Facebook Badge

Thursday, September 10, 2009

Trend Micro မှ 2010 အတွက် လုံခြုံရေးဆိုင်ရာထုတ်ကုန်များထုတ်လုပ်






Tuesday, 08 September 2009
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက antivirus ကုမ္ပဏီတစ်ခုဖြစ်တဲ့ Trend Micro ဟာ ၂၀၁၀ ခုနှစ်အတွက် လုံခြုံရေးဆိုင်ရာထုတ်ကုန်သုံးခုကိုထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းလုံခြုံရေးထုတ်ကုန်သုံးခုဟာ Trend Micro Antivirus+ AntiSpyware, Trend Micro Internet Security နဲ့ Trend Micro Internet Security Pro တို့ဖြစ်ပြီး Trend Micro Antivirs +AntiSpyware ကိုအမေရိကန် ဒေါ်လာ ၄၀ သတ်မှတ်ထားကာ Trend Micro Internet Security ကို အမေရိကန်ဒေါ်လာ ၁၀ သတ်မှတ်ထားပြီး Trend Micro Internet Security Pro ကိုတော့ အမေရိကန်ဒေါ်လာ ၇၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ Pro ဗားရှင်းတွင် လုပ်ဆောင်ချက်မြောက်များစွာပါဝင်လာပြီး Windows 7 ကို အပြည့်အ၀ထောက်ပံ့ပေးနိုင်ခြင်း၊ USB အတွက် auto-run ကိုပိတ်ပေးထားနိုင်ခြင်း စတဲ့အချက်တွေပါဝင်လာတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီပရိုဂရမ်ဟာ RAM သုံးစွဲမှု ၄၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်တာကြောင့် boot time ကို ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေပြီး quick scan ဟာလည်း Windows Vista နဲ့ Windows XP တို့မှာ ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ကြောင်း Trend Micro ကပြောကြားခဲ့ပါတယ်။ Trend Micro ရဲ့လုံခြုံရေးထုတ်ကုန်များကို စမ်းသပ်သုံးစွဲလိုသူများအနေဖြင့် ရက် ၃၀ အကန့်အသတ်ကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP