Facebook Badge

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Sunday, December 27, 2009

တောင်းဆိုမှုလုပ်သူ အလုပ်သမား များပြားလာ

ရန်ကုန်တွင် အလုပ်သမားများက ၎င်းတို့၏လိုအပ်ချက်များကို အလုပ်ရှင်များထံ တောင်းဆိုမှုများ ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမားများက လုပ်အားခတိုးမြှင့် တောင်းဆိုခဲ့ကြပြီး နောက်ပိုင်း ယခုကဲ့သို့ များလာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

ရန်ကုန်တွင် အလုပ်သမားများက ၎င်းတို့၏လိုအပ်ချက်များကို အလုပ်ရှင်များထံ တောင်းဆိုမှုများ ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမားများက လုပ်အားခတိုးမြှင့် တောင်းဆိုခဲ့ကြပြီး နောက်ပိုင်း ယခုကဲ့သို့ များလာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းက “လှိုင်သာယာစက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ်စက်ရုံနဲ့ ဆန်နီ ဖိနပ်စက်ရုံက စတဲ့ဇတ်လမ်းပဲ။ အလုပ်သမားတွေ အခု လုပ်အားခတိုးမြှင့်တောင်းတာတွေ များလာတယ်” ဟု ပြောသည်။

လှိုင်သာယာတွင် ယင်းသို့ တောင်းဆိုမှုဖြစ်နေသည်မှာ အချိန်ကြာနေပြီဖြစ်ကြောင်း၊ ဆန်နီဖိနပ်စက်ရုံတွင် ပိုင်ရှင်ဖြစ်သူနှင့် ညှိနှိုင်းဖြေရှင်းလိုက်ကြသည်ဟု ကြားရကြောင်း၊ သို့သော် ယခုတကြိမ် Weng Hong Hung အထည်ချုပ်စက်ရုံတွင် လုပ်အားခတိုးမြှင့်တောင်းဆိုမှု (၃) ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ(၁၇) ရက်တွင် အကြီးအကျယ်ဖြစ်ကာ ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ အလုပ်သမား ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်၊ ပြည်ထဲရေးရဲတပ်ရင်း ကွပ်ကဲရေးမှူးချုပ် ရဲမှူးကြီး မြင့်စိန်နှင့်အဖွဲ့တို့ လာရောက်ခဲ့ကြကြောင်း အအေးခန်း စက်ရုံတရုံမှ မန်နေဂျာတဦးက ပြောသည်။

၎င်းက “အဲဒီနေ့မှာ အကြီးအကျယ်ဖြစ်တာ။ သူဌေးက သူတို့တောင်းတဲ့ နေ့တွက်ကြေး (၅၀) ကျပ်ကို (၃၀) ကျပ်ပေးတယ်။ ဖယ်ရီကားနှုန်း (၈၀) ပဲ ပေးတာကို အပြည့်မရလို့ အပြည့်ပေးဖို့တောင်းတယ်။ ဒါတွေကို မရလို့ ရုတ်ရုတ်သဲသဲဖြစ်တယ်။ အခု ဒီကိစ္စကို လှိုင်သာယာမြို့နယ်က အလုပ်ရုံနဲ့အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက အရာရှိတွေက ညှိပေးလိုက်တယ်။ နေ့တွက်ကြေးကို (၄၀) ကျပ်နဲ့ ဖယ်ရီကြေးကို (၁၀၀) ကျပ်ပေးလိုက်တယ်။ အဲဒါကတော့ တကယ့်ကို ကြိုဆိုသင့်တဲ့ ကိစ္စရပ်ပါပဲ” ဟု ပြောသည်။

သို့သော် ယခုအချိန်တွင် စက်ရုံအလုပ်သမားများက ရသည့်လစာနှင့် မိသားစုစားဝတ်နေရေး ဖြေရှင်းရန် မလုံလောက်သည့်အတွက် လုပ်အားခတိုးမြှင့်တောင်းဆိုနေကြသကဲ့သို့ အလုပ်ရှင်များကလည်း စီးပွားရေးမကောင်းသော ကြောင့် ကုန်ပစ္စည်းများ ပြည်ပသို့မတင်ပို့နိုင်သဖြင့် လုပ်အားခများကို တောင်းသလို မပေးနိုင်သည့်အတွက် အခြေအနေများမှာ အတော်ရင်လေးစရာ ကောင်းနေသည်ဟု အဆိုပါ အအေးခန်းစက်ရုံမန်နေဂျာက ပြောသည်။

၎င်းက “လာမယ့် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်က နိုင်ငံရေး အေးချမ်းတည်ငြိမ်နေဖို့လိုတယ်။ ဒါပေမယ့် အခု အလုပ်သမားတွေက တောင်းဆိုမှုတွေ လုပ်လာတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲအတွက်လည်း ရင်လေးစရာတခု ဖြစ်နေတယ်။ လူတွေအားလုံး အဆင်မပြေကြဘူး” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်မျိုး အခြားစက်မှုဇုန်များမှ အလုပ်သမားများ ထပ်မံပြုလုပ်လာမည်ကိုလည်း နအဖစစ်အစိုးရက အလွန်စိုးရိမ်နေကြောင်း စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုအခါ အဆိုပါစက်မှုဇုန်အပြင် အခြား ပုဂ္ဂလိကလုပ်ငန်းများရှိ အလုပ်သမားများကလည်း အလုပ်ရှင်များ၏ နိုင်ထက်စီးနင်း ပြုလုပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် အခြားဥပဒေနှင့် ပတ်သက်သည့်ကိစ္စများကို လာရောက်တိုင်တန်းခြင်းများ ရှိနေပြီဖြစ်ကြောင်း ကျောက်တံတားမြို့နယ် အလုပ်သမားဦးစီးဌာနမှ သိရသည်။

“ကျနော်တို့ဆီကို လာတိုင်တဲ့အမှုတွေကတော့ ဒီရက်ပိုင်းမှာ များလာတယ်။ အဆိုးဆုံး လာတိုင်သူတွေများလာတာက ဂျာနယ်တိုက်တချို့ပါလာတယ်။ ပြီးတော့ ထီဆိုင်က ၀န်ထမ်းတွေပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူက ပြောသည်။





Read more...
ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP