ပျောက်ဆုံးနေသော လိပ်မျိုးစိတ် မြန်မာပြည်တွင် ပြန်တွေ့
Tuesday, 08 September 2009 17:34 ကိုထွေး

ရခိုင်ရိုးမ တောအုပ်အတွင်းမှ တွေ့ရှိရသော ပျောက်ဆုံးနေသည့် အခွံအညိုရောင် လိပ်မျိုးစိတ်များ (ဓာတ်ပုံ - AP)
“အလွန်ရှားပါးနေပြီ ဖြစ်တဲ့ ဒီလိပ် မျိုးစိတ်ဟာ မြန်မာပြည် မှာ ရှင်သန်နေတာကို သိရတော့ အံသြ ၀မ်းသာ မိပါတယ်၊ ကျန်နေတဲ့ မျိုးဆက်ကို ကာကွယ်ဖို့ အတွက် ကျနော်တို့ တတ်နိုင်သလောက် လုပ်ရမယ်” ဟု Wildlife Conservation Society၏ အာရှ ဒါရိုက်တာ Colin Poole ၏ ပြောဆိုချက်ကိုလည်း ကိုးကား ရေးသားထား သည်။
မျိုးတုံးလုနီးပါး ဖြစ်နေသော အဆိုပါလိပ်များ ယနေ့ အချိန်အထိ ရှိနေခြင်းသည် သိပ္ပံပညာရှင်များအတွက် မျှော်လင့်ချက်တခု ဖြစ်ကြောင်းလည်း သတင်းတွင် ပါရှိသည်။
အမဲလိုက် သတ်ဖြတ်မှုများကြောင့် မျိုးတုံး ပျောက်ကွယ် သွားခဲ့သော ဆုမားတြာ ကြံ့မျိုးများသည် လွန်ခဲ့သော ရာစုနှစ်က ယင်းဒေသတ၀ိုက်တွင် တွေ့ရှိခဲ့ရပြီး ယင်းလိပ်မျိုးစိတ်များသည် ကြံ့၏ မစင်ကို စားသောက် လေ့ရှိသဖြင့် ကြံ့ချေးစားဟု ဒေသခံများက ခေါ်ကြောင်းလည်း အဆိုပါ သတင်းက ဆိုသည်။
၁၉၉၀ ခုနှစ် နောက်ပိုင်းက အာရှ အစားအသောက်ဈေးတခုတွင် ရောင်းချနေသည်ကို မတွေ့ရမီ အချိန် အထိ ယင်းလိပ်မျိုးစိတ် မျိုး တုံးသွားသည်မှာ ရာစုနှစ်တခုနီးပါး ရှိပြီဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူများ က ယူဆထားခဲ့ကြသည်။
ဟင်းခတ် အမွှေးအကြိုင်နှင့် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုသည့် အတွက် အာရှတွင် အမြောက်အမြားတွေ့ရှိ ရသော ယင်းလိပ်မျိုးများ မျိုးတုံးလု နီးပါး ဖြစ်ခဲ့ရသည့် အပေါ် သိပ္ပံ ပညာရှင်များက ပြစ်တင် ပြောဆိုခဲ့ကြသည်။
တောရိုင်းတိရစ္ဆာန်များကို တရားမ၀င် ဖမ်းဆီး သတ်ဖြတ် ရောင်းချမှုများကြောင့် ရှားပါးတိရစ္ဆာန် များစွာ မျိုးတုံး ကုန်ကြသည်ဟုလည်း ၎င်းတို့က ဆက်လက် ပြောဆိုသည်။


