Facebook Badge

Thursday, September 3, 2009

တတိယအကြိမ်သံဃာ့ထုသပိတ်ကံဆောင်ခြင်း စဉ်းစားရွေးချယ်ရန် ပုံစံ(၄)မျိုး

3.8.09 sep

သြ၀ါယစရိယဆရာတော်ကြီးမှအာမခံဦးစီး၍ သိမ်အတွင်း၌ ပ၀ါရဏာအပြီးဆက်လက်ကံဆောင်ခြင်းနှင့်ထိုင်သပိတ်တိုက်ပွဲဖော်ခြင်း။
သံဃာထုအင်အား (၅၀၀-၁၀၀၀)ခန့်ဖြင့် မြို့ တစ်ခုတွင် သိမ်ကြီးတစ်ခုအားစုပေါင်းဝင်ရောက်၍
သပိတ်ကံဆောင်ပြီး ထိုင်သပိတ်ဆင်နွဲခြင်း (သို့)လမ်းလျှောက်မေတ္တာပို့သပိတ်ကံဆောင်ခြင်း။
ရဲရင့်စွာဖြင့်တစ်ပါးတည်းဦးဆောင်တိုက်ပွဲဖော်ဆောင်နိုင်သည့်ကိုယ်တော်များမှ သိမ်တစ်ခုတွင်တစ်ပါးဆီ
တာဝန်ယူ၍ ပ၀ါရဏာအပြီး အခြားသိမ်များရှိသံဃာများနည်းတူ ဝေဌပေးလိုက်သည့်ကမ္မ၀ါစာများ
ဖတ်ကြားရန် ကြေငြာပြီး စတင်ဖတ်ကြား၍သိမ်တွင်းရှိသံဃာထုကိုဖိတ်ခေါ်ကံဆောင်ခြင်း၊ ဆက်လက်၍
သံဃာထုပါဝင်မှုပေါ်မူတည်၍ သံဃာထုဆန္ဒနှင့်အညီ ထိုင်သပိတ်ပြုခြင်း၊
လမ်းလျှောက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဘုရားစေတီပုထိုးများပေါ်တွင် ဆုတောင်းမေတ္တာပို့သခြင်း။
၂၀၀၉ခုနှစ် အောက်တို့ဘာ (၃)ရက်နေ့တွင် မိမိတို့သံဃာထုရှိဦးဆောင်သံဃာများ ပူးပေါင်းပါဝင်မည့်
ဆရာတော်သံဃာတော်ကြီးများအား စစ်မိစ္ဆာများမှ ဖမ်းဆီးထိမ်းသိမ်းထားပါကပူးပေါင်းပါဝင်ဆင်နွဲမည့်
ကိုယ်တော်များမှ မိမိကျောင်းဌာနများတွင် သပိတ်ကံဆောင်၍နေစဉ့်ဘုရားစေတီပုထိုးများသို့ ချီတက်
လမ်းလျှောက်မေတ္တာပို့သခြင်း၊ ဆုတောင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့်နေ့စဉ်ဆင်နွဲခြင်းဖြင့် သပိတ်ကံ
အရှိန်မြှင့်ဆောင်ရွက်ခြင်း။
မှတ်ချက် - အထက်ပါ စဉ်းစားရွေးချယ်မှု ပုံစံ(၄)မျိုးအတွက် ယခုအချိန်တွင်ပါဝင်ဦးဆောင်မည့်သံဃာများမှ
သေချာတိကျစွာသတ်မှတ်၍ ၂၀၀၉ခုနှစ် အောက်တို့ဘာ (၃)ရက် မတိုင်မှီမည့်သည့်မြို့  မည်သည့်သိမ်တွင်
မည်သို့သောပုံစံဖြင့်၊ မည်သို့ဆောင်ရွက်မည်ကိုအဖွဲခွဲဦးဆောင်တာဝန်ရှိသံဃာများမှ မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဆက်သွယ်ရေး တာဝန်ခံများဆီသို့အကြောင်းကြားပေးပို့ပါရန် လျှောက်ထား
အပ်ပါသည် ဘုရား…

မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သာမဂ္ဂီအဖွဲ့ 


သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံအဖွဲ့ခွဲ (၅) ထန်းတပင်မြို့၊ရန်ကုန်တိုင်း
၁။ ဦးခေမာသီရိ
၂။ အရှင်သာဂရ
၃။ အရှင်ဝိသုဒ္ဓရ
၎။ ဦးတေဇဘိဝံသ
၅။ ဦးမေတ္တာစာရ
၆။ အရှင်ကုသလ
၇။ ဦးအိန္ဒြိယ
၈။ ဦးသောမ
သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲအမှတ်(၅) ထန်းတပင်မြို့နယ်ကိုအသစ်တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ ယခုတိုးချဲ့ဖွဲ့စည်းလိုက်သော
သံဃာ့ခေါင်းဆောင်များမှဦးဆောင်ကာတတိယအကြိမ်သံဃာ့သပိတ်ကိုအောင်မြင်စွာဆောင်ရွက်သွားပါမည်။
လာမည့်စက်တင်ဘာနှစ်ပတ်လည် ၂၀ ရက်နေ့မှ စတင်ကာ (နအဖ) စစ်အစိုးရအားမြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ
ထုတ်ပြန်ထားသော ကြေငြာချက်ကို သံဃာတပ်ပေါင်းစု အဖွဲ့ခွဲများမှ ဖတ်ကြားကာသတင်းဌာနများသို့ ပေးပို့၍၎င်း၊
ဌာနဆိုင်ရာအသီးသီးသို့လိပ်မူတပ်၍၎င်း ပေးပို့ရမည် ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ချမှတ်ထားသောဝိနည်းဥပဒေတော်နှင့်အညီဆောင်ရွက်ထားသော သံဃာ့အားလုံးစုပေါင်းညီညွတ်မှု
အထိမ်းအမှတ်သံဃာသပိတ်ကိုအားလုံးပါဝင်ဆင်နွဲကြရန်သံဃာတော်များအားလုံးတွင် တာဝန်ကိုယ်စီရှိကြပါသည်။
မိမိတို့ကျရာတာဝန်ကိုမပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်။
သံဃာတော်များအားလုံးသဘောတူဆောင်ရွက်ထားသောသံဃာကိစ္စကိုမလိုက်နာပဲဆန့်ကျင်ကာနအဖစစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းသောသံဃာတော်များကိုသံဃာထုတစ်ရပ်လုံးမှ ဘွဲ့အမည်………မိဘအမည်……….ကျောင်းတိုက်အမည်……………..မြို့ရွာအမည်များထုတ်ပြန်ကာ
ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ် လိုက်ကြောင်းနှင့်ပြည်သူလူတစ်ရပ်လုံးမှ ယခုထုတ်ပြန်ထားသော သံဃာအား
ပစ္စည်းလေးပါးလှူဒါန်းခြင်း လုံးဝမပြုရန် တရားဝင်စာရွက်များ ထုတ်ဝေကာမြန်မာတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေမည်ဖြစ်ပါသည်။
အင်တာနက်ဝက်ဆိုက်များ၊ ဘလော့များ တွင်ဆက်တိုက်ဖေါ်ထုတ်ကြေငြာမည်။ R F A ,VO A, B B C ,D V B စသည့် သတင်းဌာနများ
သို့လည်းပေးပို့ကာကြေငြာသွားမည်ဖြစ်ပါသည်။ E Mailပေါင်းများစွာမှလည်းဖြန့်ဝေဖေါ်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခု ဆောင်ရွက်မည့်သပိတ်သည်အောင်မြင်သည်အထိလုံးဝအရှုံးမပေးပဲဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်
သာသနာတော်အတွက်အလွန်အရေးကြီးပါသည်။
မိမိတို့အောင်မြင်အောင်မဆောင်ရွက်နိုင်ပါက မြတ်စွာဘုရားသာသနာတော်သည်စစ်မိစ္ဆာများ၏အောက်တွင် သူတို့လုပ်ချင်သလိုလုပ်
အနိုင်ကျင့်တာမှန်သမျှခေါင်းငုံခံ သံဃာတော်တွေကို သတ်ချင်သတ်နှိပ်စက်ချင်သလိုနှိပ်စက် ထောင်ချချင်သလိုထောင်ချ
သူတို့ပြုသမျှခံရသည့်ဘ၀ဖြင့် သာသနာတော်နိဂုံးချုပ် ပျောက်ကွယ်သွားနိုင်ပါသည်။ မြတ်စွာဘုရားရှင်၏ သာသနာတော် မပျောက်ကွယ်ရန်သံဃာထုတစ်ရပ်လုံးနှင့် ပြည်ထုလူထုအားလုံးမှာတာဝန်ကိုယ်စီရှိကြပါသည်။ လူထုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါရန်အားလုံးကိုအသိပေး နှိုးဆော်တိုက်တွန်းပါသည်။
ပ၀ါရဏာပြုရာကျောင်းတိုက်များစာရင်းရေးသားပြုစု၍တာဝန်ရှိသူများထံပေးပို့ပေးကြပါရန်ကိုလည်းတိုက်တွန်းနိုးဆော်
ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP