Facebook Badge

Tuesday, September 8, 2009

မဲဆောက်မှ တောင်းရမ်းသူ မြန်မာ ၁၀၀ ခန့် ဖမ်းဆီးခံရ

Tuesday, 08 September 2009 19:34 သန်းထိုက်ဦး


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမ၀င် နေထိုင်ပြီး တောင်းရမ်း စားသောက်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

အုပ်ချုပ်ရေး အာဏာပိုင်အပါဝင် လူဝင်မှု ကြီးကြပ်ရေးဌာန ၀န်ထမ်းများ၊ စစ်သားများက အဆိုပါ တောင်းရမ်းသူများ ကျက်စားလေ့ရှိသည့် မဲဆောက်မြို့ဈေးကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည် ဟု မဲဆောက်တွင် နေထိုင်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ကိုင်သူ မြန်မာပြည်သား တဦးက ဧရာဝတီသို့ ပြောသည်။

“မဲဆောက်ဈေး အတွင်း အပြင်ကို မဲဆောက်မြို့ပိုင် ကိုယ်တိုင် လာပြီးတော့ ဖမ်းတယ်၊ ထိုင်းလူမျိုးတွေ တိုင်ချက် အရ ဖမ်းတာ” ဟု မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ( JACBA)မှ ဦးမိုးကြိုးက ပြောသည်။

ဈေးအား ပိတ်ဆို့ ဖမ်းသည့် အတွက် မြန်မာပြည်သား အလုပ်သမားများကြားတွင် ရုပ်ရုပ်သဲသဲ ဖြစ်ခဲ့ကြောင်း ဦးမိုးကြိုးက ပြောသည်။

“ဈေးဝယ်တဲ့ လူတွေရော၊ ဈေးရောင်းတဲ့ လူတွေရော အကုန်လုံး အထိတ်တလန့် ဖြစ်တယ်၊ တချို့ ထိုင်ပြီး စားသောက် နေတဲ့ လူတွေတောင်မှ အထိတ်တလန့် ဖြစ်တယ်” ဟု ပြောသည်။

ထိုင်းလူမျိုးများ၏ အိမ် နှင့် ဆိုင်ခန်းရှေ့များတွင် ပိတ်ဆို့ပြီး တောင်းရမ်းနေသည် ဟူသော တိုင်ကြားချက်များကြောင့် ထိုသို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရကြောင်း ဦးမိုးကြိုးက ဆိုသည်။

အဖမ်းခံရသူ အများစုသည် အနာကြီးရောဂါသည်၊ မျက်မမြင် သက်ကြီးရွယ်အို၊ ဒုက္ခိတများ ဖြစ်သည်ဟု သိရသည်။ ကလေးငယ် ၈ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့ကို မြို့အင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း မဲဆောက်မြို့ အုပ်ချုပ်ရေးဌာန အကြီးအကဲ (မြို့ပိုင်) ၏ ပြောကြားချက်ကို မဲဆောက် ရုပ်မြင်သံကြားဌာနတွင် ယမန်နေ့က ထုတ်လွှင့်သွားသည်ဟု ဒေသခံ မြန်မာ ပြည်သား တဦးက ဧရာဝတီသို့ ပြောသည်။

တောင်းရမ်းသူများကြောင့် မဲဆောက်သို့ လာရောက်သည့် ခရီးသွား ဧည့်သည်များလည်း အနှောင့် အယှက် ဖြစ်ရကြောင်း မြို့ပိုင်က ပြောသည်ဟု ဆိုသည်။ ၎င်းတို့အား မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို မသိရသေးပေ။

ယခင်က တောင်းရမ်း စားသောက်သူများ ဖမ်းဆီးခံရသော်လည်း မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိလာပြီး မူလလုပ်ငန်းကို ထပ်မံ လုပ်ကိုင်လေ့ရှိသည်။

မဲဆောက်မြို့တွင် တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာပြည်သားများသည် ရက်ပိုင်းအတွင်း မြန်မာပြည်ဘက်ကမ်းသို့ ပြန်ပို့ခံရလေ့ ရှိသည်။

မဲဆောက်သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် မြစ်တခုသာခြားသည့် နယ်စပ်မြို့ ဖြစ်ပြီး မြန်မာပြည်သား အများအပြား နေထိုင်လျက်ရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP