Facebook Badge

Thursday, September 3, 2009

ယနေ့ နောက်ဆုံးရ သံဃာအဖမ်းအဆီး သတင်းများ- - -

၃.၈.၀၉
ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။

ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမလည်း ကြာသပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ ရှိသောကျောင်း ဖြစ်သည်။

ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်းခံလိုက်ရသည်ဟု ကြားသိရသည်။

နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယအကြိမ်သပိတ်အား အကြီးအကျယ် ကြောက်လန့် နေသည့်အတွက် သံဃာတော်များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော်များကလည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့် ရေနစ်သေခါနီးသော သူကဲ့သို့ နောက်ဆုံးအချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊ အာဏာတည်မြဲရေးအတွက် အနန္တဂိုဏ်းဝင် သံဃာတော်များအား အမျိုးမျိုးဒုက္ခပေး ဖမ်းဆီး အရေးယူနေသည်။

ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့အဖွဲ့အစည်းသည် လက်ရှိအခြေအနေတွင် နအဖ စစ်အာဏာရှင်အား ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော ခိုင်မာကျစ်လစ်သည့်အဖွဲ့အစည်းဖြစ်သည်။

သံဃာတော်များအား ၀ါမကျွတ်မီ အခုလိုဖမ်းဆီးနေသည့်အတွက် အကျဉ်းထောင်များတွင် ၀ါကျွတ် ရရှာတော့မည်။ သံဃာတော်များအား အခုလိုဖမ်းဆီးနေခြင်းသည် မြတ်စွာဘုရား၏ ၀ါတွင်း ခရီးမထွက်ရဟူသော ၀ိနည်းဥပဒေကိုလည်း နအဖစစ်အာဏာရှင်က ချိုးဖောက်ပြီး သာသနာတော်ကို ရက်ရက်စက်စက် စော်ကားလိုက်ချေပြီ ဟု ပြည်တွင်းရှိ သံဃာတော်တစ်ပါးမှ ၀မ်းနည်းကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။

ဆက်လက်ပြီး သံဃာတော်များနှင့် ပတ်သက်သည့်သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်တင်ပြပေးသွားပါမည်။
ကိုဒီမိုးဝေယံ ဘလော့မှ ကူးယူပါသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP