Facebook Badge

Wednesday, September 9, 2009

တရားဝင်နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားခွင့်ပြုရေး အန်အယ်လ်ဒီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့

NEJ / ၉ စက်တင်ဘာ ၂၀၀၉

တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား စည်းရုံးလှုပ်ရှားခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၄) ရက်တွင် စာရေးသားပေးပို့ခဲ့သည့် စာပါအချက်အလက် များကို အန်အယ်လ်ဒီမှ ယမန်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေးပို့ရခြင်းနှင့်ပတ်သက်၍ အန်အယ်လ်ဒီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “စာထုတ်ရတဲ့အကြောင်းက ပါတီမှတ်ပုံတင်ဥပဒေ မရှိသေးဘဲနဲ့ တရားဝင်မှတ်ပုံတင်လည်း မရှိသောပါတီတွေကို ပခုက္ကူမှာ ဆိုင်းဘုတ်လည်း တင်ခွင့်ရတယ်၊ အစည်းအဝေးတွေလည်း လုပ်ခွင့်ရတယ်။ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးတာ။ တရားဝင်ပါတီဖြစ်သော အန်အယ်လ်ဒီကို ရုံးခန်းတွေဖွင့်ပေးဖို့၊ စည်းရုံးလှုပ်ရှားခွင့်ပေးဖို့ အဲဒါအကြောင်းကြားတာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ ပါတီ၏အဆင့်ဆင့်သော ရုံးခွဲများကို အာဏာပိုင်တို့က ခေတ္တဟုပြောဆိုကာ ယနေ့တိုင်ချိတ်ပိတ် ထားကြောင်း၊ နိုင်ငံရေးပါတီတခု၏ လုပ်ပိုင်ခွင့်များဖြစ်သော စုဝေးခြင်း၊ စည်းဝေးခြင်း၊ စည်းရုံးခြင်း၊ ဆိုင်းဘုတ်တင်ခြင်း စသည့်လုပ်ငန်းများကိုလည်း ကန့်သတ်ပိတ်ပင်ထားခြင်းခံနေရကြောင်း စင်တင်ဘာ (၈) ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသော အဖွဲ့အစည်းများ ဥပမာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုသည့်အဖွဲ့အစည်းက ၁၉-၈-၂၀၀၉ နေ့တွင် ပခုက္ကူမြို့၌ ဆိုင်းဘုတ်တင်ခြင်း၊ အစည်းအဝေးကျင်းပခြင်းတို့ ပြုလုပ်ခွင့်ရသည့်အတွက် တရားမျှတခြင်းမရှိကြောင်း ထောက်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဋ္ဌာန်းထားခြင်းမရှိသေးသည့်အတွက် တရားမ၀င်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

“ပခုက္ကူမှာ ဆိုင်းဘုတ်တင်တာကိုတော့ ကျနော်တို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွတွေ့လို့ အဲဒီဓာတ်ပုံမှတ်တမ်းပါ တွဲပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီရုံးများကို ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင်ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ပေးပြီး စည်းရုံးလှုပ်ရှားခွင့်ပေးရန် အကြောင်းကြားခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP