Facebook Badge

Thursday, September 10, 2009

DUAL-SCREEN LAPTOP အသစ်အဆန်းစတင်ရောင်းချမည်


Monday, 07 September 2009
ကမ္ဘာ့ကွန်ပျူတာလောကရဲ့ပထမဆုံးဖြစ်မယ့် screen နှစ်ခုပါ dual-screen Laptop ယခုနှစ် ခရစ္စမတ်ကာလအတွင်း အမေရိကန်မှာစတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ Spacebook လို့အမည်ပေးထားတဲ့ Laptop ကိုအမေရိကန် နိုင်ငံအလက်စကာပြည်နယ်အခြေစိုက်ကုမ္ပဏီငယ်တစ်ခုဖြစ်တဲ့ gScreen မှ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Laptop အရွယ်တူ LED backlit screen နှစ်ခုကိုထပ်လျှက်တပ်ဆင်ထားပြီး screen နှစ်ခုဖြင့်သုံးဖို့လိုတဲ့အခါ ဒုတိယ screen ကိုဆွဲထုတ်အသုံးပြုနိုင်ပြီး အသုံးမလိုတော့တဲ့အခါလည်း အလွယ်တကူပြန်ထည့်သွင်းထားလိုက်ရုံပဲဖြစ်ပါတယ်။ Screen တစ်ခုချင်းစီဟာ ၁၇ လက်မအရွယ်အစားရှိတာကြောင့် နှစ်ခုစလုံးအသုံးပြုတဲ့အခါ ၃၄ လက် မရှိတဲ့မြင်ကွင်းကျယ်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။
gScreen ကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ဒီဇိုင်နာ Gordon Stewart က “တစ်ချိန်တည်းမှာ application နှစ်ခုသုံးပြီး screen နှစ်ခုကို စောင့်ကြည့်နေဖို့လိုအပ်တဲ့ ဘဏ်ဝန်ထမ်းကနေ ပရော်ဖက်ရှင်နယ်ဒီဇိုင်းတွေလိုမျိုးသုံးစွဲသူတွေအတွက် Spacebook ကို ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်” လို့ပြောကြားပါတယ်။ “ သုံးစွဲသူအများစုဟာ screen နှစ်ခုစလုံးကို တစ်ချိန်လုံးသုံးနေဖို့လည်း မလိုအပ်ပြန်ပါဘူး။ ဒါကြောင့် screen ကို အခုလိုအထုတ်အသွင်းပြုလုပ်နိုင်အောင် ဒီဇိုင်းဖန်တီးထားတာပါ” လို့ Gordon Stewart ကဆက်လက်ပြောကြားပါတယ်။ Laptop မှာ memory 4GB တပ်ဆင်ထားပြီး DVD player ပါဝင်ပါတယ်။
သုံးစွဲသူတွေအတွက် ပြဿနာဖြစ်စေနိုင်တာက Laptop ရဲ့အလေးချိန်ပါ။ Spacebook Laptop ဟာ ၁၂ ပေါင် (၅.၅ ကီလိုဂရမ်) အထိအလေးချိန်ရှိပါတယ်။ ဈေးကွက်ထဲမှာသုံးနေကြ Laptop တွေထက် ၅ ပေါင်ခန့်အထိပိုလေးတာ ကြောင့် ပေါင်ပေါ်မှာတင်ပြီး အချိန်ကြာကြာသုံးစွဲဖို့တော့မလွယ်လှပါဘူး။ gScreen ကထုတ်လုပ်လိုက်တဲ့ အဆိုပါ Laptop တွေကိုအမေရိကန်မှာစတင်ရောင်းချပြီးနောက် ၆ လကြာမှသာဗြိတိန်နိုင်ငံမှာစတာလင်ပေါင် ၁၈၀၀ ခန့်ဖြင့် ရောင်းချသွားမယ်လို့ဆိုပါတယ်။ နောက်ပိုင်း ယခု Laptop ထက်အရွယ်အစားသေးတဲ့ ၁၃ လက်မ screen နှစ်ခုပါ Spacebook Laptop တွေလည်း ထပ်မံထုတ်လုပ်သွားမယ်လို့ gScreen ကုမ္ပဏီရဲ့ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။ Spacebook Laptop ဟာဂျိမ်းစ်ဘွန်းသုံးတဲ့ Laptop နဲ့တူနေကြောင်း တစ်ချို့ကပြောကြပါတယ်။ တကယ်တမ်းမှာလည်း gScreen ကုမ္ပဏီဟာ အမေရိကန်စစ်တပ်အတွက် dual-screen တွေထုတ်လုပ်ပေးဖို့ ဆွေးနွေးညှိနှိုင်း နေကြောင်းသိရပါတယ်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP