Facebook Badge

Tuesday, September 8, 2009

မြန်မာနိုင်ငံမှ ဆင်းရဲသည့် အစ္စလမ်ဘာဝင်များအား မဲဆောက်တွင် အကူငွေပေးကမ်း


ဆင်းရဲချို့တဲ့သည့်မြန်မာနိုင်ငံမှ အစ္စလမ်ဘာဝင် (၁၅,၀၀၀) ခန့်အား မဲဆောက်ရှိ အစ္စလမ်လုပ်ငန်းရှင်များက စုပေါင်း၍ ဘတ်ငွေသိန်း (၇၀) ခန့်ရှိ အကူငွေများကို ယနေ့နံနက်တွင် မဲဆောက်မြို့၌ ပေးကမ်းခဲ့ကြသည်။

ယခုလ၌ ကျရောက်သည့်အစ္စလမ်ဘာသာဝင်များ၏ ရာမာဇမ်ဥပုဒ်လတွင် ဆင်းရဲချို့တဲ့သူများ ဥပုသ်သီလ စောင့်တည်ရန်အတွက် ပေးကမ်းခြင်းဖြစ်သည်ဟု ငွေထည့်ဝင်သူတဦးဖြစ်သည့် ဟာဂျီဆူးလင်းက ပြောသည်။

၎င်းက “အထူးသဖြင့် ပေးကမ်းမှု လာယူကြတဲ့လူတွေဟာ မြ၀တီ၊ ကော့ကရိတ်နဲ့ ဒီနယ်မှာရောက်နေကြတဲ့သူတွေ များတယ်။ ဆင်းရဲသားတွေကို အဓိက ပေးကမ်းတာပါ” ဟု ပြောသည်။

ကျန်းမာရေးမကောင်းသူများနှင့် သားသည်မိခင်များကို တဦးလျှင် ဘတ် (၁,၅၀၀)၊ လူကြီးတဦးလျှင် ဘတ် (၁၀၀၀) နှင့် ကလေးတဦးလျှင် ဘတ် (၅၀၀) စီပေးကမ်းပြီး အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများလည်း ဝေငှခဲ့သည်။

ကော့ကရိတ်မှလာရောက်သူ ဦးမူဆာက “ကျနော်တို့မိသားစု (၈) ယောက်လာတာ ဘတ် (၆၅၀၀) ရတယ်။ ဗမာငွေ (၂) သိန်းကျော်လောက်ရှိတယ်။ မဲဆောက်က ဟာဂျီတွေ ပေးတာများတော့ လာတဲ့လူများတယ်။ ငွေ (၂) သိန်းရတော့ ဥပုသ်လမှာ ၀ါဖြေဖို့အတွက် လုံလောက်သွားပြီ” ဟု ပြောသည်။

ပေးကမ်းမှုနှင့်ပတ်သက်၍ မဲဆောက်အခြေစိုက်မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်များအစည်းအရုံး (ABMU) အဖွဲ့၏ အတွင်းရေးမှူး ဦးဟာမစ်က “အစ္စလမ်တရားတော်ရဲ့ ပညတ်တွေထဲမှာ ကိုယ့်မှာငွေတရာရှိရင် နှစ်ကျပ်ခွဲကို မရှိဆင်းရဲသားကို ပေးရမယ်ဆိုတာရှိတယ်။ ဒါကြောင့် ပေးကမ်းကြတာပါ” ဟု ပြောသည်။

ရာမာဇမ်ဥပုသ်လတွင် ဘာသာဝင်များ ဥပုသ်ဆောက်တည်ရာ၌ နေမထွက်မီ နံနက် (၅) နာရီခန့်မှ ညနေ၀င်ချိန်အထိ အစာမစားဘဲ ဥပုသ်စောင့်တည်ခြင်းဖြစ်ပြီး လူသားများ၏ ဆင်းရဲဒုက္ခဖြစ်မှုအပေါ် စာနာစိတ်တိုးပွားလာရန်ဖြစ်သည်ဟု ဦးဟာမစ်က ပြောသည်။

မဲဆောက်တွင် ယမန်နှစ်ကလည်း အစ္စလမ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံမြ၀တီဘက်ခြမ်းမှ လာရောက်ကြသော ဆင်းရဲချို့တဲ့သည့် အစ္စလမ်ဘာသာဝင် (၁) သောင်းကျော်ကို ဘတ်ငွေသိန်း (၁၂၀) ခန့် ပေးကမ်းခဲ့သည်။

မနက်ဖြန်တွင် မဲဆောက်ရှိ တရုတ်ဘုံကျောင်း၌လည်း ဆင်းရဲချို့တဲ့သည့် မြန်မာနိုင်ငံသား (၁) သောင်းကျော်ကို စုပေါင်းကုသိုလ်ပြုဖောင်ဒေးရှင်းအဖွဲ့မှ ဆန်နှင့်စားသောက်ကုန်များ ဝေငှပေးမည်ဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP