Facebook Badge

Thursday, September 3, 2009

မလေးရှားရှိ အချုပ်ကျ မြန်မာများ ကျန်းမာရေးစိုးရိမ်ရ

Wednesday, 02 September 2009 19:05


မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်အနီး ထိန်းသိမ်းရေး စခန်း၌ အမည်မသိ ရောဂါဖြင့် သေဆုံးမှုများ ဖြစ်ပေါ်နေသည့် အတွက် စခန်းအတွင်းရှိ မြန်မာနိုင်ငံသားများက ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမ်ပူပန်နေ ကြကြောင်း သိရသည်။

အဆိုပါအထိန်းသိမ်းခံနေရသူများထဲမှ မြန်မာအလုပ်သမား ကိုစိုးသိန်းသည် လွန်ခဲ့သည့် စနေနေ့၌လည်း ပူထရာဂျာရာ ဆေးရုံတွင်သေဆုံးသွားရာ၊ မည်သည့် ရောဂါကြောင့် သေဆုံးသွားသည်ကို စခန်းအာဏာပိုင်များ က ထုတ်ဖော် ပြောကြားခြင်းမရှိသောကြောင့် အများစုက စိုးရိမ်နေကြရခြင်း ဖြစ်သည်ဟု အထိန်းသိမ်းခံနေရသူ တဦးဖြစ်သည့် ကိုကျော်စိုးက ပြောသည်။

“တယောက်သွားလိုက် ဆုံးသွားလိုက် နောက်တယောက် လည်း အဲဒီလို ဖောလိုက် ယောင်လိုက် ဆိုတော့ နည်းနည်းတော့ လန့်လာတယ်၊ ဘာရောဂါမှန်းလည်း မသိရဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ ကိုစိုးသိန်းသည် ထိန်းသိမ်းရေးစခန်း အဆောင် ဘီ ( ၁ ) တွင် ချုပ်နှောင်ခံ ထားရသူဖြစ် သည်။ ၎င်း အဆောင်တွင်ပင် အလားတူ အမည်မသိ ရောဂါ ဝေဒနာမျိုး ဖြစ်ပွားနေသူ ၂ ဦးလည်း ဆေးရုံတင်ထား ကြောင်း သိရသည်။

ယခုရောဂါသည် အဖျားဝင်ပြီး ထမင်းစားချင်စိတ် မရှိခြင်း၊ ခန္ဓာကိုယ် ဖော ယောင်လာခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာကြောင်း ယင်းစခန်းအတွင်း အထိန်းသိမ်းခံနေရသူများက ပြောသည်။

ယနေ့တွင် မလေးရှား ကျန်းမာရေးအဖွဲ့က အဆောင် ဘီ (၁) သို့ လာရောက်၍ ရေ နှင့် နေရာ ထိုင်ခင်းများကို စစ်ဆေး၍ ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူသွားကြောင်း တခြားသော အထိန်းသိမ်းခံထားရသူ ကိုနေမင်းက ပြော သည်။ ယင်းထိန်းသိမ်းရေး စခန်းတွင် ချိုးသည့်ရေနှင့် အိမ်သာရေကိုသာ သောက်သုံးနေကြရသည်ဟုလည်း ၎င်း က ဆိုသည်။

ယခုလဆန်းပိုင်းကလည်း အလားတူ ရောဂါ ဝေဒနာ ခံစားနေရသူတဦး သေဆုံးခဲ့သေးသည်။ အလုပ်သမား အများစုက A(H1N1) ဝက်တုပ်ကွေး ရောဂါဖြင့် သေဆုံးသည်ဟု ထင်ကြေးပေးကြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက မလေးရှား ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာပြည်သား အလုပ်သမား၂ ဦး သေဆုံးခဲ့ဖူးသည်။ သေဆုံးရသည့် အကြောင်းရင်း ပေါ်ထွက်လာခြင်းမရှိပေ။

ယခုမြန်မာပြည်သားများမှာ လပေါင်းများစွာ ထိန်းသိမ်းခံနေခဲ့ရပြီး ကွာလာလမ်ပူ လေဆိပ်အနီး ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ၂ လကျော်ကြာရှိပြီး ဖြစ်ကြောင်းနှင့် မြန်မာသံရုံး၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့်ရှိကြောင်း သိရပြီး ထိုအထဲတွင် မြန်မာပြည်သား အများစု ပါဝင်၍ အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု သတင်း ဖော်ပြချက်များအရ သိရသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP