Facebook Badge

Showing posts with label ဟာသ.. Show all posts
Showing posts with label ဟာသ.. Show all posts

Wednesday, November 18, 2009

မျောက်မြီးနဲ့ မျောက် ကိုပြန်ချည်ခြင်း ---ဦးဝင်းဖေ


မျောက်မြီးနဲ့ မျောက်ကိုပြန်ချည်တယ် ဆိုတဲ့ စကားပုံကို လူတိုင်းကြားဖူးကြမှာပါ။အဲဒီစကားပုံ ဘယ်လို ဆင်းသက်လာတာလဲ ဆိုတာကို လူကြီးတွေ မေးကြည့်တော့ ဘာမှ ပြန်မဖြေ ကြပါဘူး။ အငေါက်ခံရတာပဲ အဖတ်တင်ပါတယ်။ အသက် နည်းနည်း လေး ရလာတဲ့ အချိန်ကျတော့မှ မျောက်မြီးနဲ့ မျောက်ကို ပြန်ချည်တဲ့ အဖြစ်မျိုး တော်တော်များများတွေ့ လာရပါတယ်။ မူရင်း ပုံပြင်မဟုတ်ပေမယ့် အဲလိုပုံပြင် ဇာတ်လမ်းလေးပြောပြဝေမျှပါရစေ။

တခါက ဟိုးမြန်မာပြည်မြောက်ဖျားက နမ်းခမ်းဘက်က ကိုစံရှားနဲ့ မသီတာ ဆိုတဲ့ ကုန်သည်လင်မယားနှစ် ယောက် ဟာ ကိုယ်ပိုင် ကားကလေးကိုမောင်းပြီး ရန်ကုန်ကို ဆင်းလာခဲ့ကြသတဲ့။အေးအေးလူလူ မောင်းလာ ခဲ့ကြတာ မေမြို့ရောက်တာ့ အတော်လေး မှောင် ပြီးညနေစောင်းနေဲပီမို့ ဟိုတယ် တခုမှာရေမိုးချိုး၊ အနားယူ၊ ညစာ စားပြီး မောမောပန်းပန်း နဲ့ အိပ်လိုက်ကြသတဲ့။


မနက်မိုးလင်ေးတာ့ မနက်စာ မှာစားပြီးတော့ ခရီးဆက်ကြဖို့တည်းခိုခပေးဖို့ ဘေလ် တောင်းလိုက်တော့ တစ် သိန်း နှစ်သောင်းတဲ့ဗျာ။“ ဘယ်လိုဖြစ်တာလဲပေါ့” တညအိပ်ရုံလေး အိပ်တာပဲ တန်လှ ၃ သောင်းလောက်ပေါ့ လို့ပြောတော့ မန်နေဂျာကိုယ်တိုင် ရောက်လာတယ်။

ကိုစံရှားတို့က ဟိုတယ် တည်းခိုခ သိပ်များနေပါတယ်။ တည အိပ်ရုံလေး ၀င်အိပ်တာပါဗျာလို့ ပြောတော့ “သူတို့ ဟိုတယ်မှာ ဖော်ဖြေ ဧည့်ခံပွဲ အစီအစီတွေ ၃ နရာမှာတောင် စီစဉ်ထားပါတယ်။”တဲ့။

ကိုစံရှားတို့ကလည်း သူတို့ အနေနဲ့ ခရီးပန်းလာလို့ ဘာဖျော်ဖြေရေးမှ မကြည့်နိုင်ပါကြောင်းပြောတော့ မန်နေ ဂျာက `“မကြည့်တာ ကတော့ ကိုစံရှားတို့ သဘောသာဖြစ်ကြောင်း၊ သူတို့ကတော့ အကုန်အကျခံပြီး စီစဉ်ထား ရတာ ဖြစ်တဲ့ အကြာင်း ၊နောက်အစည်း အဝေး ခန်းမဆောင် ၃ ခုလည်း စီစဉ်ထားရတာ ရှိကြောင်း ပြောပြန် ပါတယ်။

ကိုစံရှားတို့ကလည်း မိမိတို့ မှာ ဘာအစည်းအဝေးမှလုပ်ဖို့ အစီအစဉ် မရှိပါကြောင်း ပြန်ပြောတော့“ဒါကလည်း ကိုစံရှားတို့ သဘောသာ ဖြစ်တဲ့အကြောင်း ၊ဟော်တယ်အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံထားရတာဖြစ်တဲ့အကြောင်း ရှင်းပြရင်း ရေကူးကန် အကောင်းစားကြီး တခု လည်းရှိကြောင်းပြောပြန်ပါသတဲ့။

ဒီတော့လည်း ကိုစံရှားတို့က မိမိတို့ ရေကူးဖို့ နေနေသာသာ မိမိတို့ ရေကူးကန် ဘယ်နားမှာရှိမှန်းတောင် မသိ ပါကြောင်း ပြန်ပြောပါသတဲ့။

မန်နေဂျာကြီးကလည်းကိုစံရှားတို့ ရေဆင်း မကူးချင်တာကတော့ ကိုစံရှားတို့ ဘက်ကအပိုင်း ဖြစ်ပြီးတော့ ဟို တယ် အနေနဲ့ကတော့ အကုန်အကျ ခံထားရပြီဖြစ်တဲ့အတွက် ကျသင့်ငွေကို ပေးချေဖို့ တောင်းဆိုနေပါ တော့ တယ်။

ကိုစံရှားတို့လည်း နောက်ဆုံးဘာမှ ပြောလို့ မရတော့တာနဲ့ ငွေထုတ်ပေးလိုက်ရပါတယ်။ ဒါပေမယ့်မန်နေဂျာကြီးကေ ငွေတွေကို ရေတွက်ကြည့်တဲ့အခါမှာ ၃ သောင်း ၅ ထောင်ပဲ ဖြစ်နေလို့ ရှစ်သောင်း ခွဲ လိုနေသေးကြောင်းပြောတဲ့ အခါမှာ ကိုစံရှားက“အဲဒီ ရှစ်သောင်းခွဲက ခင်ဗျား ကျုပ်မိန်းမကို မွှေးမွှေးပေးခ လေ”လို့ ဖြေပါသတဲ့။

ဒီတော့ မန်နေဂျာကြီးက အလန့်တကြားနဲ့ `“ ဟာဗျာ ။ခင်ဗျား မိန်းမကို ကျုပ်မနမ်းပါဘူးး၊ ကျုပ်ဘယ်တုန်းက ခင်မိန်းမကို နမ်းလို့ လဲ” ကဗျာ ကရာ ဖြေသတဲ့။

`“ဒီတော့ နမ်းတာ ၊မနမ်းတာကတော့ ခင်ဗျား သဘောပဲလေ၊ ကျုပ်မိန်းမက ဒီမှာ တညလုံး ရှိနေတာပဲ ”လို့ဖြေပြီး ဟိုတယ်ကနေ ကားမောင်းထွက်ခွါခဲ့ပါတော့သတဲ့
(
ဦးဝင်းဖေ တွေးစရာ ပြုံးစရာ ဘီဘီစီ ၂၇။၅။၀၉ မှ) တာဝန်ခံ အယ်ဒီတာ

Read more...

Thursday, August 6, 2009

ဟာသ.

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

ညီနေမင်း ဘလော့လ်မှ့တဆင့်ဖေက်သည်ချပါသည်)

Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP