Facebook Badge

Wednesday, September 9, 2009

ချဲထီမှုဖြင့် အသက်မပြည့်သည့် ကလေးငယ်များ ထောင်ဒဏ်ချခံရ

Wednesday, 09 September 2009 18:30 သန်းထိုက်ဦး


ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ချဲထီရောင်းမှုဖြင့် ထောင်ဒဏ်ချမှတ် ခံထားရသော အသက် ၁၆ နှစ်အရွယ် မိန်းက လေးငယ် တဦးကို အာဏာပိုင်များက အသက်ပြင်၍ ပဲခူးအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အသက်မပြည့်သည့် ၁၆ နှစ်အရွယ် သူဇာခိုင် နှင့် ဧပရယ်ထွန်းတို့ ၂ ဦးကို ဒိုက်ဦးမြို့နယ် တရားရုံး၌ ပြီးခဲ့သည့် တပတ်အတွင်း၌ ချဲထီရောင်းသည့် အမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချခံရသော မိန်းကလေး ၂ ဦးကို ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင်ရန် ယခုလဆန်းပိုင်၌ စီစဉ်ခဲ့ရာ အသက်မပြည့်သောကြောင့် အင်းစိန်ထောင် အာဏာပိုင်များက လက်မခံရဲသည့်အတွက် ဒိုက်ဦး အချုပ်သို့ ပြန် လည် ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် အာဏာပိုင်များက ၎င်း မိန်းကလေးများကို ထောင်ဒဏ်ချမှတ်၍ မရသည့်အတွက် မိဘများကို ခေါ်၍ သန်းခေါင်စာရင်းကို ပြုပြင်ခိုင်းပြီး ပဲခူးထောင်သို့ပြောင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

“မင်းတို့ သားသမီးတွေ အသက်မပြည့်တဲ့အတွက် ဘယ်ထောင်ကိုမှ ပို့လို့မရတဲ့အတွက်ကြောင့်မို့လိုပါတဲ့၊ အဲဒါ ကျေးရွာ (ရယက)နဲ့ ဒီသန်းခေါင်စာရင်းကို အသက် ၁၈ နှစ်ပြည့်အောင် ပြန်လုပ်လိုက် ပြီးတော့ ပဲခူးထောင်ကို ပို့ပေးမယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့တယ်”ဟု ၎င်းက ပြောဆိုသည်။

ဧပရယ်ထွန်းသည် ပဲခူးထောင်တွင် ရှိနေပြီး သူဇာခိုင်မှာ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရ သေးကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ မိန်းကလေး ၂ ဦးကို လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း ချဲထီရောင်းမှုဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဥသျှစ်ကုန်းကျေးရွာ၌ ဆဌမတန်း နှင့် န၀မတန်းတွင် ပညာသင်ကြားနေရပြီး ကျောင်း စရိတ် အတွက် နှင့် မိဘများ၏ ကျန်းမာရေးမကောင်းသည့်အတွက် ဝင်ငွေရရှိရန် ချဲထီရောင်းခဲ့ရ ကြောင်း သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP