Facebook Badge

Showing posts with label သတင်း နောင်နောင်. Show all posts
Showing posts with label သတင်း နောင်နောင်. Show all posts

Monday, July 5, 2010

ရောင်ခြည်ဦးအလုပ်သမားရုံးတွင် စက်ချုပ်/စက်ဆွဲ သင်တန်းဖွင့်လှစ်


၅/၇/၂၀၁၀

ထိုင်းနိုင်ငံ မဲဆောက်မြို့ရောင်ခြည်ဦးအလုပ်သမားရုံးတွင် စက်ချုပ်/စက်ဆွဲ သင်တန်းပြုလုပ် သင်ကြားလျှက်ရှိသည်။

စက်ချုပ်/စက်ဆွဲ သင်တန်းအား ယခုလ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိပြုလုပ် သင်ကြားသွားမှာဖြစ်ပြီး သင်တန်းသူ/သား များကို နေစရာ၊ အစားအသောက်များကိုလည်း ရောင်ခြည်ဦးရုံးမှ တာဝန်ယူသွားမှာဖြစ်သည်ဟု စက်ဆွဲသင်တန်းဆရာဖြစ်သူ ကိုဆက် ကပြောပါသည်။

သင်တန်းသား တစ်ဦးဖြစ်သူ စိုင်းဝေဇင်ဦးက ̒ ကျနော်က သိမ်ဇရပ်ကနေ အဒေါ်အလုပ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ဖို့တက်လာတာပါ အရင်ကတော့ မြန်မာပြည်မှာအငှားဆိုင်ကယ်မောင်းပါတယ် စက်ဆွဲအလုပ်ကိုစိတ်ဝင်လို့ လုပ်ချင်တာလည်းပါတယ်လေ ပြီးတော့ပိုက်ဆံ ပိုရပြီးအဆင်ပြေမယ်ထင်တာကြောင့် ရောင်ခြည်ဦးရုံးကိုသိတဲ့ အဒေါ်အသိမိတ်ဆွေ ကိုအကူအညီတောင်းပြီး လာသင်တာပါ သင်တန်းပြီးတာနဲ့အဒေါ်ရှိတဲ့ စက်ရုံမှာပဲ အလုပ်ဝင်မှာပါ စက်ရုံဝင်ပြီးအလုပ်လုပ်နိုင်အောင် သင်ကြားပေးတဲ့ သူတွေနဲ့ ဒီရုံးကို ကျေးဇူးတင်ပါတယ်ဗျာ ̓ဟု သူကပြောသည်။

̒ မြန်မာပြည်ကတက်လာသူတွေ၊ တောင်ယာအလုပ်မှ ပြောင်းချင်သူတွေ လတ်တလောအလုပ်မရရှိသေးသူတွေ အလုပ်ရှင်နှင့်ပြဿနာဖြစ်ပြီး အလုပ်ပြုတ်လာသူတွေ ကိုကူညီပေးတဲ့အနေနဲ့ သင်တန်းပြုလုပ်သင်ကြားပေးတာပါ နေဖို့စားဖို့လည်းအဆင်အောင်လုပ်ပေးတယ် သင်တန်းပြီးရင်လည်း အလုပ်လုပ်ဖို့အတွက် အဆင်အောင် အလုပ်ရှာဖွေပေးတယ် တချို့ကတော့ သူတို့မှာအဆက်အသွယ်ရှိကြတယ်လေ သင်တန်းပြီးတာနဲ့သူတို့အစ်ကိုတွေ အစ်မတွေ အဒေါ်တွေလာခေါ်သွားရှိသလို အဆက်အသွယ်မရှိသူတွေကိုတော့ အလုပ်ရှာပေးတယ် သူတို့ကိုယ်တိုင်ကိုလဲ ရှာပေါ့ တတ်နိုင်သလောက်တော့ ကူညီပေးလိုက်တာပါပဲ ဒီတကြိမ်မှာတော့ စက်ချုပ်/စက်ဆွဲ သင်တန်းသား ( ၁၀ ) ကိုသင်ပေးဖြစ်ပါတယ်̓ ဟု စက်ချုပ်ဆရာမ ဖြစ်သူ မအိ ကပြောသည်။

ယခုပြုလုပ်သော ၃/၂၀၁၀ စက်ချုပ်/စက်ဆွဲသင်တန်းမှာ ယခုနှစ်အတွင်း ပြုလုပ်သင်ကြားပေးသော ၃ကြိမ်မြောက်သင်တန်းလည်း ဖြစ်ကြောင်း တနှစ်ကို ( ၆ ) ကြိမ်ပြုလုပ် သင်ကြားပေးလျှက်ရှိပြီး သင်တန်းမတိုင်မှီ စက်ရုံများ၊ အသိမိတ်ဆွေများ၊ ရောင်ခြည်ဦး စာစောင်တွင်လည်း အသိပေးခြင်း၊ ကြေငြာခြင်းများကို ကြိုတင်ပြုလုပ်ပေးပါသည်။

Read more...

Friday, July 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စကားဝိုင်းကျင်းပ




၁၃၊၆၊၁၀ တနင်္ဂနွေ

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စကားဝိုင်းတစ်ခုကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံး တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

စကားဝိုင်းအားအလုပ်သမားများ ၊ နိုင်ငံရေးစိတ်ဝင်စားသူများ ၊ အဖွဲ့အစည်းများက တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး စုစုပေါင်း (၈၀) ခန့်တက်ရောက်ခဲ့ပါသည်။

စကားဝိုင်း ကို ညနေပိုင်း (၆း၀၀) ခန့်တွင်စတင်ကျင်းပခဲ့ပြီး NDD မှဦးမောင်မောင်ကြီးကှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းအား စတင်မိတ်ဆက်၍ တက်ရောက်လာသောအလုပ်သမားများနှင့်လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေများ ယခင်အချိန်ကာလ က အခြေအနေများကို ဆက်စပ်၍ ဆွေနွေးရင်း နိုင်ငံရေးအခြေအနေ နှင့် ဖွဲ့စည်းပုံအခြေခံ အပေါ်မည်သို့နားလည်သဘောပေါက် ပါသလဲဆိုပြီး အပြန်အလှန် ဆွေးနွေးသွားပါသည်။

တက်ရောက်လာသူအလုပ်သမားတစ်ဦးဖြစ်သူ ကိုထွန်းအောင်က ̏ ဒီနေ့မှာကျရောက်

တဲ့မွေးနေ့ကိုပါဝင်ဆုတောင်းပေးရသလို ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ် မတရားချုပ်နှောင်ခံထားရတဲ့ အခြားသူတွေကို ဆုတောင်းပေးခွင့်ရတာကို ကျေနပ်မိပါတယ် နာမည်တွေသိတာတော့ နဲတယ်လေ ဒါပေမယ့်သူတို့ ကောင်းတယ်ဆိုတာကိုသိပါတယ်ဗျာ မြန်မြန်လွတ်မြောက်ပြီး အေးချမ်းပါစေဗျာ ရွေးကောက်ပွဲမပြောနဲ့ဗျာ ဘာဖွဲ့စည်းပုံလဲမသိပါဘူး ၂၀၀၈ တုန်းကလုပ်တယ် အတင်းထည့်ခိုင်းတာပဲလေ ခုလဲ ဒီလိုပဲနေမှာပေါ့ ရွေးကောက်ပွဲဆိုတာလဲ ဒီလိုပဲ ဖြစ်လာမှာပါဗျာ ̋ ဟုသူကပြောသွားပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဝင်များ၊ တက်ရောက်လာသော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမားများမှ ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မီးထွန်းဆုတောင်းခဲ့ပြီး̏ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ̋ ̏ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေ̋ ဟု သုံးကြိမ်သံပြိုင်ဆုတောင်းပြီး အကျွေးအမွေးဖြင့်ဧည့်ခံ၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သွေးလှုဒါန်းပွဲကိုလဲ မယ်တော်ဆေးခန်းတွင် ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ နံနက်(၉း၀၀) မှ နေ့လည်ပိုင်းအထိ မယ်တော်ဆေးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)မြောက် မွေးနေ့အထိမ်းအမှတ် သွေးလှုဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။

သွေးလှုဒါန်းခြင်းအခမ်းအနားတွင် မဲဆောက်အခြေစိုက်ရွေ့ပြောင်းကျောင်းသားများ ၊ ရွေ့ပြောင်းအလုပ်သမားများ ၊ နယ်စပ်အခြေစိုက် အဖွဲ့အစည်းများ ၊ မယ်တော်ဆေးခန်းရှိ ဝန်ထမ်းများ နှင့်စုပေါင်း ကျင်းပခဲ့သည်။ သွေးလှုဒါန်းသူများ စုစုပေါင်း ၂၀၀ နီးပါးလာရောက်လှုဒါန်းတာကိုတွေ့ရပါသည်။

သွေးလှုဒါန်းသူ အလုပ်သမားတစ်ဦးက “ကျွန်တော်တို့ ဒီနေ့သွေးလှုဒါန်းခွင့်ရတာကို အရမ်းဂုဏ်ယူမိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်သားများအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ သုတို့တွေ အကျဉ်းချခြင်းခံရတာကို အလွန်စိတ်မကောင်းဖြစ်တယ်ဗျာ ၊ အမြန်ဆုံးပြန်လည်လွတ်မြောက်အောင် ဝိုင်းဆုတောင်းခွင့်ရတာ ၊ ခုလိုပါဝင်ခွင့်ရတာကိုကျေနပ်ပါတယ်” ယခုလိုပြောသည်။

သွေးလှုဒါန်းသူများကို သွေးလှုမှုဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံရိုက်နှိပ်ထားသော အကျီ င်္နှင့်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

Read more...

Tuesday, June 1, 2010

ထိုင်း-မြန်မာ ငြိမ်းချမ်းရေးအထိမ်းအမှတ်လမ်းလျှောက်ပွဲ မဲဆောက်တွင်ကျင်းပ








၃၀၊၅၊၂၀၁၀

ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ထိုင်း-မြန်မာ ငြိမ်းချမ်းရေးအထိမ်းအမှတ်လမ်းလျှောက်ပွဲ တစ်ခုကိုကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ဖြစ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှုများအတွက် ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်

မြန်မာဘက်တွင် မဲဆောက်အခြေစိုက် မိတ်ဆွေကောင်း စာကြည့်တိုက်မှ တာဝန်ရှိသူများနှင့် ထိုင်းဘက်တွင် ဘန်ကောက်အခြေစိုက် အစိုးရမဟုတ်သည့် ပြည်သူ့စွမ်းအားမြင့်တင်ရေးအဖွဲ့တို့က ဦးဆောင်ကျင်းပကြခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက် တောင်းခံထားခဲ့ပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင်ပါဝင်လမ်းလျှောက်သူများ စုပေါင်း၍မဲဆောက်မြို့ပြင်ရှိ (UNHCR) ရုံးရှေ့မှ နံနက်(၉း၀၀)တွင်စတင်ထွက်ခွာပြီး မဲဆောက် မြူနီစပါယ်ပန်းခြံတွင် ဆုတောင်းပွဲများပြုလုပ်ခဲ့ပြီး အစီအစဉ်ပြီးဆုံးခဲ့ပါသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင်ပါဝင်လမ်းလျှောက်သူများမှာ စုစုပေါင်းအင်အား(၁၀၀) ကျော် ပါဝင်လမ်းလျှောက်ဆုတောင်းပေးခဲ့သည်။

ဲဒီနေ့ ငြိမ်းချမ်းရေး လမ်းလျှောက်စုတောင်းပွဲမှာ ပါဝင်လှုပ်ရှားကြဖို့ စောင်ဆိုင်းနေတဲ့အလုပ်သမားတွေ၊ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊ထိုင်းဘက်ကရော တက်တက်ကြွကြွပါဝင်တာတွေ့တဲ့အတိုင်းပါပဲ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ကြတဲ့ လူတွေ အလုံးအရင်းနဲ့ အသက်ပေးသွေးမြေကျခဲ့တဲ့ အတွက် မငြိမ်းချမ်းသေးတဲ့ မြန်မာပြည်နဲ့ လက်ရှိ ထိုင်းနိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လုပ်ဆောင်တာကို ပါဝင်ခွင့်ရတာကိုဘယ်တော့မှ မမေ့ပါဘူးဗျာ”ဟု ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင်ပါဝင်လမ်းလျှောက်ခဲ့သူ ကိုထွန်းဝင်းက ယခုလိုပြောသည်။

နံနက် (၉း၀၀) ခန့်တွင်စတင်ပြီး နေ့လည်ပိုင်း(၁၁း၃၀)ခန့်အချိန်တွင် အကျွေးအမွေးဖြင့် ဧည့်ခံပြီးအစီအစဉ်အားရုပ်သိမ်းလိုက်ပါသည်။ ထိုင်း-မြန်မာ ငြိမ်းချမ်းရေးအထိမ်းအမှတ်လမ်းလျှောက်ပွဲ ကျင်းပခြင်းသည် ပထမဆုံးပူပေါင်းကျင်းပခြင်းဟု သိရပါသည်။

ဒီပဲယင်း(၇)နှစ်မြောက်အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကိုယနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။



Read more...

၁၉၉၀ ရွေးကောက်ပွဲနှစ်(၂၀)ပြည့်အထိမ်းအမှတ်နှင့်၂၀၁၀ ရွေးကောက်ပွဲဆန္ဒမဲမပေးရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှား မှုအခမ်းအနားကျင်းပ





ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်တနေရာတွင် ၁၉၉၀ ရွေးကောက်ပွဲနှစ်(၂၀)ပြည့်အထိမ်းအမှတ်နှင့်၂၀၁၀ ရွေးကောက်ပွဲဆန္ဒမဲမပေးရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု အခမ်းအနားတစ်ခုကို ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး Global Campaigning ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို တပ်ပေါင်းစု ၁၀ ခုက ဦးဆောင်၍ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံတွင် ပြည်သူများလက်မှတ်ရေးထိုးသည့် မဲပြားများကို စုပေါင်း၍ သက်ဆိုင်ရာ အစိုးရများထံ ပေးပို့ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

အခမ်းအနားကို NCUB ၊ NLD-LA ၊ FDB အဖွဲ့များနှင့်အတူ မဲဆောက်အခြေစိုက် အဖွဲ့အစည်းအသီးသီး၊ သတင်းဌာနများ၊ အလုပ်သမားများ၊ မဲဆောက်ရောက်ရှိနေသော နိုင်ငံသီးသီးမှ မြန်မာနိုင်ငံရေးစိတ်ဝင်စားသူများတက်ရောက်လာတာကိုတွေ့ရသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု အခမ်းအနားအတွင် ပြည်သူလွှတ်တော်ကိုယ်စားများအဖွဲ့ ဒုဥက္ကဌ ဆိပ်ကမ်းမြို့နယ် အမတ် ဒေါ်စန်းစန်းက “ ၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရပြီး အခု ထပ်ပြီးအရွေးခံဦးမယ်ဆိုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဦးဝင်းတင် ပြောသလိုဆိုရင် သစ္စာဖောက်လို့ဘဲ သတ်မှတ်ရမှာပါ၊ ကျမတို့အနေနဲ့လည်း ပြည်သူတွေအပေါ်မှာ လုပ်ပေးဖို့ အများကြီး ကျန်ပါတယ်၊ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ခဲ့ဖူး၊ စစ်အာဏာရှင်စနစ်ကို အပြီးသတ် မချေမှုန်းနိုင်ခဲ့ဘူး၊ ဖက်ဒရယ် အစိုးရတရပ်ကို ပေါ်ထွန်းအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး၊ ကျမတို့ မလုပ်နိုင်ခဲ့တဲ့ အတွက် မဲဆန္ဒရှင် ပြည်သူတွေကိုလည်း တောင်းပန်ချင်ပါတယ်၊ ကျမတို့ တက်နိုင်သမျှ အိုးပစ်အိမ်ပြစ်၊ မိသားစုဘဝတွေကိုပြစ်ပြီး တော်လှန်ရေးနယ်မြေမှာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်၊ နောက်လည်း ဆက်လုပ်နေဦးမှာပါဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

ထို့နောက် တက်ရောက်လာသူများမှ ဆန္ဒမဲပေးခြင်းအခမ်းအနားကိုပြုလုပ်ပြီးနောက် အကျွေးအမွေးဖြင်ဧည့်ခံပြီးနောက်အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။

Read more...

Thursday, May 13, 2010

မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ




ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။


ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။


ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။

အလားတူဘန်စန်ခွဲအရပ်ရှိ အိုမီဂါသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၀)ကို ထိုင်းရဲများက ပြီးခဲ့သည့်စနေနေ့တွင်ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီးခံ မြန်မာအလုပ်သမား (၁၂၀)ထဲမှ (၉၇)ဦးကို တနင်္ဂနွေနေ့တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ ကျန် (၂၃)ဦး ထောင်ချခဲ့ပြီး အိုမီဂါစက်ရုံမန်နေဂျာကိုပါ ထိုင်း အာဏာပိုင်များက အရေးယူခဲ့သည်။


အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။


တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအခြေအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။


ထိုင်းအစိုးရက ပြဌာန်းထားသော အလုပ်သမားဥပဒေအရ အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီး ထောင်ချခြင်း။ မိခင်နိုင်ငံသို့ ပြန်ပို့ ခြင်းများ ကိုပြုလုပ်နိုင်သည်။ ထို့ အတူ တရားဝင် အလုပ်လုပ်ခွင့်မရှိသူကို အလုပ်ခန့် ထားသော အလုပ်ရှင်မှာ အလုပ်သမား ဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဟု ပြဌာန်းထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံဖြစ်သူကိုမျိုးဇော်မှ ၂၀၀၈ ခုနှစ်က ထုတ်ပြန်တဲ့ အလုပ်သမားဥပဒေအရ ပုဒ်မ ၂၇မှာ လက်မှတ်မရှိတဲ့ အလုပ်သမားကိုမခန့်ရ၊ ခန့်ထားခဲ့ရင် ပုဒ်မ ၅၄ မှာ ပြဌာန်းထားတာက အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းအထီ ဒါဏ်ရိုက်ခံရမယ် ဒါက အလုပ်ရှင်အပိုင်း၊ အလုပ်သမားကျတော့ ပုဒ်မ ၅၁ အရ လက်မှတ်မရှိဘဲ မလုပ်ရ တွေ့ရှိရင် ဒါဏ်ငွေ ၂၀၀၀ ကနေ ၁သိန်းအထိဒါဏ်ရိုက်ခံရနိုင်တယ်၊ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်တယ် သို့သော် အလုပ်သမားကိုယ်တိုင်က နေရပ်ရင်းဒေသကပြန်ပါမယ်လို့ဝန်ခံထွက်ဆိုရင် ရက်ပေါင်း ၃၀ အထိထောင်ဒါဏ်ချခံရပြီးတော့ နယ်စပ်ပြန်လွှတ်နိုင်တယ် ဒါကတော့ တရားရုံးအပေါ်မှာ မူတည်တာပေါ့ဗျာ” ဟုပြောသည်။


ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။


မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်းခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိရပါသည်။


ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။


ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။

Read more...

Saturday, December 26, 2009

Thai pop စက်ရုံအလုပ်သမားများ အလုပ်ပြတ်တောက်နေစဉ်အပြင်ထွက်လုပ်ရာမှ ငွေလိမ်ခံရ



ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မှုဘန့်နေ Thai pop စက်ရုံအလုပ်သမားများ စက်ရုံအလုပ်ပြတ်တောက်နေချိန် အပြင်ထွက်ပြီး ကြံခုတ်နေ့စားလိုက်လုပ်ရာ နေ့စားခေါ်သူမှ လုပ်အားခ ကိုမရှင်းပေးဘဲ ထွက်ပြေးသွားကြောင်း နေ့စားခမရသူတယောက်ဖြစ်တဲ့ ကိုအရှည်ကြီးက ယခုလိုပြောသည်


̏ကျွန်တော်တို့က စက်ရုံမှာချည်ပြတ်သွားချိန် အလုပ်မရှိဘူးဗျာ ဒါကြောင့် အလုပ်နားနေချိန်မှာ စားစရိတ်လေးရအောင် ဆိုပြီး အပြင်မှာထွက်အလုပ်လုပ်ဖို့ ကိုစိုးနိုင်ကို ပြောတော့ သူမှာ အလုပ်ရှိတယ် ကြံခုတ်ရမယ်ပေါ့ တနေ့ ၁၀၀ ရမယ် ဆိုပြီး လိုက်လုပ်တာလေ စက်ရုံထဲက ၁၀ ယောက်ကျော် လိုက်လုပ်မယ်ပေါ့ စက်ရုံကထမင်းပေးတယ် ဟင်းမပေးဘူးလေ ဒါကြောင့် အပြင်ကဆိုင်တွေမှာ အကြွေးစာရင်းဖွင့်ပြီး ဟင်းဝယ်သွားရတယ်လေ ၁၀ရက်လောက်ရတော့ သူဌေးက ပိုက်ဆံမပေးသေးဘူးလားမေးတော့ နောက်ထပ် တနေရာပြီးရင် ရှင်းပေးမယ်လို့ပြောတယ်ဗျာ အဲဒီနေရာပြီးတော့ သူပြောတာ စက်ရုံက သူဌေးကို ပိုက်ဆံမပေးသေးဘူးခဏစောင်ပေးပါ ပေးတာနဲ့ သူလာပေးပါ့မယ် ဆိုပြီးခုထိ ပေါ်မလာတော့တာဘဲ ခုတော့ ဟင်းဖိုးလဲမကြေ ပိုက်ဆံလဲ မရ လူတွေလဲ ပင်ပန်း သူကတော့ အားလုံး ငွေတွေယူပြီး ထွက်ပြေးသွားတယ်လေ”

အဆိုပါ Thai pop kniting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး ၎င်းစက်ရုံအနီး နေထိုင်သူ ကိုစိုးနိုင်မှ လုပ်အားခ ငွေ စုစုပေါင်း ဘတ် ၃၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်သည်

Thai pop kniting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး လက်ရှိ သတင်းထွက်ပေါ်ချိန်တွင် အလုပ်ပြတ်တောက်နေချိန်လဲဖြစ်သည်။

Read more...

Tuesday, December 22, 2009

တော့ဖေါင်(Top From) ဘော်လီချုပ်စက်ရုံအလုပ်သမားများမှ အလုပ်သမားခံစားခွင့် အပြည့်ဝရရေးတောင်းဆို



ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော့ဖေါင်(Top From) ဘော်လီချုပ် စက်ရုံအလုပ်သမားများ အလုပ်သမားခံစားခွင့်အပြည့်အဝရရှိရေးအတွက် အလုပ်ရှင် ထံမှ ယနေ့တောင်းဆိုလိုက်သည်။

အဆိုပါစက်ရုံမှ လုံခြုံရေးတာဝန်ကျ ( ၄ )ဦးမှ မြတ်သက်စိုးနှင့် အဖေါ်နှစ်ဦး ဖြစ်သူ ဝင်းအောင်၊ ကုလားလေးတို့သုံးဦးအား ယခုလ(၁၈)ရက်နေ့သောကြာနေ့ည က ရိုက်နှက်ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

စက်ရုံအလုပ်သမားများကမရိုက်နှက်ရန်ပြောဆိုတားဆီးရာ၎င်းစက်ရုံမြေပိုင်ရှင် ဖြစ်သူမှ အလုပ်သမားများအား သေနက်ပြခြိမ်းခြောက်သဖြင့် စက်ရုံအလုပ်သမား များမှ မကြေနပ်၍ စက်ရုံပစ္စည်းအချို့အားဖျက်စီးခဲ့သည်။

စက်ရုံမှတာဝန်ရှိသူများမှ အလုပ်သမားများအား စက်ရုံအလုပ်ခန်းထဲတွင် ပိတ်လှောင်ထားရာ ၁၉ရက်နေ့နေလည်တွင် ဒေသခံအာဏာပိုင်များရောက်လာမှ သာအလုပ်သမားများ အပြင်သို့ပြန်လည်ထွက်ခွင့်ရသည်။ ထို့နောက် ၄င်းစက်ရုံမှ လိုင်းဝဏ္ဏဖြစ်သူမှ စက်ရုံမှာနေခွင့်မပေးတော့ကြောင်း နောက်နေ့နံနက်(၆း၃၀)နာရီ တွင် အလုပ်ရှင်နှင့်အလုပ်သမားများပြန်လည်ညှိနှိုင်းမည်ဟုဆိုကာ အဆိုပါအလုပ် သမားများအား စက်ရုံမှမောင်းထုတ်ခဲ့သည်။

ထို့ကြောင့်ယနေ့နံနက်(၆း၃၀)နာရီ အလုပ်သမားများမှ အချက်(၈)ချက်ကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုခြင်းဖြစ်သည်။ တောင်းဆိုထားချက်များနှင့် ပါတ်သတ်ပြီး အလုပ်သမားကိုယ်စားလှယ်တဦးက “တနင်္ဂနွေနေ့အချိန်ပို မဆင်းခိုင်း ဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့ အလုပ်သမားများအား ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့၊ အလုပ်သမားများအား အချိန်ပိုခေါ်ပါက အချိန်ပိုခေါ်ထားချိန်ထက်ပိုမဆင်းခိုင်းဖို့၊ အလုပ်သမားများကို အလုပ်သမားလက်မှတ်အစစ်အာပေးဖို့၊ စက်ရုံပစ္စည်းအချို့အား ဖျက်စီးခဲ့မှုအား အရေးမယူဖို့၊ ရေ မီး မွေ့ယာ ကုတင်လုံလောက်စွာပေးဖို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နှင့် နားနေခွင့်ပေးဖို့၊ ငွေကြေးဖြတ်တောက်မှုများ လျော့ချပေးပြီး လစာကိုတိုးမြှင့်ပေးဖို့ဒါတွေကိုပေးဖို့ကျမတို့အလုပ်သမားတွေဘက် က တောင်းဆိုထားတာ”ဟု ပြောသည်။

အဆိုပါစက်ရုံအား အမေရိကန်နိုင်ငံသား မစ္စတာမိုက်ကယ်မှပိုင်ဆိုင်ခြင်း ဖြစ်ပြီး ၄င်းစက်ရုံတွင်အလုပ်သမား (၃၀၀၀)ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည်။ ၄င်းစက်ရုံသည်ထိုင်းနိုင်ငံ အယုဒ္ဓရတွင်တရုံရှိပြီး နိုင်ငံအနှံ့တွင် စုစုပေါင်းရုံခွဲ (၈)ရုံရှိသည်။


Read more...

Monday, November 16, 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မဲဆောက် အမှိုက်ပုံ အလုပ်သမားများ ကို ကျမ်းမာရေး စောင့်ရှောက်လျှက်ရှိ


ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘန့်ဆောင်ခွဲ ဒေသရှိ အမှိုက်ပုံတွင် နေထိုင်သော အလုပ်သမားများအား ကျမ်းမာရေးစောင့်ရှောက်မှု များကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ လုပ်ကိုင်လျှက်ရှိ သည်။

အမှိုက်ပုံတွင် နေထိုင်မှု နှင်ပတ်သတ်ပြီး ကျမ်းမာရေး ဆိုးရွားစွာ ထိခိုက်လာနိုင် ကြောင်းကို သွားရောက်ကူညီလျှက်ရှိသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုသက်ဝေဦးက ယခုလိုပြော ပြောသည်။


̏ ဒီအမှိုက်ပုံ မှာ နေထိုင်နေသူအများစု ဟာ အဆုတ်နှင့်ပတ်သော ရောဂါများ ၊ မသန့်ရှင်းရေကို သောက်သုံးခြင်း ၊ ရေကိုကျိုချက် မသောက်သုံးသောကြောင့် အသည်းရောဂါများ ၊ ယင် ၊ခြင် ၊နှင့် ကြွက်တို့မှ ကူးစက်မှုကြောင့် ဖြစ်နိုင်သော အခြားရောဂါများ (ဥပမာ ) ပလိပ်ရောဂါများ ရလာနိုင်ကြောင်းကာကွယ်ဆေးများထိုးခြင်း ဆေးဝါးများ သောက်သုံးခြင်းဟာ လုံးကာကွယ်နိုင်မှုတော့ မရှိပေမယ့် ဖြစ်ပွားမှုလျော့ကျလာဖို့ပဲ ရှိပါတယ် ဖြစ်နိုင်ရင်တော့ အမှိုက်ပုံမှာ ဆက်လက်နေထိုင်နေမယ်ဆိုရင်တော့ ရောဂါတွေ ဆက်ဖြစ်နေမှာပဲလေ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက်ကူညီပေးသွားမှာပါ ”

အမှိုက်ပုံတွင်နေထိုင်သော အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုပိန်က ယခုလိုပြောသည်။

̏ ဒီမှာနေလာတာတော့ ၅နှစ်လောက်ရှိပါပြီ လူဦးရေက ၁၀၀ကျော် နေတယ် လာရောက်စွန့် ပြစ်သော အမှိုက်တွေထဲ က ပစ္စည်းများ ကို တူးဆွရှာဖွေ ပြန်လည်ရောင်းချပြီး စားရေး၊သောက်ရေး ၊ နေထိုင်မှု ကိစ္စ အဝဝကို ဖြေရှင်းနေကြရတယ်လေ တချို့ကတော့ တောင်ယာ အလုပ်တွေ ရံဖန်ရံခါ လိုက်လုပ်ပါတယ် အဓိက အလုပ်ကတော့ အမှိုက်ကောက်၊ အမှိုက်ပေါက် အလုပ်ပါပဲ ဒီ ၅ နှစ် အတွင်းမှာ အမှိုက်ထဲကပါတဲ့ ဆေးဝါးများ ၊ အစားအသောက်များ ၊ ကို စမ်းသပ်စားသုံးခြင်းကြောင့် သေဆုံးသူ တွေရှိတယ် ကင်ဆာရောဂါကြောင့် သေတာတွေ ၊ ရောဂါဖြစ်ပြီးသေတာတွေ ရှိခဲ့ပါတယ် အခုလို ကျွန်တော်တို့ကို ဆေးဝါးတွေ အခြားကျမ်းမာရေး စောင့်ရှောက်မှု တွေ လုပ်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကိုအရမ်းကျေးဇူးတင်မိသလို အခုလိုပဲ အခြားသူတွေကိုလဲ ဆက်လက်ကူုညီနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ”

အမှိုက်ပုံအနီးတွင် Blue sky မြန်မာစာသင်ကျောင်းတကျောင်းရှိ နေပြီး ကျောင်းသားပေါင်း ၉၇ ဦးစာသင်ကြားလျှက်ရှိသည်။

ကျောင်းဆရာဖြစ်သူ ကိုရဲလေးက ̏ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားပေါင်း ၉၇ ယောက်ရှိတယ် အဓိက အမှိုက်ပုံက ကလေးတွေပါ အများစုပေါ့ဗျာ အခြားတောင်ယာလုပ်နေသူ သားသမီးတွေ လဲ ပါတာပေါ့ ကျမ်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတဲ့ အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို အရမ်းကျေးဇူးတင်မိသလို အသိပညာပေးအစီအစဉ်တွေ လုပ်တဲ့အခါ ဝိုင်းဝန်းလုပ်ဆောင်သွားမှာပါ ကူညီပေးဖို့လဲ အသင့်ပါပဲ ဗျာ ”

ပြီးခဲ့သော ၂၀၀၇ခုနှစ်က ထိုအမှိုက်ပုံတွင် ဗုံးကွဲခဲ့ပြီး အလုပ်သမားတွေ ကိုဖမ်းဆီး၍ မြန်မာဘက်ခြမ်း ပြန်ပို့ဘူး သည်။

Read more...

Wednesday, September 30, 2009

တောင်နဝင်းဆည် ရေဖောက်ချသည့်အတွက်ကြောင့် ရွာသား ၃၅၀ ကျော် အိုးအိမ်များ စွန့်ခွာ

တောင်နဝင်းဆည် ရေဖောက်ချသဖြင့် ဆည်အနီး ဝန်းကျင်ဖြစ်သည့် ပဲခူးတိုင်း ပြည်မြို့နယ် ကျေးရွာ ၅ ရွာမှ လူနေအိမ်များ ရေမြုပ်ကုန်သဖြင့် လူပေါင်း ၃၅၀ခန့် နေရပ်ကို စွန့်ခွာခဲ့ကြသည်။

ယမန်နေ့ နံနက် ၂နာရီ ခန့်မှ စတင်ကာ ဆည်အာဏာပိုင်များက ရေနုတ်မြောင်းများမှ ရေဖောက်လွှတ် သဖြင့် ဇီးအုပ်ကျေးရွာ အုပ်စုဝင် ဇီးအုပ်နှင့် နတ်တလင်း အပါအဝင် ကျေးရွာ ၅ ရွာ သို့ ရေများဝင်ရောက် လာသောကြောင့် ရွာသား ၃၅၀ ခန့်သည် ဇီးအုပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံ နေရခြင်းဖြစ်သည်ဟု ဒေသခံတဦး က ယခုလိုပြောသည် ။

̏တောင်နဝင်းဆည်ရေဖောက်ချတာ ။ ဒီဘက်မှာ ခုတလော မိုးအရမ်းရွာတယ်။ တပတ်မှာ ၅ရက်လောက် ရွာတော့ ဆည်ရေ ပြည့်လာလို့ ဖောက်ချတာပဲ ဖြစ်မယ်။ ဆည်အနီးနားက ရွာ ၅ ရွာလောက်တော့ ရေမြုပ်တယ်။ လူတွေက ဘုန်းကြီးကျောင်းမှာ ခုနေကြရတယ်လေ↔



နေအိမ် ၂၀၀ ခန့်သာမက လယ်မြေတချို့ပါ ရေမြုပ်ခရံပြီး၊ ပြည်မြို့ အထွက် အောင်လံမြို့ သွားရာကားလမ်း နှင့် ဝက်ထီးကန်မြို့ သို့ သွားရာလမ်းများ ရေလွှမ်း သွားသော်လည်း ပြည်-မန္တလေး၊ ပြည်-ဝက်ထီးကန ခရီးစဉ်များ ရပ်နားခြင်းတော့ မရှိပါ။

ဧရာဝတီ မြစ်ရေတက် သဖြင့် နှစ်စဉ်ဆိုသလို ပြည်မြို့တောင်ဘက် နဝင်း ကွက်သစ် နှင့် ချောင်းနား တန်းရွာ များ ရေမြုပ်လေ့ ရှိသော်လည်း ယခုကဲ့သို့ မြို့အရှေ့ တောင်ဘက်ရှိ မြစ်နှင့်ဝေးသော ကျေးရွာများ ရေလွှမ်းခံရခြင်းမှာ ပထမဆုံး ဖြစ်သည်။

ရေဘေးဒုက္ခသည် များအတွက် ဒေသခံအာဏာ ပိုင်များက ပြည်မြို့ ရပ်ကွက် ၇ ခုမှ ထမင်းထုတ်များ လိုက်လံ ၍ အလှုခံလျှက်ရှိသည်။

ပြည်မြို့ ရှိ ခေတ္တရာလူငယ် သာရေးနာရေး ကူညီမှု အသင်းနှင့် မြို့ခံ ဆွမ်းလောင်းအသင်း များကလည်း ဒုက္ခသည်များ အတွက် အစားအသောက်များ ကူညီနေကြသည်။ နဝင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးက ယခုလိုပြောသည်။
နောင်နောင်

̏မယက(မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) တွေက လော်စပီကာနဲ့ လိုက်အော်တယ်။ ထမင်းထုတ်တွေ ကူညီကြပါပေါ့နော်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး ။ ကိုယ့်စေသနာ အလျှောက်ပေါ့ ။ ကျမတို့လည်း ထည့်လိုက်ပါတယ် ↔

ခေတ္တရာလူငယ်အသင်းက တာဝန်ရှိသူတဦးကလဲ ̏ကျနော်တို့လည်းတတ်နိုင်သလောက်ပေါ့နော် ။ ရွာဘဲ ရပ်ကွက်က ဗုဒ္ဓဟူး ဆွမ်းလောင်းအသင်းနဲ့ ပေါင်းပြီး ဒီနေ့မနက်ပဲ ငါးခြောက်နဲ ထမင်းကြော် သွားလှုခဲ့ပါတယ် ။ အခုလဲ ကိုယ်တိုင်ချက်စားမယ် ဆိုလို့ ဆန်နဲ့ဆီတွေ သွားလှုနေပါတယ်↔ ဟုပြောသည်။

ပြည်မြို့မှာ ပဲခူးတိုင်းအနောက်ပိုင်း တိုင်းတွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသည့် မြို့တမြို့ ဖြစ်ပြီး အနီးအနားတွင် ရွှေတောင်၊အောင်လံ၊ဆင်တဲ၊ဥသျှစ်ပင်၊ပေါင်းတည်နှင့် ဝက်ထီးကန်မြို့များ တည်ရှိသည်။

Read more...

Tuesday, September 22, 2009

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက်လမ်းလျှောက်ပွဲ ထိုင်းနိုင်ငံ မဲဆောက်တွင်ကျင်းပ

၂၁/၀၉ စက်တင်ဘာ



ထိုင်နိုင်ငံ မဲဆောက်မြို့တွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ချီတက် လမ်းလျှောက်ပွဲ အား သံဃာတော်များမှ ဦးဆောင်၍ ကျင်းပခဲ့ကြသည်။



ယနေ့ နံနက် ၉ နာရီ ၁၅ မှ စတင်ကျင်းပခဲ့သော ငြိမ်းချမ်းရေး ချီတက်ပွဲသည် ကမ္ဘာ့ပြည်သူများကို ငြိမ်းချမ်း စေရေးအတွက် လည်းကောင်း၊ မြန်မာပြည်သူများ ယနေ့ ခံစားနေရသော ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာ စေလိုသောကြောင့် လည်းကောင်း စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင်အဖွဲ့ အတွင်းရေးမှုးဖြစ်သူ အရှင်သောပါက က ယခုလို မိန့်ကြားခဲ့သည်။

“ဒီနေ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်တာကြောင့် ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ငြိမ်းချမ်းစေချင်သလို ဦးပဉ္ဇင်းတို့ မြန်မာပြည်သူပြည်သားတွေကိုလည်း သောကတွေ ဒုက္ခတွေ ကင်းပျောက်စေချင်တယ်၊ ငြိမ်းချမ်း စေချင်တယ်”ဟု မိန့်ကြားခဲ့သည်။



ငြိမ်းချမ်းရေးနေ့ ကျင်းပသော ရွည်ရွယ်ချက်နှင့် ပတ်သတ်ပြီး လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။



သာသာနာ့ဦးသျှောင်အဖွဲ့၊ ၊မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့ အစည်းများ၊ အမေရိကန်၊ ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ အစရှိသော နိုင်ငံပေါင်းစုံမှ ငြိမ်းချမ်းရေးလိုလားသူ စုစုပေါင်း ၂၀၀ ကျော်ခန့် ပါဝင် ချီတက်ခဲ့သည်ဟု သိရသည်။


လမ်းလျှောက်ချီတက်သည့် ခရီးအကွာအဝေးမှာ ၁၀ကီလိုမီတာခန့်ရှိပြီး မဲဆောက်မြို့ အဝင် စစ်ဆေးရေးဂိတ် (ကျောက်တိုင်) မှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ် အထိဖြစ်သည်။ ညနေ ၃း၃၀ခွဲခန့် အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။


အလားတူယခင်က အလားတူ မြန်မာများ မေတ္တာပို့လမ်းလျှောက်ပွဲကျင်းပရာ ဒေသခံအာဏာပိုင်များက ခွင့်မပြုဘဲ ဖမ်းဆီးမှုများရှိခဲ့ရာမှ ယခုတကြိမ်တွင် ခွင့်ပြုချက်ရရှိပြီး လမ်းခရီးလုံခြုံရေးအတွက်ပါ တာဝန်ယူပေးခဲ့သည်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ကိုလဲ ခေတ္တပိတ်ထားလိုက်သည်။



နောင်နောင်

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP