Facebook Badge

Thursday, September 10, 2009

Citrix ရဲ့ ဒုဥက္ကဋ္ဌအီယန်ပရတ်နှင့် Xen, Virtualization တို့အကြောင်းမေးမြန်းခြင်း





Wednesday, 12 November 2008
Citrix ကုမ္ပဏီဟာ Xen Open-Source hypervisor ရဲ့တည်ထောင်သူတွေက ဖန်တီးခဲ့တဲ့ XenSource ကိုဝယ်ယူပြီး၊ desktops တွေအတွက် ၎င်းရဲ့ pro- ducts တွေကိုလည်း ထုတ်လုပ်လာခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေ နဲ့ Citrix ဟာ ၎င်းရဲ့မဟာဗျူဟာမှာ အဓိကကျတဲ့ XenServer Virtualization Software ကိုလည်းဖန်တီးခဲ့ပါတယ်။ ZDNet UK ဟာ မကြာသေးမီက Cirtix ရဲ့ Special products များထုတ်လုပ်ရေးဒုဥက္ကဋ္ဌ အီယန်ပရတ်နဲ့တွေ့ဆုံကာ ကုမ္ပဏီနှစ်ခုပေါင်းစပ်ခြင်းဟာဘယ်လိုဖြစ်စေပြီး၊ Citrix ဟာလည်း Xen တံဆိပ် တပ် products များနဲ့ပတ်သက်လို့ ဘာတွေ လုပ်နေလဲဆိုတာ မေးမြန်းခဲ့ပါ တယ်။ ပရတ်က Citrix ရဲ့ လက်လွှဲဝယ်ယူလိုက်မှု၊ Xen ရဲ့ အနာဂတ်နဲ့ယှဉ်ပြိုင် နိုင်စွမ်း၊ virtualization နဲ့ ပတ်သက်လို့ဆွေးနွေးပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာပြောပြပေးပါလား။ ခင်ဗျားဟာ သီးခြားလွတ်လပ်တဲ့ကုမ္ပဏီတစ်ခုကနေ Citrix ရဲ့ အစိတ်အပိုင်းဖြစ်လာခဲ့တယ်။ ဒါပေမယ့် အပြင်လူတွေဘက်ကကြည့်ရင်တော့ Xen ဟာ Citrix လွှဲယူလိုက်တာ တော်တော်များများပဲလို့ထင်ရတယ်။ ကုမ္ပဏီရဲ့ပစ္စည်းတစ်ဝက်လောက်ကို နာမည်တွေပြန်ပေးထားတယ်။ Meta frame က XenApp, Desktop Server က Xen Desktop စသဖြင့် ဖြစ်လာ တယ်။ ဆိုင်မွန်ခရော့စ်ဘီက အခု Technology ပိုင်းအကြီးအကဲနော်။ ခင်ဗျားကတော့ အဆင့်မြင့် products တွေထုတ်လုပ်ရေးမှာ ဒုဥက္ကဋ္ဌပေါ့။
ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ ပိုကြီးမားတဲ့လုပ်ငန်းကနေ အမြတ်ထွက်ခဲ့ပါတယ်။ Citrix ကို ရောင်းချနေတဲ့လူတွေဟာ ၅,၀၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ချက်ချင်းကိုပဲအဆ ၂၀ လောက်ကြီးထွားခဲ့တာ မဟုတ်ပါဘူး။ လေ့ကျင့်စရာတွေ အများကြီးရှိနေပါတယ်။ Xen Source ဟာ နှစ်စဉ်ဘဏ္ဍာရေးနှစ်တိုင်းမှာ အရောင်းနှစ်ဆတက်ခဲ့ဖူးတယ်။ အခုမှအစပဲရှိသေးတဲ့ အတွက် လေးလပတ်ဘဏ္ဍာရေးရှင်းတမ်းလုပ်တိုင်းမှာ ၁၀၀ ရာခိုင်နှုန်းတက်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အရောင်းနှစ် ဆတက်နေတာကတော့ကောင်းပါတယ်။ ကျွန်တော်တို့ဟာ Citrix technology နဲ့ ပူးပေါင်းလိုက်လို့ တကယ့်အကျိုးအမြတ်တွေ ရခဲ့တာပါ။ Citrix ရဲ့ Xen Desktop ဟာ Xen Server နဲ့တွဲနိုင်တယ်ဆိုတာ ကျွန်တော်တို့သေချာအောင် လုပ်ခဲ့တယ်။ Xen Source ဟာ အခုတော့ Citrix မှာ ဘဏ္ဍာအသစ်ပါ။ Virtualization Management အတွက်ပေါ့။ တကယ်တော့ ကျွန်တော်တို့ ဟာ အခုမှအစပဲရှိပါသေးတယ်။
ခင်ဗျားကို ဒီထက်ပိုပြီးစီးပွားရေးဆန်အောင်လုပ်ဖို့ တောင်းဆိုတာခံရဖူးလား။
Citrix မှ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့တီထွင်မှုပစ္စည်းအမျိုး အစားနဲ့ပတ်သက်လို့ ဘာမှတောင်းဆိုတာမခံရပါဘူး။ Open-Source Community ဟာလည်း ကျွန်တော်တို့လုပ်ကိုင်နေတာနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိဘူး။ Xen.org ဟာလည်း ယခင်ကအ တိုင်းလည်ပတ်နေဆဲပါ။ ဒါပေမယ့် Citrix က လုပ်ပေးထားတဲ့အချက်တစ်ချက်ကတော့ Xen အတွက် full-time project manager တစ်ဦးခန့်ဖို့ ရန်ပုံငွေပေးထားတာပါ။
Virtualization ကိုယ်တိုင်ဟာလည်း ကောင်းတဲ့ရှေ့အလားအလာတွေရှိနေဆဲပဲလား။ ဒါဟာ IT လောကအတွက် စီးပွားရေးကျဆင်းမှုသက်သေဖြစ်နေမလား။
လူတိုင်းကတော့ လုပ်နေကြတာပါပဲ။ အခုလည်း virtualization ကို သူတို့လုပ်နေကြဆဲပါ။ Virtualization ဆိုတာ ရင့်ကျက်တဲ့ တက္ကနိုလော်ဂျီတစ်ခုဖြစ်ပြီး၊ ၎င်းကနေအကျိုးအမြတ်တွေရတယ်ဆိုတာလည်း အထင်အရှားပါပဲ။ ပိုက်ဆံကိုချွေတာနိုင်တဲ့အတွက် လူတွေကဒါကိုဆက်လုပ်ကြမှာပါ။
အဆင့်မြင့်နည်းပညာသုံးပစ္စည်းတွေ advanced products တွေအတွက် တာဝန်ခံထားတဲ့ ဒုဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိနေပါသလဲ။
Client Virtualization ဆိုတဲ့နယ်ပယ်ဟာ ကျွန်တော်အချိန်အများကြီးပေးပြီး လေ့ လာထားတဲ့နယ်ပယ်ပါ။ ဒီနယ်ပယ်မှာ Xen က ဦးဆောင်နေပြီး VMware လည်းရှိတယ်။ မဝေးတော့တဲ့အနာဂတ်မှာ ဈေးကွက်ထဲကို virtualized smartphone တွေရောက်လာ ပါလိမ့်မယ်။ ARM ဟာ ၎င်းရဲ့ processors တွေမှာ virtualization ကို တည်ဆောက်နေပါတယ်။ Virtualization ဟာ ဈေးကွက် ထဲမှာ အားကောင်းလာနေပြီး Client Virtualization ဟာလည်း လျင်မြန်စွာဖြစ်ပေါ်လာတော့မှာပါ။ ဒါပေမယ့် virtualization ဟာ category တစ်ခုအဖြစ် တည်ရှိနေမှာမဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားဝယ်လိုက်တဲ့အချိန်မှာ ကိုယ်ဝယ်လိုက်တဲ့ device ရဲ့အစိတ်အ ပိုင်းတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ နောက်ထပ်စိတ်ဝင်စားစရာနယ်ပယ်ကတော့ cloud computing ပါ။ Client နဲ့ Cloud ကြားမှာ ကျွန်တော်လုပ်စရာတွေရှိနေပါတယ်။ ဒီဧရိယာနှစ်ခုစလုံးမှာ Xen ကခေါင်းဆောင်ပါ။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP