Facebook Badge

Thursday, September 10, 2009

အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့ဖြစ်မှု အဆိုးရွားဆုံးအခြေအနေမှ တဖြည်းဖြည်းကျဆင်း

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးက ဧပြီလ တွင် အလုပ်နေရာ ၅၃၉၀၀၀ ဆုံးရှုံးခဲ့ရာ လွန်ခဲ့သည့်လများ ကထက် အလုပ်လက်မဲ့နှုန်းလျော့နည်းသွားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထိုကဲ့သို့သောအသွင်လက္ခဏာက အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဈေးကွက်မှာ ပြန်လည်တိုး တက်မှုရှိလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ အလုပ် သမားဝန်ကြီးဌာန၏အဆိုအရ အလုပ်လက်မဲ့နှုန်းသည် ၈ ဒသမ ၉ရာခိုင်နှုန်း မြင့်တက်နေခြင်းသည် လွန်ခဲ့သည့်မတ်လ က ၈ဒသမ၅ ရာခိုင်နှုန်းရှိရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ် သည်ဟုဆိုသည်။
၂၀၀၇ခုနှစ် ဒီဇင်ဘာလမှစ၍ အမေရိကန်ပြည် ထောင်စုတွင် လူပေါင်း ၅ဒသမ ၇သန်းခန့် အလုပ်လက်မဲ့ဖြစ် ခဲ့ခြင်းဖြစ်ပြီး ပညာရေးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန နှင့် အစိုးရရုံးဌာနများတွင် အလုပ်သမား ငှားရမ်းအသုံးပြုနေ ခဲ့သော်လည်း ထိုကဲ့သို့ အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးပညာရှင် ခရစ်ရပ်ကီက စီးပွားရေးမှာ အလှည့်အပြောင်းကာလကို ရောက်နေပြီး အလုပ်သမားဈေး ကွက် စတင်တိုးတက်မှုများဖြစ်လာဖွယ်ရှိသည်ဟု ပြောကြား ခဲ့သည်။ အလားတူပင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု အခြေအနေမှ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျော်လွှား နိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။
၂၀၀၈ခုနှစ် နှောင်းပိုင်းကာလတွင် စားသုံးသူ သုံးစွဲမှုထိုးကျသွားခဲ့သော်လည်း ယခုနှစ် ပထမသုံးလပတ် ကာလတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ မကြာသေးမီက ရရှိသောအချက်အလက်များအရ အိမ်ရာဈေးကွက်မှာ ယခင် ကထက်ပို၍ အခြေအနေ သာသာယာယာရှိလာခဲ့သည်ဟု ဆိုသည်။ ဗဟိုဘဏ်အကြီးအကဲ ဘင်ဘာနန်ကီက အချက် အချာကျသော ငွေရေးကြေးရေးသာ နှောင့်နှေးမှုမရှိပါက ယခုနှစ်တွင် စီးပွားရေးကျဆင်းမှု အဆုံးသတ်ဖွယ်ရှိသည် ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ထိပ်တန်းရင်းနှီးမြှုပ် နှံမှုမန်နေဂျာ ဂျေမူလာက အလုပ်လက်မဲ့နှုန်းအရေအတွက် ထိတ်လန့်စိုးရွံ့စရာကိန်းဂဏန်းပမာဏဖြစ်ပြီး ထိုထက်ပို၍ အထွတ်အထိပ်သို့ရောက်ရှိလာမည်ဆိုပါက လုံးဝဥဿုံအဆိုး ရွားဆုံးနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
[Ref:Internet]/KHမှတဆင့် ဆီလျှော်အောင် ရေးသားထားပါသည်။(နောင်နောင်)

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP