္တာစွမ်းတွေဟာ ရွှေဝါရောင် တော်လှန်ရေးဖြစ်ပြီး၊ ၂ နှစ်ကြာသည့်တိုင် ပျောက်ပျက်မသွားဘဲ၊ ရဟန်းတော်တွေရဲ့ အတွင်းသဏ္ဍာန်မှာ နက်နက် ရှိုင်းရှိုင်း ကိန်းအောင်းနေတုန်းပါပဲ။ ရွှေဝါရောင် ကာလအပြီး နအဖ ရဲ့ သာသနာဖျက် လုပ်ရပ်တွေကြောင့် ပြည်ပကို ရောက်ရှိလာကြတဲ့ သံဃာတော် တွေရဲ့ ဦးဆောင်မှုကြောင့် ၂ နှစ်ပြည့် အထိမ်းအမှတ် ရွှေဝါရောင် ငြိမ်းချမ်းရေး ဆုတောင်း မေတ္တာပို့ လမ်းလျှောက် ပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဆောက်မြို့မှာ အရှင်သောပါက ခေါင်းဆောင်ပြီး အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။



ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ

ဒီလ ၅ ရက်နေ့ မနက်မှာ ဒီသတင်းကို သယ်ဆောင် လာသူကတော့ အရှင်ကေသရ ဖြစ်ပါတယ်။

နို့ဖိုး ဒုက္ခသည် စခန်းမှာရှိတဲ့ ဗုဒ္ဓဝိဟာရ ကျောင်းထဲကို အထုတ်အပိုးတွေနဲ့ ဝင်လာတဲ့ ကိုယ်တော်တပါးကို သတိထား ကြည့်မိတော့ ကိုယ်တော် ကေသရ။ သူ့ပုံသဏ္ဍာန်က ဝဝဖိုင့်ဖိုင့် ပုပု၊ နှစ်လိုဖွယ်အပြုံးနဲ့ တဖက်သားကို ကူညီတတ် သူပါ။ ကျောင်းမှာရှိတဲ့ ကိုယ်တော်တွေက ချစ်စနိုးနဲ့ သူ့ကို ဦးကေလို့ ခေါ်ကြပါတယ်။ ဦးကေ ပြန်လာပြီဆို လက်ဆောင် ပစ္စည်းတွေ ပါပါလာတတ်လို့ သူပြန်လာရင် အားလုံး ပျော်ရွှင်ကြပါတယ်။ ဒီတခါ သူယူလာတာကတော့ ငြိမ်းချမ်းရေး သတင်းစကားပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်၊ ရွှေဝါရောင် ၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဖြစ်မြောက်ရေး အတွက် လျှို့ဝှက်တာဝန်ကို ယူဆောင် လာပါတယ်။ ဦးကေသရဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက ဦးဂမ္ဘီရနှင့် လက်တွဲ လုပ်ခဲ့ကြတဲ့၊ သံဃာ့ တပ်ပေါင်းစုက ဖြစ်ပြီး စက်တင်ဘာ အဖမ်းအဆီး တွေကြောင့် ထိုင်းနိုင်ငံထဲကို တိမ်းရှောင်ရင်း နို့ဖိုး ဒုက္ခသည် စခန်းမှာ သီတင်းသုံး နေထိုင်ပါတယ်။

အရှင်ပညာသာမိ ဆိုလည်း နို့ဖိုး ဒုက္ခသည် စခန်းမှာ သာသနာရောင် ထွန်းပြောင်ဖို့အတွက် ပရိပတ္တိလုပ်ငန်းတွေနဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို သာမန် လူတွေလည်း နားလည်နိုင်အောင် ဟောနိုင်ပြောနိုင်တဲ့ ဓမ္မစရိယ ဆရာတော် တပါးပါ။ သက်တော်အားဖြင့် ၂၅ နှစ်ရှိပြီး၊ ဝါတော် ၅ ဝါ ရှိပြီဖြစ်တဲ့၊ ငယ်ဖြူ ရဟန်းတော် ဖြစ်ပါတယ်။ တရားဟော ကောင်းခြင်းကြောင့် ဒကာ၊ ဒယိကာမတွေ ကြည်ညို ကိုးကွယ်မှုကို ခံရတဲ့ ရွှေဝါရောင် ကိုယ်တော်တပါး ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာ၊ သာသနာအတွက် စွန့်လွှတ် အနစ်နာခံဖို့ အသင့်ရှိနေတဲ့ အရှင်ပညာသာမိဟာ၊ ဦးကေသရရဲ့ ညီအရင်း ဖြစ်ပြီး ရွှေဝါရောင်တုန်းက ဦးဂမ္ဘီရနဲ့ အတူ ရန်ကုန်၊ မန္တလေး စာသင်တိုက်တွေမှာ စုရုံးရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ပါတယ်။ ပြည်တွင်းမှာ နအဖ ရန်ကြောင့် တောတောင်တွေထဲ ပုန်းအောင်းရင်း လွတ်မြောက် နယ်မြေကို ရောက်လာ ခဲ့တာပါ။

တတိယမြောက် ကိုယ်တော်ကတော့ အရှင်ကေသရိန္ဒ ဖြစ်ပြီး၊ ပြည်ပရောက် မျိုးချစ် ကျောင်းသားများအဖွဲ့ - ONSOB မှ ကိုကျော်ကျော် ဖြစ်ပါ တယ်။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးမှာ ပြည်တွင်းကို ပြန်ဝင်ခဲ့ပြီး ပြည်ပ မီဒီယာတွေနဲ့ ဆက်သွယ်မှုကြောင့် စစ်အစိုးရရဲ့ ဖမ်းဝရမ်း ထုတ်ခံရလို့ ထိုင်းနိုင်ငံဆီ ပြန်တိမ်းရှောင်လာတဲ့ ၉၆ ကျောင်းသား တဦး ပါ။ အခုတော့ သာသနာတော် အတွင်း ဝင်ရောက်ပြီး သာသနာ့ ဝန်ထမ်း ရှင်ရဟန်းအဖြစ်နဲ့ နို့ဖိုး ဒုက္ခသည် စခန်းထဲက ဗုဒ္ဓဝိဟာရ ကျောင်းတော်မှာ သီတင်းသုံး နေထိုင်တော်မူပါတယ်။

နို့ဖိုး ဒုက္ခသည် စခန်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ စခန်းအုပ်ချုပ်သူ ပလပ်ရဲ့အောက်မှာ နေထိုင်ကြ ရပါတယ်။ ငြိမ်းချမ်းရေး လမ်းလျှောက်မယ့် သတင်းနဲ့ အစီအစဉ်ကို သယ်လာတဲ့ ဦးကေသရဟာ စခန်းကို ရောက်တယ်ဆိုရင်ပဲ သူယူလာတဲ့ သတင်းကို လျှို့ဝှက်စွာ သံဃာတော်တွေနဲ့ တိုင်ပင်ညှိနှိုင်း၊ စခန်းအုပ်ချုပ်သူ ပလပ် မသိအောင် စီစဉ် ပါတော့တယ်။ ဆက်လက် လုပ်ဆောင်ဖို့ ကိစ္စတွေကို ဦးကေသရိန္ဒနဲ့ လွှဲအပ်ပြီး မဲဆောက်မြို့ဆီ ပြန်လည် ကြွရောက် သွားခဲ့ပါတယ်။ တကယ်လို့ နို့ဖိုး စခန်းမှာရှိတဲ့ သံဃာတော်တွေ လမ်းလျှောက်ပွဲမှာ မေတ္တာပို့ လမ်းလျှောက်ဖို့ လာရင် နေရေးထိုင်ရေး အဆင်ပြေအောင် စီစဉ်ဖို့အတွက် မဲဆောက်ကို ပြန်ကြွ သွားခဲ့ပါတယ်။ ဦးကေသရ ပြန်ကြွသွားပြီး နောက် ဦးပညာသာမိနဲ့ ဦးကေသရိန္ဒတို့ဟာ ကျောင်းတိုက် အသီးသီးမှာရှိတဲ့ သံဃာ ခေါင်းဆောင်တွေကို မဲဆောက် မှာရှိတဲ့ ဦးဆောင် သံဃာအရှင် သောပါကနဲ့ အချိတ်အဆက် မိအောင် ဆက်သွယ် ဆောင်ရွက် ပေးပါတယ်။

အရှင်သောပါကရဲ့ နို့ဖိုး မှာရှိတဲ့ သံဃာတော်တွေကို လျှောက်ထားချက်က စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မဲဆောက်မြို့မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ လုပ်မယ့်အကြောင်း ရွှေဝါရောင် စိတ်ဓာတ်တွေ ဆက်လက် ရှင်သန်စေဖို့နဲ့ မငြိမ်းချမ်း သေးတဲ့ မြန်မာပြည်မှာ သာယာမှုတွေရအောင် ပြည်သူလူထုကို နှိပ်စက်နေတဲ့ နအဖ စစ်ကျွန်အောက်က လွတ်မြောက်စေဖို့အတွက် သံဃာတော်တွေရဲ့ မေတ္တာ ဖြန့်ဝေချင်ပါတယ်။ အရှင်ဘုရားတို့အနေနဲ့ လာရောက် ပါဝင်ကြမယ်ဆိုရင် တပည့်တော်တို့အနေနဲ့ တတ်စွမ်းသမျှ ကူညီပါမယ်လို့ လျှောက်ထား ပါတယ်။ သံဃာတော်တွေရဲ့ လုံခြုံရေးကိုတော့ သူ့အနေနဲ့ မယူပေးနိုင်ကြောင်းနဲ့ ပြောသင့်ပြောထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ပြောထားဆိုထားတဲ့ အကြောင်း ထပ်မံ လျှောက်ထား သွားပါတယ်။

ဒုက္ခသည် စခန်းအတွင်း နေထိုင်ကြတဲ့ လူ၊ ရဟန်းတို့ ဆိုတာ စခန်းအုပ်ချုပ်သူ ပလပ်ရဲ့အောက်မှာ နေရတာပါ။ ဆန္ဒပြ တာ မပြောပါနဲ့၊ စခန်းအတွင်းမှာ ရှုပ်ရှုပ် ယှက်ယှက်တောင် လက်မခံပါဘူး။ မဲဆောက်အထိ သွားဖို့ထက် စခန်းအပြင် ဝန်းနံရံ ဘေးကပ်ပြီး အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်တောင် ဖမ်းပါတယ်။ ကိစ္စကြီးငယ်ရှိလို့ မဲဆောက်ကို သွားမယ်ဆိုရင် ပလပ်မှာ ခရီးသွားလာခွင့် လက်မှတ် ကြိုတင် တင်ရပါတယ်။ သူတို့ ခွင့်ပြုရင်တော့ သွားခွင့်ရပြီး (၇) ရက် ပြင်ပမှာ နေထိုင်ခွင့် ရပါတယ်။ ကိုယ်တော်တွေ မဲဆောက်သွားပြီး ဆန္ဒပြဖို့ ဆိုတာ မလွယ်တဲ့ ကိစ္စပါ။ ဝါတွင်းကြီး ဖြစ်နေတော့ ခွင့်ပြုချက် ယူဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ဆန္ဒပြဖို့ သွားတယ်ဆိုတာ သိရင် စခန်းက နှင်ထုတ်ပြီး မြန်မာပြည်ဘက် ပြန်ပို့ ခံရဖွယ် ရှိပါတယ်။

ဒုက္ခသည် စခန်းမှာ နေကြတယ် ဆိုပေမယ့် ယာယီ ဒုက္ခသည် အဆင့်မှာသာ ရှိကြပြီး ဒုက္ခသည် အစစ် မဖြစ်သေးတာ ကြောင့် တခုခုဖြစ်လို့ မြန်မာပြည် ပြန်ပို့မယ်ဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း လာရောက် ကူညီနိုင်မှာ မဟုတ်ပါဘူး။ မဲဆောက်အထိ အသွားလမ်းခရီးမှာ စစ်ဆေးရေးဂိတ် ၇ ခုတောင် ရှိနေတာကြောင့် ကိုယ်တော်တွေအနေနဲ့ မဲဆောက်အထိ ရောက်ဖို့ ခရီးဟာ မဟာ စွန့်စားခန်းကြီး ဖြစ်ပါတယ်။ အဲဒီတော့ မဲဆောက်ကို ဖုန်းတွေဆက်ရင်း ကိုယ်တော်တွေ အလုပ်ရှုပ် နေကြပါတယ်။ ဦးသောပါကရဲ့ အကျိုးတော် ဆောင် ဒကာ ဦးလင်းကလည်း ရယ်ကာမောကာနဲ့ ဖုန်းထဲမှာ အားပေးရှာပါတယ်။ လမ်းလျှောက်ပွဲ အောင်မြင်ရင် သံဃာတော် တွေရဲ့ မေတ္တာကို မြန်မာပြည်နဲ့ အနီးကပ်ဆုံး ပြည်ထောင်စု တံတားကနေပြီး ပြည်သူလူထု အတွက် ပို့သနိုင် မှာပါတဲ့။ မအောင်မြင်ရင်တော့ အဖမ်းခံ ရနိုင်ဖွယ် ရှိတယ်ဆိုတဲ့ အကြောင်း၊ အခန့်မသင့်ရင် မြန်မာပြည် ပြန်ပို့ ခံရနိုင်တဲ့ အကြောင်း၊ ထောင်ကျမယ် ဆိုရင်လည်း ဘယ်ထောင်မှန်း မသိရဘဲ ရောက်သွားနိုင်တယ် ဆိုတဲ့ အကြောင်း၊ အဲဒါတွေက တဆင့် လွတ်ပြီး နို့ဖိုးစခန်း ပြန်ရောက်ရင်လည်း ဓာတ်ပုံတွေ၊ မီဒီယာတွေ၊ သတင်းတွေမှာ ပါသွားမှာ ဖြစ်တဲ့အတွက် စခန်းက နှင်ထုတ်ခံရဖွယ် ရှိကြောင်း၊ တတိယနိုင်ငံ သွားရောက်ဖို့ ကိစ္စလည်း ထိခိုက်သွား နိုင်ကြောင်း သတိပေး စကား ပြောပါတယ်။

ဘယ်လောက်ပဲ ခက်ပါစေ၊ ဘဝတွေရင်းပြီး ပေးဆပ်ရပါစေ၊ ဒကာ ဒါယိကာမတွေ ကျွေးတဲ့ ထမင်းစားပြီး မြန်မာပြည် ကြီး မငြိမ်းချမ်းတာကို ငြိမ်းချမ်းစေဖို့ အတွက် လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြစေဖို့ အတွက် မေတ္တာတွေ ပို့လွတ်ဖို့ သံဃာ့ဇာနည် ၃ ပါး နို့ဖိုးစခန်း ကနေပြီး ငြိမ်းချမ်းရေး ခရီးစဉ်ကို စတင်လိုက် ကြပါတယ်။ ကမ္ဘာမြေကြီး ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ အတွက် ဆုတောင်းမဲ့ သူတို့ရဲ့ မေတ္တာ စွမ်းအင်တွေက ဘယ်လို အတားအဆီး မျိုး၊ အန္တရာယ်မျိုးကိုမှ ဂရုမစိုက် ကြတော့ပါဘူး။ ဖြစ်ချင်ရာ ဖြစ်စမ်း။ အမျိုး၊ ဘာသာ၊ သာသနာ အတွက် ငါတို့ လုပ်နိုင်တာ ဒါပဲရှိတယ်။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းပြီး ငြိမ်းချမ်းဖို့ အတွက် ငါတို့ လမ်းလျှောက်မယ်လို့ ယတိပြတ် ဆုံးဖြတ်ကြရင်း မဲဆောက်ခရီးကို တောလမ်းကနေ လမ်းလျှောက် ချီတက် သွားကြ ပါတော့တယ်။

ဦးပညာသာမိ၊ ဦးကေသရိန္ဒနဲ့ နောက်ဆုံး ပါဝင် ပူးပေါင်းခဲ့တဲ့ ဦးကဝိန္ဒတို့ဟာ တပါး၊ တလမ်းစီ သွားခဲ့ကြရင်း မဲဆောက်မြို့မှာ အသင့် စောင့်ကြို နေကြတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့နဲ့ စက်တင်ဘာ ၂ နှစ်ပြည့် လမ်းလျှောက်ပွဲကို အောင်မြင်စွာ ဦးဆောင်မယ့် အရှင်သောပါကနဲ့ နို့ဖိုး စခန်းက ဦးကေသရတို့ ပေါင်းစည်းနိုင် လိုက်ကြပြီး၊ စက်တင်ဘာ ၂၁ ရက် လမ်းလျှောက်ပွဲကို မြန်မာ သံဃာတော်တွေ ဦးဆောင် ပါဝင်ခဲ့ပါတယ်။

သံဃာတော် အရှင်မြတ် ၁၂ ပါးနဲ့ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ၊ မြန်မာ့ နိုင်ငံရေး စိတ်ဝင်စားသူ နိုင်ငံခြားသားတွေ၊ ထိုင်းလူမျိုး ကျောင်းသား/သူတွေရဲ့ လမ်းလျှောက်ရင်း ပို့သခဲ့ကြတဲ့ “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ …. ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ“ ဆိုတဲ့ မေတ္တာတွေနဲ့၊ မေတ္တာသုတ် တရားတော် တွေရဲ့ အစွမ်း တန်ခိုးတော်တွေက ကမ္ဘာကြီးနဲ့တကွ မြန်မာ ပြည်သူတွေ စစ်ကျွန်စနစ်နဲ့ အာဏာရှင် အောက်ကနေ လွတ်မြောက် နိုင်ပါစေလို့ .. သူတို့နဲ့အတူ ကျနော်လည်း ဆန္ဒပြုရင်း ထိုင်းနိုင်ငံ နို့ဖိုး စခန်းအတွင်းမှာ နေထိုင်ကြတဲ့ အရှင် ၄ ပါးရဲ့ မေတ္တာစွမ်းအားဟာ လမင်းကြီး ၄ စင်းပမာ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကိုပါ မေတ္တာ အလင်းဓာတ်တွေ ဖြန့်ဝေ ပေးနိုင်ခဲ့ပါပြီ။

အရှင်မြတ်တို့ဟာ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ၆ နာရီကြာ မေတ္တာပို့ လမ်းလျှောက်ခဲ့တဲ့ မြင်ကွင်းဟာ တပည့် တော်တို့ ရင်ထဲ၊ နှလုံးသားထဲမှာ သံဃာ့ဇာနည်တွေ အဖြစ် ကဗ္ဗည်းကျောက်စာ ရေးထိုးရင်း၊ ဒီ ချိုးဖြူသံလွင် ခရီးနှင် ဆောင်းပါးနဲ့ သဒ္ဒါရိုကျိုး လက်စုံမိုးပြီး ရှစ်ခိုးဦးခိုက် လိုက်ပါတော့တယ်။

Read more...

Friday, September 18, 2009

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။

အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။

ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။

အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။

ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။

၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။

အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။

ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။

ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

Read more...

တရားရေးနှင့်ဥပဒေ ရေးရာ၌ ကျွမ်းကျင်ရန်လိုအပ်လာ


နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအဖက်ဖက်မှဖွံ့ဖြိုးတိုးတက် ရန် အားယူနေသည့်အချိန်၌ နယ် ပယ်အသီးသီးတွင် တရားမျတမှုနှင့် အမှန်တရားအတွက် အမှုအခင်းများ မကြာခဏရင်ဆိုင်နေရသည်ဖြစ်ရာ အမှုများအားလိုက်ပါဆောင်ရွက်မည့် ဥပဒေပညာရှင်ရှေ့နေများအနေဖြင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာတို့ ကို အမှန်တကယ်ကျွမ်းကျင်ရန်လို အပ်လာသည်ဟု ဥပဒေပညာရှင်အ ချို့က သုံးသပ်ပြောကြားခဲ့ကြသည်။

ရှေ့နေများအနေဖြင့် အမှုများ အားလိုက်ပါဆောင်ရွက်ရာတွင် ရာ ဇ၀တ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ အ မှန်တရားနှင့်ယှဉ်ကာ ဥပဒေကိုသာ အားကိုး၍ အမှုကိုတည်ဆောက်အ နိုင်ယူသင့်ကြောင်း၊အမှုရင်ဆိုင်ရာ တွင် သမာသမတ်ကျစွာလာဘ်ပေး လာဘ်ယူကင်းရှင်းခြင်းကလည်းတရားစီ ရင်ရေးမဏ္ဍိုင်ကိုဝိုင်းဝန်းတည့်မတ် ရာတွင် တစ်ဖက်တစ်လမ်းမှကူညီ ရာရောက်ကြောင်း ၀ါရင့်ရှေ့နေကြီး အချို့ကအကြံပေးခဲ့ကြသည်။

အမှုတည်ဆောက်ပုံ၊ခံယူချက် နှင့်ဥပဒေအကိုးအကားတိကျခိုင်မာ ပါက အမှုအနိုင်ရနိုင်ကြောင်းနှင့် ပတ်သက်၍ ရှေ့နေတစ်ဦးက ပြော ကြားခဲ့ရာ '' တရားမမှုပဲဖြစ်ဖြစ် ပြစ် မှုပဲဖြစ်ဖြစ် အမှုလိုက်ပါဆောင်ရွက် တော့မယ်ဆိုရင် ကိုယ့်အမှုကိုဥပဒေ နဲ့အညီ ခိုင်မာအောင်ဘယ်လိုတည် ဆောက်မလဲ၊ ဥပဒေအရတစ်ဖက်ကို ဘယ်လိုအနိုင်ယူမလဲကိုပဲ ရှေ့နေ တစ်ယောက်အနေနဲ့စဉ်းစားသင့်တယ်၊မသမာတဲ့နည်းလမ်းတွေနဲ့အမှုကို အနိုင်မယူသင့်ဘူး။မသမာတဲ့ နည်းတွေဆိုတာ က မမှန်သက်သေခံကို တင်ပြတာ ၊ အမှုကို ဖြစ်ရပ်မှန်နဲ့ သွေဖည်ပြီး လီဆယ်တည်ဆောက်တာ ၊ တရားစီရင်ရေး မဏ္ဍိုင်ကို ယိမ်းယိုင်စေတဲ့လာဘ်ပေးလဘ်ယူ ပြုလုပ်တာတွေ မလျော်သြဇာသုံးပြီး အမှုအနိုင်ရဖို့ အမှုသည်ကိုအားပေးကူညီတာတွေပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ရှေ့နေတစ်ယောက်အနေနဲ့ ဥပဒေ ဘောင်ထဲက ငါ့အရည်အချင်းကို ဘယ်လိုပြမယ်၊ အမှုကို ဘယ်လို တရားမျတစွာအနိုင်ယူပြီး နာမည် ကောင်းရယူမယ်ဆိုတဲ့ ခံယူချက် ရှိနေသင့်တယ်။ အဲဒီလိုခံယူချက်မျိုး နဲ့ရှေ့နေတွေသာ များပြားလာမယ် ဆိုရင် မသမာတဲ့နည်းနဲ့ အမှုအနိုင်ရ အောင် ကြိုးစားနေတာတွေလည်း လျော့နည်းသွားနိုင်ပါတယ်'' ဟု ဆိုပါသည်။

အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများဘက်မှ မဖြစ်မနေသိထား သင့်သောဥပဒေများမှာ ရာဇသတ် ကြီး၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေနှင့် ၂၀၀၀ ပြည့်နှစ်တရားစီ ရင်ရေးဥပဒေတို့ဖြစ်ကြောင်း၊ သီး ခြားပြဋ္ဌာန်းထားသော အခြားဥပဒေ များကိုလည်း အကြမ်းဖျင်းသိရှိထား ရန်လိုအပ်ကြောင်းနှင့်ဥပဒေပညာရှင် ရှေ့နေများအနေဖြင့် ဥပဒေများအား အလွတ်ရရန်မလိုသော်လည်း မည် သည့်အမှုကိစ္စမျိုးအား မည်သည့် ဥပဒေဖြင့် ရင်ဆိုင်ရန် ဥပဒေကိုရှာ တတ်ရန်ဟူသည့် (တ့နမန အသ်ငညိ အ့နူတေ) ဆိုရိုးနှင့်ညီရန်သာ လို ကြောင်း ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။

ပြစ်မှုဆိုင်ရာ တရားစီရင်ရာ တွင်ဖြစ်စေ၊ တရားမမှုတရားစီရင်ရာ တွင်ဖြစ်စေ အမှုသည်များ၊ ရှေ့နေ များသည် မိမိတို့အမှုအနိုင်ရရှိရေး အတွက် တရားသူကြီးများထံနည်း မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်တတ် ကြောင်း၊ ငွေကြေးအခွင့်အရေးစသည့် လာဘ်လာဘများဖြင့် တရားသူကြီး များ၏တရားစီရင်မှုကိုခြယ်လှယ်ရန် ကြိုးစားခဲ့ကြကြောင်း၊ လာဘ်ပေး လာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သောပြစ် ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိ တရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း၊ တရား ရေးနှင့်နှီးနွှယ်ဆက်စပ်သည့်တာဝန် ရှိအဆင့်အားလုံးက ခေတ်ကိုမျော် ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့်အလေ့အထကောင်း သည့် တရားစီရင်ရေးစနစ်ကို ၀ိုင်း ၀န်းကြိုးပမ်းထူထောင်ကြရန်ဖြစ် ကြောင်း မေလ ၁၂ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ တရား ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပ သည့်တရားရုံးချုပ်နှင့်ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌နိုင်ငံတော်ဝန်ကြီးချုပ် က ပြောကြားခဲ့ပါသည်။

တရားစီရင်ရေးနှင့်ပတ်သက်၍ ရှေ့နေများသိထားသင့်သည့် ဥပဒေ များထဲတွင် ၁၉၄၈ ခုနှစ် အဂတိ လိုက်စားမှု တားမြစ်ရေးအက်ဥပဒေ လည်းပါဝင်ကြောင်းဥပဒေပညာရှင် များကဆိုပါသည်။ အဂတိလိုက်စားသူများအား ထောင်ဒဏ်ခုနစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက် ဥပဒေအရ သိရသည်။

ထို့ပြင် ရှေ့နေများအနေဖြင့် ဥပဒေများကိုကျွမ်းကျင်တတ်မြောက် ထားရန်သာမက ရှေ့နေကျင့်ဝတ် များကိုလည်းသိရှိလိုက်နာရန်လိုအပ် ကြောင်း ရှေ့နေလောကတွင် နှစ် ၃၀ ကျော်ကြာကျင်လည်ခဲ့သူ တရားရုံး ချုပ်ရှေ့နေတစ်ဦးကဆိုပါသည်။ ''ရှေ့နေတွေအပါအ၀င် တရား ရေးမဏ္ဍိုင်မှာပါဝင်တဲ့သူတွေအားလုံး ဟာခေတ်နဲ့အညီပြောင်းလဲတဲ့ဥပဒေ တွေကိုသိထားသင့်တယ်။ စီးပွား ရေးဆိုင်ရာဥပဒေတွေ၊ မူပိုင် ခွင့်ဥပဒေတွေသိထားသင့် တယ်။ စီးပွားရေးဖွင့် လိုက်ရင် နိုင်ငံစုံကော်ပို ရေးရှင်းကြီးတွေဝင်လာ မယ်။ သူတို့ရဲ့နိုင်ငံတကာ ရှေ့နေတွေပါလာမယ်။ ဒီအချိန်မျိုးမှာကိုယ့် ရဲ့လျောက်လဲချက်၊ စီရင်ချက်တွေကို သူတို့တွေကြည့်ပြီး ရယ်စရာဖြစ်နေရင် ဘယ်ကောင်း ပါ့မလဲ''ဟုဥပဒေ ပညာရှင်တစ်ဦး က ပြောကြားခဲ့ ပါသည်။

ရှေ့နေရှေ့ရပ်များသည် တရား သူကြီးနှင့် ခင်မင်ရင်းနှီးမှု၊ ဆွေမျိုး တော်စပ်မှုကိုအကြောင်းပြုပြီး မလျော် သောအခွင့်အရေးများကို ရယူရန် ကြိုးစားခြင်းမပြုသင့်ပါ၊ တရားသူ ကြီးနှင့် တရားရေးအကြံပေးတို့အား လာဘ်ပေးခြင်း မပြုသင့်ကြောင်း နှင့်ပတ်သက်၍ ကျင့်ဝတ်သိက္ခာနှင့် လုံးဝညီညွတ်ခြင်းမရှိသည်ကို သတိ ပြုသင့်ကြောင်း (ဗဟိုတရားရုံး၊ တရားမအထွေထွေမှု အမှတ် ၅၀၊ ၃၀.၉.၈၇ ရက်စွဲပါ စီရင်ချက်) (တရားရုံးချုပ်၊ ၁၉၈၉ ခုနှစ်၊ တရားမ အထွေထွေမှုအမှတ် ၃၂၊ ၂၃.၈.၈၉ ရက်စွဲပါစီရင်ချက်)''ဟူ၍ ရှေ့နေ ချုပ်ရုံးမှထုတ်ဝေသည့် ရှေ့နေရှေ့ရပ် များ၏ ကျင့်ဝတ်သိက္ခာများ တာဝန် များနှင့် အခွင့်အရေးများတွင်ပါဝင်မှု အရ သိရသည်။

''တရားစီရင်ရေးမှာ အမကအ့ယ ညသအ့ငညါ ဘကအ အ့န အမကအ့ ဆိုတဲ့ 'အမှန်တရားမှလွဲ၍'ဆိုတာသက်သေ ထွက်တဲ့သူတင်မက အားလုံးသိထား သင့်တဲ့အဓိဋ္ဌာန်ပါ''ဟုတရားရုံးချုပ် ရှေ့နေတစ်ဦးက ပြောကြားခဲ့ပါ သည်။

ဒီမိုကရေစီကို သွားတော့မည် ဆိုလျင် တရားရေးမဏ္ဍိုင်ကို မဖြစ် မနေတည့်မတ်ရတော့မည်ဖြစ်ကြောင်း၊ အမှုတစ်ခုအား လိုက်ပါဆောင်ရွက် ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းအရ အမှုကိုအနိုင်ရရန် ကြိုးပမ်းခြင်း ထက် လာဘ်ပေးလာဘ်ယူပြုလုပ် ကာ အမှုအနိုင်ရရှိရေးကြိုးပမ်းမှုမျိုး ကို လူငယ်ရှေ့နေများအနေဖြင့် ပိုမို ရှောင်ကြဉ်သင့်ကြောင်း၊ လူငယ် ရှေ့နေများအနေဖြင့် ခေတ်ကို မျော် ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့် အလေ့အထကောင်း သည့် တရားစီရင်ရေးစနစ်ကို ၀ိုင်း ၀န်းကြိုးပမ်း ထူထောင်ကြရာတွင် အမှန်တရားဘက်မှသမာသမတ်ကျစွာ ဆောင်ရွက်ပေးရမည့်သူများဖြစ်သော ကြောင့် ကိုယ်ကျင့်သိက္ခာကို ပိုမို စောင့်ထိန်းသင့်ကြောင်းဥပဒေပညာ ရှင်များက သတိပေးပြောကြားခဲ့ ကြသည်။

Read more...

Monday, September 14, 2009

လိင်ကိစ္စ စားအုန်းဆီ သုံးသဖြင့် ကိုယ်ကျိုးနည်းကြရ

Saturday, 12 September 2009 17:54 အဲလက်စ် အဲလ်ဂီး


ကိုဒေါင်းက မယ်တော်ဆေးခန်း တနေရာရှိ ဖြစ်သလို စီစဉ်ထားသော ခွဲစိတ်ခုံပေါ်တွင် လဲလျောင်းနေရင်း နာကျင်စွာ ညည်းညူနေသည်။ နာကျင်မှု ဆိုးရွား ပြင်းထန်လာသည်နှင့် အမျှ သူ့အနီးတွင် ထိုင်ကာ လက်ကိုကိုင်ပြီး အားပေးနေသော မိတ်ဆွေတဦးက သူ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

ခွဲစိတ်ဆရာဝန် ၂ ဦးက သူ့ဘေး တဘက်တချက်တွင် ရှိနေပြီး သူ၏လိင်တံရှိ ရောဂါပိုး ၀င်နေသော အရေပြားကို ဖယ်ထုတ်ရန် ခပ်သွက်သွက် လုပ်ရှားနေကြသည်။ ရာသီဥတု ပူပြင်းသောကြောင့် သူတို့၏နဖူးမှ ချွေးများက တဒီးဒီး ကျနေသည်။ တ၀ီဝီလှည့်နေသော ပန်ကာလေ ဖျော့ဖျော့ကြောင့်သာ သူတို့ အနည်းငယ် သက်သာမှု ရနေခြင်း ဖြစ်သည်။

ဖြတ်သွားဖြတ်လာ သွားနေကြသူများက ခွဲစိတ်ခုံဘက် အာရုံ မထားမိကြပါ။ လူ ၄ ဦးက ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ကျားကစား နေကြသည်။ ကိုဒေါင်း၏ ပြဿနာကို အလေးမထားကြ။ ဆေးမှူးတဦး ၀င်လာပြီး အခန်းထဲရှိ လူတယောက်နှင့် ရယ်ရယ်မောမော စကားပြောနေသည်။

လူနာ၏မိတ်ဆွေက မျက်ရည်ဝဲနေပြီး ဆေးမှူးကလေးကို ကြည့်နေသည်။ ကိုဒေါင်း မည်မျှ ခံစားနေရကြောင်း သူက ကောင်းကောင်း သိနေသည်။

လွန်ခဲ့သည့် ၈ နှစ်ခန့်က မဲဆောက် တဖက်ကမ်း မြ၀တီမြို့သို့ ပြန်လာကြသူ မိတ်ဆွေတချို့နှင့် သောက်စားရင်း ယခုကိစ္စ အကြံထူး ရလာခြင်း ဖြစ်သည်။ သူ၏ မိတ်ဆွေများက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် သွားရောက် လုပ်ကိုင်ရာမှ ပြန်လာကြသူများ ဖြစ်သည်။ သူတို့ ရေချိန်ကိုက်လာကြသောအခါ တဦးက ပုဆိုးကိုမ၍ သူ၏လိင်တံကို ပြလေသည်။

စားအုန်းဆီ အစွမ်းထက်ပုံကို ရှာဖွေ သိရှိရကြောင်း၊ စားအုန်းဆီကို လိင်တံအတွင်း ထိုးသွင်းသဖြင့် သန်စွမ်း ကြီးမားလာ ကြောင်း ထိုသူက ရှင်းပြသည်။ ကိုဒေါင်းကလည်း မသိနိုးနား သူ့မိတ်ဆွေများ စကားကို ယုံကြည် နစ်မျောသွားသည်။ သူလည်း လိင်တံထဲ စားအုန်းဆီ ထိုးထည့်လိုက်တော့သည်။ သူတို့အုပ်စုထဲမှ မည်သူကမျှ ထိုလုပ်ရပ် အတွက် အန္တရာယ် ရှိနိုင်သည်ကို ကြိုတင် မသိကြပါ။

“အခုလို အန္တရာယ်ဖြစ်မယ် ဆိုတာ ကျနော် သိခဲ့ရင် ကောင်းမှာပဲ။ ကြိုသိခဲ့ရင်တော့ ဒီလိုလုပ်မိမှာ မဟုတ်ဘူး၊ ဒီဆေးခန်း ကိုလည်း ရောက်မှာ မဟုတ်ဘူး” ဟု ကိုဒေါင်းက တိုးတိုးလျလျ ပြောသည်။

ယခုလို ကိစ္စမျိုးကို လုပ်ဆောင်နေကြသည်မှာ ၁၀ နှစ်ခန့် ရှိတော့မည်ဟု ယူဆရသည်။ မြန်မာသင်္ဘောသားများ၊ ငါးဖမ်း လုပ်သားများက ထိုင်းနိုင်ငံနှင့် တခြားဆိပ်ကမ်းများမှ ရရှိလာသည့် အဆိုပါ နည်းလမ်းကို ဤဒေသနှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ နယ်စပ်တလျှောက် ပညာမတတ်သော မြန်မာ အမျိုးသားငယ်များ အကြားတွင် ဤလုပ်ရပ်က ရေပန်းစားနေ သည်။

ဆေးခန်းမှ ဆေးမှူး လောဝါဆေးကတော့ ယခုလို ပြဿနာမျိုးဖြင့် တပတ်လျှင် လူနာ ၅ ဦး ခန့် ရောက်လာတတ်သည်ဟု ဆိုသည်။

ကိုဒေါင်းက ယခုတပတ်အတွက် ၄ ဦးမြောက် လူနာဖြစ်ပြီး၊ ယခုနှစ် အတွက် ဆိုလျှင် ၁၂၂ ဦးမြောက်လူနာ ဖြစ်သည်။

"သူတို့မိတ်ဆွေတွေ မဲဆောက်ကို ပြန်ရောက်လာကြပြီး သူတို့ရဲ့ပစ္စည်း ဘယ်လောက်ကြီးတယ် ဆိုတာ ကြွားကြတယ်။ ဘယ်လောက် အံ့သြဖို့ကောင်းသလဲ၊ လုပ်ရတာလည်း အလွယ်ကလေးပဲ ပေါ့ဗျာ။ ကျန်တဲ့သူတွေကလည်း အားကျပြီး လိုက်လုပ်ချင်ကြတာပေါ့" ဟု ဆေးမှူး လော်ဝါးဆေးက ပြောသည်။

"သူတို့က ပညာလည်း မတတ်ကြတော့ ဆိုးကျိုး အန္တရာယ်ကို မသိကြဘူး။ နောက်ဆုံး ကိုယ်ကျိုးနည်းပြီးမှ ရောက်လာ ကြတယ်"ဟု လော်ဝါးဆေးက ရှင်းပြသည်။

အခြားအန္တရာယ်တခုမှာ ဆေးထိုးအပ်ဖြင့် ကိုယ်တိုင် ထိုးထည့်ကြခြင်း ဖြစ်သည်။ ဖူးယောင်ပြီး ရောဂါပိုးလည်း ၀င်နိုင် သည်။ အုန်းဆီက သွေးလှည့်ပတ်မှုကို နှေးကွေးစေသောကြောင့် နောက်ဆက်တွဲ ပြဿနာလည်း ရှိသည်။ လိင်တံဆီသို့ သွေးလှည့်ပတ် စီးဆင်းမှု တိုးတက်လာစေသော်လည်း၊ ဆီများဖြင့် ပိတ်မိနေသောကြောင့် နောက်ဆုံး အဆမတန် ဖူးယောင်ခြင်းနှင့် ပိုးကူးစက်ခြင်းလည်း ခံရနိုင်သည်ဟု ဆိုသည်။

အခြေအနေ အဆိုးရွားဆုံး ဖြစ်သွားပါက ရောဂါပိုးကူးစက်မှုက သွေးကြောများမှတဆင့် ပြန့်ပွားသွားပြီး ကင်ဆာ သို့မဟုတ် သွေး အဆိပ်သင့်သည့် ရောဂါ ဖြစ်ပွားစေသည်။ မြန်မာနိုင်ငံတွင် ဤသို့ရောဂါပိုးကူးစက်မှုကြောင့် လူနှစ်ဦး အသက် ဆုံးရှုံး ခဲ့ရပြီးဖြစ်သည်ဟု မယ်တော်ဆေးခန်းက သတင်းရထားသည်။

ယခု နှစ်ဆန်းပိုင်းတွင် ရောက်လာသည့် လူနာတဦး၏ အခြေအနေ ဆိုးရွားလွန်းသောကြောင့် လိင်တံကို ဖြတ်ပစ်လိုက်ရ သည်။ ပုံမှန် ကုသမှုခံမည်ဆိုလျှင် ခွဲစိတ်မှု နှစ်ဆင့် ပြုရမည်ဖြစ်ပြီး၊ ခွဲစိတ်မှု တခုနှင့် တခုအကြား ဆေးရုံတွင် တလကြာ နေထိုင်ရမည်၊ ပထမအကြိမ်မှာ လိင်တံရှိ ပိုးကူးစက်နေသည့် အရေပြားကို ဖယ်ရှားပစ်ခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ပေါင်မှအရေ ပြားကိုယူ၍ လိင်တံ၌ အစားထိုးပေးသည့် ခွဲစိတ်မှု ဖြစ်သည်။

မြန်မာပြည်သား အမျိုးသားများ စားအုန်းဆီသုံး၍ အတတ်ဆန်းနေကြခြင်းနှင့် ပတ်သက်ပြီး ပညာပေးရန် မယ်တော် ဆေးခန်း က ကြိုးပမ်း ဆောင်ရွက်နေသည်။ လွန်ခဲ့သည့် မတ်လက ဖြန့်ချိခဲ့သည့် လိင်အင်္ဂါ ကြီးထွားစေရန် သဘာဝ မဟုတ်သည့် ဆောင်ရွက်မှု၏ အန္တရာယ်အကြောင်း လက်ကမ်းစာစောင်တွင် ကြုံတွေ့ရမည့် အန္တရာယ်များ၊ ကုသနိုင်သည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP) အဖွဲ့ကလည်း ရွှေ့ပြောင်း လုပ်သားများ အကြား ယခု လက်ကမ်း စာစောင်များကို ဖြန့်ချိပေးရန် ကူညီ ဆောင်ရွက်ပေးနေသည်။

“အခု လက်ကမ်းစာစောင်တွေက ဒီက အ၀န်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံထဲထိ ပျံ့နှံ့မယ်လို့ ယူဆပါတယ်။ ကျနော်တို့ ရည်ရွယ် တာကတော့ အမျိုးသားတွေ အခုလို အုန်းဆီ ထိုးထည့်တာမျိုးတွေ မလုပ်ဖို့၊ လုပ်ခဲ့မိတယ် ဆိုရင်လည်း ချက်ချင်း လာပြီး စစ်ဆေးစမ်းသပ်မှု ခံယူကြဖို့ပါပဲ"ဟု လော်ဝါးဆေးက ပြောသည်။

အုန်းဆီကို လိင်တံ ကြီးထွားစေရန် အသုံးပြုနေမှုများ ရပ်ဆိုင်း စေရန်အတွက် မယ်တော်ဆေးခန်း၏ ပညာပေး လှုံ့ဆော်မှု အပြင် တခြား ကြိုးပမ်း လုပ်ဆောင်မှုများမှာ မဆိုစလောက်သာ ရှိခဲ့သည်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ကြီး ဖြစ်သော World Vision အဖွဲ့က ဤပြဿနာနှင့် ပတ်သက်ပြီး ကျန်းမာရေး ပညာပေး အစီအစဉ်တွင် အစိတ်အပိုင်းတခု အဖြစ် ယခင်က ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ထိုကြိုးပမ်းမှုများကို လက်လျှော့ထားလိုက်ပြီဟု ဆိုသည်။

“အခုအချိန်မှာ ဒီပြဿနာကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုလို့ တခုမှ မရှိပါဘူး” ဟု World Vision ၏ မဲဆောက်ဒေသ ကျန်းမာရေး လုပ်ငန်းများ ညှိနှိုင်းရေးမှူးတဦးက ပြောသည်။

“ကျန်းမာရေးအသိ ချို့တဲ့တာက အကြီးဆုံး ပြဿနာပဲ။ တကယ်လို့ အဖွဲ့အစည်း တခုခုက အချိန်ပေးပြီး လူတွေကို ဒီလုပ်ရပ်ရဲ့ အန္တရာယ် အကြောင်း ပြောပြပေးနိုင်မယ် ဆိုရင်တော့ အများကြီး အကျိုးရှိမှာပါ”ဟု သူက ဆိုသည်။

“အဖွဲ့အစည်း အတော်များများက စိတ်မ၀င်စားကြဘူး။ အကြောင်းကတော့ သူတို့က ဒီကိစ္စကို ရောဂါတခုလို့ မမြင်ကြ တာပဲ။ ကိုယ့်ဘာသာ ပြဿနာရှာလို့ ဖြစ်လာတဲ့ဟာလို့ မြင်ကြတယ်။ ဒီတော့ ပြဿနာ တက်တဲ့လူတွေကို ဒဏ်ခတ် အပြစ်ပေးသလို ဖြစ်နေတယ်။ အဖွဲ့အစည်းတွေ အမြင်ပြောင်းလာရင်တော့ အခုဖြစ်နေတဲ့ ပြဿနာ ရပ်ဆိုင်းသွားဖို့ တကယ် အထောက်အကူ ဖြစ်မှာပါ”ဟု သူက ရှင်းပြသည်။

ဆေးခန်းရှိ လူနာတဦးကလည်း အဖြစ်ဆိုးတခုကို ပြန်ပြောပြသည်။ သူတို့ရွာမှ အမျိုးသားတဦးက လိင်တံထဲသို့ အုန်းဆီကို ကိုယ်တိုင် ထိုးထည့်သည်။ ငါးနှစ်ကြာသည့်အခါ ပိုးဝင်လာပြီး ယောင်ယမ်း လာသည်။ သူက အုန်းဆီကြောင့် ထိုသို့ ဖြစ်ရသည်ကို သတိထားမိပုံမရ။

ဆရာဝန်ထံ သွားပြရန်လည်း အရှက်ကြီး ရှက်နေသည်။ ဤသို့ဖြင့် အနာ နှင့် အရှက် သက်သာစေရန် အရက် ဖိသောက်ရာမှ အရက်စွဲသွားသည်။ နောက်ဆုံး သူမခံမရပ်နိုင်တော့သဖြင့် အသက် ၃၅ နှစ်အရွယ်တွင် မိမိကိုယ်ကို သတ်သေလိုက်လေသည်။

“ပညာတတ်ကြရင်တော့ ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ အမျိုးသားတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ ကုသမှု ခံယူနိုင်ပုံ နည်းလမ်းတွေအကြောင်း ပညာပေးတာတွေ လုပ်ဖို့ လိုသေးတယ်”ဟု လူနာက ပြောသည်။

အကယ်၍ ၎င်းယောက်ျားသားများက ပညာတတ်များဖြစ်သည် ဆိုလျှင်ပင် ဆရာဝန်ထံ သွားရောက်ပြသရန် ရှက်နေ နိုင်သည်။ တခြားရွေးချယ်ရန်လမ်း မရှိတော့သည့် အချိန် အထိ၊ ရောဂါ ပိုဆိုးလာသည့် အခြေအနေအထိ ထိုင်စောင့် နေသည်လည်း ဖြစ်နိုင်သေးသည်။ အချိန်လွန်မှ လာပြလျှင်တော့ ရောဂါ ပို၍ ဆိုးစရာ အကြောင်း ရှိနေသည်။

ကုသမှု သွားရောက်ခံယူရန်အတွက် နောက်ထပ် ပြဿနာတခုမှာ ကုန်ကျစရိတ် ဖြစ်သည်။ World Vision က လူနာများ အတွက် ဆေးဖိုးဝါးခနှင့် ခရီးစရိတ်များ ကူညီ ထောက်ပံ့ပေးဖူးသည်။

မယ်တော်ဆေးခန်းတွင် ယခုပြဿနာကို ကုသရန် ဘတ် ၁၀၀၀ (၂၉ ဒေါ်လာ) ကုန်ကျနိုင်သည်။ ထိုပမာဏမှာ မြို့ကြီး များတွင် ကုသလျှင် ပေးရမည့် ကုန်ကျစရိတ်၏ အစွန်းထွက်မျှသာ ရှိသည်။ ဘန်ကောက်တွင် ကုသလျှင် ဒေါ်လာ ၉၀၀ ခန့်၊ ရန်ကုန်တွင် ကုသလျှင် ကျပ် ၂ သိန်း (ဒေါ်လာ ၁၈၀ ခန့်) ကုန်ကျနိုင်သည်။ ဆေးခန်း တာဝန်ရှိသူများ၏ အဆိုအရ ကုန်ကျစရိတ် သက်သာစေရန် အတွက် ရန်ကုန်မှ လာရောက်ကြသူများလည်း ရှိသည်ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ၊ ဆေးခန်းသို့ ရောက်လာသူအများစုမှာ မဲဆောက်ဒေသ အလုပ်သမားလောကမှ ဖြစ်သည်။

“အလုပ်သမား အများစုက မြန်မာနိုင်ငံမှာ ဆင်းရဲလွန်းတဲ့ မိသားစုတွေက လာကြတာ၊ ပညာလည်း မတတ်ကြဘူး။ အဲဒီ အတွက်ကြောင့်လည်း ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ သူတို့ကို ရှင်းပြလည်း သဘောမပေါက်နိုင်ကြဘူး။ ကျနော်တို့က သင်တန်းတွေ၊ ဘာတွေ လုပ်ဖို့ စည်းရုံးပြီး စီစဉ်ရင်တောင်မှ စက်ရုံတွေမှာ သိပ်ခက်တယ်။ အလုပ် သမား တွေက သင်တန်းလာဖို့ မအားကြပြန်ဘူး” ဟု World Vision မှ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းက ပြောပြသည်။

မယ်တော် ဆေးခန်းမှ ဆေးမှူး လော်ဝါးဆေးက ဤပြဿနာနှင့် ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို သတိပေးလိုသည်ဟု ဆိုသည်။

“ယောက်ျားရဲ့အင်္ဂါဆိုတာ သဘာဝကျကျ ဖြစ်လာတာ၊ ကိုယ့်အခြေအနေနဲ့တင် ကျေနပ်သင့်တယ်။ ခင်ဗျားတို့ သဘာဝကို ဖီလာ ဆန့်ကျင် လုပ်ရင်တော့ ပြဿနာတက်မှာပဲ”ဟု သူက ပြောလိုက်သည်။

ခွဲစိတ်ကုဌာနအပြင်ဘက်တွင် ကုသမှု အတွက် ကိုဒေါင်း စောင့်ဆိုင်းနေစဉ်ကလည်း ထိုသို့ သတိပေးမှုမျိုး ကြားခဲ့ရသည်။

“တကယ်လို့များ ကိုယ့်လိင်တံထဲကို အုန်းဆီ ထိုးထည့်ဖို့ စဉ်းစားနေတယ် ဆိုရင် မလုပ်ပါနဲ့လို့ အဲဒီလူကို ပြောချင်ပါတယ်။ ရှက်စရာ ကောင်းတယ်၊ ပိုက်ဆံ ကုန်မယ်၊ အဆိုးဆုံးကတော့ မိသားစု တခုလုံး စိတ်ညစ်ရမှာပဲ”ဟု ကိုဒေါင်းက ပြောလေ သည်။

ALEX ELLGEE ရေးသားသည့် Using Palm Oil for Sexual Enhancement Leads to Pain, Embarrassment ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Read more...

Thursday, September 10, 2009

သတင်းမီဒီယာဆိုသည်မှာ ပြည်သူလူထုသိသင့်သိထိုက်သော အမှန်တရားကို ရှာဖွေတင်ပြခြင်းသာဖြစ် သတင်းတင်ပြကြရာတွင်လည်း ကျင့်ဝတ်စောင့်ထိန်းသော သတင်းထောက်နှင့် ပါပါ

............................................................................

ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြမှုများမှာ မီဒီယာ တစ်ခု၏စောင့်ထိန်းရမည့်ကျင့်ဝတ်၊ ထားရှိရမည့်စံနှုန်းများဖြင့် ပြည်သူ အများသိသင့်သိထိုက်သောအကြောင်း အရာများကိုသာ ဖော်ပြနိုင်စွမ်း ရှိသ လောက် ဖော်ပြနေကြသော်လည်း မီဒီယာများ၏ စွမ်းဆောင်မှုနှင့် သတင်းထောက်များ၏ ကျင့်ဝတ် စောင့်ထိန်းမှုအနေအထားများအပေါ် အကဲဖြတ်သည့် အမြင်များမှာမူ သဲကွဲမှုမရှိသေးကြောင်းသိရသည်။ထို့အပြင် အချို့သောသူများမှာမူ သတင်းထောက်နှင့်ပါပါရာဇီအကြား ကွဲပြားခြားနားမှုများကို မသိရှိဘဲ ရောထွေးလျက်ရှိနေကြောင်း သိရှိရ ပါသည်။ သတင်းမီဒီယာဆိုသည်မှာ နိုင်ငံတစ်ခု၏ စတုတ္ထမဏ္ဍိုင် တင်စားထားသည့် စာနယ်ဇင်း သတင်းမီဒီယာဆိုသည်မှာ ဥပဒေပြု ရေး၊ တရားစီရင်ရေးနှင့်အုပ်ချုပ်ရေး အစရှိသော မဏ္ဍိုင်သုံးရပ်ကို မှန် ကန်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ပေး ရပြီး မှန်ကန်မှုမရှိပါက ပြောဆို ထောက်ပြပေးရသည့်မဏ္ဍိုင်တစ်ရပ် အဖြစ်တည်ရှိနေသောအရာဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုအား အသိ ပညာပေးရန်နှင့် ပြုပြင်ရန်ဟူသော ရည်ရွယ်ချက်ကိုလည်း ဖော်ဆောင် ပေးလေ့ရှိကာ ပြည်သူလူထုသိသင့် သိထိုက်သော အကြောင်းအရာများ ကို အဓိကထားဖော်ပြပေးခြင်းက လည်း စာနယ်ဇင်းသတင်းမီဒီယာ များ၏အဓိကတာဝန်ပင် ဖြစ်ကြောင်း ၀ါရင့်သတင်းစာဆရာကြီးများက သုံးသပ်ပြောဆိုခဲ့ကြပါသည်။ ''သတင်းမီဒီယာ ဆိုတာက တော့ ပြည်သူလူထုသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ အမှန်တရား တွေကို ပြည်သူလူထု သိရှိအောင် ရှာဖွေတင်ပြတာကလွဲလို့ဘာတာဝန် မှမရှိပါဘူး။ သတင်းမီဒီယာဆိုတာ အစိုးရရဲ့အေးဂျင့်လည်းမဟုတ်ဘူး၊ နိုင်ငံရေးပါတီတွေရဲ့တာဝန်ခံလည်း မဟုတ်ဘူး၊ လုပ်ငန်းရှင်တွေနဲ့ စား သုံးသူတွေကြားက ပေါင်းကူးလည်း မဟုတ်ဘူး။ ကြော်ငြာသမား မဟုတ်ဘူး။ ပြည်သူလူထုသိသင့် သိထိုက်တဲ့အကြောင်းအရာမှန်သမျ၊ ပြည်သူလူထု ထိခိုက်နစ်နာစေမယ့် အရာတွေမှန်သမျကို အမှန်အတိုင်း ဖော်ထုတ်ရေးသားရမှာက သတင်း မီဒီယာတွေရဲ့ အခြေခံတာဝန်ပဲဖြစ် တယ်''ဟုဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောပြသည်။သတင်းမီဒီယာများနှင့် အတူ သတင်းထောက်များ၏ အခန်း ကဏ္ဍမှာလည်း အရေးပါလျက်ရှိပြီး အရည်အသွေးပြည့်ဝပြီး စောင့်ထိန်း ရမည့်ကျင့်ဝတ်နှင့်အညီ လုပ်ကိုင် ကြသည့် သတင်းထောက်များမှာမူ ပြည်သူလူထု သိရှိသင့်၊ သိရှိထိုက် သည်များကိုသာ တင်ပြရန် ရည် ရွယ်ချက်ထားရှိကြကြောင်းသိရှိရ ပါသည်။သို့သော် အချို့သောအခြေ အနေများတွင်မူသတင်းထောက်များ ၏သတင်းတင်ပြမှုအပေါ် စာဖတ် ပရိသတ်အားလုံး နားလည်နိုင်စွမ်း ရှိမည်မဟုတ်သည့်အပြင် အဆိုပါ ကိစ္စရပ်သည် စာပေလွတ်လပ်ခွင့် ရှိခြင်း၊ မရှိခြင်းနှင့်လည်း သက် ဆိုင်မှုမရှိလှကြောင်းသိရပါသည်။ ''မြန်မာနိုင်ငံမှာ အခုဖြစ်နေ တာက သတင်းထောက်တွေ မကျွမ်း ကျင်တာ၊ ကျင့်ဝတ်အားနည်းတာက ပြဿနာအကြီးကြီးမဟုတ်သလို စာပေလွတ်လပ်ခွင့်ဘောင်ကျဉ်းတာ ကလည်း အကြီးဆုံးပြဿနာမဟုတ် ပါဘူး။ ‘ဒီလွတ်လပ်ခွင့်ဘောင်ကနေ ဂျာနယ်လစ်တွေ ချဲ့ထွင်ကြိုးစားနေ တဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ပတ် ၀န်းကျင်က နေသားကျမလာသေး တာက ပြဿနာပါ။ သတင်းမီဒီယာ ရဲ့လုပ်ဆောင်ချက်တာဝန်နဲ့ဝတ္တရား အပေါ်မှာလူအများနားလည်သဘော ပေါက်လာအောင် ဂျာနယ်လစ်တွေ ကြိုးစားကြရမယ်။ ပေးဆပ်ကြရ ဦးမယ်။ ဒီမိုကရေစီအသားကျလာ တာနဲ့အမျ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲဆိုတာပြသဖို့ အခွင့်အရေးရ လာလိမ့်မယ်လို့မျော်လင့်ပါတယ်''ဟု Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။သတင်းစာကျင့်ဝတ်ဆိုသည်မှာ သတင်းမီဒီယာများသည် ပြည်သူ လူထု သိသင့်၊ သိထိုက်သည်များကို ဖော်ပြပေးရာ၌ စောင့်ထိန်းရမည့် ကျင့်ဝတ်များဖြင့်သာ ရေးသားဖော် ပြလေ့ရှိကြောင်းသိရသည်။ ပြည် တွင်းမှသတင်းထောက်များအနေဖြင့် ၁၉၆၁ခုနှစ် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ ချမှတ်ထားသော စာ နယ်ဇင်းကျင့်ဝတ်များကို လိုက်နာ လုပ်ဆောင်လေ့ရှိကြပြီး မူအရလိုက်နာ ရမည့်ကျင့်ဝတ်များအပြင် လုပ်ငန်း အရ လိုက်နာရမည့်ကျင့်ဝတ်များကို လည်း ထားရှိလုပ်ဆောင်လေ့ရှိကြ ကြောင်းသိရှိရသည်။၁၉၆၁ ခုနှစ် မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီမှ ချမှတ်ထားခဲ့သော စာနယ်ဇင်းကျင့်ဝတ်များအရမူ (၁) စာနယ်ဇင်းတို့သည် အများ ပြည်သူတို့သိရှိနိုင်ရန် အလို့ငှာ ထုတ်ပြန်သော သတင်းတိုင်း၌ အချက်အလက် တိကျမှန်ကန် စေရန် အစွမ်းကုန်စိစစ်ရမည်။


ပုံနှိပ်ဖော်ပြခြင်းမပြုမီ သတင်း အားလုံးကို တတ်စွမ်းသမျ စစ် ဆေးရမည်။ မည်သည့်သတင်း အချက်အလက်ကိုမျ မိမိလိုရာ သို့ဆွဲမရေးရ၊ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင်သက်သက်ထိမ်ချန်ခြင်း မပြုရ။ (၂) ပုဂ္ဂိုလ်မှန်သမျ၌ မိမိ၏ဂုဏ် သိက္ခာမပျက်စေအောင် ကာ ကွယ်ပိုင်ခွင့်ရှိသည်ဟူသော အချက်ကိုရိုသေလေးစားရမည်။ ပြည်သူလူထုအကျိုးအတွက် ရှေးရှုရသည့်အခါမှတစ်ပါး သူ တစ်ပါး၏ပုဂ္ဂလိကအခွင့်အရေးကို ထိပါးနှောင့်ယှက်ရေးသားဖော် ပြခြင်းမှ ရှောင်ကြဉ်ရမည်။ (၃)မတိကျမမှန်ကန်သော သတင်း ကို ရေးသားဖော်ပြခြင်းပြုမိ လျင် ဆိုင်ရာစာနယ်ဇင်းသည် ထိုသတင်းကို စောနိုင်သမျ ဆောလျင်စွာပြန်လည်ဖြေရှင်း ရမည်။ သတင်းမှန် ဖြေရှင်း ချက်ကိုလည်း သတင်းမှား ဖော်ပြခဲ့သည့်နည်းတူထင်ရှား ပေါ်လွင်အောင်ဖော်ပြပေးရမည်။ (၄)သတင်းရေးသားရာ၌ ရေးသားသူ ၏အာဘော် လုံးဝမပါစေရ။ ရေးသူ၏အမည်နှင့် ရေးသား သော သတင်းဆောင်းပါးတို့၌ သာလျင် သတင်းရေးသားသူ သည် ¤င်း၏အာဘော်ကို သတင်းဆောင်းပါးတွင် ထည့် သွင်းရေးသားနိုင်ခွင့်ရှိသည်။ (၅)သတင်းပေးသူ သို့မဟုတ် သတင်းရရှိရာဌာနနှင့် စပ် လျဉ်း၍ နှုတ်လုံရန် တိတိ ကျကျ ထိန်းသိမ်းဆင်ခြင် ရမည်။ ယုံကြည်၍ ထုတ်ဖော် အသိပေးလိုက်သည့်အကြောင်း ချင်းရာများနှင့် စပ်လျဉ်း၍ သတင်းစာ ၀တ္တရားအတိုင်း သိပ်သည်းလျို့ဝှက်ရမည်။ (၆) ရာဇ၀တ်မှုခင်း သတင်းများ ရေးသားဖော်ပြရာတွင် စီရင် ပိုင်ခွင့်ရှိသော တရားရုံးတော် က ပြစ်မှုထင်ရှားစီရင်ခြင်းမပြု သေးသမျကာလပတ်လုံးတရား ခံအားအပြစ်ကင်းစင်သူတစ်ဦး ဖြစ်သည်ဟုသဘောပိုက်ရမည်။(၇) စာနယ်ဇင်းဆရာများသည် မည် ကဲ့သို့သောတံစိုးလက်ဆောင် မျိုးကိုမျခံယူခြင်းမပြုရ။ ကိုယ် ကျိုးငဲ့ကွက်ခြင်းအားဖြင့်လည်း မိမိ၏တရားမျတမှုနှင့် ဘက် မလိုက်မှုကို မထိခိုက်စေရ။ (၈)စာနယ်ဇင်းများသည် တမင် ကြံရွယ်တွက်ဆလျက်ဘာသာ ရေး၊ လူမျိုးရေးမုန်းတီးမှုများ ကိုလှုံ့ဆော်ခြင်းမပြုရ၊ ဇာတိ ကိုသော်လည်းကောင်း၊ ကိုး ကွယ်ရာဘာသာကိုသော်လည်း ကောင်း၊ လူမျိုးကိုသော်လည်း ကောင်းအကြောင်းပြု၍မတရား ဝေဖန်ရေးသားခြင်းမပြုရ။ (၉)ပြည်ထောင်စုမြန်မာနိုင်ငံ တော် ပြိုကွဲစေခြင်း၊ ပြည် ထောင်စုမြန်မာနိုင်ငံတော်၏ နယ်နိမိတ်နှင့် အချုပ်အခြာ အာဏာကိုထိပါးခြင်းဟူသည် တို့၌ အကျုံးဝင်သော နိုင်ငံ တော်လုံခြုံမှုကို ထိခိုက်စေမည့် သတင်းဆောင်းပါးများကို လုံးဝရေးသားဖော်ပြခြင်းမပြုရ။ (၁၀) သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး အသွင်ဖြင့် ထည့်သွင်းသော ကုန်သွယ်ကြော်ငြာများကို ပုံ နှိပ်ဖော်ပြရာတွင် (ကြော်ငြာ) ဖြစ်ကြောင်းသိသာထင်ရှား အောင်ဖော်ပြရမည်။ (၁၁)အောက်ပါအချက်အလက်များ နှင့်ငြိစွန်းသောသတင်းဖြစ်စေ၊ ဆောင်းပါးဖြစ်စေ၊ ဓာတ်ပုံဖြစ်စေ မည်သည့်အကြောင်းအရာကို မဆိုပုံနှိပ်ထုတ်ဝေခြင်းမပြုရ။ (က) အကျင့်သိက္ခာပျက်ပြား စေမည့်ရေးသားမှုများ၊ ညစ် ညမ်းမှုများ၊ (ခ) သိမ်ဖျင်းရုန့်ရင်းသော စကားလုံးအသုံးအနှုန်းများ (ဂ) မနာလိုသော မစ္ဆရိယ စိတ်ဖြင့် စွပ်စွဲခြင်းများ။ (ဃ) မမှန်ကန်သော၊ အသေ ရေပျက်စေသောကြေညာချက် များ။ စသည့်အချက်တို့ ပါရှိပြီး သတင်းကျင့်ဝတ်နှင့်အညီ လုပ်ကိုင် သောသတင်းထောက်များသည် မူအရ စောင့်ထိန်းရသော ကျင့်ဝတ်များ၊ လုပ်ငန်းအရ စောင့်ထိန်းရမည့်ကျင့် ၀တ်များအပြင် အဆိုပါစာနယ်ဇင်း ကျင့်ဝတ်များကိုပါ လိုက်နာစောင့် ထိန်းဆောင်ရွက်ကြကြောင်း သိရ သည်။

ပါပါရာဇီဆိုသည်မှာ ပြည်သူအများ သိသင့်၊ သိ ထိုက်သော အကြောင်းအရာများကို ဦးတည်ချက်မျိုးစုံဖြင့် ဖော်ပြနိုင် စွမ်းရှိသလောက် သတင်းများရေး သားဖော်ပြကြရာတွင် သက်ဆိုင်ရာ သတင်းမီဒီယာတစ်ခုချင်းစီအလိုက် စံနှုန်းများ၊ ကျင့်ဝတ်များဖြင့်သာရေး သားဖော်ပြကြခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ၌ တွင်ကျယ်စွာရှိနေ သောပါပါရာဇီဟုခေါ်ဆိုသည့်သတင်းထောက်အမျိုးအစားများနှင့် ပါပါ ရာဇီဆန်သော သတင်းရေးသား တင်ပြမှုများမှာ မြန်မာနိုင်ငံ၌ လုံးဝ မရှိသည့်အတွက် ကျင့်ဝတ်စံနှုန်း များဖြင့် လုပ်ကိုင်နေသော သတင်း ထောက်များနှင့် ပါပါရာဇီများကို ကွဲကွဲပြားပြားသိမြင်ထားသင့်ကြောင်း ၀ါရင့် သတင်းစာဆရာကြီးများက ပြောဆိုပါသည်။

''ပါပါရာဇီဆိုတာက သူတစ် ပါးရဲ့ မမြင်အပ်၊ မကြားအပ်၊ မသိ စေလိုတဲ့ အကြောင်းအရာတွေကို တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ၊ ကျင့်ဝတ်နဲ့ညီသည်ဖြစ်စေ၊ ကျင့်ဝတ်နဲ့မညီသည်ဖြစ်စေ၊ သတင်း ဖြစ်မယ့် လူတစ်ယောက်နောက်ကို တကောက်ကောက်လိုက်ပြီး တစ် ဖက်လူ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင်ဓာတ်ပုံလိုက်ရိုက်၊ သတင်း လိုက်ယူပြီးပိုက်ဆံရဖို့ နာမည်ကြီး အောင်လုပ်တဲ့သူတွေကိုခေါ်တာ။ လူထုသည်းခြေခိုက်မယ့်အရေးအသား နဲ့ ဆွဲဆောင်ထားတာမျိုးလောက်ပဲ ရှိတဲ့ အ၀ါရောင်နည်းနည်းဆန်တာ မျိုးလောက်ပဲ ရှိတယ်။ ပါပါရာဇီဖြစ် လောက်မယ့်အခြေအနေရှိတဲ့ဂျာနယ် လည်းမရှိပါဘူး။ ဟိုးအရင်ခေတ် တုန်းကတော့ရှိခဲ့တယ်။ ကိုယ်တွေ့ ပြည့်တန်ဆာဘုံကျင်လည်ခဲ့စဉ်ကတို့၊ ရုပ်ရှင်မင်းသမီးကလေးနဲ့ပါမောက္ခကြီး တို့ ဒီလိုသတင်းမျိုးတွေက ဟိုဘက် ခေတ်မှာရှိခဲ့ဖူးတဲ့ ပါပါရာဇီ သတင်း မျိုးတွေ။ ဒီနေ့ခေတ်မှာတော့ ပါပါရာဇီသတင်းတွေ မရှိဘူး''ဟု ဆရာ လူထုစိန်ဝင်းက ပြောဆိုပါ သည်။''ကျွန်တော်တို့နိုင်ငံမှာ ထင် ရှားသူတွေရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ရေးရာမှာ Margin မပြတ်ကြသေး ဘူး။ ထင်ရှားကျော်ကြားသူတွေ၊ သြဇာရှိသူတွေရဲ့ လူအများရှေ့မှာ ပြောဆို၊ နေထိုင်လုပ်ကိုင်တာတွေကို ရေးသားတာ၊ ဝေဖန်တာဟာ Free Press ရဲ့အလေ့အထပါ။ ဒါပေမယ့် သူတို့မသိစေချင်တဲ့အကြောင်းအရာ တွေ၊ အလုပ်ခွင်၊ နေအိမ်အတွင်းမှာ ဖြစ်ပျက်နေတာတွေကိုရေးသားတာ ပါပါရာဇီတွေရဲ့အလုပ်ပါ။ ဒါပေမယ့် ထင်ရှားကျော်ကြားသူတွေ၊ သြဇာ ရှိသူတွေအနေနဲ့ သူတို့ရဲ့ တိတ်တ ဆိတ်လုပ်ရပ်တွေဟာ သူတို့ရဲ့ပရိ သတ်၊ အများပြည်သူရဲ့ အကျိုး စီးပွားကို ထိပါးလာပြီဆိုရင်တော့ သိက္ခာရှိတဲ့ သတင်းမီဒီယာတွေက လည်း အတွင်းရေးတွေကို ရှာဖွေ ဖော်ထုတ် ဝေဖန်ရေးသားရတော့ တာပါပဲ။ ဒီအလေ့အကျင့်တွေကို ကျွန်တော်တို့သတင်းမီဒီယာတွေရော၊ ပတ်ဝန်းကျင်ကရော လေ့ကျင့်ရပါ တော့မယ်''ဟု Eleven Media Group ၏ Chairman & CEOဒေါက်တာသန်းထွဋ်အောင်က ပြော ကြားခဲ့ပါသည်။''ပါပါရာဇီဆိုတာက အနုပညာ ရှင်တွေတွေကိုအမဲလိုက်သလို လိုက် နေတဲ့သတင်းသမားတွေကိုခေါ်တာ။ ပြည်သူလူထုကို အနှောင့်အယှက် ပေးတတ်တယ်။ ဥရောပကနိုင်ငံ တချို့မှာ ပါပါရာဇီတွေအတွက်တား ဆီးမိန့်တွေထုတ်ထားတာ ရှိတယ်။ အထူးသဖြင့် ဓာတ်ပုံရိုက်တဲ့အခါမျိုး မှာပါ။ ဂျာမနီ၊ နော်ဝေ၊ ပြင်သစ် တွေမှာဆိုရင် ပါပါရာဇီတွေအတွက် ဓာတ်ပုံရိုက်ဖို့၊ ထုတ်ဝေဖို့ခွင့်ပြုမိန့် တောင်းရတာတွေရှိတယ်။ တကယ် တော့သတင်းထောက်တွေက Celebrities တွေခြံဝင်းအပြင်ထွက်လာရင် ဓာတ် ပုံရိုက်ခွင့်၊ သတင်းရေးသားခွင့်ရှိ တယ်။ သူတို့ကို ပါပါရာဇီလို့ခေါ်လို့ မရဘူး။ သတင်းထောက်တွေက သတင်းထောက်ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် သတင်းထောက်နဲ့ ပါပါရာဇီကိုတော့ သိထားသင့်ပါတယ်။ သတင်း ထောက်ဆိုတိုင်း ပါပါရာဇီ မဟုတ် နိုင်တာတော့ အသေအချာပါပဲ''ဟု ဂျာနယ်လစ်ဇင်စာပေများကို ရေး သားနေသော ဂျာနယ်လစ်တစ်ဦး ဖြစ်သူ ဒေါက်တာခင်မောင်ညိုက ဆိုပါသည်။''ပါပါရာဇီတွေရဲ့ သတင်းရေး သားပုံနဲ့သတင်းရေးသားတဲ့သတင်း ထောက်တွေရဲ့ သတင်းရေးသားပုံ ကတော့မတူဘူး။ ပါပါရာဇီတွေက Celebrities တွေကို တစိုက်မတ် မတ် Hunt လုပ်ကြတယ်။ သူတို့ရဲ့ Private Life တွေကိုအတွင်းကျကျ မေးမြန်းရေးသားကြတယ်။ အနှောင့် အယှက်ဖြစ်စေတယ်လို့ ယူဆကြ တာတွေရှိတယ်'' ဟု အေပီသတင်း ဌာနမှဒေါ်အေးအေးဝင်းကပြောကြား ခဲ့ပါသည်။


Read more...

Wednesday, September 9, 2009

ရက်စက်မှုနဲ့ အကြင်နာ ကင်းမဲ့မှု




ဆောင်းပါး
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09 ရက် 2009 ခုနှစ် 12 နာရီ 25 မိနစ်


(27th Aug 2009 နေ့ထုတ် Bangkok Post သတင်းစာမှ လက်ထောက်အယ်ဒီတာ (Outlook) Sanitsuda Ekachi ရဲ့ Commentary "Cruelty and heartlessness" ကို ဘာသာပြန်ဆိုပါတယ်။)

ယဉ်ကျေးဖွယ်ရာရှိမှုကိုသာ ကျမတို့က ကျမတို့လောက်ကောင်းမွန်တဲ့ အခြေအနေမှာ မရှိကြတဲ့သူတွေကို ပြုမူဆက်ဆံမှုနဲ့ တိုင်းတာမယ်ဆိုရင် ကျမတို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အကြင်နာကင်းမဲ့ခဲ့တဲ့အတွက် ကျမတို့ကိုယ်ကျမတို့ ယဉ်ကျေးဖွယ်ရာရှိတယ်လို့ ပြောလို့မရပါဘူး။

လွန်ခဲ့တဲ့သတင်းပတ်က ရနောင်း ထိန်းသိမ်းရေးစခန်းထဲမှာ ရိုဟင်ဂျာ ဆယ်ကျော်သက် ကလေးငယ်နှစ်ယောက်ဟာ တပိန်ပိန်တလိန်လိန်နဲ့ လုံးပါးပါးပြီး သေဆုံးခဲ့ရပါတယ်။ ငရဲခန်းသံတိုင်တွေနောက်မှာ အသက်ဆုံးရှုံးရအောင် ပြစ်ဒဏ်သင့်ခဲ့ရပါတယ်။ တကယ်တော့ သူတို့လေးတွေဟာ အစားလည်း စားချင်စိတ်၊ လုပ်ရှင်ကိုင်ချင်စိတ်၊ အသက်ရှင်လိုသေးစိတ်တွေ ပျောက်ဆုံးသွားပါတော့တယ်။

သီးမခံနိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ညှိုးချုံးသေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

တယောက်က အသက် ၁၈ နှစ်ဖြစ်ပြီး နောက်တယောက်ကတော့ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ သူတို့လေးတွေရဲ့ မိခင်တွေခံစားရမယ့် ဝမ်းနည်းကြေကွဲမှုကို စဉ်းစားကြည့်ကြစေချင်ပါတယ်။

အဲဒီမတိုင်ခင်သတင်းပတ်က စမွတ်ပရခန် (Samut Prakan) ခရိုင်ရဲတွေက ကရင်တိုင်းရင်းသား လူနည်းစုတွေရဲ့ ယဉ်ကျေးမှုပွဲတော်တခုကို ဘာသာရေးဆိုင်ရာ အခမ်းအနား ကျင်းပနေစဉ်မှာပဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျမတို့ မိဘုရားကြီးရဲ့မွေးနေ့ မိခင်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခမ်းအနားဟာ မိဘုရားကြီးကို သားသမီးတွေက ကျေးဇူးတင်ကြောင်းပြသ၊ အရိုအသေပေးမှုလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေတဲ့ ဖော်ဆောင်ပြသမှုတခု ဖြစ်တယ်လို့ တွေးတောစဉ်းစားခဲ့ပါတယ်။ အလုပ်သမားပေါင်း ၁၅ဝ ကျော် ဖမ်းဆီးခံရပြီး သူတို့ကို တိုင်းပြည်ပြန်ပို့ဖို့ ထိန်းသိမ်းရေးစခန်းကို ချက်ချင်းပဲ ပို့ပစ်လိုက်ပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲက အတော်များများဟာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အတော်များများက ဒီနိုင်ငံမှာပဲ ဇနီးမယားနဲ့ သားသမီးတွေ ရှိခဲ့ကြပါတယ်။ သူတို့တွေရဲ့ မိသားစုတွေ ခံစားရမယ့် ထိတ်လန့်တုန်လှုပ်မှုနဲ့ သောကပရိဒေဝကို စဉ်းစားကြည့်ကြပါ။

ဒါဟာ ကျမတို့တိုင်းပြည်ကို ဗုဒ္ဒဘာသာ တိုင်းပြည်လို့ခေါ်ပြီး ဂုဏ်ယူနေကြပေမယ့် ကျမတို့ရဲ့ စိတ်ဓာတ်တွေကို ကျဉ်းမြောင်းစေပြီး နှလုံးသားတံခါးတွေကို ပိတ်ထားစေတဲ့၊ ဖိနှိပ်ခံရသူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စဉ်းစားမပေးနိုင်လောက်အောင် ဖြစ်နေတဲ့ ကျမတို့ပြဿနာရဲ့ အခက်ခဲဆုံးအပိုင်း ဖြစ်နိုင်ပါတယ်။

တကယ်တမ်းမှာ ကျမတို့ဟာ ကျမတို့ဆီကို စစ်ပွဲကြောင့် အသက်မွေးမှုကြောင့် အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေထဲမှာ နစ်မွန်းနေအောင်လုပ်နေတဲ့ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အာဏာရှင်တွေကို ဆက်ပြီးလက်ညှိုးထိုး အပြစ်ဖို့နေလို့လည်း ရပါတယ်။ အဲဒါဟာ မတော်မတရားမှုတခုကို ကျမတို့ ကြားရတဲ့အခါတိုင်း အခက်ကြုံနေရတဲ့ ကျမတို့ရဲ့ ကိုယ်ကျင့်တရားကို အပြစ်ရှိသလိုခံစားရမယ့် အခြေအနေကလွတ်အောင် လုပ်နေကျအလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်ယောက်ကို အပြစ်တင်နေတာဟာ ဖိနှိပ်မှု ပြဿနာရဲ့ နောက်ထပ်အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ကျမတို့ရဲ့ အကြင်နာကင်းမဲ့မှုကို ကိုင်တွယ်ဖြေရှင်းရာ မကျခဲ့ပါဘူး။

ခန့်မှန်းခြေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိနေပါတယ်။ အများစုဟာ တရားဥပဒေ ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံက ခြိမ်းခြောက်ငွေညှစ်မှု ရက်ရက်စက်စက် မတရားလုပ်မှုနဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ဆင်းရဲမှုဒဏ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ လူနည်းစု တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပါတယ်။ ဥပမာ လူနည်းစု မူဆလင်ရိုဟင်ဂျာတွေဆိုရင် မြန်မာစစ်အစိုးရရဲ့ အပြောအရ မြန်မာနိုင်ငံသားအဖြစ်တောင် အသိအမှတ်ပြု မခံခဲ့ကြရပါဘူး။ နှင်ထုတ်ခံကြရမှာပါ။ ကရင်လူမျိုးတွေ ကျပြန်တော့လည်း ဖိနှိပ်ပစ်ရမယ့် အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်ရန်သူတွေအဖြစ် သဘောထားခံကြရပါတယ်။

ထိုင်းနိုင်ငံမှာတော့ အဲဒီလူတွေဟာ ကျွန်ခံနေရသလို လုပ်နေကြရတာပါ။ တကယ်လို့များ ထိုင်းအလုပ်သမားတွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဒီလိုမျိုးဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျမတို့တွေက အဲဒီလိုလူမဆန်မှုမျိုးကို ဒေါသပေါက်ကွဲကြမှာပါပဲ။

ထိုင်းနိုင်ငံထဲမှာ ကြေကွဲစရာ အခွင့်အရေးချိုးဖောက်မှုမျိုး ပေါ်ပေါက်လာတဲ့အခါတိုင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက အာဏာပိုင်တွေကို အမျိုးမျိုးသော အပြည်ပြည်ဆိုင်ရာ ကြေညာချက်တွေနဲ့ လူ့အခွင့်အရေးညီလာခံတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတဲ့အကြောင်း သင်ကြားပို့ချတာတွေ ကြားရပါလိမ့်မယ်။

အများအားဖြင့်တော့ အဲဒီလိုလုပ်တာဟာ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခွင့်အရေးတွေဟာ ကိုယ့်တိုင်းပြည်ထဲမှာ အသုံးပြုလို့မရသလို အကောင်အထည်ဖော်လို့လည်း မရလို့ပါပဲ။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ "ကိုယ်က တခြားသူတွေကို ဆက်ဆံသလိုပဲ တခြားသူတွေကလည်း ကိုယ့်ကို ဆက်ဆံကြပါလိမ့်မယ်" ဆိုတဲ့ အခြေခံကိုယ်ကျင့်တရားကို လက်ခံကျင့်သုံးကြရပါလိမ့်မယ်။

ဒီနေရာမှာတော့ ဒီပြဿနာမဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ပါလဲ။ အာဏာပိုင်တွေကို မေးမယ်ဆိုရင် သူတို့က "ကျနော်တို့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်ပါတယ်" လို့ မလွှဲမရှောင်သာ လုပ်ရသလို ပြောပါလိမ့်မယ်။ သူတို့က တရားမဝင် အလုံးအရင်း ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ တရားဥပဒေနဲ့အညီ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေဆီက ရှားပါးတဲ့ ရင်းမြစ်ပစ္စည်းတွေကို ခိုးယူကြတယ်လို့ စွပ်စွဲတတ်ကြပါတယ်။ ဒီ့အပြင် အဲဒီလူတွေက ရောဂါဘယတွေကိုလည်း သယ်ယူလာကြတယ်။ သူတို့တွေရဲ့ ထူးဆန်းတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုအရ သူတို့တွေရဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ကြပ်မတ်ဖို့ အခက်အခဲရှိနေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ယဉ်ကျေးသိမ်မွေ့မှုက အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီးဝင်ရောက်လာကြဖို့ ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာပါပဲ။ သူတို့က အဲဒီလို အခိုင်အမာပြောကြမှာပါ။

ဝမ်းနည်းစရာကောင်းတာက ဒီအကြင်နာတရား ကင်းမဲ့မှုဟာ လူ့အဖွဲ့အစည်းမှာ လူအများစု လက်ခံထားရှိမှုရဲ့ ဆိတ်ဆိတ်နေမှုကြောင့် နေရာတကာမှာ ဖြစ်ပေါ်တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျမတို့တွေဟာ မူလအခြေခံအားဖြင့် ရက်စက်ကြမ်းကြုတ်ကြတာတော့ မဟုတ်ပါဘူး။ ဒါဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုအဆောက်အအုံတိုင်းမှာ စိမ့်ဝင်ပြန့်နှံ့နေတဲ့ လူမျိုးခွဲခြားရေး အမျိုးသားရေးဝါဒက ထုတ်လုပ်လိုက်တာသာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ အာဃာတတရားကတော့ သဘာဝသိစိတ်အရ အုပ်စုထိန်းသိမ်းစောင့်ရှောက်ရေးက မောင်းနှင်တွန်းအားပေးလိုက်တဲ့ "ကျုပ်တို့/သူတို့" ဆန့်ကျင်ကွဲပြားမှုထဲမှာ ကျမတို့ ပိတ်မိနေသေးချိန်မှာ ရှိနေတဲ့ လူသားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်စရာမရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့ အဲဒီ အာဃာတကို လူမဆန်မှုအဖြစ် ကြီးထွားလာအောင် ကျမတို့က ခွင့်ပြုလိုက်တဲ့အချိန်မှာတော့ ဒါဟာ တခြားကိစ္စ ဖြစ်ပါတယ်။

ကျမတို့ဟာ ကျမတို့ရဲ့ လူမျိုးခွဲခြားရေး အမျိုးသားဝါဒကို ပြန်ပြီးစဉ်းစားကြရပါမယ်။ ကျမတို့ရဲ့ လိပ်ပြာလုံဖို့သာ မဟုတ်ပါဘူး။ ဖိနှိပ်ခံရသူတွေရဲ့ ကိုယ်ရေးဖော်ဆောင်မှု ချိုးနှိမ်ခံစိတ်ဟာ အလွယ်တကူ ရုပ်ဆိုးတဲ့အဖြစ်မျိုးကို ပြောင်းလဲသွားနိုင်ပါတယ်။ ကျမတို့ရဲ့ သားသမီးတွေကို ကယ်တင်ဖို့နဲ့ ကျမတို့တိုင်းပြည်ကို တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်မှုတွေက ကယ်တင်ဖို့ လူမျိုးခွဲခြားမှုကို ပယ်ဖျောက်ပစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။

Read more...

Wednesday, September 2, 2009

သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ်


Print E-mail
ဆောင်းပါး
မောင်လူပျို (မိသားစုဝိုင်း)
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 02 ရက် 2009 ခုနှစ် 19 နာရီ 07 မိနစ်

mg-lupyo


ငယ်ငယ်က ဖေဖေ စာသင်ခဲ့သည့် ဧည့်ခန်းလေးကို ပြေးမြင်မိသည်။ နံရံပေါ်တွင် အဖိုးသခင်ကိုယ်တော်မှိုင်း၏ ထိုင်မသိမ်း၊ ဖော့လုံးနှင့် စာလိပ်ကို ကိုင်ထားသည့် ဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ဦးထုပ်နှင့်ပုံ၊ ပြီးတော့ သမ္မတကြီး မန်းဝင်းမောင်၏ ရင်ဖုံးတိုက်ပုံနှင့် ဓာတ်ပုံတို့မှာ အင်မတန် ကျက်သရေရှိလှပါသည်။ ဥပဒေဘွဲ့ရပြီး သူငယ်ချင်းများ ကျနော့်အိမ်သို့ရောက်တိုင်း သမ္မတကြီး မန်းဝင်းမောင်၏ ပုံကို ဘယ်သူ့ပုံလဲဟု အမြဲလို မေးလေ့ရှိပါသည်။ ကျနော် ရှင်းပြခဲ့ပါသည်။ လေထီးဦးအုန်းမောင်၊ လေထီးဦးကျော်ရင်၊ လေထီးဦးစိုးမောင် (ခ) ဗိုလ်မှူးချစ်ကောင်းတို့၏ လေထီးရဲဘော်ဖြစ်ကြောင်း၊ ရဲဘော်ချင်း ဘယ်လောက်သစ္စာရှိကြောင်း၊ ကြိုးပေးသတ်ခံရမည့် ရဲဘော်ကိုပင် ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် သမ္မတကြီး။

(၁၉၄၇ ခုနှစ် “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” အခန်း (၅) ၊ နိုင်ငံတော်သမ္မတ၊ ပုဒ်မ - ၄၆) “နိုင်ငံတော်သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် ပါလီမန်ဆိုင်ရာ လ$တ်တော်နှစ်ရပ်. တွဲဖက် ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်” ဟု ပြဋ္ဌာန်းချက်အရ မန်းဝင်းမောင် သမ္မတ ဖြစ်လာသည်။

ပြည်ထောင်စုဟုခေါ်သော နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို သရဖူဆောင်းနိုင်ခဲ့ပါသည်။ ထိုသရဖူကို ပင်လုံညီလာခံက စတင်သွန်းထုခဲ့သည်ကို လူမျိုးစု ပြည်သူတရပ်လုံး၏ အသည်းနှလုံးထဲတွင် မှတ်တမ်းကမ္ဗည်းတင်ထားပြီး ဖြစ်ပါသည်။ အခြား မည်သည့်သရဖူနှင့်မျှ လဲလှယ်၍ ရကောင်းသည့်အရာ မဟုတ်ပါ။

(၁၉၄၇ အခြေခံဥပဒေ အခန်း (၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ - ၁၃၃) ပြည်ထောင်စုနိုင်ငံ တဝှန်းလုံး၏ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

(ပုဒ်မ - ၁၃၇) တရားဥပဒေတခုသည် အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာ ပေါ်ပေါက်နေသည့်အမှုများကို တရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့်တရားဥပဒေမျိုးကိုမျှ မပြုရဟု ပြတ်သားစွာ ပြဋ္ဌာန်းထားခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ တရားဥပဒေမျိုးကို ပြဋ္ဌာန်းသည်ဆိုပါလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေသည်။ တရားလွှတ်တော်ချုပ်၏ အထွတ်အမြတ်ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။

(ဥပဒေပြုရေးအာဏာကိုလည်း ၁၉၄၇ အခြေခံဥပဒေ အခန်း (၆)၊ ပါလီမန်။ ပုဒ်မ - ၆၅) ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်” သို့မဟုတ် “ပြည်ထောင်စု ပါလီမန်” ဟု ခေါ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပါလီမန်က ပြဋ္ဌာန်းသည့် ဥပဒေမှသာ ဥပဒေဖြစ်သည်။ အခြား မည်သည့်အရာမှ ဥပဒေမဟုတ်၊ ဥပဒေကို အစိုးရက ပြဋ္ဌာန်း၍ လုံးဝ (လုံးဝ) မရ။ ထို့နောက် “တရားစီရင်ရေး ထိပ်ဆုံးက အာဏာပိုင်” ကို ပါလီမန်ကမှ သဘောတူညီချက်ဖြင့် ခန့်အပ်ကြောင်း အောက်ပါအတိုင်း အထင်အရှားဖော်ပြထားခဲ့သည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၀) (၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားရေးဝန်ကြီးအားလုံးကို နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်ဟု တရားစီရင်ရေး အာဏာသည် ပါလီမန်ကသာ ဆင်းသက်ကြောင်း အတိအလင်း တွေ့ရှိရပါသည်။ ခန့်ထားသည့် နေရာတွင်လည်းကောင်း၊ စစ်ဆေးစီရင်ဆုံးဖြတ်သည့် နေရာတွင်လည်းကောင်း အလွန်ပင် စံကျပါသည်။

(၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ - ၁၄၁) တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်ဟု အုပ်ချုပ်ရေး အာဏာ၏ ဝင်ရောက်စွက်ဖက်မည့် အန္တရာယ်မှ ကင်းလွတ်ရန် အပြတ်သားဆုံး ကာကွယ်ပေးထားပါသည်။

ဥပဒေသည် လေဆာရောင်ခြည်ထက် ပြတ်သားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်း၍ လုံးဝမရပါ။ အခြေခံဥပဒေအရ ဆောင်ရွက်ချက်ကိုလည်း လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်၍ မရပါ။

(၁၉၄၇ - အခြေခံဥပဒေ၊ ပုဒ်မ - ၆၀) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော အခွင့်အရေးသည် နိုင်ငံတော်သမ္မတ၌ တည်ရှိရမည်။ ဤပုဒ်မအား ပြတ်သားစွာ ကိုင်တွယ်ကျင့်သုံးခဲ့သည့် သမ္မတကြီးမှာ ကရင်အမျိုးသားကြီး “မန်းဝင်းမောင်”၊ ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းကြီး လေထီး မန်းဝင်းမောင်ပင် မဟုတ်ပါလော။

တရားသူကြီးကလည်း သူ့တာဝန်အရ သူလုပ်သည်။ သမ္မတကလည်း သူ့တာဝန်အရ သူ လုပ်သည်။ ပြဿနာတက်စရာမရှိ။ လွတ်လပ်ရေး၏ အမွှာပူး ပြည်တွင်းစစ်က ရှိနေသည်။ ထိုအခြေခံပေါ်က ထွက်လာသည့် ဥပဒေအားလုံးမှာ နိုင်ရာစား ဥပဒေများသာ ဖြစ်ပေတော့သည်။ မတရားသည့် ဥပဒေမှန်သမျှကို အာဏာရအစိုးရက ထုတ်ချင်တိုင်း ထုတ်တတ်ကြသည်။ ဤသို့ ထုတ်၍မရပါ။ လုပ်ချင်တိုင်း လုပ်၍မရပါ။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်လိုသည်ဆိုလျှင် မုဒိတာတရားကို မျက်ကွယ်ပြု၍ မရပါ။ အောက်ပါအမှုကို အတိုချုပ် ကြည့်ရှုနိုင်ပါသည်။

“ကိုစိုးမောင် ခေါ် ကိုချစ်ကောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ”
၁၉၆၀ ခုနှစ်၊ မြန်မာပြည် စီရင်ထုံး၊ ၁၃၆ (လွှတ်တော်)
''အစိုးရအား တော်လှန်ပုန်ကန်နေသည့်အဖွဲ့၏ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့် ရာထူးရှိပြီး၊ ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူသည် အစိုးရစစ်တပ်နှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ရာ၌ မပါဝင်စေကာမူ နိုင်ငံတော် တော်လှန်မှု ကျူးလွန်ရာရောက်သည်'' ဟု ဆုံးဖြတ်ပြီး တရားလွှတ်တော်က သေဒဏ်ကြိုးမိန့်ပေးခဲ့ပါသည်။ ဗိုလ်မှူးချစ်ကောင်း၏ “အနှစ် နှစ်ဆယ်” စာအုပ်တွင် အနှစ် ၂၀ လုံးလုံး တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ပြီး မိမိကိုယ်မိမိ ပြန်ကြည့်လိုက်သည့်အခါ ကြိုးတိုက်ထဲရောက်နေသည်” ဟု ဖော်ပြထားချက်ကို ရင်နင့်ဖွယ်တွေ့ရှိရမည် ဖြစ်ပါသည်။

ကြိုးမိန့်မှလွတ်ပြီး သမ္မတကြီးမန်းဝင်းမောင်၏ သမ္မတအိမ်တော် ထမင်းစားဝိုင်းတွင် လေထီးဦးအုန်းမောင် မိသားစု၊ လေထီးဦးစိုးမောင် မိသားစု၊ လေထီးမန်းဝင်းမောင် မိသားစုတို့၏ ညနေစာမှာ သမိုင်းဝင်ညနေစာဟု ဆိုရပါမည်။ ရဲဘော်ချင်း ချစ်လိုက်ကြသည့်မြင်ကွင်းကို သမိုင်းကပေးသည့် သင်ပုန်းကြီးဖတ်စာတပုဒ်ကဲ့သို့ ကျနော် အလွတ်ကျက်မှတ်လိုက်ပါသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုပြည်သူတိုင်း ဤလိုညနေစာမျိုးကို စားချင်ကြပါမည်။ အစားကောင်းလေးတလုပ် စားရတိုင်း ကိုယ့်မိဘ ဆွေမျိုးသူငယ်ချင်းများကို သတိတရ ကျွေးချင်မွေးချင်ကြသည်။ ကျနော်တို့မြန်မာများ၏ အင်မတိအင်မတန် ချစ်စရာကောင်းသည့် ဓလေ့ဖြစ်ပါသည်။ သမ္မတကြီးတို့လို ချစ်ချင်ကြပါသည်။ သမ္မတကြီး မန်းဝင်းမောင်၏ နိုင်ငံတော်နှင့် ဥပဒေကို အလေးစားဆုံး စံပြလုပ်ရပ်တခုအဖြစ် လုပ်ပြခဲ့သည့် သမိုင်းမော်ကွန်းတရပ် ဖြစ်ပါသည်။

သို့သော် ယခုတော့ ထိုသို့မဟုတ်ပြီ။ တက်လာသမျှ အစိုးရတိုင်းသည် ပြည်ထောင်စုကို မလိုလားကြပါ။ တပြည်ထောင်စနစ်ကိုချည်း ကျင့်သုံးချင်ကြ၏။ ဆိတ်ခေါင်းပြ၍ ခွေးသားရောင်း၏။ မဟာလူမျိုးကြီးဝါဒ၏ ထောင်ချောက်တွင်း သက်ဆင်းကြရ၏။ ပြည်ထောင်စု ထမင်းဝိုင်းကို တယောက်တည်း တသက်လုံး စားသွားချင်လျှင်မူ အကျည်းတန်ပါတော့မည်။ အားလုံး ပါဝင်သင့်ပါသည်။

ပြည်ထောင်စုကို ချစ်သည့် အမကြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေဟူ၍ ပြည်သူများနှင့်အတူ ကျနော် ဆုတောင်းအပ်ပါသည်။

၂၄ - ၈ - ၂၀၀၉
ယိုးဒယားမြေ

Read more...

Monday, August 31, 2009

ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း






ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မီဒီယာပေါ်မှာ ကြားလိုက်ရတဲ့ သတင်းတပုဒ်ကြောင့် ငြိမ်သက်နေတဲ့ မြန်မာ့နိုင်ငံရေး ကန်ရေပြင်ထဲကို ခဲတလုံးကျလိုက်သလို အတော်လေး လှုပ်ခတ်ဂယက်ထသွားခဲ့ပါတယ်။ မီဒီယာသတင်းတွေမှာတော့လာမယ့် စက်တင်ဘာလ အတောအတွင်းမှာ ‘ကြားဖြတ်အစိုးရ’ ဖွဲ့ပေးတော့မယ်လို့ ကြားရပါတယ်။ ဒီမှာတင် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေကို မီဒီယာသတင်းဌာနတွေက မေးမြန်းစုံစမ်းကြ၊ အချင်းချင်းလက်တို့ သတင်းပေး ဆွေးနွေးကြ၊ အလားအလာ တွက်ဆကြ၊ ဖြစ်နိုင်ခြေတွေ ဟောကိန်းထုတ်ကြနဲ့ နိုင်ငံရေးလောကအတွင်းမှာတော့ အတော်လေး ယောက်ယက်ခတ်သွားခဲ့ပါတယ်။

ဒီလိုဖြစ်သွားတာကိုတော့ အပြစ်ဆိုစရာ သိပ်မရှိလှပါဘူး။ ထွတ်ပေါက်ပိတ်နေတဲ့ မြန်မာ့နိုင်ငံရေး ရေဆိုးမြောင်းကြီးဟာ ယက်တောလုပ်ကြံမှုကြီးကြောင့် အပုပ်နံ့လှိုင်လှိုင်ထပြီး မွန်းကြပ်နေခဲ့ကြတာ အခုဆို လအချို့ ကြာခဲ့ပါပြီ။ ဒီလိုအနေအထား မျိုးမှာ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံလေးပေးလိုက်တော့ နိုင်ငံရေးလောကသားအများစုခမျာ လှောင်အိမ်တံခါး ဖွင့်သံကြားလိုက်ရတဲ့ ဘဲအုပ်ကြီးလို ခေါင်းထောင်ထခဲ့ကြပြီး တဂတ်ဂတ်မြည်သံတွေ ဆူညံနေခဲ့ကြတာပါပဲ။

တကယ်တော့ ဒါကို အဆိုးဆိုစရာ သိပ်မရှိလှပါဘူး။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံကို မကြားရခဲ့တာ အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ၁၉၈၈ ခု စက်တင်ဘာ (၄) ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်အမတ် စတီဗင်ဆိုးလာ့ခ် ရန်ကုန်ကို ရောက်လာခဲ့ပြီး ‘အောင်၊ စု၊ တင်’ တို့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒီ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မြန်မာပြည်တနံတလျား ဒီမိုကရေစီအင်အားစုများကြားမှာ တောမီးပမာ ပျံ့နှံ့ရေပန်းစားသွားတော့တာပါပဲ။ ဒီကြွေးကြော်သံတွေ ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးအကြီးဆုံးနဲ့ အမြင့်ဆုံး ကြွေးကြော်သံဖြစ်ခဲ့သလို နောက်ဆုံးတောင်းဆိုချက်လည်း ဖြစ်ခဲ့ပါတယ်။

ဒီတောင်းဆိုချက်ဟာ အတွင်းသဘောအရ တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေးဆိုတဲ့ အထွေထွေသပိတ်တိုက်ပွဲကြီးရဲ့ ဦးတည်ချက်တွေကို စုစည်းဖော်ပြလိုက်တာဖြစ်လို့ ဒီကြွေးကြော်သံကို ကြားလိုက်ရတာနဲ့ နားထင်နားရင်းတွေတင်း၊ ကြက်သီးမွေးညင်းတွေ တဖျဉ်းဖျဉ်းထရင်း လက်သီးကို တင်းတင်းဆုပ်ကြရပါတယ်။

အခုအခါ မကြားရတာ ကြာလေပြီဖြစ်တဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့စည်းရေးဆိုတဲ့ စကားလုံးကို နအဖက တိုးတိုးတိတ်တိတ် ကြိတ်အသံပေးလိုက်တော့လည်း နိုင်ငံရေးသမားတွေထဲမှာ လှုပ်လှုပ်ရှားရှား၊ နိုးနိုးကြားကြား ဖြစ်လာရပြန်တာပေါ့။ တကယ်တော့လည်း ဒီသတင်းအချက်အလက်တွေဟာ တွင်းအောင်းမွေ့လျော် ဖွတ်မင်းတို့ စံပျော်ရာ နေပြည်တော်က ထွက်လာခဲ့ကြတာပါ။

အမှန်တော့ သတင်းထွက်လာတယ်ဆိုတာထက် ပွတက်လာအောင် ‘ဖွ’ ယက်ပေးလိုက်တယ်ဆိုတာက ပိုပြီးမှန်ပါလိမ့်မယ်။ နေပြည်တော်ပြန်တချို့ရဲ့ စကားသံထဲမှာ ၀န်ကြီးတချို့တော့ ရွေးကောက်ပွဲပြီးရင် အမတ်လုပ်ဖို့ ခတ်ကွင်းပြင်နေကြပြီ။ တချို့ကလည်း ထွက်တော်မူနန်းက ခွဲဖို့၊ စာရင်းအင်းတွေ ဖွက်တန်တာ ဖွက်၊ ဖျက်တန်တာ ဖျက်ပြီး သိမ်းသွင်းရှင်းလင်း နေကြပြီ။ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးခွဲတမ်း၊ အမတ်ခွဲတမ်းတွေ၊ ခွဲခြမ်းဝေငှမျှဝေပေးလိုက်ပြီမို့ နေပြည်တော်မှာဖြင့် တိုသူတို၊ ကြိုသူကြိုနဲ့ ယောက်ယက်ခတ် လှုပ်ရှားဗျာများနေကြပြီလို့ ဆိုကြပါတယ်။

တဆက်တည်းဆိုသလို နေပြည်တော်ရဲ့ ၀င်ဒါမီယာရပ်ကွက်က မျက်စိကြီးနားကြီးများရဲ့ အဆိုအရ ဖွဲ့စည်းမယ့် ‘ကြားဖြတ်အစိုးရအဖွဲ့’ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ မှန်ကန်မှုရှိအောင် တာဝန်ယူဆောင်ရွက်ရမှာဖြစ်လို့ ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်တွေချည်းသာ ပါဝင်မှာမဟုတ်ဘူး။ လူရိုသေ၊ ရှင်ရိုသေ၊ ပြင်ပပုဂ္ဂိုလ်တချို့ကလည်း ပါဝင်နိုင်စရာရှိတယ်။ ဒါတင်မက ယုံကြည်မှုရရှိရေးအတွက် တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်အချို့ကိုတောင်မှ ဖိတ်ခေါ်ကမ်းလှမ်းလာနိုင်သယောင် လေသံတွေလွှင့်ပြီး အန်အယ်လ်ဒီပါတီကို မျက်စပစ်လိုက်ကြပါသေးတယ်။

ဒီလိုဆိုတော့လည်း “ဗုဒ္ဓမြတ်စွာဘုရား ကြားသားမိုးကြိုး” ရေရွတ်ပြီး ကျွမ်းထထိုးမယ့် အချောင်သမားတွေလည်း တလှေကြီး ထွက်ပေါ်လာစရာရှိပါတယ်။ တချို့ကျပြန်တော့လည်း ကွယ်လွန်သူ မင်းသားကြီး ကိုမြတ်လေးရဲ့ စကားလုံးကို
ငှားသုံးရရင် ‘ငို၍ ရယ်၍ မရသော မျက်နှာ’ နဲ့ ၀မ်းနည်း ၀မ်းသာဖြစ်နေကြရှာပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ နအဖက ကြားဖြတ်အစိုးရဆိုတာကို တကယ်ဖွဲ့ပါ့မလား၊ တကယ်လို့ ဖွဲ့ရင်ကော အပြင်လူတွေပါ ပါ့မလား၊ တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရော ပါဝင်ခွင့်ရပါမလား၊ အန်အယ်လ်ဒီ ပါတီကိုရော ဖိတ်ခေါ်ကမ်းလှမ်းပါ့မလား … စတဲ့ လားပေါင်းများစွာက အချောင်သမား အသစ်၊ အဟောင်း၊ နိုင်ငံရေးသောင်းပြောင်းတွေအတွက် ယခု အခု မလွဲမသွေ စဉ်းစားတွက်ချက်ရမယ့် မေးခွန်းတွေ ဖြစ်လာနေပါပြီ။

မကြာမီ နအဖအဖွဲ့အနေနဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့လိမ့်မယ်ဆိုတဲ့ အာဘော်ဟာ ဖြစ်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးကာလ ဒီမိုကရေစီအင်းအားစုတွေ လိုလားတောင်းဆိုခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ မျိုးတော့ ဖြစ်နိုင်စရာ လုံးဝမရှိပါဘူး။ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ လမ်းညွှန်ချက်အတိုင်း ရွေးကောက်ပွဲ မတိုင်မီ မလွဲမသေ ဖွဲ့စည်းပေးရမယ့် ကြားဖြတ်အစိုးရမျိုးသာဖြစ်ပါလိမ့်မယ်။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ နာမည်သာယူပြီး အတွင်းသဘောနဲ့ အနှစ်သာရက ဘာမှတူနိုင်စရာမရှိပါဘူး။ တကယ်တော့ စစ်အစိုးရရဲ့ ‘ကြားဖြတ်အစိုးရ’ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် သင့်လျော်လိုအပ်စွာ ဖွဲ့စည်းပေးရမယ့် “ကြားဖြတ်’ မျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ခါးပြတ်မသွားရေးအတွက် အသက်ဆက်ပေးမယ့် ‘ကြားဖြတ်အစိုးရ’ မျိုးကိုသာ ဖွဲ့စည်းမှာဖြစ်ပါတယ်။

လုပ်ငန်းသဘောအရ ပြောကြမယ်ဆိုရင် လက်ရှိနအဖအဖွဲ့ရဲ့ လက်အောက်မှာရှိတဲ့ ၀န်ကြီးအဖွဲ့ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရုံလောက်ပဲရှိမှာပါ။ နအဖရဲ့ ရွေးကောက်ပွဲ ခွဲတမ်းအတိုင်း ၀န်ကြီးအဖွဲ့ထဲမှာ ဗိုလ်ချုပ်အသစ် အဟောင်းတချို့ရဲ့ ရာထူးနေရာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ၀န်ကြီးနေရာမှန်သမျှတော့ နအဖဗိုလ်ချူပ်တွေပဲ ဆက်လက်ရယူထားကြမှာပါ။ အရေးလည်းမပါ ပြဿနာလည်း ဖြစ်နိုင်စရာမရှိတဲ့ ၀န်ကြီးဌာနလေးအချို့မှာတော့ နအဖနဲ့ ပေါင်းစားလာခဲ့ကြတဲ့ ပြင်ပက အရပ်သားအနည်းအပါး ပါဝင်လာနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ နအဖရဲ့ လုပ်ငန်းရှင်ဆိုသူမျိုးတွေ ၀င်ရောက်လာကြမှာပါ။ နောက်ဆုံးပြောရရင် တစည အဖွဲ့ဝင်တွေတောင် ပါချင်ပါလာနိုင်ပါတယ်။

ဒီလိုအနေအထားမျိုးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အန်အယ်လ်ဒီပါတီကို ‘ကြားဖြတ်အစိုးရ’ အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါသလား။

နအဖအဖွဲ့မှာ နိုင်ငံရေးအရ အမြော်အမြင်သာရှိမယ်ဆိုရင် ဒီလိုကမ်းလှမ်းချက်မျိုးတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီအချိန်မှာ နအဖအနေနဲ့ ပြည်တွင်းမှာ ထင်ရာစိုင်းပြီး လူရိုင်းကြီးလုပ်နိုင်ပေမယ့် နိုင်ငံတကာမှာတော့ များပြားပြင်းထန် လှတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နအဖကို လုံခြုံရေးကောင်စီမှာ ဗီိတိုအာဏာသုံးပြီး တလျှောက်လုံးကာကွယ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားတို့လည်း အခုအခါမှာ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဦးစီးကျင်းပတဲ့ မြန်မာ့အရေး (၁၄) နိုင်ငံ တံခါးပိတ် အစည်းအဝေးထဲမှာ ၀င်ပါနေကြရပါပြီ။ နအဖနဲ့ အမြီးစားဖက်လုပ်လာခဲ့တဲ့ အာဆီယံအဖွဲ့ကြီးကတောင် မြန်မာနိုင်ငံကို ထုတ်ပစ်မလားလို့ စဉ်းစားနေကြရပါပြီ။ မြန်မာနိုင်ငံရဲ့ လက်ဝဲရံ၊ လက်ယာရံအဖြစ် အမြဲတမ်း ခြံရံနေခဲ့တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတောင် မြန်မာ့အရေးဟာ နိုင်ငံတကာပြသာနာဖြစ်လာနေပြီလို့ ကြေညာရတဲ့ အခြေကို ဆိုက်နေခဲ့ပါပြီ။ ဒီအထဲမှာ ‘ယက်တောကိစ္စ’ ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းနေတဲ့ နအဖကိုလည်း ကုလသမဂ္ဂတခုလုံးက စိတ်ပျက်နေကြပါပြီ။

ဒီလို ကြီးမားများပြားတဲ့ နိုင်ငံတကာဖိအားတွေ လျော့ပါးသက်သာစေဖို့ အခုအခါ နအဖလည်း ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်အောင် ကုန်ခါနီးသွားတိုက်ဆေးဘူးလို အတင်းညှစ်ထုတ်နေပုံရပါတယ်။ ဒါကြောင့်လည်း ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသုံးအနှုန်းကို မက်လုံးပေးဖို့ရာ အမျိုးသားပြတိုက်ထဲက ဖုံသုတ်ပြီး ဆွဲထုတ်လာခဲ့ဟန်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျပ်ရိုက်၊ ထွက်ပေါက်ရှာနေတဲ့ နအဖအတွက်ကတော့ ‘ကြားဖြတ်အစိုးရ’ ကြွေးကြော်သံတွေဟာ တပွဲတိုးကုထုံး အဖြစ်လောက်တော့ သုံးလို့ရလာနိုင်စရာရှိပါတယ်။ ဒီအသံကြားလိုက်တာနဲ့ အခွင့်အခါကောင်း ချောင်းမြောင်းနေကြတဲ့ အချောင်သမား အသစ်အဟောင်း နိုင်ငံရေးသူတောင်းစားအပေါင်းလည်း နအဖရဲ့ နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမှာ ခွေးသေကောင် လင်းတဆွဲသလို ၀ိုင်းဆွဲကြဦးမှာ အသေအချာပါပဲ။

ဒီလို နအဖ ဦးစီးမယ့် ‘ကြားဖြတ်အစိုးရဖွဲ့ရေး’ ဆိုတဲ့ အချောင်နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမျိုးမှာ အန်အယ်လ်ဒီပါတီ ပါဝင်နိုင်စရာ အကြောင်းရှိပါသလား။

ပြတ်ပြတ်သားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင်တော့ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ထဲမှာ အန်အယ်လ်ဒီ ပါတီတရပ်လုံးအနေနဲ့ မူအရ ပါဝင်ပတ်သက်စရာ အကြောင်းလုံးဝမရှိပါဘူး။ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ဆိုတာ ၁၉၄၇ ခုနှစ်က ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ လို အခွင့်အာဏာအပြည့်ရှိမှာ မဟုတ်ပါဘူး။ အလားတူ ရှစ်လေးလုံးကာလအတွင်းက တောင်းဆိုခဲ့ကြတဲ့ ‘ဒီမိုကရေစီကြားဖြတ်အစိုးရ’ မျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအပေါ် NO လို့ ကြွေးကြော်ထားတဲ့ ပါတီတရပ်အနေနဲ့ ‘ကြားဖြတ်အစိုးရ’ သာမက ရွေးကောက်ပွဲကိုပါ ဆန့်ကျင်သပိတ်မှောက်ကြရမှာပါ။ တကယ်လို့ နအဖအနေနဲ့ ရွေဂုံတိုင်ကြေညာစာတမ်းမှာပါဝင်တဲ့ တောင်းဆိုချက်တွေကို လက်ခံအကောင်အထည်ဖော်ပေးခဲ့ရင်သာ တမျိုးတဖုံ စဉ်းစားပေးကြရမှာပါ။

အမှန်တော့ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ လေသံလွှင့်လိုက်တာ အန်အယ်လ်ဒီရဲ့ တုံ့ပြန်မှုကို သိချင်လို့ ရိုက်သွင်းလိုက်တဲ့ ‘သပ်’ တချောင်းပါ။ အန်အယ်လ်ဒီမှာရှိတဲ့ သဘောထားတင်းမာပြတ်သားသူတွေနဲ့ ယောင်ဝါးဝါး အချောင်သမားတွေကြား ကွဲထွက်သွားအောင် ရိုက်ထည့်တဲ့ သံမှိုတချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ‘ကြားဖြတ်အစိုးရ’ ထဲမှာ ခဏလောက်ဝန်ကြီး ဖြစ်ရလည်း မနည်းပါဘူးလို့ စိတ်ကူးယဉ်သူတချို့လည်း ပါတီထဲမှာ ရှိလာနိုင်ပါတယ်။ ဒီလိုလေသံတွေ မထွက်မီကတည်းက နအဖအပေါ် မဆွတ်ခင်က ညွတ်ချင်နေကြသူတွေလည်း မုချရှိပါလိမ့်မယ်။ ဒီလိုအချောင်သမားတွေက အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တိုင်းမှာ ခုန်ထွက်နေကျပါ။ စမူဆာ ဗိုလ်ချုပ်အောင်ကြီး၊ ဒေးဒရဲ သန်းထွန်း၊ မင်္ဂလာဒုံအဖွဲ့တွေကနေ ၀ံသာနုဆိုတာတွေအထိ အန်အယ်လ်ဒီလိုင်းကွဲ ဂိုဏ်းခွဲမျိုးစုံလည်း ကြုံခဲ့ရပါပြီ။ အခုလို နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုပြီး လေချိုသွေးချိန်တိုင်းမှာလည်း ကွဲအက်ရေး ခွဲထွက်ရေးတွေ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို သတိထားကြဖို့ အရေးကြီးလှပါတယ်။ ဒီနေ့လို အချိန်အခါမျိုးမှာ နအဖရဲ့ “တမွန်းတည့်စာ ၀န်ကြီးနေရာလေး” အတွက် သွားရည်တစက်စက် ကျနေမယ့်အစား ရွှေဂုံတိုင်ကြေညာချက်ပါ သဘောထားနဲ့ ရပ်တည်ချက်အပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ပြီး စည်းစည်းလုံးလုံး တိုက်ပွဲဝင်သွားကြဖို့ အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။

Read more...

ရှားပါး တိရစ္ဆာန်လိုချင်လား

Saturday, 29 August 2009 18:56

လမ်းမတော်သံဈေး မြေအောက်ခန်းမှ ဆိုင်ခန်းများဆီကို ခြေချမိသည်နှင့်ပင် ညှီစို့စို့၊ အောက်သိုးသိုး အနံ့ များရလာသည်။ထို့ပြင် ကြမ်းပြင်တို့သည်လည်း ရေတစိုစိုနှင့်သတိထားကာ လမ်းလျှောက်နေရသည်။

ရှေ့မှသွားနေသော ပုပု၀၀၊ အသားမည်းမည်းအမျိုးသမီးကတော့ရေစိုနေသော ကြမ်းပြင်မှာပင် တဖျတ်ဖျတ် နှင့်သွက်သွက်လက်လက်သွားနေသည်။

ထိုအမျိုးသမီးသည် ၁၂ လမ်းထိပ်မှာပင်“ယူမှာသေချာတယ်နော်၊ ဒီကိုယူလာပေးရမလား၊ လိုက်ကြည့်ဦး မလား”ဟု မေးပြီး ခပ်မှောင်မှောင်မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအသက် ၃၀ အရွယ်အမျိုးသမီးက ရန်ကုန် လမ်းမတော်မြို့နယ်၊ သံဈေးမှာပွဲစားလုပ်သည်။ အသား၊ ငါး မှန်သမျှ ၀ယ်လိုသူနှင့်ရောင်းလိုသူတို့ကိုဆုံပေးသည်။ အရောင်းအ၀ယ်ဖြစ်အောင် စပ်ပေးလျှင် ရောင်းသူ ထံမှ ပွဲခမြိုးမြိုးမြက်မြက်ရသူဖြစ်သည်။

ရှားပါး တိရစ္ဆာန်များ မှောင်ခိုဈေးဖြင့် ရောင်းချရာ ရန်ကုန်မြို့ရှိ လမ်းမတော် သံဈေး (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)

“အရင်တုန်းကတော့ ဒီသံဈေးထိပ်မှာပဲ ဒီအတိုင်းချရောင်းကြတာ၊ ဘာပြသနာမှမရှိခဲ့ဘူး၊ အခု အဲလိုရောင်း လို့ မရတော့တာ ၁ နှစ် ၂ နှစ်လောက်ပဲရှိသေးတယ်၊ အဲဒါကြောင့် ဈေးရောင်းတဲ့ပုံစံ ပြောင်းလိုက်ရတာ” ဟု သူမက ပြောပြသည်။

ရှားပါးငါးတမျိုးဖြစ်သော “ငါးဟောက်” လိုချင်သည်၊ ၀ယ်မည်ဟု ပြောသည့်အတွက် သူက ဈေးထိပ်မှာပင် ဈေးပြောပြီး မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

ရေထွက်သယံဇာတများထိန်းသိမ်းရေး ဥပဒေအရ ငါးမန်း၊ လိပ်၊ ဝေလငါး၊ လင်းပိုင် အပါအ၀င်အခြားသော ရှားပါးငါးများဖြစ်သည့် ငါးလင်ဗန်း၊ ငါးဟောက်၊ ငါးလိပ်ကျောက်၊ ကျောက်ငါး စသည့် မျိုးသုဉ်းလုနီးပါး ငါး အမျိုးအစားများအား ဖမ်းဆီးခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၃ သိန်း အထိ ချမှတ်အရေးယူနိုင်သည်ဟု ငါးလုပ်ငန်းဦးစီဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် သူမတို့ကဲ့သို့သော ပွဲစားများမှာ အမှန်တကယ်ဝယ်ယူမည့်သူများကိုသာ ဆိုင်ခန်းအထိခေါ်သွား ကြ ကြောင်း၊ အချို့ကို ၁၂ လမ်းထိပ်မှ ဆိုင်တဆိုင်မှာပင် စောင့်ခိုင်းပြီး ပစ္စည်းယူလာပြီး ပြပေးကြောင်း သူမက ပြောပြသည်။

မြေအောက်ခန်းမှ ဆိုင်အများစုမှာ အသားငါးရောင်းသော ဆိုင်ခန်းများဖြစ်ပြီး ပလတ်စတစ် လေးထောင့် ပုံးများ၊ ဖော့ဘူးများ၊ ပလတ်စတစ်စည်များ၊ သံ ဆန်ခါများ၊ သစ်သား သေတ္တာများနှင့် ပြည့်နေသော ဆိုင်ခန်း များဖြစ်သည်။ ၀ယ်သူတချို့ကိုလည်း တွေ့ရသည်။ ဆိုင်ခန်းများဆီမှ အမျိုးသမီးတချို့၏ စကားသံနှင့် ရယ်သံများကိုလည်း ကြားနေရသည်။

ရှေ့မှ ပွဲစားအမျိုးသမီးရပ်လိုက်သည့် ဆိုင်မှာ ၄ ပေ ပတ်လည်ခန့်ရှိသော ဆိုင်ခန်းနေရာမှာပင် ခပ်၀၀ အမျိုး သားတယောက်ထိုင်နေသော ဆိုင်ဖြစ်ပြီး ဆိုင်ခုံပေါ်မှာ ဖော့ဘူး ၂ ဘူးကို ထပ်ပြီးတင်ထားသည်။ ဆိုင်ခုံ အောက် ဘေးပတ်ပတ်လည်တွင်လည်း ဘူးများချထားသည်ကိုတွေ့ရသည်။

“ငါးဟောက် ကြည့်ချင်လို့တဲ့ ဈေးပြောပြီးသား”ဟု ပွဲစားအမျိုးသမီးက ပြောလိုက်သည်နှင့်ပင် ဆိုင်ရှင်အမျိုး သား က ဆိုင်ခုံအောက်မှ ဖော့ဘူးကြီးတဘူးကို ဆိုင်ခုံပေါ် ဆွဲတင်လိုက်သည်။

ပြီးနောက် ထိုဘူးထဲသို့ ထိပ်တွင် ခက်ရင်းခွကဲ့သို့သော သံဆူးတပ်ထားသည့် တုတ်တချောင်းနှင့် ထိုးကော် ထုတ်လိုက်သောအခါ ငါးရှဥ့်လိုလို မြွေလိုလို ခပ်မည်းမည်း ရှည်ရှည်တုတ်တုတ် ငါးဟောက် ငါးတကောင် ပါလာသည်။

ထိုအကောင်ဆီမှ ညှီနံ့က သွေးညှီနံ့လိုပင်၊ တုတ်ဖျားမှာ တွန့်လိမ်နေသော မည်းမည်းရှည်ရှည်အကောင်ကို တချက်ကြည့်ရင်း ခေါင်းရမ်းပြတော့ ဆိုင်ရှင်က ထိုအကောင်ကို သူ့ဘူးထဲပြန်ထည့်လိုက်သည်။ ထို့နောက် နောက်တကောင်ထုတ်ပြရန် ပြင်လေသည်။

ယနေ့ ငါးဟောက်တပိဿာ ပေါက်ဈေးမှာ ကျပ် ၁၆၀၀၀ ရှိကြောင်းသိရသည်။ တရုတ်လူမျိုးများအဓိက စားသုံးကြပြီး ဆေးဖက်ဝင်သည်ဟုနာမည်ကြီးသည်။ တရုတ်ပြည်သို့လည်း တခါတရံတင်ပို့ရောင်းချ နေကြောင်း သိရသည်။

ထိုမြေအောက်ဆိုင်ခန်းတချို့တွင် ပင်လယ်ငါးတချို့နှင့်ပင်လယ်စာ တချို့ကိုတင်ရောင်းကြပြီး ငါးဟောက်၊ ငါးလင်ဗန်း(ငါးဖရုံ)လို ရှားပါးငါးတချို့ကို ၀ယ်ယူ၍ ရကြောင်း တွေ့ရသည်။

ဈေးကောင်းကောင်းဖြင့် ရောင်းရန် လှောင်ထားသော ရှားပါး ငှက်ကလေးများ (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)

“ငါးလင်ဗန်းက တပိဿာကို ၁ သောင်းဈေးရှိတယ်၊ ဒီငါးကို စားရင် လေမဖြတ်ဘူး” ဟု ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်က ပလတ်စတစ်ပုံးတချို့ကိုဖွင့်ပြပြန်သည်။

ပလတ်စတစ်ပုံးထဲတွင် ၀မ်းဗိုက်ဖြူဖြူ မြွေကဲ့သို့ခပ်ရှည်ရှည် ငါးလင်ဗန်းများကို အကောင် လိုက်ပုံထားသည် ကို တွေ့ရသည်။ အခြားဈေးများတွင် တကောင်နှစ်ကောင် မြင်ရရန်ပင် ခက်ခဲရှားပါးနေပြီဖြစ်သော ငါးလင်ဗန်း များကို လေးငါးခြောက်ကောင်ခန့် မြင်တွေ့ရသည်။

ထို့နောက် ပလတ်စတစ်ပုံးကြီးတခုထဲတွင် အခွေလိုက်အခွေလိုက်ရှိနေကြသော မြွေတချို့ကိုလည်း မြင်တွေ့ ရသည်။ ထိုပုံးကို ဖွင့်လိုက်ကတည်းက စိမ်းရွှေရွှေအနံ့ကြီးက စူးလှကာ ပုံးထဲမှ မြွေတို့သည်လည်း တချို့က တွန့်လိမ်နေသည်၊ တချို့က ခွေလျက်ရှိသည်။ လိပ်သားနှင့် မျောက်သားကိုတော့ လိုချင်လျှင် ကြိုမှာထားရ ကြောင်း သူမက ပြောသည်။

တရုတ်နှစ်ကူးချိန်များဆိုလျှင် သံဈေးရှိ အသားတန်း၊ ငါးတန်းမှာ တရုတ်လူမျိုးများ၏ အော်ဒါများနှင့်သာ ပြည့်နေကြောင်း၊ တချို့ဆိုလျှင်နှစ်ကူးမရောက်ခင် ၂ လ ခန့်ကတည်းကပင် ကြိုတင်မှာထားကြကြောင်း
ပွဲစားအမျိုးသမီးက ပြောပြသည်။

ထိုဈေးသည် နေလယ် ၂ နာရီ နောက်ပိုင်းမှ စည်ကားတတ်ပြီး ဘီလားကဲ့သို့ ပိုးကောင်များမှ ဆတ်၊ ချေ သားမှစ၍ တောကြောင်သား၊ တောဝက်သား၊ ယုန်သား၊ မြွေသား၊ လိပ်သား၊ နွားနောက်သား အထိပင် ရတတ်သော ဈေးဖြစ်ပြီး အဓိက ဖောက်သည်ကြီးများမှာ စားသောက်ဆိုင်ကြီးများနှင့် တရုတ်လူမျိုးများ ဖြစ်သည်။

မြေအောက်ဆိုင်ခန်းများနှင့် သံဈေး၏ အထပ်တချို့တွင် ထိုကဲ့သို့ရှားရှားပါးပါး အသားငါးများကို ရောင်းချ ကြသော်လည်းအပြင်ဘက်တန်းလမ်းပေါ်မှာတော့ ရောင်စုံထီးများ မိုး၍ဆိုင်ခင်းပြီး ကဏန်းပျော့၊ ကဏန်းမာ တို့ပင်မက ခုံးကောင်များ၊ ခုံးသားများ၊ ဘီလားကောင်များနှင့် အမျိုးအမည်မသိသော ပိုးကောင် တချို့အား ရောင်းချနေကြသည်ကို တွေ့ရသည်။

တချို့ဈေးရောင်းသူများမှာ ဈေးရောင်းရင်း အသားငါး ပွဲစားအလုပ် လုပ်ကြသည်။

သံဈေးသည် အသားငါးများသာ မက တခြား စားသောက်ကုန်များဖြစ်သော ဟင်းသီးဟင်းရွက်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ၀က်ပေါင်ခြောက်၊ ဆတ်သားခြောက်စသည့် အခြောက်အခြမ်းရောင်းသည့် ဆိုင်ကြီး များမှသည် တရုတ်ဆေးပေါင်းများ၊ တရုတ် ဟင်းလျာချက်သည့်အခါ ထည့်သုံးသော ဟင်းခတ်အမွှေး အကြိုင်များ တရုတ်မုန့်များနှင့် ရိုးရာပစ္စည်းတချို့ကိုပါ ၀ယ်ယူရရှိနိုင်သော ဈေးကြီးဖြစ်သည်။

ထို့ပြင် စိတ်ဝင်စားစရာကောင်းသော ဆိုင်ကြီးတဆိုင်ကိုလည်း ၁၂ လမ်းထောင့်တွင် တွေ့မြင်ရလေသည်။
ထိုဆိုင်သည် ငှက်မျိုးစုံကို လှောင်အိမ်များတွင်ထည့်ထားပြီး လှောင်အိမ်များကို အထပ်ထပ်စီကာ တမျိုး၊ ချိတ်၍တသွယ် ပုံစံအမျိုးမျိုးချိတ်ဆွဲကာ ငှက်များ၊ လှောင်အိမ်များနှင့် ငှက်စာများပါ ရောင်းသော ဆိုင်ကြီး တဆိုင်ဖြစ်သည်။

ဆိုင်ရှေ့ချထားသော လှောင်အိမ်ပေါင်း ၄၀ ခန့်မှ ငှက်ကလေးများကလည်း အရောင်စုံ အမျိုးအမည်စုံ တွေ့ရသည်။ ထိုဆိုင်တွင် တင်ရောင်းသော ငှက်မျိုးပေါင်း ၃၀ ၀န်းကျင်ခန့်ထိ ရှိသည်။

ဆိုင်ရှေ့တွင် အမျိုးသား ၃ ဦးနှင့် အသက် ၁၅ နှစ်အရွယ်သာရှိဟန်တူသေးသော မိန်းကလေး တဦးတို့ ငှက်ကြည့်နေကြသည်ကို တွေ့ရသည်။

တီရှပ်အင်္ကျီအဖြူ၊ သရီးကွားတားဂျင်းစကပ် အပြာရင့်ရောင်ဝတ်ထားသော ကောင်မလေးသည် ဆိုင်ရှေ့ ရှိ လှောင်အိမ်များထဲတွင် ထည့်ထားသော ငှက်ကလေးများကို ငေးလျက် အချိန်အကြာကြီးရပ်ကြည့်နေသည်။

ထိုဆိုင်မှ ငှက်ရောင်းဈေးများမှာ ဈေးအပေါဆုံးနှင့် ကောင်ရေအများဆုံးဖြစ်သော ကြက်တူရွေး ငှက်ပင်လျှင် တကောင် ကျပ် ၆ ထောင်ဈေးရှိပြီး ငှက်မင်းသား ဗိုက်ဖြူဟု ခေါ်သော ရှားပါးငှက် စာရင်းဝင် ငှက်ကလေး များမှာ တကောင်လျှင် ကျပ် ၁ သောင်း ၅ထောင်၊ မျက်လုံးဖြူငှက်ပြာခြောက်ဟု ခေါ်သော ဦးခေါင်းပြာပြာ၊ ရင်အုပ်ဖြူဖြူ၊ အတောင်ပံမီးခိုးရောင်နှင့် လှောင်အိမ်တခုထဲတွင် တကောင်တည်းရှိနေသော ငှက်ကလေးမှာ တကောင်လျှင် ကျပ် ၅ သောင်းဈေးထိ ပေါက်ဈေးရှိကြောင်း၊ ထိုဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော အမျိုးသမီးထံမှ သိရသည်။

ထိုငှက်ရောင်းသော ဆိုင်ကလေးနှင့်ကပ်လျက်မှာပင် လှောင်အိမ်ကြီးထဲကို ယုန်ဖြူ၊ ယုန်မည်းလေးများ ထည့်ပြီး ချရောင်းနေသော အမျိုးသားတဦးကိုတွေ့ရသည်။

သံဆန်ခါ လှောင်အိမ်ဖြူဖြူထဲမှ ယုန်ကလေးများမှာ အသက်ငယ်သေးဟန်တူသည်။ ရန်ကုန်မြို့၏ နေ အပူရှိန်ကို ခံနိုင်စေရန်အတွက် လှောင်အိမ်ပေါ်တွင် ပိတ်စ အကျားတထည်ကို ဖုံးပေးထားသည်။ သို့သော် လည်း ယုန်ကလေးများကို ကြည့်ရသည်မှာ နွမ်းနေဟန်ရှိသည်။ ကြောက်နေဟန်တူသည်။

အမည်းရောင်၂ လသားအရွယ် ယုန်ကလေး၂ ကောင်ပါပြီး ကျန်အကောင်များမှာ အဖြူရောင်များ ဖြစ်သည်။ တကောင်ကို ကျပ် ၇ ထောင်ဈေးမှ ကျပ် ၁ သောင်းဈေးထိ ရှိကြောင်း ထိုအမျိုးသားက ပြောသည်။

မျောက်နှင့်တောကြောင်ကို တခါတရံလာရောက် ရောင်းသူများလည်း တွေ့ရတတ်ကြောင်း လသာမြို့နယ် တွင် နေထိုင်သူ တဦးက ပြောပြသည်။

“အမှန်တော့ ဒီကောင်တွေက တိရိစ္ဆာန်ဥယျာဉ်ထဲမှာပဲ ရှိရမယ့် အကောင်တွေပါ၊ အခုလို ဈေးထဲရောက် ရောက်လာတာ တွေ့ရတော့ အံ့သြမိတယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောဥပဒေတွင်လည်း မျောက်များ၊ တောကြောင်၊ တောဝက် ၊ ၀က်ဝံ ၊ ချေ စသည့် အကောင်များအပါအ၀င် ရှားပါးငှက် အမျိုးအစား တချို့ကို တရားမ၀င်ဖမ်းဆီးရောင်းချခွင့်ပိတ်ပင် ထားပြီး တရားမ၀င် ဖမ်းဆီး ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်နှင့် အထက် အရေးယူမည် ဟု ထုတ်ပြန် ကြေညာထားသည်

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP