ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ ( အပိုင်း ၅ )
အာရှနိုင်ငံရဲ့ Himalayas

မည်သည့် ရှုထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ တောင်တန်းတွေဟာ တစ်ရစ်ပြီးတစ်ရစ် တစ်သွယ်ပြီးတစ်သွယ် စီရီနေပြီး ကျောက်ဆောင်ကျောက်တုံးတွေ အစီလိုက်စဉ်ထားသလို ဖြစ်ပြီး အဲဒီတောင်အထပ် တွေကို ကြည့်ရင်ပဲ ၃၀၀၀ ကီလိုမီတာလောက် ရှိပါတယ်။ တောင်ထိပ်တောင်ဖျားတွေဟာ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်ပြီး planet ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးတောင်တွေ စုဝေးနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်တွေလည်း ပါဝင်ပါတယ် ။ Mount Everest နဲ့K2 တို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းတွေဟာ Afghanistan , Bhutan , China , India , Nepal, Pakistan နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာဟာ ကောင်းကင်နဲ့ထိစပ်နေတဲ့ ကမ္ဘာ့နေရာလည်း ဖြစ်ပါတယ် ။

California ရဲ့ Yosemite တောင်ကြား

နှိုင်းယှဉ်လို့မရတဲ့ သဘာသအလှတရားတွေဟာ ရာသီတိုင်း ရာသီတိုင်း ရောင်အသွေးစုံလင်စွာနဲ့ စိန်ခေါ်လျှက်ရှိပါတယ် ။ လတ်ဆတ်တဲ့လေပြည်လေညှင်းတွေရဲ့ ရနှံ့ဟာ ဒီ တောင်ကြားမှာပဲ ရရှိနိုင်ပါတယ် ။ Yo-seh-mit-tea လို့လည်း အသံထွက်ပါတယ် ။ ဒီတောင်ကြားဟာSierra Nevada တောင်တန်းတွေမှာ ရှိတဲ့ Yosemite National Park ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ် ။ ဒီနေရာလေးမှာ အလွန်အမင်းလှပမှုတွေ ပြည့်နှက်နေပြီး အကျယ်အားဖြင့် ၁ မိုင်ခန့်သာ ရှိပါတယ် ။ အရှည်ကတော့ ၈ မိုင်လောက်လောက်ရှိပြီး ဒေါင်လိုက် တောင်နံရံကြီးကတော့ တစ်ဖက်ဆီမှာ ပေ၂၀၀၀ ခန့်မြင့်ပါတယ် ။ ရေတံခွန်ပေါင်း ကိုးခုကလည်း ဒီတောင်ကြားထဲကို စီးဆင်းနေပါတယ် ။ ငြိမ်းချမ်းလှပတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။
Ontario , Canada , New York , United States မှာ ရှိတဲ့ Niagara ရေတံခွန်

Niatara မြစ်ထဲမှာ ကြီးမားလှပတဲ့ ရေတံခွန်ပေါင်း များစွာစီးဆင်းလျှက်ရှိပါတယ် ။ သူတို့ဟာ ရေအားလျှပ်စစ်အတွက် အဓိကပင်ရင်း ဖြစ်ပြီးထင်ရှားကျော်ကြားလှပါတယ် ။ ဒီရေတံခွန်တွေကို ၃ မျိုးလည်း ခွဲခြားထားပါတယ် ။ Canadian ဘက်မှာ Horseshoe ရေတံခွန်American ဘက်မှာAmerican ရေတံခွန်နဲ့ Bridal Veil ရေတံခွန်တို့ပဲ ဖြစ်ပါတယ် ။ ဒီရေတံခွန်တွေဟာ နောက်ဆုံးရေခဲခေတ် ရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ဒီရေတံခွန်တွေဟာ အမြင့်ဆုံးမဟုတ်ပေမယ့် အလွန်အမင်းကျယ်ဝန်းပြီး North America မှာ အားအပြင်းဆုံးလည်း ဖြစ်ပါတယ် ။

Russia ပြည်ရှိ အံ့သြဖွယ် တွင်းနက်ကြီး
Russia ပြည်ရှိ အံ့သြဖွယ် တွင်းနက်ကြီး

၁၉၈၀ နောက်ပိုင်းမှာ ရုရှား ပြည်နယ်ရဲ့ အချို့တောနက်တွေထဲမှာ ထူးဆန်းမှုတွေ ဖြစ်ပွားခဲ့ပါတယ် ။ လူတွေဟာ
အလွန်ထူးဆန်းတဲ့ တွင်းအနက်ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ ကြခြင်းဖြစ်ပါတယ် ။ သူတို့ကိုတွှေ့ရှိခဲ့တဲ့ တောနက်တွေ ဟာ အလွန်အမင်းနက်ရှိင်း ပြီး အဲဒီနေရာကို ကား သို့မဟုတ် မည်သည့် ပစ္စည်းမှ သယ်ယူမသွား နိုင်လောက်အောင် ဝေးလံခေါင်သီပါတယ် ။ ဒီတွင်းနက်ထဲ မှ မြေကြီးအချို့ကို ယူဆောင်ဖို့မဆိုထားနှင့် မည်မျှနက်ရှိုင်းသည် ဆိုသည်ကိုပင် မည်သူမျှ မခန့်မှန်းနိုင်ပေ ။ လူအချို့ဟာ အဲဒီတွင်းနက်ထဲကို ဆင်းဖို့ကြိုးစားကြပြီး အတွင်းပိုင်းမှာ အဆုံးအဆမဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်သောကြောင့် မအောင်မြင်ခဲ့ပါဘူး ။ ဒီတွင်းနက်တွေ မည်သည့်အတွက်ကြောင့်ပေါ်လာသည်မည်သို့အသုံးပြုရမည်ကို မည်သူမျှ မသိသေးပေ ။

ငရဲပြည် တောင်ကုန်း
ငရဲပြည် တောင်ကုန်း

၁၉၆၂ မှာ Centralia ( Pennsylvania ) မှာ မီးလောင်မှုဖြစ်ပွား ပြီး အဲဒီမီးဟာ မြို့ အောက်ခြေမှာ ရှိတဲ့ ကျောက်မီးသွေးကြောကို ကူးစက်သွားခဲ့ပါတယ် ။ မျက်နှာပြင်ပေါ်ကို ထွက်ပေါ်လာတဲ့ မီးတောက်မီးညွှန့်တွေဟာ အရှိန်ပြင်းလှ ပြီး ကျောက်မီးသွေးတွေကတော့ နှစ်ပေါင်းများစွာ တိုင်အောင် ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ် ။ ၁၉၈၄ ခုနှစ်မှာ ထိမ်းချုပ်လို့မရတော့လောက်အောင် မီးလောင်မှုက ပြင်းထန်လာပြီး မြို့မှလူတွေဟာ ဘေးကင်းရာအရပ်ကိုပြောင်းရွှေ့ပြီး မြို့ကို စွန့်ခွာခဲ့ရပါတယ် ။
ယခုအချိန်မှာတော့ Centralia ဟာ လူသူတိတ်ဆိတ်ကင်းမဲ့ပြီး ၀ိဥာဉ်ဆန်ဆန်နေရာ တစ်ခုဖြစ်ခဲ့ပါတယ် ။ မြို့ရဲ့ ဟိုးအောက်ခြေအတွင်းပိုင်းထိ မီးကဆက်လက်လောင်ကျွမ်းနေပြီး ဒီကျောက်မီးသွေး ကြောကြီးဟာ နောင်နှစ်ပေါင်း ၂၅၀ ထိဆက်လက်လောင်ကျွမ်းလောက်အောင် များပြားလှပါတယ် ။

Crosses တောင်ကုန်း
Crosses တောင်ကုန်း

ဒီနေရာမှာ လက်ဝါးကပ်တိုင်းပေါင်း ၅၀ ၀၀၀ ထက်ပိုပြီး ရှိပါတယ် ။ ဒါပေမယ့် ဒါဟာ လူသေတွေမြုပ်နှံတဲ့ သင်္ချိုင်း
တော့မဟုတ်ပါဘူး ။ ဒီနေရာလေးမှာ လက်ဝါးကပ်တိုင်တွေ စုပုံနေရတဲ့အကြောင်းရင်းကတော့ ပုံပြင်ဆန်လှပါတယ် ။ အကြောင်းကတော့ ဒီနေရာလေးမှာ မိမိတို့ရဲ့ ကိုယ်ပိုင်လက်ဝါး ကပ်တိုင်တစ်ခုကို လာစိုက်ရင် ကံကောင်းလာသည်ဟု ပြောကြသည့်အတွက် ဖြစ်ပါတယ် ။ ဒါကြောင့်လူထောင်ပေါင်းများစွာဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လက်ဝါးကပ်တိုင် တွေကို ဒီတောင်ကုန်းတွေကို လာရောက်စိုက်ထူကြခြင်းဖြစ်ပါတယ် ။ ဒီအယူအဆဟာ ခရစ်ယာန်ဘာသာ က Lithuania နဲ့ Russia ကိုမရောက်လာခင်ကတည်းက ဖြစ်တယ်လို့ဆိုပါတယ် ။ Pagan ကနေ အခြေပြုပြီး ဆင်းသက်လာတယ်လို့ လည်းဆိုပါတယ် ။

Tuesday, September 8, 2009
ငရဲပြည်သို့ တံခါးဝ
ငရဲပြည်သို့ တံခါးဝ

Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅ နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာ လှိုဏ်ခေါင်းကြီး တစ်ခုကို တွှေ့ရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီး တူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။ လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ် ။အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅ နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ဘယ် နှစ်တန်လောက် မီးလောင်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး ။ မြင်ရသူတိုင်းကတော့ ဒါဟာယခုလေးတင်မှ မီးရှို့ထားတယ်လို့ ထင်မှတ်ကြပါတယ် ။

အကြီးမားဆုံး Jellyfish
အကြီးမားဆုံး Jellyfish

ယခုအချိန်မှာတော့ ဂျပန် researcher တွေဟာ တရုတ်ပြည်ရဲ့ ရေပြင်မှာတွေ့ရှိခဲ့တဲ့ အလွန်ကြီးမားတဲ့ Jellyfish နဲ့ပါတ်သတ်ပြီး သုတေသနတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။ သူတို့ဟာ နောက် အချိန်အနည်းငယ်အတွင်းမှာ ဂျပန် ရေပြင်ဆီကို ရောက်ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ် ။ ဒီအဖြစ်မျိုးက ၂၀၀၅ ခုနှစ်ကလည်း တစ်ကြိမ် ဖြစ်ပျက်ခဲ့ ဖူးပါတယ် ။ ဂျပန် ရေပြင် researcher တွေပြောပြချက်အရ သူတို့လာ ဒီကောင်တွေ အရေအတွက်များလာမှာကို စိုးရိမ်နေကြရပါတယ် တဲ့ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ တစ်ကောင်ကို brediameter 2 metre နဲ့ အလေးချိန် ၂၂၀ ကီလိုဂရမ်လေး လို့ပါပဲ ။ သူတို့ရဲ့ ပြောပြချက်အရ ဒီ jellyfish တွေဟာ ရေစီးကြောင်းမှ တဆင့် ဂျပန်ရေပိုင်နက်ထဲကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ် ။ ဒီကောင်တွေ ဂျပန်ရေပိုင်နက်ထဲကို ၀င်ရောက်လာ ခြင်းဟာ ဂျပန်ငါးဖမ်းစက်ရုံတွေကို ပျက်ဆီးစေမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီ jellyfish တွေဟာ အဆိပ်တွေကို ထုတ်လွှတ်ပေးပြီး အဲဒီအဆိပ်တွေက ဖမ်းမိထားတဲ့ ငါးတွေကို သေစေနိုင်တဲ့အတွက် ကြောင့်ပါပဲ ။
ဒီ လေ့လာမှုကြီးကို Shinichi Ue ကဦးဆောင်ပြီး ပြုလုပ်ပါတယ် ။ သူကတော့ Hiroshima University မှာရှိတဲ့ marinebiology ရဲ့ professor တစ်ဦးဖြစ်ပါတယ် ။ သူတို့ဟာ အသင်းဖွဲ့စည်း ပြီး ဒီကောင်တွေရဲ့ ကြီးထွားမှုကို ဆက်ပြီးလေ့လာနေကြပါတယ် ။ Prof Ue က jellyfish တွေရဲ့ မျိုးပွားပြီး အကောင်ရေများပြားလာမှုကို Kuning Sea နဲ့ South chinaSea မှာ ၂၀၀၆ ခုနှစ်ကတည်းက စတင်လေ့လာခဲ့တာ ဖြစ်ပါတယ် ။
သက်တန့် ထံမှ မျှဝေပါသည်။