Facebook Badge

Tuesday, September 22, 2009

ကိုးကန့်အရေးအခင်းတွင် တာဝန်ရှိသည့် နအဖစစ်တပ် ဗိုလ်မှူးချုပ်တဦးအား အရေးယူ

ပြီးခဲ့သည့်လကုန်ရက်များက ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေ အရေးအခင်းအတွင်း အဓိကတာဝန်ရှိသည့် လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သည် အရေးယူခြင်း ခံနေရသည်။


ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၊ ဖုန်ကြားဖုတို့အား ဖမ်းဆီးပြီး ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်မိသားစုတို့နှင့် သဘောထားကွဲလွဲသည့် ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းရန် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်အား တာဝန်ပေးထားခဲ့ရာ အဆိုပါ တာဝန်မကျေပွန်သည့်အတွက် လာဘ်ငွေယူမှုစွဲချက်ဖြင့် အရေးယူထားသည်ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူ လားရှိုးကုန်သည်တဦးက ပြောသည်။

၎င်းက “ဖုန်ကြားရှင်တို့ကို လက်နက်ကိစ္စ၊ မူးယစ်ကိစ္စတွေနဲ့ အစောတည်းက ဖမ်းမယ်ဆို ဖမ်းလို့ရတယ်။ အဲလိုမလုပ်ဘဲ ပိုင်စုံချိန်ကို ဖုန်ညီအစ်ကို ကိုဖမ်းခိုင်းမယ်၊ ပြီးတော့ အာဏာသိမ်းခိုင်းဖို့ စီစဉ်ခဲ့ကြတာ။ အဲလိုမဖြစ်ဘဲ တိုက်ပွဲတွေဖြစ်၊ ကိုးကန့်ကိစ္စက ဟိုလေးတကျော်ဖြစ်လာ၊ ဒါပေမယ့် ဖုန်ကြားရှင်တို့က လွတ်သွားတော့ အထက်က အတော်ကို ဒေါသထွက်တာတဲ့။ အခုတော့ ဖုန်ကြားရှင်တို့ဆီက လာဘ်ငွေယူတယ်ဆိုပြီး စွဲချက်တင်ထားတာ။ အခု သူ့ကို ရမခမှာပဲ ထိန်းထားတယ်” ဟု ပြောသည်။

ကိုးကန့်ဒေသ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကိုးကန့်တပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်သည် ကိုးကန့်ဒေသအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးကာ နအဖဒေသဆိုင်ရာအာဏာပိုင်များထံ မကြာခဏ အပ်နှံမှုများလုပ်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပိုင်စုံချိန်နှင့် ဖုန်မိသားစုအကြား လွန်ခဲ့သည့် တနှစ်ကျော် ကာလများကတည်းက မသင့်မမြတ်ဖြစ်နေကြပြီး ပိုင်စုံချိန်ကလည်း လောက်ကိုင်မြို့နှင့် ကွမ်းလုံရှိ ဒေသခံ နအဖစစ်တပ်၏ အကာအကွယ်ကို ယူထားခဲ့ကြောင်း၊ နအဖဘက်ကလည်း တချိန်က ဖုန်နှင့်ရန် တိုက်ပွဲအတွင်း ရန်ကြားအဖွဲ့မှ ဖုန်ကြားဘက်သို့ ကူးပြောင်းသွားသည့် ပိုင်စုံချိန်ကို အသုံးချပြီး တိုက်ပွဲဖြစ်စရာမလိုဘဲ အလွယ်တကူ အာဏာသိမ်းခိုင်းနိုင်ရန် မျှော်မှန်းထားသော်လည်း မျှော်မှန်းသလို ဖြစ်မလာသည့်အတွက် အဓိကတာဝန်ရှိသူ လောက်ကိုင်ဒကစမှူးအား အရေးယူလိုက်ခြင်းဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

“ဒီနှစ်စထဲမှာ စကခမှူး ဗိုလ်မှူးချုပ် ကောင်းမြတ် ကရင်တပ်ဖွဲ့လက်ချက်နဲ့ ကျသွားတယ်။ အခုကိုးကန့်နယ်ကို သိမ်းတာ၊ သိမ်းမိတာ သူတို့ အတော်လေး ရှုံးပါတယ်။ ဒီလောက် အင်အားနည်းတဲ့ အဖွဲ့လေးကိုတောင် သူတို့ဘက်က အတော်လေး ပေးဆပ်လိုက်ရတယ်။ တပ်ရင်းမှူးတွေကျ၊ ရဲမှူးတွေကျ ဖြစ်ခဲ့ရတယ်။ အားလုံးကို မျက်နှာပျက်ခဲ့ရတယ်။ အဲဒီအတွက် တာဝန်ရှိတဲ့ ဗိုလ်ဝင်းမောင်ကို လာဘ်ယူတယ်ဆိုပြီး အခြားအကြောင်းပြချက်ရှာပြီး အရေးယူလိုက်ရတာ ဖြစ်ပုံရတယ်” ဟု စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယခုအခါ လောက်ကိုင် ဒကစမှူးနေရာတွင် ရမခ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့်အား ယခုလ (၁၄) ရက်မှ စတင်တာဝန်ပေး ခန့်အပ်ထားသည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP