Facebook Badge

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, April 14, 2010

မဲဆောက်တွင် သင်္ကြန်သံချပ် ပြိုင်ပွဲပြုလုပ်မည်

၂၀၁၀ ရွေးကောက်ပွဲ တိုက်ဖျက်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်ရေးအတွက် သင်္ကြန်သံချပ် ပြိုင်ပွဲတရပ်ကို လူထုတိုက်ပွဲ ကော်မတီအဖွဲ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

နယ်စပ်အခြေစိုက် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ၏ စစ်ဆင်ရေးမှူးတဦးဖြစ်သည့် ကိုစိန်ဟန်က “အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေထဲက နည်းပေါင်းစုံ လူထုပါဝင်ပူးပေါင်းရေးအတွက် ဒီသံချပ်ပြိုင်ပွဲကို ပြုလုပ်ပေးတာပါ။ ဒီမှာရှိနေကြတဲ့ မြန်မာတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားထုတွေကနေတဆင့် ပြည်တွင်းမှာရှိတဲ့လူတွေ နိုင်ငံရေးအရ နိုးကြားပြီး လူထုတိုက်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဒီအစီအစဉ်ကို ကျင်းပတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ယခုပြိုင်ပွဲသည် နအဖ၏လုပ်ရပ်များကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားရန် ကော်မတီကချမှတ်ခဲ့သည့် “ဘူး” ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း ကိုစိန်ဟန်က ပြောသည်။

သံချပ်တဖွဲ့လျှင် အမျိုးသား အမျိုးသမီး (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်မိနစ် (၃၀) ဖြစ်ကာ ယခုလ (၁၅-၁၆) ရက်နေ့တို့တွင် နံနက် (၁၀) နာရီမှ စတင်၍ မဲဆောက်မြို့ရှိ ဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အဖွဲ့များ လိုအပ်သည့် တူရိယာပစ္စည်းများနှင့် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများကို ပွဲကျင်းပရေးကော်မတီမှ စီစဉ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ငွေသားဆုများအပြင် ဆုရအဖွဲ့ (၃) ဖွဲ့၏ တင်ဆက်မှုများကိုလည်း လေဆာဓာတ်ပြားများဖြင့် ပြည်တွင်းပြည်ပသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား သံချပ်အဖွဲ့၏ခေါင်းဆောင် ဦးမိုးကြိုးက “ကျနော်တို့ မဲဆောက်မှာ သံချပ်ထိုးလာတာ (၅) နှစ်ရှိပြီ။ ပြည်တွင်းမှာက နအဖ တက်လာချိန်လောက်ကစပြီး သင်္ကြန်မှာ သံချပ်တွေ ပိတ်လိုက်တာ ကနေ့အထိပဲ။ ကျနော်တို့က ဒီလူ၊ ဒီခေတ်၊ ဒီစနစ်နဲ့ စနစ်ရဲ့သားကောင်တွေဖြစ်တဲ့ လူထုတွေရဲ့ဘ၀အမောတွေကို ဖော်ထုတ် ပြသချင်တာကြောင့် နှစ်စဉ် လုပ်ဖြစ်တာပါ” ဟု ပြောသည်။

မဲပအထည်ချုပ်စက်ရုံမှ လုပ်သားမောင် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဖိုးကုလားက “ကျနော်တို့အဖွဲ့က အပျော်တမ်းအဖွဲ့ပဲ။ ဖိတ်တဲ့နေရာအကုန်သွားတယ်။ ပြောစရာရှိတာကို အမှန်အတိုင်း အကုန်ပြောပါတယ်။ ပြည်တွင်းကလူတွေ မကောင်းတာကို လုပ်ရင် ပြောသလို ဒီဘက်ကလူတွေ မဟုတ်တာလုပ်ရင်လည်း ပြောပါတယ်။ ဆုရတာ မရတာက အကြောင်းမဟုတ်ပါဘူး။ သံချပ်ထိုးခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်” ဟု ပြောသည်။

သံချပ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် ဖုန်းနံပတ် ၀၈၁-၂၈၄၁၄၁၈၊ ၀၈၄-၅၇၅၅၄၁၆၊ ၀၈၆-၉၃၄၇၄၅၉၊ ၀၈၆-၂၇၀၇၀၅၅ တို့ကို ဆက်သွယ်နိုင်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။

လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲအား တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီကို ယခုလ (၃) ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လူထုတိုက်ပွဲကော်မတီ -၂၀၁၀ တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီကြေညာချက်တွင် ပါရှိသည်။




Read more...

Saturday, April 10, 2010

မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကိုမင်းစောဦး ဆိုသူသည် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ
ဆီလန်ဂါရှိ ကလန်မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ ရှိ ရကြောင်း ယနေ့ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။
ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေးမှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့် နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များမှ ခေါင်းပုံဖြတ်မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွားခဲ့လျှင်လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။



Read more...

Tuesday, April 6, 2010

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအာဏာပိုင်တွေ စစ်တပ်အတွင်းသို့ ပို့ဆောင်နေ



ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားကို ထိုင်းရဲများမှ အလုပ်ခွင်အတွင်း ဝင်ရောက်ဖမ်းဆီး ထောင်ချခဲ့ပြီးမြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ရာ ၉၉၉ ဂိတ် ၁ရှိ မြန်မာအာဏာပိုင်များက ငွေဖြင့် မရွေးနိုင်သူများကို စစ်မှုမထမ်းမနေရ ဟုဆိုကာ အလိုမတူဘဲ စစ်တပ်ထဲသို့ ပို့ဆောင်နေသည် ဟု ထို ဂိတ်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ယောက်က ပြောသည်၊

ယခုလ ၁၃ရက်နေ့တွင် မဲဆောက်မြို့ မယ်ပရက်ကွက်ရှိ ဆေးသုတ်လုပ်ငန်းခွင်အတွင်း ထိုင်းပုလိပ်များ ဝင်ရောက်ဖမ်းဆီးရာ လက်မှတ်မရှိသူ ဆေးသုတ်သမား ၄ ဦးကို ဖမ်းဆီး သွားခဲ့သည်။ ဖမ်းဆီးခံရသည့် အလုပ်သမား ၄ ဦးကို လက်မှတ်မရှိသည့်အတွက် သံထောက်အမှု ဖြစ်သောကြောင့် ၁၂ ရက် ထောင်ချခဲ့သည်၊

ထောင် ၁၂ရက် ကျခံပြီးနောက် ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ဘက်ခြမ်းသို့ ပို့ဆောင်ခဲ့သည်၊ မြန်မာပြည်ဘက်ခြမ်းရောက်ရှိပြီး ဘတ်ငွေ ၁ဝဝဝဖြင့် ရွေးခိုင်းသည်၊ ရွေးနိုင်သူများကို ပြန်လွှတ်ပေးပြီး မရွေးနိုင်သူများကို ပေါ်တာထဲသို့ ထည့်ပစ်မည်၊ စစ်သားလုပ်ရမည်၊ မြေအောက်ခန်းသို့ ပို့မည်ဟု အမျိုးအမျိုးခြိမ်းခြောက် ရိုက်နှကကြောင်းစစ်တပ်ထဲ အတင်းပို့ဆောင်ရာမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုမင်းညိုက ယခုလို ပြောဆိုသည်၊

“ သူတို့ (အာဏာပိုင်)တွေဖြစ်တဲ့DKBAဂိတ်အတွင်းက တာဝန်ရှိသူ ကိုဖိုးကျော်က ကျနော်တို့ကို ထိုင်းဘက်ကမ်း သုည ဂိတ်မှာ ချပေးတယ်၊ပြီးတော့မြန်မာဘက်ခြမ်း ၉၉၉ ဂိတ်က စက်လှေနဲ့လာခေါ်တယ်၊ ရေလည်မှာ သောင်ဖြစ်ထွန်းနေတဲ့ နေရာမှာ လှေကိုရပ်ပြီး ဘတ်ငွေ ၅ဝဝနဲ့ ရွေးခိုင်းတယ်၊ မရွေးနိုင်သူတွေကို ကမ်းပေါ်တက်ခိုင်းပြီး လူစီလူစစ်တယ်၊ မိန်းကလေး သက်သက်ယောက်ျားလေးသက်သက် ခေါ်သွားတယ်။ စခန်းရောက်တော့ဘတ် ၁ဝဝဝ ပေးရတယ် ပေးရင်တော့ ပြန်ရတယ်လေ ဒါကြောင့်လာရွေးဖို့ဆက်သွယ်ခိုင်းတယ်၊ ကျနော်နဲ့ ကျန်တဲ့ ၁၂ယောက်လောက် မရွေးနိုင်တော့ ရိုက်တယ်၊ ထိုးတာလည်း ခံရတယ်၊ ပြီးတော့ စစ်တပ်ထဲပို့မယ်ဆိုပြီး ဂိတ်ထဲမှာပဲ နေခိုင်းတယ်၊ ထွက်ပြေးရင် ထောင်ထားတဲ့ မိုင်းတွေရှိတယ်လည်းပြောတယ်၊ ညအိပ်ပြီးနောက်နေ့ ၁ဝနာရီထိုးရင် စစ်တပ်က ကား လာခေါ်မယ်ပြောတယ်၊ ကျတော်လည်း ထွက်ပြေးဖို့ပဲ စဉ်းစားနေမိတယ်လေ၊ ၁ နာရီထိုးတော့ လူလစ်တာနဲ့ ချောင်းထဲခုန်ချပြီး ထွက်ပြေးတယ်၊ နောက်က လိုက်ဖမ်းကြသေးတယ်၊ မပြေးနဲ့ ရပ်လို့အော်တယ်၊ မရပ်သေနတ်ပစ်မယ်လို့ လည်းခြိမ်းခြောက်တယ်၊ ကျနော်က ပစ်ချင်ပစ်ပါစေ ပြေးမယ်ဆိုးပြီး ပြေးတာပဲ၊ ဒီလိုနဲ့ ထိုင်းဘက်ကမ်းကို ရောက်တဲ့အထိ ဆက်ပြေးရင်း လွတ်လာတာပါ ”ဟုပြောသည်၊

ကျနော်ထပ်ပြောချင်တာ သတိပေးချင်တာက ထိုင်းမှာ အလုပ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေ လက်မှတ်မရှိလို့ အဖမ်းခံရရင် မြန်မာပြည် ပြန်ပို့တာ ခံကြရမှာပဲ၊ အဲသည်လို ပြန်ပို့တာခံရရင် ကျနော်လို အနှိပ်စက်ခံ အနိုင်ကျင့်တာ ခံရမယ်၊ ပေါ်တာထဲထည့်တာ စစ်တပ်ထဲထည့်တာ တွေ ခံရမယ်၊ မရွေးနိုင်ရင် ခံရမှာပေါ့၊ ရွေးနိုင်ရင်တော့ ကိစ္စမရှိဘူး၊ ဖြစ်နိုင်ရင် အသွားအလာ ဆင်ခြင် သတိနဲ့ သွားလာဖို့ကို ပြောချင်တာပါဟု ကိုမင်းညိုက ပြောသည်၊

ယခင်နှစ်တွေက စစ်တပ်ထဲထည့်တာ ပေါ်တာဆွဲတာတွေ မရှိခဲ့ပါဘူး၊ ယခုနှစ် ၃လပိုင်းကျမှ အခုလို လုပ်ဆောင်လာတာဟာ ဟု ထပ်မံ သိရှိရပါသည်၊



Read more...

Monday, March 29, 2010

မြန်မာအလုပ်သမား (၁၀၀ ) ကျော် ဘတ် (၆) သိန်းခန့် ငွေလိမ်ခံရ


စိုးမိုး/ ၂၅ မတ် ၂ဝ၁ဝ
ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဆိုကာ APHAI PHANOK ကုမ္ပဏီတာဝန်ခံက ဘတ် (၆) သိန်းခန့် ငွေကြေး လိမ်လည်တောင်းယူပြီး တိမ်းရှောင်သွားကြောင်း အလုပ်သမားများက ပြောသည်။

“ကျနော် ဒီမနက် ကုမ္ပဏီကို သွားမေးတော့ ကုမ္ပဏီက သူနဲ့အတူလုပ်တဲ့ လူတွေကလည်း သူ့ကို တွေ့ချင်နေတယ်။ သူနဲ့ အလုပ်အပ်ထားတဲ့ အလုပ်သမားက (၁၀၀) ကျော်လောက်ရှိတယ် ပြောတယ်။ ဒီကိစ္စ တိုင်မယ်ဆိုရင် ကုမ္ပဏီ ၀န်ထမ်းတွေကလည်း ကျနော်တို့နဲ့ အတူတူတိုင်မယ်လို့ ပြောလိုက်တယ်” ဟု ငွေကြေးလိမ်လည်ခံလိုက်ရသူ မြန်မာအလုပ်သမား ကိုဝင်းက ပြောသည်။


မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရထုတ်ပေးထားသည့် အလုပ်သမားကတ်မရှိဘဲ ယာယီနိုင်ငံကူးလက်မှတ် (၃) ရက်အတွင်း ထုတ်ပေးမည်ဆိုကာ တဦးလျှင် ဘတ် (၄,၈၀၀) မှ (၅,၈၀၀) အထိ လိမ်လည်တောင်းခံသွားပြီး အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ကိုင်နေကြောင်း အသိအမှတ်ပြုထားသည့် ကတ်ပြားများပေးကာ တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အဲဒီ ဘတ် (၅,၀၀၀) ပေးတော့ သူက ဒီကတ်ပြား အစိမ်းလေးပေးတယ်။ အဲဒီကတ်ပြားက ရနောင်းမှာ နေလို့ရတယ်၊ အလုပ်လုပ်လို့ မရဘူးလို့ ရဲက ပြောတယ်။ အခု အလုပ်သမားတွေက အလုပ်လုပ်လို့မရဘဲ ဒီတိုင်းနေနေရတယ်” ဟု ကိုဝင်းက ဆက်ပြောသည်။

ယင်းကုမ္ပဏီက မြန်မာအလုပ်သမားများကိုသာမက ကုမ္ပဏီဝန်ထမ်း မြန်မာ (၃) ဦးကိုပါ လစာမပေးဘဲ ကုမ္ပဏီရုံးတွင် ထားခဲ့ပြီး တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အခုဟာက ကျမတို့ကိုလည်း လစာမပေးဘူး။ အလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ်ဖောင်တင်မပေးဘူး။ အလုပ်သမားတွေက ရုံးကို လာမေးတော့ ကျမတို့က ရှင်းနေရတယ်။ ကျမတို့ကို လစာပေးမယ်ပြောပြီး မပေးဘဲ ရှောင်သွားတာ။ တကယ်လို့ လစာလည်း မပေးဘူး၊ အလုပ်သမားတွေကိုလည်း ဘာမှလုပ်မပေးဘူးဆိုရင် ရနောင်းတရားရုံးကို တိုက်ရိုက်တိုင်မယ်” ဟု ယင်းကုမ္ပဏီဝန်ထမ်း ဒေါ်ပိုပိုက ပြောကြားသည်။

မြန်မာအလုပ်သမားများက အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်နေပြီး မနက်ဖြန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“ထိုင်းအစိုးရကို တိုင်မယ်။ ထိုင်းလူ့အခွင့်အရေးကောင်စီကို ကြားဝင်ဆောင်ရွက်ဖို့ပြောမယ်။ အိုင်အယ်လ်အိုကလည်း လိုအပ်သလို လုပ်ဖို့တင်ပြမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောကြားသည်။



Read more...

Friday, February 12, 2010

အလုပ်သမား အခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ

အလုပ်သမား အခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ
ခိုင်စု | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၃ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အခွင့်အရေးအတွက် အကာအကွယ်ပေး တောင်းဆိုပေးနိုင်မည့် သမဂ္ဂများ လိုအပ်နေကြောင်း ပြည်ပရှိ မြန်မာ အလုပ်သမား အဖွဲ့များက ပြောဆိုသည်။

လှိုင်သာယာ စက်မှုဇုန် ၃ တွင် ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်) မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့နှင့် FTUB (ခေါ်) မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်များက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ အလုပ်သမား လူမှုဖူလုံရေးစနစ် သေချာမရှိဘူး။ အလုပ်သမားအတွက် အာမခံချက် အပြည့်အဝ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ရှိရမယ်။ တချို့စက်ရုံမှာ စာချုပ်မရှိဘူး။ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးမယ့်၊ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ မရှိဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခါကျ ပြဿနာတွေက မဖြစ်သင့်ဘဲနဲ့ အခုလို ပေါက်ကွဲပြီး ကြီးကြီးမားမား ဖြစ်လာတယ်လို့ မြင်တယ်” ဟု ရောင်ခြည်ဦး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်ကလည်း ''အထည်ချုပ် စက်ရုံ အလုပ်သမား တယောက်က တလကို လုပ်ခ ၄၈၀၀၀ (ကျပ်) ရတယ်လို့ အလုပ်ရှင်တချို့ ပြောတယ်။ ဒီလုပ်ခရဖို့ အလုပ်သမား တယောက်က နားချိန်နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေဟာ နအဖ ရဲ့ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်း ယူနေကြတာ'' ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည့် တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများက အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ရန်၊ နားနေချိန် အပြည့်ပေးရန်၊ လုပ်သက်ဆုကြေးကို တနှစ်လျှင် (ကျပ်) ၂၀၀၀ တိုးပေးရန်၊ ရက်မှန်ကြေး မူလ ၃၀၀၀ မှ ၆၀၀၀ သို့ တိုးပေးရန်၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ၇၅ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေး ၅၅ ကျပ်အစား ၁၅၀ ပေးရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့သည်။

ထို့ပြင် လိုင်းကြီးကြပ်သူ စူပါများကို လစာငွေ ကျပ်တသောင်း တိုးပေးသော်လည်း ကျန်လုပ်သားများကို မတိုးပေးသဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဆန္ဒပြနေသည့် မြဖက်ရှင် (Opal 2) စက်ရုံက လစာငွေ တိုးပေးရန်၊ အလုပ်ချိန် နံနက် ၇ နာရီမှ ည ၁၁ နာရီအထိကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်သည် လုံခြုံရေးများဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။

၁၉၄ဝ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် ABTUC ကို သခင်လေးမောင်နှင့် သခင်ဘက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် ဖြစ်ပွားသည့် အလုပ်သမားရေးရာများ၊ ပြဿနာများကို ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေးများ ပိတ်ပင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် TUCB အဖြစ် ပြန်လည် ပေါ်ပေါက်ခဲ့သေးသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ လက်ထက်တွင် အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်သော မည်သည့် သမဂ္ဂမျိုးမဆို ဖွဲ့စည်းခွင့် မပြုတော့ဘဲ ပိတ်ပင်ခဲ့တော့သည်။ သို့သော် အစိုးရများ ထိန်းချုပ်ကွပ်ကဲသည့် အလုပ်သမား၊ လယ်သမား အစည်းအရုံးများကိုမူ ဖွဲ့စည်းစေခဲ့သည်။

လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရရှိခဲ့စဉ်က အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ပြဿနာများ၊ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အရေးပါသော အဖွဲ့အစည်းတရပ် ဖြစ်ခဲ့သည်။

ထိုသို့သော သမဂ္ဂမျိုး ဖွဲ့စည်းခွင့် မရရှိသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိသည့် အရေးကိစ္စများအတွက် တဖက်တလမ်းမှ စောင့်ကြည့်ဖြေရှင်းပေးသည့် မြေအောက် အဖွဲ့အစည်းများ တိတ်တဆိတ် တည်ရှိနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။




(ရဲရင့်အောင် တည်းဖြတ်သည်။)

Read more...

Wednesday, February 10, 2010

B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအမှုနိုင်လျှော်ကြေးငွေရရှိ

၁၄ ရက် ၂၀၀၆ခုနှစ်တွင် စတင်တရားဆွဲဆိုခဲ့သော B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအား စက်ရုံသူဌေးမှလျှော်ကြေးငွေ ၃၆၀၀၀၀ကျော်အား ယနေ့တွင်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ တို့ရှေ့မှောက်တွင်ပေးအပ်ခဲ့ကြောင်းသိရပါသည်။


ကျွန်တော်တို့က ငွေကြေးအရ တိုက်ခဲ့တာမဟုတ်ပါဘူး ဂုဏ်သိက္ခာအရတိုက်ခဲ့တာပါ ၃နှစ်နဲ့၃လကြာတိုက်ခဲ့တာပြီးမှ ဒီနေ့လျှော်ကြေးငွေရရှိခဲ့တာပါပဲ တချို့ဆိုရင် ၆၀၀လောက်ပဲရခဲ့ပြီး
၇၀၀၀ကျော်ရသူတွေလဲရှိပါတယ် ဘာပဲဖြစ်ဖြစ်ပါ အခုကျွန်တော်တို့တွေနိုင်ခဲ့ပါပြီ အားလုံးကလဲကျေနပ်ကြမှာပါ မတရားမှုနဲ့တရားမှုကို တိုက်ယူခဲ့ကြတာကြောင့်ငွေကြေးကအဓိကမဟုတ်ပါဘူးလေ
အခုလိုအနိုင်ရလာအောင်လမ်းညွှန်ပေး အကြံပေးပြီးကုညီလုပ်ဆောင်ပေးခဲ့သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နဲ့မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ် ဟု အမှုနိုင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသူကြိုးကပြောသည်။
သူတို့ရဲ့မတရားမှုနဲ့တရားမှုအောင်ပွဲ ရှင်းရှင်းပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမား တရားသူတွေရဲ့အောင်ပွဲကို ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိသလို ဆက်လက်ကူညီပေးနေဦးမှာပါဟု ရောင်ခြည်ဦးအဖွဲ့ဥပဒေရေးရာ တာဝန်ခံ ဖြစ် ကိုမြင့်ဦးက ယခုလိုပြောသည်။
စတင်ဖြစ်ပွားတာကတော့ အလုပ်သမား ၂ယောက် ကောင်မလေးတွေကို မန်နေဂျာဖြစ်သူက ရိုက်နှက်ရာကနေ အလုပ်သမားတွေကမကျေနပ်ပဲ ဆန္ဒပြရာ အလုပ်ရှင်မှ ပုလိပ်ခေါ်ဖမ်းခိုင်းပြီးစက်ရုံမန်နေဂျာကို အရေးမယူပေးဘဲ အလုပ်သမားတွေကို ပုလိပ်ခေါ်ဖမ်းခိုင်းတာကြောင့်မကျေနပ်ပဲ အလုပ်သမား၁၂၃ဦးမှ ရောင်ခြည်ဦးအလုပ်သမားရုံး
ကိုအကူအညီတောင်းပြီး မက်ပ်ဖောင်ဒေးရှင်း နှင့် အတူ အလုပ်ရှင်ကို တရားဆွဲဆိုခဲ့တာဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

Read more...

Tuesday, February 9, 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။

တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။

Read more...

Saturday, January 30, 2010

မျက်မှောက်ရေးရာ - သတင်းဆောင်းပါး

လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန်
ပြည်တွင်းက သတင်းထောက်တွေ ဘာပြန်ပြောကြသလဲ
သန်းစိုးလှိုင်
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
မြန်မာနိုင်ငံလို သတင်းလွတ်လပ်ခွင့် မရှိပဲ သတင်းမီဒီယာသမားတွေကို အတိုက်အခံနိုင်ငံရေး သမားတွေလို သဘောထားပြီး စောင့်ကြည့်နေတဲ့ နိုင်ငံမှာ `လျှို့ဝှက်သတင်းထောက်´(ယူဂျေ - undercover journalist) အဖြစ်နဲ့ ရပ်တည်ရလုပ်ကိုင်ရတာ မလွယ်လှပါဘူး။ ထောင်နှုတ်ခမ်းနင်း ပြီးလုပ်နေရတဲ့သဘောပဲ ဖြစ်နေပါတယ်။

အတိုက်ခံနိုင်ငံရေးသမားလို အပြစ်မရှိ အပြစ်ရှာဖမ်းတာ မဟုတ်ပေမယ့် တနေရာရာမှာ အစပေါ်သွားပြီဆိုရင်တော့ ချမ်းသာမပေးတော့ပဲ ထောင်နှစ်ရှည် ချခံရဖို့သေချာနေပါပြီ။ သတင်းမီဒီယာ သမားတွေ အနေနဲ့ အဲဒီလို ထောင်နှုတ်ခမ်းနင်းတဲ့ အလုပ်ကို ဘာကြောင့်လုပ်နေကြပါသလဲ။ မီဒီယာ ဆိုတာ ပြည်သူ့နားမျက်စေ့၊ ဖုံးကွယ်နေတဲ့ အဖြစ်အပျက်တွေ ဖိနှိပ်မှုတွေ ပေါ်ထွက်လာရင် ဖိနှိပ်မှု လျော့ပါးသွားမလား၊ စစ်အစိုးရအနေနဲ့ ဆင်ခြင်နောက်တွန့်သွားမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ စွန့်စားလုပ်နေကြတာပါ။
ဒါပေမယ့် လျှို့ဝှက် သတင်းထောက် တယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဗဟုသုတ၊ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို စေခိုင်းကြတဲ့ သတင်းဌါနများက လေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ယခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဒီဗီဘီသတင်းထောက်တယောက်ကို ထောင်ဒဏ် အနှစ် ၂၀ကျော် ချမှတ်လိုက်တာ၊ နောက်ထပ်တယောက်ကို ၁၃နှစ် ချမှတ်လိုက်တာတွေဟာ ကြားရတဲ့သူတွေ အတွက် စိတ်မချမ်းသာစရာပါ။ သူတို့လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုမိုတောင်းဆိုဖို့ လိုအပ်တာမှန်ပေမယ့် အဲဒီလို အဖြစ်အပျက်တွေ ခဏခဏ မဖြစ်ဖို့သက်ဆိုင်ရာ သတင်းဌါနများ အနေနဲ့ ဂရုစိုက်ဆင်ခြင်ကြစေလိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ဝန်းကျင်က ဒီဗွီဘီ သတင်းဌါနမှ တာဝန်ရှိသူ
ဦးခင်မောင်ဝင်းနဲ့ ဗီအိုအေ မြန်မာပိုင်းအင်တာဗျူးကို နားဆင်ပြီးနောက် ပြည်တွင်းမှ သတင်းထောက် အချို့က သူတို့ရဲ့ အမြင်တွေကို ယခုလို ထုတ်ဖေါ်ထားကြပါတယ်။

ပြည်တွင်း မှ သတင်းထောက် တဦးမှ -
ပြင်ပမီဒီယာတွေရဲ့ကဏ္ဍဟာ ဒီနိုင်ငံအတွက် အင်မတန်မှ အရေးပါတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး၊ ဒါကြောင့်မို့လဲ ဒီနိုင်ငံထဲမှာ အဖမ်းဆီးခံရမယ့်အန္တရာယ်က ကင်းအောင် သတိဝီရိယထားပြီး ပြင်ပမီဒီယာတွေအတွက် လုပ်ဆောင်နေကြတဲ့ ၀ါရင့်သတင်းသမားတွေ အများကြီးရှိပါတယ်။ ဒီလိုသတိဝီရိယထားခြင်းအားဖြင့် မိမိကိုယ်တိုင်ရဲ့လုံခြုံရေးအတွက်သာမကပဲ ပြင်ပမီဒီယာတွေကို မှီခိုအားထားကြတဲ့ ပြည်တွင်းကပရိသတ်တွေအတွက်ပါ အလုပ်အကျွေး ပြုရာကြတယ်ဆိုတဲ့ စိတ်တခုနဲ့လုပ်နေကြသူတွေအများကြီးပါ၊
ဒါပေမယ့် ဒီနေ့ခန့်လိုက်တာနဲ့ဒီနေ့သတင်းထောက်စဖြစ်တဲ့ လူတိုင်းမှာ ဒီလို သတိဝီရိယမျိုး ချက်ခြင်း ပါမလာနိုင်ပါဘူး၊ အတွေ့အကြုံ အလေ့အကျင့် ကွင်းဆင်းလုပ်ဆောင်မှုတွေတင်မကပဲ မွေးရာပါ အကင်းပါးဖျတ်လတ်မှုတွေရှိမှသာ ဒီလိုအန္တရာယ်စက်ကွင်းထဲကို ၀င်ဖို့အသင့်ဖြစ်ကြမှာပါ။
ဒီမိုကရက်တစ်မြန်မာအသံ (Democratic Voice of Burma) က တာဝန်ရှိပုဂ္ဂိုလ်ကိုယ်တိုင်ကိုယ်က ဖမ်းခံရမှာ သိသိကြီးနဲ့ သတင်းထောက်တွေ ခန့်ထားတယ် ဆိုတော့ စစ်မြေပြင်ထဲကို မောင်းသူမဲ့လေယာဉ်တွေ လွှတ်လိုက်တာနဲ့ တူမနေဘူးလား။ ဒီဗီဘီအနေနဲ့ သူတို့ရဲ့ ပြည်တွင်းသတင်းထောက်တွေကို မောင်းသူမဲ့လေယာဉ်တွေလို့ သဘောမထားဘဲ အသက်သွေးခဲနဲ့ လူသားတွေ၊ အထူးသဖြင့် လေ့ကျင့်သင်ကြားပေးဖို့ လိုနေသေးတဲ့ လူငယ်ခြေတက်ကလေးတွေလို သဘောထားပြီး အန္တရာယ်စက်ကွင်းထဲကို မ၀င်ခင် စခန်းသွင်းလေ့ကျင့်မှုမျိုးတွေ ကြိုတင်လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။
ဒါမှမဟုတ်ရင်တော့ ဒီဗီဘီက တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင် အန္တရာယ်စက်ကွင်းထဲကိုဝင်လာပြီး ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ ရှိတယ်ဆိုတာကို လက်တွေ့ကျကျ လေ့လာနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဂျာနယ်သတင်းထောက် တယောက်ရဲ့အမြင်
အဖမ်းခံရမယ်ဆိုတာ ကြိုသိပေမယ့် ကာကွယ်မှုထက် အဖမ်းခံရပြီးမှ ကမ္ဘာသိအောင်ပဲ လုပ်နိုင်ပါတယ် ဆိုတဲ့စကားကတော့ ကိုယ့်လူကို ကိုယ် တာဝန်မယူနိုင်ဘူးဆိုတဲ့ သဘောပဲလို့ ယူဆပါတယ်။
နောက်ပြီး မီဒီယာဆေ့ဖ်တီးအတွက် ဘာမှကြိုတင်လုပ်ပေးမထားဘူးဆိုတာလည်း ထင်ရှားပါတယ်။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ထောင်ဒဏ်တွေကနေ အမြန်ဆုံးလွတ်လပ်လာအောင် ကြိုးစားမယ် ဆိုတော့ နိုင်ငံအဝေးကနေပြီး ဘယ်လိုများလုပ်ပေးမှာလဲဆိုတာ သိချင်ပါတယ်။
ဂျာနယ်လစ်ဇင်ကို သိပြီး တိကျခိုင်မာတဲ့ သတင်းတွေဖြစ်ဖို့နဲ့ လုံခြုံရေးယူတတ်ဖို့ဆိုတာ အချိန်ပေး သင်ယူမှရတယ် ဆိုတာရယ် ကိုယ့်ဌာနအတွက်လုပ်ပေးနေတဲ့ သတင်းသမားကို ဘယ်လိုအတတ်ပညာတွေ သင်ပေးထားသလဲ၊ ဘယ်လိုလုံခြုံမှုမျိုး ပေးထားသလဲ ဆိုတာ ပြန်စဉ်းစားစေချင်ပါတယ်။ ဗီဒီယိုကင်မရာခလုတ်ကို နှိပ်တတ်ရုံနဲ့ ဗီဂျေမဖြစ်နိုင်ဘူး ဆိုတာကို လည်းပြောပြချင်ပါတယ်။
လုံခြုံမှုဆိုတဲ့အထဲမှာ အရေးပေါ်လိုအပ်လာရင်သုံးဖို့ နည်းပညာအထောက်အကူနဲ့ အသုံးစရိတ်တွေလည်း ပါဝင်ပါတယ်။

ပြည်တွင်းမှ ဖရီးလန့်စ် သတင်းထောက်တဦး
အပြင်က ဒီလုပ်ငန်းကို ညွှန်ကြားသူတွေအနေနဲ့ အတွင်းကလုံခြုံရေး၊ သတိပြုရမယ့်အချက်တွေကို သိရှိအောင် ကြိုးစားသင့်ပြီး ကိုယ့်သတင်းထောက်တွေကို အမြဲတမ်း သတိပေး၊ အကြံပေးဖို့ တိုက်တွန်းပါတယ်။ Undercover အနေနဲ့ လုပ်နေတဲ့ သတင်းထောက်ဖြစ်တဲ့အတွက် သူတို့ဟာ လုံခြုံရေးအနေအထားအရ လုပ်ဖေါ်ကိုင်ဖက် တဦး နှစ်ဦး ၀န်းကျင်ကလွဲရင် အခြားသတင်းထောက်တွေနဲ့ ထိတွေ့ခွင့်ရှိမှာ မဟုတ်ပါဘူး။
အဲဒီအချက်က လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အခြားသူတွေရဲ့ အတွေ့အကြုံတွေကို ရရှိဖို့အခွင့်အလမ်း နည်းသွားပါတယ်။ ဒါကြောင့် မိခင်သတင်းဌာနအနေနဲ့ အဲဒီ အခြေအနေတွေကို အမြဲတမ်း ဖြည့်ဆည်းပေးဖို့ ပိုတာဝန်ရှိလာပါတယ်။
သတင်းထောက်တွေရဲ့ လုံခြုံရေးကို သူတို့ကိုယ်တိုင် တာဝန်ယူရတယ် ဆိုတာ လက်တွေ့အခြေအနေပါ။ ဒါပေမယ့် အဲလိုကိုယ့်လုံခြုံရေးကို မိမိဘာသာ စောင့်ထိန်းနိုင်အောင် လေ့ကျင့်သင်ကြားပေးရမှာက မိခင်သတင်းဌာန တာဝန်လို့မြင်ပါတယ်။ အကျအဆုံး အနည်းဆုံး ဖြစ်အောင် လုပ်သင့်တယ်လို့ မြင်ပါတယ်။ မကြာခဏ အဖမ်းခံရပြီး သူရဲကောင်းတွေ မွေးထုတ်တာမျိုးဆိုရင်တော့ သိပ်မသင့်တော်ဘူး လို့မြင်ပါတယ်။

ဖရီးလန့်စ် တဦး
“ကျနော်တို့သတင်းထောက်တွေ ဒါမျိုးအဖမ်းခံရမယ်ဆိုတာ ကျနော်ကတော့ ယူဆထားပြီးသားပါ။” လို့ဆိုရင် ဒီလိုအန္တရာယ်မျိုးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်အောင် ပါးစပ်ကနေ ကိုယ့်လုံခြုံရေးကို ကိုယ်သတိထားကြဆိုပြီး ၀တ်ကျေတမ်းကျေပြောနေရုံနဲ့ မလုံလောက်ပါဘူး။
အတွေ့အကြုံနုနယ်သေးတဲ့ သတင်းထောက်တွေအတွက် ဘယ်ဟာက သူတို့ကိုအန္တရာယ်ရှိစေနိုင်တယ်၊ အဲလိုအနေအထားမျိုးမှာ ဘယ်လိုအကာအကွယ်တွေယူပြီး လှုပ်ရှားသင့်တယ်ဆိုတာကို သိနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
ပြည်ပသတင်းဌာနတွေနဲ့ ချိတ်ဆက်လုပ်နေကြတဲ့ အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်အတွက် သတင်းစာပညာကို စနစ်တကျ သင်တန်းပေးဖို့ လိုအပ်သလို သူတို့တတွေ ဘေးကင်းရေးအတွက်လည်း စနစ်တကျ သင်တန်းတွေပေးပြီးတော့မှ လုပ်ငန်းခွင်ထဲ ၀င်ခိုင်းဖို့ သင့်ပါတယ်။
နောက်ပြီး သတင်းထောက်တွေကို စီမံခန့်ခွဲနေရတဲ့သူတွေ ကိုယ်တိုင်ကလည်း သူတို့အောက်က သတင်းထောက်တွေကို ဘေးမဖြစ်စေဖို့ အစဉ်မပြတ်ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်။
ကိုယ်နဲ့နှိုင်းစာပြီး သတင်းထောက်တွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးဖို့သင့်ပါတယ်။ အဓိကပြောချင်တာက အဖမ်းခံရပြီးမှ နိုင်ငံတကာက သိသွားအောင် လုပ်နေတာထက်၊ အဖမ်းခံမထိအောင် အစကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။

မိုးမခမှာ ပါခဲ့တဲ့ စာနဲ့ အွန်လိုင်းပေါ်က ဗွီအိုအေ အင်တာဗျုး အညွန်း

သင့် သတင်းထောက်ကို သင်ကိုယ်တိုင် ကာကွယ်ပါ
သန်းစိုးလှိုင်၊ ရန်ကုန်
ဇန်န၀ါရီ ၁၅၊ ၂၀၁၀
http://moemaka.com/index.php?option=com_content&task=view&id=5696&Itemid=84

အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီပေးဖို့
သန်းလွင်ထွန်း (VOA) ၏ ခင်မောင်ဝင်း (DVB) သို့ အင်တာဗျူး
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
http://www.voanews.com/burmese/2010-01-15-voa7.cfm

(ဓာတ်ပုံ - ၂၀၀၉ ခုနှစ်၊ အင်းစိန်ထောင်ရှေ့၊ အကျဉ်းသားများ လွှတ်မည်ဆို၍ စောင့်ဆိုင်းနေသော မြန်မာပြည်တွင်းက သတင်းထောက်နှင့် စာနယ်ဇင်းသမားများ၊ File Picture – MoeMaKa)

Read more...

ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ

စိုင်းဇွမ်ဆိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ လုပ်အားခ နည်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ မကြာသေးခင်က ဆန္ဒပြခဲ့သော မြန်မာ အလုပ်သမားများကို အလုပ်ရှင်က ယနေ့မှစ၍ တနေ့တာ လုပ်အားခကို ၄၇ ဘတ် အပိုဆောင်း ပေးလိုက်ပြီ ဖြစ်သည်။

မယ်ဆိုင်မြို့ Osaka စက်ရုံမှ မြန်မာအလုပ်သမားများကို ယခင်က တရက်လုပ်ခ အများဆုံး ၁၁ဝ ဘတ် အထိသာရသော်လည်း ယခုမူ ၁၅၇ ဘတ်အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် အခွင့်အရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။



ယင်းစက်ရုံရှိ ထိုင်း-မြန်မာ အလုပ်သမားအားလုံး တန်းတူရရှိခြင်းလည်း ဖြစ်သည်။

“နေ့လည် ၁ နာရီက စက်ရုံမှာ အစည်းအဝေးလုပ်တယ်။ ၁ နာရီခွဲလောက်ကျတော့ အလုပ်သမားတွေကို ပြောတယ်တဲ့။ အားလုံးကို ၁၅၇ ဘတ် အပြည့်ပေးမယ်။ ဒါပေမဲ့ သူ့မှာရှိတဲ့ စည်းကမ်းတွေကိုတော့ အတိအကျ လိုက်နာရမယ်” ဟု ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် MAP Foundation အဖွဲ့မှ တာဝန်ရှိသူ ကိုအေးက မဇ္ဈိမကို ပြောသည်။

ထိုင်းအလုပ်သမားများနှင့် လုပ်ခတန်းတူ မရရှိသောကြောင့် လုပ်ခတိုးမြှင့်ပေးရန် စက်ရုံရှိ မြန်မာ အလုပ်သမား ၇၂ ဦးက ယခုလ ၂၃ ရက်နေ့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြကာလအတွင်း ဦးဆောင်သည့် မြန်မာအလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်ခဲ့သဖြင့် MAP Foundation အဖွဲ့ကို တိုင်ကြားခဲ့ရာ အဖွဲ့တာဝန်ရှိသူများ သွားရောက်ဖြေရှင်းခဲ့ရာမှ ယခုလို လုပ်ခ တိုးမြှင့်ရရှိခြင်း ဖြစ်သည်။

အလုပ်သမားခေါင်းဆောင် ၄ ဦးမှာမူ အလုပ်ပြန်လုပ်ခွင့် မရကြသဖြင့် ထိုင်းအလုပ်သမား ဥပဒေအရ ၎င်းတို့ ရသင့်ရထိုက်သော နစ်နာကြေးများအတွက် ချင်းရိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံးမှ တဆင့် စက်ရုံပိုင်ရှင်ထံ တောင်းဆိုထားကြောင်း သိရသည်။

“ဖောင်တွေ အားလုံး ဖြည့်ပြီးသွားပြီ။ လာမယ့် (ဖေဖော်ဝါရီလ) ၃ ရက်နေ့ကျရင် အလုပ်သမားရုံးက သူတို့ သူဋ္ဌေးကို ခေါ်ပြီးတော့မှ ပြဿနာကို ဖြေရှင်းပေးခိုင်းမယ်” ဟု ကိုအေးက ရှင်းပြသည်။

အလုပ်မှထုတ်ပယ်လျှင် လျော်ကြေးအဖြစ် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေးကို မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ ယခုလ ၂၆ ရက်နေ့တွင် အလုပ်ရှင်ဘက်က ဆန္ဒပြခေါင်းဆောင် ၄ ဦးထံမှ နစ်နာကြေးပေးရန် တုံ့ပြန်ပြောဆိုပြီးနောက် ထိုနေ့၌ပင် ၎င်းတို့ ၄ ဦး အလုပ်ထုတ်ခံရသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် ၄ ဦးမှ တဦးက “ကျမတို့အမှုအတွက် ချိန်းထားတာက ၂ လပိုင်း ၃ ရက်နေ့ပေါ့နော်။ အဲဒီနေ့မှာ သူတို့က လျော်ကြေးပေးမယ်၊ မပေးဘူးဆိုတာတော့ မသိရသေးဘူး။ တကယ်လို့ မပေးဘူးဆိုရင်လည်း ကျမတို့က ရှေ့ဆက်တက်မှာပဲ” ဟု မဇ္ဈိမ ကို ပြောသည်။

ခေါင်းဆောင် ၄ ဦးအတွက် အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချ မပေးပါက သက်ဆိုင်ရာ တရားရုံးများမှတဆင့် ဥပဒေကြောင်းလမ်းအရ ဖြေရှင်းသွားနိုင်ရန် MAP Foundation မှ ကူညီသွားမည်ဟု သိရသည်။

“MAP မှာက ရှေ့နေတွေဘာတွေ ရှိပြီးသားပဲ။ တရားရုံးကနေ ဒီအမှု ပြီးဆုံးသည်အထိ တက်သွားမယ်” ဟု ကိုအေးက မဇ္ဈိမကို ပြောသည်။

အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချမှတ်ပါက တဦးလျှင် အနည်းဆုံး ဘတ် ၄ သောင်းနှင့် အထက် ရရှိမည်။

တာချီလိတ် တဖက်ကမ်း မယ်ဆိုင်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိသော်လည်း အလုပ်သမား အခွင့်အရေး သင်တန်းများကို ပို့ချပေးမည့် အဖွဲ့အစည်းများ မရှိသေးကြောင်းလည်း သိရသည်။

မြန်မာများအနေဖြင့် လုပ်အားခ ၁၅၇ ဘတ် ရရှိလိုက်ခြင်းသည် မယ်ဆိုင်မြို့၌ ပထမဆုံးဖြစ်ကြောင်း မြန်မာလုပ်သားများက ပြောဆိုကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Read more...

ငွေကြေးဖောင်းပွမှု လျော့ကျဟု ကုန်သည်စက်မှုအသင်း ပြောကြား

စိုးမိုး / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကစပြီး ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ လျော့ကျလာကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ပြောကြားချက် မမှန်ကန်ကြောင်း ပြည်တွင်းစီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ ကျဆင်းလာပြီး ဘဏ်တိုးနှုန်းလည်း ပြင်ပအတိုးနှုန်းကဲ့သို့ တိုးမြင့်လာသဖြင့် ဘဏ်လုပ်ငန်းများ တိုးတက်လာမည့် အနေအထားရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် သုတေသန အကြီးတန်းအရာရှိက အပတ်စဉ်ထုတ် ဆဲဗင်းဒေး နယူးဂျာနယ်သို့ ယခုလ ဒုတိယပတ်တွင် ပြောကြားခဲ့မှုအပေါ် တုံ့ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။


စစ်အစိုးရ ဖိနှိပ်မှုကြောင့် ပြည်တွင်းစီးပွားရေးပညာရှင်များမှာ မှားယွင်းသော စီးပွားရေးမူဝါဒများ၊ စီးပွားရေးအလားအလာများကို ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်မှု မပြုနိုင်သော်လည်း ယင်းသို့ မမှန်မကန် ဝေဖန်သုံးသပ်မှု မပြုသင့်ကြောင်း ပြည်တွင်း စီးပွားရေးပညာရှင်များက ပြောဆိုသည်။

“စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝေဖန်သုံးသပ်ချက် အဓိပ္ပာယ်ကောက်ယူချက်ဟာ တခုလေး လွဲမှားသွားရင် စီးပွားရေးဆိုင်ရာမူဝါဒ ချမှတ်ရာမှာ တလျှောက်ကြီး မှားတတ်ပါတယ်။ သတိထားရပါတယ်။ ဒါကိုဖတ်တဲ့ ပြည်သူကလည်း နားလည်မှု လွဲမှားနိုင်ပါတယ်” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းတွင် မြန်မာကျပ်ငွေ ဈေးတက်ခဲ့ခြင်းကို ကောက်ချက်ဆွဲ ပြောဆိုခြင်းဖြစ်နိုင်သော်လည်း အမှန်တကယ် ငွေကြေးဖောင်းပွမှု လျော့ကျလာခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ငွေကြေးဖောင်းပွမှု လျော့သွားတယ်ဆိုရင် တည်ငြိမ်တဲ့ အနေအထားတရပ်နဲ့ ဆက်သွားနိုင်ရမယ်။ အခုဟာက ဒေါ်လာ မလိုလို့ ကျပ်ငွေလိုလို့ ဈေးကျသွားတာ ခဏပဲ။ ဒါကို ငွေကြေးဖောင်းပွမှု လျော့သွားတာလို့ ပြောလို့မရဘူး” ဟု အဆိုပါ ပြည်တွင်းစီးပွားရေးပညာရှင်က ထောက်ပြပြောဆိုသည်။

ဈေးကွက်အတွင်း ၀ယ်လိုအား သိသိသာသာလျော့ကျသွားခြင်းကြောင့် ကုန်သည်များ လျှော့ဈေးဖြင့် ထုတ်ရောင်းလာခြင်းသာ ဖြစ်ကာ ယခုနောက်ပိုင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်နေပြီး ကုန်ပစ္စည်းထုတ်လုပ်မှုလည်း လျော့ကျလာကြောင်း ဘုရင့်နောင်အခြေစိုက် ငါးပိပွဲရုံ လုပ်ငန်းရှင်တဦးက ပြောသည်။

“ဈေးကွက် အနုတ်အသိမ်း နည်းလာရင် လုပ်ငန်းတခုလုံး ငွေမလည်တဲ့သဘောဖြစ်လာရင် အခိုက်အတန့်အားဖြင့်တော့ ငွေပေါ်အောင် လျှော့ဈေးချရတာ ကုန်သည်တွေ လုပ်ထုံးလုပ်နည်းပါ။ အခု လစာတိုးတော့ နောက်လတွေ အရောင်းအ၀ယ်တော့ ပိုလာမယ်လို့ ခန့်မှန်းပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ ကုန်သည်စက်မှုအသင်းချုပ် သုတေသနအကြီးတန်း အရာရှိ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မြန်မာ့ငွေကြေးဖောင်းပွမှု လျော့နည်းလာသည့် အချက်အလက် မရှိကြောင်း၊ ယင်းသို့ပြောဆိုခြင်းသည် လူထုကို နားလည်မှုလွဲမှားစေကြောင်း ပြည်တွင်းစီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းတွင် ဝေဖန်နေကြသည်။

Read more...

Tuesday, January 26, 2010

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း

ရဲရင့် / ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ

မဲဆောက်ရှိ ဟန်ထိုင်း အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား (၁,၅၀၀) ခန့်ကို အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ စက်ရုံကို ယာယီ (၃) လ ပိတ်လိုက်သဖြင့် အခြေအနေအမှန် သိရှိနိုင်ရန်အတွက် အလုပ်သမားများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ဟန်ထိုင်းစက်ရုံမှ အလုပ်သမား မောင်နိုင်က “ပြီးခဲ့တဲ့ (၂၀) ရက်နေ့ကပြီး စက်ရုံကို သူဌေးက (၃) လ ယာယီပိတ်တယ်ဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဘာနစ်နာကြေးမှ မပေးဘူး။ ပိတ်တဲ့ကာလ အတွင်း တယောက်ကို ဟင်းဖိုး ဘတ် (၂၀) ပဲ ပေးတယ်။ ကျနော်တို့ စုံစမ်းနေတာက သူဌေးက နစ်နာကြေးမပေးဘဲ စက်ရုံပိတ်ချင်လို့ တဖက်လှည့်နဲ့ အလုပ်သမား တွေကို ထုတ်တာ ဟုတ်မဟုတ် သိချင်လို့ပါ။ ဘုမသိဘမသိ ဆန္ဒပြတာတွေတော့ လုပ်လို့မဖြစ် သေးဘူး” ဟု ပြောသည်။


အကယ်၍ အလုပ်ရှင်မှ သဘောရိုးဖြင့်မဟုတ်ဘဲ စက်ရုံပိတ်ခြင်းဖြစ်ပါက (၃) လ ပြည့်ချိန်ထိ စောင့်မည်မဟုတ်ဘဲ မိမိတို့၏ နစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှတဆင့် အရေးဆိုသွားမည်ဟုလည်း ပြောသည်။

အလုပ်သမား (၁,၅၀၀) အနက် အများစုမှာ မြန်မာပြည်ပြန်သွားကြသဖြင့် လက်ရှိစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော်သာ ကျန်ရှိပြီး အဆိုပါအလုပ်သမား (၁,၅၀၀) တွင် ထိုင်း အလုပ်သမားမှတ်ပုံတင်ထားသူ အရေအတွက်မှာ (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်အရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တနေ့ (၁၅၃) ဘတ်ဖြစ်ပြီး မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားတဦးအား တနေ့တာလုပ်အားခ၏ တ၀က် ပေးရမည်ဖြစ်သည်။

မဲဆောက်ဒေသတွင်းရှိ စက်ရုံအချို့တွင် စက်ရုံပိတ်လို၍ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲလို၍ဖြစ်စေ ၎င်းတို့၏ အလုပ်သမားများကို မည်သည့်နစ်နာကြေးမှမပေးဘဲ တဖက်လှည့်ဖြင့် လုပ်ငန်းခွင်များမှ ထွက်ခွာစေခြင်းနည်းများကို အသုံးပြုမှုများ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောသည်။

၎င်းက “စက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေကို အလိုမရှိတော့ဘူးဆိုရင် နည်းမျိုးစုံနဲ့လုပ်တာတွေရှိတယ်။ အလုပ်သမားတွေ အနေနဲ့ သိရမှာက ဘယ်လိုနည်းနဲ့ပဲပိတ်ပိတ် အလုပ်သမားဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆ၀ဒီကန်) မှာ (၁၅) ရက်အတွင်း အကြောင်းကြားဖို့ လိုတယ်။ ဒါမှ တကယ်ပြဿနာဖြစ်လို့ ဖြေရှင်းတဲ့ အချိန်ကျရင် ကိုယ့်ဘက်က အလားအလာတွေ ကောင်းမယ်” ဟု ပြောသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် ယာယီအလုပ်ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အလုပ်သမား စစ်ဆေးရေးအရာရှိနှင့် အလုပ်သမားများကို တလကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ကြိုတင်အကြောင်းမကြားဘဲ ယာယီ လုပ်ငန်းရပ်ဆိုင်းပါက အလုပ်သမားများကို နောက်ဆုံးတလစာ ပေးရမည်ဟုလည်း ပြောသည်။

အလုပ်သမ နန်းအေးက “လုပ်အားခအပြည့်မရပေမယ့် ဟန်ထိုင်းမှာ နှစ်ရှည်လူဟောင်းတွေက တလကို (၇) ထောင် (၈) ထောင် အထိ ရတာတွေရှိတော့ အခြေအနေကို စောင့်ကြည့်ချင်သေးတယ်၊ ကိုယ်ဘက်က အမှားမဖြစ်ရအောင်ပါ။ သူဌေး လိမ်တယ် ဆိုရင်တော့ နစ်နာကြေးတွေ တောင်းဖို့ကိစ္စ ကျမတို့အားလုံး သဘောတူထားတာ ရှိတယ်” ဟု ပြောသည်။

ထိုင်းနယ်စပ် မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ တနေ့တာလုပ်အားခ (၁၅၃) ဘတ် ပေးသည့်အထည်ချုပ်စက်ရုံမှာ (၂) ရုံသာရှိကာ TK FASHION နှင့် TOP FORM စက်ရုံတို့ဖြစ်သည်။



Read more...

တာ့ခ်မှာရှိတဲ့ ဒုက္ခသည် ၃,၀၀၀ ရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ အစည်းအဝေး ကျင်းပ



ဇန်န၀ါရီ ၂၅၊ ၂၀၁၀ (The Nation)
Monday, January 25, 2010

ထိုင်းတပ်မတော်၊ ဒီကေဘီအေ၊ ကေအင်ယူ၊ အန်ဂျီအိုတွေနဲ့ ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေ တာ့ခ် ပြည်နယ်၊ သာဆောင်ယန်း ခရိုင်၊ နောင်ဘွားမှာရှိတဲ့ ဒုက္ခသည် ၃,၀၀၀ နဲ့ပတ်သက်တဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးဖို့အတွက် တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်။လို့ နယ်စပ်သတင်းရပ် ကွက်တွေက ဆိုပါတယ်။

ဒီဒုက္ခသည်အဖွဲ့တွေဟာ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေကြတာ ၇ လ ရှိပြီဖြစ်ပြီး အရင်က ပြန်ပို့ဖို့ ကြိုးစား ခဲ့တာ အကြိမ်များစွာ ရှိပါပြီ။ ဒီတကြိမ်မှာတော့ ဒီဒုက္ခသည်အဖွဲ့တွေအတွက်အဖြေရှာဖို့ သာဆောင်ယန်းခရိုင်မှာ အစည်းအဝေးလုပ်မှာ ဖြစ်ပါတယ်။

Meeting to be held on fate of 3,000 refugees in Tak

Read more...

R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲကျင်းပ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် R ဇာနည်နှင့် တခြား အဆိုတော်များ ပါဝင်သည့် စင်တင်ပွဲ ယမန်နေ့ညက ကျင်းပသွားရာ ယခင် အကြိမ်များထက် စနစ်ကျပြီး စည်ကားခဲ့သည်။

အဆိုပါစင်တင်ပွဲကို ထိုင်းနိုင်ငံမှ MP3 ကုမ္ပဏီက တာဝန်ယူ ခဲ့သောကြောင့် စနစ်တကျ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး နောက်ပိုင်း တွင်လည်း ယခုကဲ့သို့ မြန်မာ အဆိုတော်များကို ခေါ်ယူကာ စင်တင်ပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါ ကုမ္ပဏီက ကြေညာခဲ့သည်။

R ဇာနည်နှင့် ပရိသတ် ဤကဲ့သို့ ဟန်ချက်ညီညီ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

လာရောက် အားပေးကြသည့် ပရိသတ်များသည် ယမန်နှစ်က ဘန်ကောက် မဟာချိုင်ဒေသတွင် ဖျော်ဖြေမည်ဟု ကြေညာပြီးမှ ပွဲပျက်ခဲ့ဖူးသည့် R ဇာနည်ကို အထူး အားပေးကြောင်း တွေ့ရသည်။

R ဇာနည်ကို အမျိုးသားထက် အမျိုးသမီး ပရိသတ်များက ပိုမို အားပေးကြသည်။ ရုံဝင်လာသူ များထဲတွင်လည်း အမျိုးသား ပရိသတ်ထက် အမျိုးသမီး ပရိသတ်က ပိုမိုများပြား နေသည်ကို တွေ့ရသည်။

အဆိုပါ စင်တင်ပွဲတွင် R ဇာနည်နှင့် အတူ နောနော်၊ L ဆိုင်းဇီ၊ ဟန်ထွန်း၊ ထိုင်းအဆိုတော် စင်နှင့် ကောင်းဆက်တို့ ဖျော်ဖြေခဲ့ကြပြီး The Tree Band က တီးခတ်သည်။
မူလက ရုံဝင် လက်မှတ်များကို ၅၀၀၊ ၃၅၀၊ ၂၅၀ ဟု ကြေညာ ထားသော်လည်း တကယ်ရောင်းချသောအခါ ၃၅၀ တန် လက်မှတ်များကိုသာ ရောင်းချသဖြင့် ပိုက်ဆံမတတ်နိုင် သူတချို့မှာ အဝေးက လာခဲ့ရပြီး ရုံပြင်မှနားထောင်ကြရသည်ဟု ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ ကိုအောင်မြင့်သိန်းက ပြောသည်။

“ရုံထဲဝင်တာ လူ ၂၀၀၀ အထက်ရှိတယ်၊ အပြင်မှာလည်း အများကြီးပဲ။ တချို့က ၂၅၀ တန်းပါတယ် ဆိုလို့ လာတာ၊ ၃၅၀ မတတ်နိုင်လို့ မဝင်ရဘူး” ဟု သူက ဆိုသည်၊

အဖွင့်တွင် ထိုင်းအဆိုတော် စင် ကသီဆိုပြီး ကောင်းဆက်က “အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့ ဆိုသည့် သီချင်းဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေသည်။

နောနော်နှင့် Lဆိုင်းဇီတို့ကလည်း သူတို့၏ ကျော်ကြားသော သီချင်းများဖြင့် ဖျော်ဖြေသကဲ့သို့ ဟန်ထွန်းကလည်း သူ့စတိုင်အတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

R ဇာနည်က နောက်ဆုံး ဖျော်ဖြေသည်။ တချို့နေရာများတွင် လုံခြုံရေး ၀န်ထမ်းများ အနည်းငယ် ကြမ်းတမ်းစွာ ထိန်းသိမ်းနေရသည်။

Rဇာနည်က “ကျနော့်ကို အခုလို လာရောက်အားပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့  ပျော်ပျော်ရွှင်ရွှင် သီဆိုဖျော်ဖြေလို့ရအောင် စည်းကမ်းရှိရှိ အားပေးကြပါ။ တာဝန်ယူတဲ့ သူတွေနဲ့လည်း ပြဿနာမဖြစ်အာင် အားပေးကြပါ” ဟု မေတ္တာရပ်ခံခဲ့သည်။

လာရောက်ကြည့်ရှု အားပေးသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနှစ်ချိုက်ဆုံးမှာ R ဇာနည်၏ “ကိုယ့်အနားရှိစေချင်” သီချင်းဖြစ်သည်။ ပရိသတ်က “ရေမြေခြား သွားရတော့၊ မင်းလေးကို ထားခဲ့ရပြီပေါ့၊ မျက်ကွယ်ရာမှာ၊ စိတ်ချပါရစေ” အစရှိသည့် တေးသွားကို လိုက်လံသီဆိုကြသည်။

R ဇာနည်က စုစုပေါင်း သီချင်း ၇ ပုဒ်ဖြင့် ဖျော်ဖြေသွားခဲ့သည်။ ၇ နာရီကျော်မှ စတင်သော ဖျော်ဖြေပွဲသည် ည ၁၀ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

“ဒီညတော့ ဘယ်လိုပျော်မှန်းကို မသိဘူး၊ အရမ်း ပျော်တယ်။ R ဇာနည်က ကျမတို့ အသည်းစွဲလေ” ဟု ရှေ့ဆုံးတွင် ကြည့်ကာ ပန်းစည်းဆက်ခဲ့သည့် မမျိုးမျိုးကဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာအဆိုတော်များကို အစဉ် မျှော်လင့်နေ ကြသည်ကို တွေ့ရသည်။

R ဇာနည်နှင့် အဖွဲ့သည် ဤပွဲမတိုင်ခင် ပထုံဌာနီခရိုင် ခလုန်လွန်မြို့သစ်တွင်လည်း ဇန်န၀ါရီလ ၂၂ ရက်နှင့် ၂၃ရက်နေ့ များက ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ လာမည့် ဇန်န၀ါရီလ ၂၈ရက်နှင့် ၂၉ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ကုန်ဈေးတန်းဈေးတွင် ဆက်လက်ဖျော်ဖြေမည်ဟု သတင်းရရှိသည်။

ယမန်နေ့ညက ကျင်းပသည့် ပွဲအပါအဝင် ဘန်ကောက် ငါးသေတ္တာ စက်ရုံတွင် မြန်မာအဆိုတော်များနှင့် ကျင်းပသည့် စင်တင်ပွဲမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ အဆိုတော်လေးဖြူပါဝင်သည့် Iron Cross စင်တင်ပွဲဖြစ်ပြီး ထိုင်းအာဏာပိုင်တို့က ဝင်ရောက် ဖမ်းဆီးမှုရှိခဲ့သည်။ ဒုတိယအကြိမ်မှာ နောနော်နှင့် တခြား အဆိုတော်များ၏ ဖျော်ဖြေပွဲ ဖြစ်သည်။


Read more...

မယ်ဆိုင် ဖိနပ်ချုပ် စက်ရုံ အလုပ်သမားများ ဆန္ဒပြ

Tuesday, 26 January 2010 19:15 ဘစောတင်
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ OSAKAMARUNI (Thailand) Co. Ltd ဖိနပ်ချုပ် စက်ရုံတွင် ထိုင်း အလုပ်သမားများကို လုပ်ခတိုးပေး သကဲ့သို့ လုပ်ခတိုးပေးရန် ပြီးခဲ့သည့် စနေနေ့က ဆန္ဒပြ တောင်းဆိုသော မြန်မာအလုပ်သမား ၇၀ ကျော်ကို အလုပ်ရှင်က စက်ရုံမှ ထွက်ခွာသွားရန် ဖိအားပေး အကျပ်ကိုင်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယခုလမှစ၍ ထိုင်းအလုပ်သမားများကို တနေ့လျှင် ဘတ် ၃၀ ကျစီ တိုးပေးသဖြင့် မြန်မာအလုပ်သမားများ ကလည်း ၁၀ ဘတ်စီ တိုးပေးရန် နေ့တ၀က် အလုပ်ရပ်ဆိုင်း၍ တောင်းဆိုသည်ကို မလိုက်လျောသည့်အပြင် အလုပ်မှထွက်သွားရန် နှင် ထုတ်ခံခဲ့ရသည်ဟု အလုပ်သမားကိုယ်စားလှယ် တဦးကပြောသည်။

“စနေနေ့ နေ့လယ် ၁ နာရီကစပြီး ကျမတို့က မြန်မာအလုပ်သမားတွေကို လုပ်ခ ၁၀ ဘတ်စီတိုးပေးဖို့ တောင်းဆိုကြတယ်၊ ဘာလို့လဲဆိုတော့ ထိုင်းတွေကျတော့ ဘတ် ၃၀စီတိုးပေးပြီး ကျမတို့ကိုတော့ တပြား မှ မတိုးပေးတဲ့အပြင်နင်တို့ ၇၂ယောက်လုံး မလုပ်ချင်ထွက်လို့ မောင်းထုတ်တယ်ရှင့်၊ ဒါ့ပြင် အားလုံးကို ဦးဆောင်တဲ့ ကျမတို့ ၄ယောက်ကို စနေနေ့ နေ့တ၀က် အလုပ်ပျက်လို့စက်ရုံက ဆုံးရှုံးနစ်နာမှုအတွက် ဘတ် ၁၆၀၀၀၀ လျော်ပေးရမယ်လို့ မန်နေဂျာကပြောတယ်”ဟု ၎င်းကဆိုသည်။

အလုပ်သမားကိုယ်စားလှယ်က ဆက်လက်ပြီး“ကျမတို့အားလုံး ဘတ် (အလုပ်သမားလက်မှတ်) ရှိပေမယ့် စက်ရုံက ပေးမကိုင်ဘူး၊ သိမ်းထားတယ်၊ ကျမတို့က အလုပ်သမားလက်မှတ်ရှိရင် ယာယီ ပတ်စ်ပို့ လုပ်ထား ရင် အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရမယ်ထင်လို့ လုပ်ကြတာ၊ အခုတော့ မရတဲ့အပြင် ကျမတို့ကို တောင် ပြန်ပြီး လျော်ကြေးတောင်းနေတယ်”ဟုလည်း ပြောဆိုသည်။

အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမား (၇၂)ဦးလုံးတွင် အလုပ်သမား လက်မှတ်ရှိကြပြီး ယာယီနိုင်ငံကူး လက် မှတ်ပြုလုပ်ရန်လည်း လျှောက်ထားကြသည်ဟု သိရသည်။

ယင်း အလုပ်ရှင် အလုပ်သမားပြဿနာကို မြန်မာရွှေ့ ပြောင်းအလုပ်သမား အရေးနှင့်ပတ်သက်ပြီး ကူညီပေး နေသည့် MAP ဖောင်ဒေးရှင်းမှ ဖြေရှင်းပေးနိုင်ရန် စီစဉ်နေသည်ဟု တာဝန်ခံတဦးကပြောသည်။

MAP အဖွဲ့မှ တာဝန်ယူကူညီပေးသူ ကိုအေးက“အလုပ်ရှင်က လုပ်ခတိုးပေးတဲ့အခါ သူတို့ကိုလဲတိုးပေးဖို့ တောင်းဆိုတဲ့ မြန်မာတွေကို မောင်းထုတ်တယ်၊ အဲဒီစက်ရုံက အလုပ်သမားတွေကို တနေ့ ဘတ် ၈၀ ပဲ ပေးပြီး ၁၅၇ ဘတ်ရတယ်လို့လက်မှတ်ထိုးပေးရတယ်ဗျ၊ ဒါ့အပြင် ရဲကိုခေါ်ပြီး ဒီအလုပ်သမားတွေကို ဖမ်းခိုင်း တယ်၊ ဒါပေမယ့် အားလုံးမှာ ဘတ် တွေရှိတော့ ရဲကဖမ်းမရဘူး၊ အလုပ်သမားတွေက အလုပ်သမား အခွင့် အရေး ကာကွယ်ရေးအဖွဲ့ ကိုလည်း တိုင်ထားတယ်”ဟု ပြောသည်၊

ကိုအေးသည် မြန်မာအမည်ခံယူထားသော MAP ဖောင်ဒေးရှင်းမှ ထိုင်းအမျိုးသား ၀န်ထမ်းတဦးဖြစ်သည်။

ထိုင်းနိုင်ငံ ဥပဒေအရ ယင်းဒေသတွင် အလုပ်သမား တဦး၏ တနေ့ လုပ်ခမှာ ၁၅၇ ဘတ် ဖြစ်သော်လည်း မြန်မာအလုပ်သမားများကို ဘတ် ၈၀ ဖြင့် လုပ်အားခ ရှင်းပေးကြောင်း၊ တချို့လုပ် သက် ၈ နှစ် ၉ နှစ်ရှိသူ များကိုမူ ဘတ် ၁၂၀ ကျစီ ရှင်းပေးကြောင်း သိရသည်။

အဆိုပါ စက်ရုံမှ မန်နေဂျာကလည်း အလုပ်သမားများကို အလုပ်မှထွက်သွားလိုပါက မိမိဆန္ဒဖြင့် ထွက်သွား သည့် ပုံစံဖြစ်စေရန် လက်မှတ်ထိုး၍ ထွက်ကြရမည်ဖြစ်ကြောင်း ဖိအားပေးလျှက်ရှိသည် ဟုသိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “နဂိုကတည်းကိုက ပေးသင့်တဲ့ ၁၅၇ ဘတ်ကို မပေးတဲ့အပြင် လုပ်အားခကိုလည်း ခေါင်းပုံဖြတ်သေး ပြီးတော့ ခြိမ်းခြောက်တာတွေလည်း လုပ်တယ်လေ၊ အခုလို တရားဥပဒေကို လိမ်ညာထားတဲ့အတွက် ဒီစက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိသူတွေဟာ ထိုက်သင့်တဲ့အကျိုးဆက်ကို ရင်ဆိုင်ရမှာ ဧကန်မုချပါပဲ”ဟု ပြောဆို သည်။

OSAKA -MARUNI (Thailand) Co. Ltd မှာ ဂျပန်လူမျိုး သူဌေး ပိုင်ဆိုင်ကြောင်း၊ စက်ရုံတွင် အလုပ်သမား ၁၅၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၇၂ဦးရှိကြောင်း သိရသည်။ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ဆို သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်။

Read more...

Friday, January 15, 2010

မဲဆောက်ကမ်းနားတွင် သေနတ်ပစ်မှု တခုဖြစ်ပွား



ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ် ကမ်းနားဖူးတွင်
ဇန်န၀ါရီလ ၉ရက်နေ့ကကမ်းနားစင်္ကြံ တွင် သားကြီး(အမိုးနီ စက်ရုံ တွင် အလုပ် လုပ်ခဲ့
ဘူးသူ) ထိုင်နေစဉ် အမည်မသိ အရပ်ဝတ် ၂ဦး က အတင်း ၀င်ရောက် ဖမ်းချူပ်ထိုးကြိတ်
ခဲ့ ရာ သားကြီး က အတင်း ရုန်းထွက်ပြီး အနီးအနားရှိ လူများအား အကူအညီ တောင်းရာ
လူအချို့ ရောက် လာစဉ် လူ၂ဦး ထဲမှ တယောက်က သေနတ်ထုတ် ၍ အနားကပ်ရင် ပစ်
မယ် ဟု ခြိမ်းခြောက် သဖြင့် မည်သူမှ မ၀င်ရောက် ရဲဘဲ ရှိစဉ် သားကြီးက ချုပ်ထားသူ
လက်မှ ရုန်းထွက်ပြီး လူအုပ်ကြား ထဲ ပြေးဝင် သဖြင့် နောက်မှ သေနတ် ဖြင့် ၂ချက်ပစ်
လိုက်ရာ ၁ချက်မှာနောက်ကျောယာဘက်သို့ထိမှန်သွားပြီးလဲကြ သွားသဖြင့် အနီးရှိ
ကုန်ထမ်း သမား ကလေးတဦးက သူ ယခင်က အလုပ်လုပ် ခဲ့ဘူးသော စက်ရုံ သို့သွား၍
အကြောင်းကြား ပေးခဲ့ ပါသည်။


စက်ရုံ မှ အလုပ်သမားများရောက်လာပြီး ဆေးရုံသို့ ပို့ပေးခဲ့ ရပါသည်၊ ဆေးရုံရောက်ပြီး
၃း၃၀ ခန့်တွင် ခွဲစိတ်ခန်းသို့ဝင်ပြီး ၆း၃၀ ခန့်တွင် အရေးပေါ်သို့ ပြန်ရောက်ခဲ့ ပါသည်။
ဆေးရုံက ၅၀ရာခိုင်နှန်းကောင်းသွား ပြီဟု ပြောသော်လည်း ၇း၃၀ ခန့် တွင် သေဆုံး
သွားပါ သည်။
မည်သည့် အကြောင်းဟု သေချာစွာ မပြောနှိုင်သေးပါ။

Read more...

Sunday, January 10, 2010

ဒုက္ခသည်အမျိုးသမီးများအပေါ် နှိပ်စက်မှုများ ထိုင်းဥပဒေအရ အရေးယူနိုင်ရန် အိုင်အာစီ ကူညီ

ဝီရ / ၇ ဇန်န၀ါရီ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးငယ်များအား နှိပ်စက်ညှဉ်းပန်းမှုများကို အကာအကွယ် ပေးရန် ထိုင်းနိုင်ငံ ဥပဒေကြောင်းအရ အပြစ်ပေး၊ အရေးယူမှုများ အောင်မြင်မှုရရှိလာကြောင်း ယင်းအမှုများကို လိုက်လံဖြေရှင်း ပေးနေသည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (အိုင်အာစီ) က ပြောကြားသည်။

ဒုက္ခသည် အမျိုးသမီးများအပေါ် မုဒိမ်းမှုအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် မဲဟောင်ဆောင်နှင့် မဲဆောက်ခရိုင်ရှိ ဒုက္ခသည်စခန်း (၂) ခုအတွင်း၌ ၂၀၀၇ ခုနှစ်ကတည်းက တရားဝင်ဖွင့်လှစ်ထားရှိသည့် ထိုင်းဥပဒေသည် စခန်းများအတွင်း၌လည်း သက်ရောက်အကျုံးဝင်မှုရှိသည်ကို အများပြည်သူတို့က သိရှိနားလည်လာကြောင်း အိုင်အာစီက ပြောသည်။

အိုင်အာစီမှ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Shane Scanlon က “ထိုင်းဥပဒေဟာ ဒုက္ခသည်တွေအတွက်လည်း သက်ဝင်လှုပ်ရှား နေတယ်ဆိုတာ ဒုက္ခသည်တွေရဲ့ စစ်တမ်းအရဆို အရင်က သူတို့ မသိကြသေးဘူး။ ဒါပေမယ့် အခု တဖြည်းဖြည်း ပြောင်းလဲ လာပြီ” ဟု ပြောကြားသည်။

ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းအတန်ကြာ မျှော်လင့်ချက်ကင်းမဲ့စွာ နေထိုင်ရခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းတို့ကြောင့် ဒုက္ခသည်များအကြား နှိပ်စက်ညှဉ်းပန်းမှုဖြစ်စဉ် များပြားလာရခြင်းဖြစ်ကြောင်း အိုင်အာစီက ထောက်ပြထားသည်။

မဲဟောင်ဆောင်ခရိုင် Ban Mai Nai Soi (နိုင်ဆွန်) ကရင်နီဒုက္ခသည်စခန်းတွင် နေထိုင်သူ အမျိုးသမီးတဦးကို ကွာရှင်းထားသည့် လင်ယောက်ျားက နှိပ်စက်ညှဉ်းပန်းမှုကို အိုင်အာစီက ထိုင်းဥပဒေအရ တရားရုံးတွင် ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း၊ နှိပ်စက်သူ အဆိုပါအမျိုးသားကို မဲဟောင်ဆောင် ထိုင်းတရားရုံးက ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့ကြောင်း အိုင်အာစီ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းထဲက ဒီလိုမှုခင်းမျိုးမှာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်စီရင်နိုင်ခဲ့တာ စံပြအနေနဲ့ ဖြစ်တယ်။ အလားတူ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အောင်မြင်နိုင်ဖို့ ပိုပြီး လမ်းစပွင့်သွားစေပါတယ်” ဟု အိုင်အာစီ တာဝန်ခံက ပြောသည်။

လူကုန်ကူးမှု၊ ညှဉ်းပန်းသတ်ဖြတ်မှု၊ မုဒိမ်းမှုကဲ့သို့သော ပြစ်မှုတို့ကြောင့် အလားတူ အကာအကွယ်လိုအပ်နေသည့် ဒုက္ခသည်ပေါင်း (၁,၀၀၀) ကျော်ကိုလည်း အိုင်အာစီက ၎င်းတို့၏ အကူအညီပေးရေးရုံးများတွင် စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ပြစ်မှုများကို ဒုက္ခသည်စခန်းများတွင် လိုက်လံစုံစမ်းနိုင်ရန် ဒုက္ခသည် အမျိုးသမီး (၁၅) ဦးကိုလည်း ပညာပေး အစီအစဉ်များနှင့် ဖိနှိပ်ခံရသူများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် အိုင်အာစီက ခန့်အပ်ထားရှိသည်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ (အိုင်အာစီ) သည် ၁၉၃၃ ခုနှစ်မှစ၍ ကမ္ဘာတလွှား အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု ပြဿနာ အရပ်ရပ်ကြောင့် အတိဒုက္ခရောက်နေသူများနှင့် ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားရေး အကူအညီများနှင့် ၎င်းတို့၏ဘ၀ရည်မှန်းချက်များ ပြည့်ဝစေရေးအတွက် ကူညီဖြည့်ဆည်းပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။




Read more...

မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ


အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။

“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။

“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။

စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။

အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။

ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

Read more...

ယဇ်ပူဇော်မည် ဆိုသောကြောင့် မြန်မာအလုပ်သမားတို့ အလုပ် မဆင်းရဲ


ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့တွင် တည်ဆောက်ဆဲ တံတားတခုအတွက် လူ ဦးခေါင်း ၁၀၀ ကို ဖြတ်၍ ယဇ်ပူဇော်မည် ဟူသော ကောလာဟလကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရွံ့နေကြသည်ဟု ထိုဒေသရှိ မြန်မာအလုပ်သမားများက ပြောသည်။

ထိုသို့ ယုံကြည်နေကြခြင်းမှာ မှားယွင်းနေကြောင်း၊ သို့သော်လည်း ထိုဒေသရှိ မြန်မာ နှင့် ထိုင်း အလုပ်သမားများ အတွက် လုံခြုံရေး ယူပေးမည်ဖြစ်ကြောင်း ဖန်ငခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတဦးက ထိုင်းနိုင်ငံ အမှတ် ၇ ရုပ်မြင်သံကြားဌာနသို့ ပြောသည်။

bridge

ဖန်ငဒေသမှ ဆာရာစင် တံတား ဆောက်လုပ်ရေး စီမံကိန်းအတွက် ဦးခေါင်း ၁၀၀ စတေးမည်ဟူသော ကောလာဟလကြောင့် ထိုဒေသမှ အလုပ်သမားအများအပြား စိုးရိမ်နေကြသည်ဟု ဆိုသည်။ (ဓာတ်ပုံ - www.thairath.co.th)

“ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းနေပါတယ်၊ ဒါပေမယ့် ခေါင်းဖြတ်ခံရတဲ့ လူတွေကို မတွေ့ပါဘူး၊ အလုပ်သမားတွေကို အလုပ် ပုံမှန် ပြန်လုပ်ကြပါလို့ တိုက်တွန်းထားတယ်” ဟု အဆိုပါ ရဲမှူးကြီးက ရှင်းပြသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ပြီး မြန်မာအလုပ်သမားများသာမက ထိုဒေသရှိ ထိုင်းလူမျိုးများကလည်း တံတားနှင့် ပတ်သက်သည့် သတင်းအမှားများကို ယုံကြည်နေကြသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ပြောသည်။

ဖူးကက်မြို့ နှင့် ဖန်ငမြို့ကြား ဆက်သွယ်သည့် ထိုတံတားသည် ဆာရာစင် ဟု အမည်ရပြီး တံတားဟောင်း တခုကို ဖျက်၍ အသစ်ဆောက်နေခြင်း ဖြစ်သည်။

ကောလာဟလ ထွက်ပေါ်လာပြီး နောက်ပိုင်း နေ့ခင်းဘက်တွင် အလုပ် လုပ်ကိုင်ကြသူများ ရှိသော်လည်း ညဘက်တွင် လုပ်ငန်းခွင်ဝင်ရန် မဝံ့ရဲကြကြောင်း သိရသည်။

“ညဘက် အလုပ်ဆင်းရင် ခေါင်းလိုက်ဖြတ်တယ်ဆိုတဲ့ သတင်းကို အလုပ်လိုချင်တဲ့သူတွေက ဖြန့်တာ ဖြစ်ဖို့ များတယ်။ ရော်ဘာစေးခြစ်တဲ့အလုပ်သမားက ကြောက်ပြီး အလုပ်မဆင်းရင် အလုပ်ရှင်က လူသစ်ခေါ်ပြီး ခန့်လိုက်တာပဲ။ စကားက တဖြည်းဖြည်းနဲ့ ကားသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ထိုဒေသမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

“လူသတ်မှုတွေကလည်း ရော်ဘာခြံတွေမှာ ရံဖန်ရံခါ ဖြစ်နေတော့ တချို့ကလည်း ရော်ဘာ မခြစ်ရဲကြဘဲ စိုးရိမ်နေကြတယ်” ဟု ထိုဒေသတွင် အခြေစိုက်ပြီး အလုပ်သမားအရေး လုပ်ကိုင်နေသော GHRE အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

တံတား ဆောက်ရန် အတွက် ယဇ်ပူဇော်ရမည် ဟူသော အယူအဆမှာ ယခုခေတ်ကြီး၌ မရှိတော့သဖြင့် မကြောက်ကြရန်၊ လုပ်ငန်းခွင်သို့ ဝင်ရန် လိုက်လံ တိုက်တွန်းနေရသည်ဟု ဦးထူးချစ်က ရှင်းပြသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

Read more...

ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ



ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့သည့် မြန်မာ အလုပ်သမ ၆၀၀ ကျော်သည် ဖိအားပေးအကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။
ထိုစက်ရုံမှ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် မြန်မာအလုပ်သမ များကို တွေ့သည့်နေရာ၌ ရန်မူနေ သဖြင့် အလွန်တရာ စိုးရိမ်နေရကြောင်း မြန်မာအလုပ်သမ တဦးဖြစ်သူ မအိအိခင်က ဧရာဝတီသို့ ယနေ့ တွင် ပြောသည်။

“အခု ကျမတို့ကို လူကြီးတွေက အလုပ်ဆင်းဖို့ ခေါ်ခိုင်းနေတယ်၊ အဓိကကျတဲ့ လူကြီး လေးယောက်ကို ပြော ခိုင်းထားတယ်၊ အခု သူတို့ လေးယောက်မရှိဘူး။ ရှောင်နေကြတယ်၊ လူကြီးတွေ ဘာပြောမလဲဆိုတာကို ကျမတို့စောင့်နေတယ်။ ကျမတို့ဘက်ကတော့ ပြောစရာဘာမှမရှိတော့ဘူး၊ ပြန်မယ်ဘဲပြောထားတယ်၊ အလုပ်ရှင်ကတော့ အတင်းစည်းရုံးနေတယ်။ ရန်ကုန်က အေးဂျင့် ကလည်း ဘာမှမဆက်သွယ်လာဘူး၊ ရန်ကုန်ကမိဘတွေ ဖုန်းဆက်လာတာကတော့ စည်းစိမ်သစ်က ဦးအေးမြင့် ဂျော်ဒန်ကိုလာနေတယ်လို့ ပြော တယ်၊ ခုအချိန်ထိတော့ ဘယ်သူမှ ရောက်မလာသေးဘူး၊ ဖြစ်နိုင်ရင် အမြန်ဆုံးလာပေးကြပါ၊ ဒီမှာ မိုးလင်း ရင် ရေမီးအကုန်ပိတ်ပစ်တယ်။ အ ပြင်လည်းမထွက်ရဲဘူး ရဲကလည်းကြောက်ရတယ်။ ဘင်္ဂလား တွေက လည်း ဗမာတွေကိုတွေ့ ရင် လုပ်မယ်ဆိုတာချည်းပဲ၊ ဂျော်ဒန်မှာ မြန်မာအလုပ်သမားရှိတဲ့ စက်ရုံနှစ်ရုံ ရှိတယ်၊ ကျမတို့ စက်ရုံက အာမခံပေးမယ့်လူမရှိဘူး” ဟု ၎င်းက ပြောပြသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမ ၆၀၀ ကျော်ထဲမှ အလုပ်သမားကြီးကြပ်ရေးမှူး (စူပါ) အဆင့်ရှိ သူ လေး ဦး ရှိကြောင်း၊ ယင်းစူပါလေးယောက်ကို အလုပ်သမားများအား အလုပ်ပြန်ဆင်းရန် အတင်းအဓမ္မ ဖိအားပေး စေခိုင်းနေသော်လည်း အလုပ်သမများက မဆင်းဟု တင်းခံနေသဖြင့် စူပါ လေးဦးမှာ ရှောင် တိမ်းနေသည် ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အလုပ်သမားက မြန်မာအလုပ်သမ မအေးမြတ်စန္ဒာ ဆို သူကို ရန်ရှာ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ၆ ရက်နေ့တွင် ယင်း ဘင်္ဂလားဒေ့ရှ်အလုပ်သမားကို အရေးယူပေး ရန် မြန်မာ အလုပ်သမများက အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင် က မည်သို့မျှ အရေးမယူဘဲ မြန်မာအလုပ်သမများကိုသာ အလုပ်ဆင်းရန် ဖိအားပေးလျှက်ရှိကြောင်း သိရ သည်။

စက်ရုံအလုပ်သမ တဦးဖြစ်သူ မနှင်းနှင်းဝေက“အစက ကျမတို့ မြန်မာအလုပ်သမတွေဟာ ကိုယ်လူမျိုး အချင်းချင်း တလိုင်းတည်းလုပ်ကြတယ်။ ဟိုတလောက အလုပ်အရေးကြီး တယ်ဆိုပြီး လူတွေကို ရောပစ် တယ်၊ ကျမတို့က ဘင်္ဂလားဒေ့ရှ်၊ သီရိ လင်္ကာတွေနဲ့ အတူတူ ကျတယ်။ သူတို့ က ယောက်ျားလေးတွေ ဆိုတော့ ကျမတို့ က မလုပ်ချင်ဘူး၊ ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ပြန်လုပ်မယ်လို့ ပြောနေကြတာကို ဒီကုလားတွေက နားညီး တယ် ဘာညာနဲ့ပြောရာက စဖြစ် တာ၊ အေးမြတ်စန္ဒာ ကို ကုလားက ပါးသုံးချက် ဆင့်ရိုက်ပစ်တာ အခုထက်ထိ ပူထူပြီး ခံနေရတုန်းပဲ။ ဒါကြောင့် ကျမတို့ ဗမာတွေကို ဒီ ဘင်္ဂလားဒေ့ရှ်တွေ က မတရားချတယ်ဆိုပြီး မကျေနပ်လို့ စက်ရုံက လူကြီးတွေကို သွားပြောတယ်၊ အဲဒါကို ကုလား တွေက ခါးပတ်တွေနဲ့ရိုက်တယ်။ ကပ်ကြေးနဲ့ ပစ်တယ်။ ချည်လုံးတွေနဲ့ရော စုံနေတာပဲ၊ စန်းသီတာဆိုရင် ခါးပတ်နဲ့ အရိုက်ခံရလို့ ခေါင်းမှာ နှစ်ချက်ချုပ်လိုက်ရတယ်၊ အခြား လက်တွေ ခြေထောက်တွေ နာတဲ့လူတွေလည်း အများကြီးပဲ” ဟု ပြောပြသည်၊

မအေးမြတ်စန္ဒနှင့် မစန်းသီတာတို့ ၂ ဦးလုံး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဂျော်ဒန်နိုင်ငံတွင် လာရောက် အလုပ်လုပ် နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

မနှင်းနှင်းဝေ၏ မိခင် ဒေါ်တင်တင်အုန်းကလည်း“ကျမအရမ်းကို စိုးရိမ်မိတယ်၊ ကျမသမီးလေးတို့ ဟာ အရမ်း ဒုက္ခရောက်နေတာကို ဖုန်းဆက်ပြောပြလို့ ကျမအိပ်လို့လည်းမရဘူး၊ အဲဒီမှာက မိန်းကလေးတွေချည်းပဲ ဆိုတော့ နိုင်စားတဲ့ လူတွေကလည်း အနိုင်ကျင့်ချင်ကြတာပေါ့လေ၊ မိန်းကလေးတယောက်ကို ယောက်ျား ကြီး တွေက ပါးရိုက်တာ။ အားကိုးရာမဲ့ ကလေးမတွေကို ဆက်လက်အနိုင်ကျင့်နေတာကတော့ တစက်မှ မတရားပါဘူး၊ ကျမတို့ သမီးလေးတွေကို ကယ်ကြပါလို့ပဲ ပြောပါရစေ”ဟု ပြောသည်။

ဒေါ်တင်တင်အုန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အထည်ချုပ်စက်ရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ် သည်။

ဆန္ဒပြသည့်နေ့မှစ၍ ရေဖြတ်၊ မီးဖြတ်၊ ချက်ပြုတ် သုံးစွဲရန် ဂက်စ်ဖြတ်ခြင်းတို့ကို ခံထားရသဖြင့် မြန်မာ အလုပ် သမများသည် စားရေးသောက်ရေးအလွန်ခက်ခဲလျှက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား၏ အန္တရာယ်ကိုလည်း စိုးရိမ် နေရကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမများကို ဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော ရန်ကုန်မြို့ရှိ စည်းစိမ်သစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက “ဂျော်ဒန်မှာရှိတဲ့ မြန်မာအလုပ်သမတွေကို အတင်းအဓမ္မ ပြန်ခိုင်းနေတာ မဟုတ်ပါဘူး ခင်ဗျား မဟုတ်ပါ ဘူး”ဟုသာ ပြန်လည် ဖြေကြားသည်။

အဆိုပါ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ လာရောက် အလုပ်လုပ်သော အမျိုးသားတဦးမျှမရှိဘဲ မြန်မာ အမျိုးသမီးများသာရှိကြောင်း သိရသည်။

Read more...

Sunday, December 27, 2009

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

ဒီဇင်ဘာ ၂၅၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)
Friday, December 25, 2009


ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေး

ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။


Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP