Facebook Badge

Thursday, September 10, 2009

Microsoft စာမေးပွဲကြေးများ လျှော့ချဖြေဆိုခွင့်ပြု




Monday, 07 September 2009
မိုက္ကရိုဆော့ဖ်မှ အိုင်တီသမားများအတွက် Job role တစ်ခုမှ အခြားမိုက္ကရိုဆော့ဖ်နည်းပညာအခြေပြု Job role တစ်ခုသို့ပြောင်းလဲရာတွင် အထောက်အကူပေးမည့် Career Campaign အစီအစဉ်တစ်ရပ်ကို ၂၀၀၉ ခုနှစ်နောက်ဆုံး (၄) လတွင် စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Campaign ၏ပထမအဆင့်အဖြစ် သတ်မှတ်စာမေးပွဲ (၇၄) မျိုးအား စာမေးပွဲကြေး 15% မှ 25% ထိ လျော့ချဖြေဆိုခွင့်ပြလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းစာဖြေဌာနများဖြစ်သော Myanmar Inspirations နှင့် Globel net တို့မှသိရှိ ရသည်။ MCTS, MCPD, MCITP အစရှိသော နည်းပညာအောင်လက်မှတ်များပါဝင်သည့် 15% သက်သာခွင့်ပေးမည့် စာမေးပွဲ (၂၄) မျိုး၊ 20% သက်သာခွင့်ပေးမည့် စာမေးပွဲ (၁၅) မျိုး၊ 25% သက်သာခွင့်ပေးမည့် စာမေးပွဲ ၃၃ မျိုးရှိပြီး စက်တင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ (၃) ရက်နေ့အတွင်း ဖြေဆိုနိုင်ကြောင်းသိရသည်။
“စာမေးပွဲကြေးသက်သာခွင့်ကိုရရှိနိုင်ဖို့ http://www.prometric.com/microsoft/curreroffer သို့ စာမေးပွဲဖြေဆိုမည့်သူကိုယ်တိုင် ၀င်ရောက်မှတ်ပုံတင်ပြီး Voucher Code တောင်းယူရပါမယ်။ မည်သူမဆို Voucher Code အမခဲ့တောင်းယူနိုင်ပြီး မိမိဖြေဆိုလိုတဲ့ စာမေးပွဲနံပါတ်နှင့် အမျိုးအစားပါဝင်ခြင်းရှိမရှိ သေချာစွာစစ်ဆေးပြီးမှ တောင်းယူရန်လိုအပ်ပါတယ်” ဟု Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
တစ်ဦးလျှင် တစ်ခုထက်ပိုမိုသော Voucher Code ကိုမယူနိုင်သလို စာမေးပွဲ (၇၄) မျိုးကိုလည်း အရေအတွက်အကန့်အသတ်မရှိ လျော့ဈေးဖြင့်ဖြေဆိုနိုင်ကြောင်း သိရသည်။ ဈေးလျော့ပေးသည့်စာမေးပွဲအမျိုးအစားနှင့် ရရှိနိုင်မည့် မိုက္ကရိုဆော့ဖ် အသိအမှတ်ပြုအောင်လက်မှတ်အမျိုးအမည်တို့ကိုလည်း အထက်ပါအင်တာနက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားကြောင်း Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားခဲ့သည်။
မိုက္ကရိုဆော့ဖ်မှပြုလုပ်သော Career Campaign ၏ပထမအဆင့်အစီအစဉ်အရ MCIS အောင်လက်မှတ်အမျိုးမျိုးကို တပြိုင်နက်ရရှိနိုင်သလို professional အဆင့် MCTIP လက်မှတ်များကို ပါစေနိုင်ကြောင်းသိရသည်။ 25% လျော့ချပေးသော စာမေးပွဲများတွင်ပါဝင်သည့် SQL 2005, SQL 2008, Exchange 2007, Net 3.5 တို့ကိုဖြေဆိုပြီး MCITP Database Developer, Database Administrator, Enterprise Application Developer, Web Developer များဖြစ်လာနိုင်ကြောင်း သိရသည်။
Globel Net အွန်လိုင်းစာဖြေဌာနမှပြောကြားရာတွင် ဒီအစီအစဉ်ဟာ Year 2009 အတွက် Special Offer ဖြစ်လို့ Microsoft ဖြေဆိုမည့်သူများအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP