Facebook Badge

Friday, August 21, 2009

မြန်မာ့ပို့ကုန်ပစ္စည်းတွင် ခွေးကို တရားဝင်စာရင်းသွင်း

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်က ခွေးများကို တရားဝင်ပို့ကုန်အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်ကာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း တရုတ်ပြည်သို့ စတင်တင်ပို့လျက်ရှိသည်။

ခွေးတကောင်ကို ကုန်သွယ်ရေးဇုန်က အမေရိကန်ဒေါ်လာ (၅၀) ဖြင့် ဈေးနှုန်းသတ်မှတ်ထားပြီး ကုန်သွယ်ခွန်အဖြစ် (၅) ဒေါ်လာနှုန်း အခွန်ကောက်သည်ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (နကသ) နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပို့ကုန်ပစ္စည်းတွေအနေနဲ့ တရုတ်ပြည်ဘက်မှာ ဘယ်လောက်ပဲ ရောင်းရ၊ ရောင်းရ အဲဒါနဲ့ မဆိုင်ဘူး။ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုပြီး ဈေးနှုန်းတခု သတ်မှတ်လိုက်တယ်။ အဲဒီအပေါ်မှာ အခွန်ကောက်တာ။ ခွေးကိုလည်း အဲလိုသတ်မှတ်လိုက်တာပဲ။ အရင် လေး၊ ငါးနှစ်လောက်က ညောင်ပင်၊ တရုတ်စကားပင်တွေကို ဒီလိုပဲ ဈေးနှုန်းတွေ သတ်မှတ်၊ တရားဝင်တင်ပို့ခိုင်းနေတာပဲ။ ပို့ကုန်အမယ်သစ် ရှာဖွေရေးအစီစဉ်အရ လုပ်နေတာ၊ တရားမ၀င်လမ်းကြောင်း တွေက သွားနေတာကို နိုင်ငံတော်က အခွန်အကောက်ရအောင် တရားဝင်ခွင့်ပြုပေးလိုက်တာ” ဟု ပြောသည်။

အိမ်တွင် အလှမွေးမြူသည့် ခွေးမျိုးကောင်းမျိုးသန့် အမျိုးအစားမဟုတ်သည့် သာမန်ခွေးများကို တရုတ်ပြည်သို့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလများ ကတည်းက မှောင်ခိုတင်သွင်းနေခြင်းဖြစ်ပြီး တရုတ်ပြည်တွင် ဟင်းလျာအဖြစ် တခုတ်တရ ချက်ပြုတ်စားသောက်နေကြသည်ဟု နယ်စပ်ဒေသခံမြန်မာတဦးက ပြောသည်။

၎င်းက “ဆွပ်ပြုတ်အနေနဲ့ လမ်းဘေးမှာလည်း ချရောင်းနေတာရှိသလို ဆိုင်တွေမှာလည်း ရောင်းတယ်။ အိမ်တွေမှာကျတော့ ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့ စုပြီး ချက်ပြုတ်စားသောက်ကြတယ်။ ဈေးထဲမှာ ခွေးတွေကို လှောင်အိမ်ထဲမှာ ထည့်ထားတယ်။ ကိုယ်ကြိုက်တဲ့အကောင်ကို ၀ယ်ပြီး အဲဒီဆိုင်မှာပဲ သတ်တာ။ အမွေးခြစ်တာတွေ လုပ်ခိုင်းလိုက်ရုံပဲ။ ကြီးရင်ကြီးသလို၊ သေးရင်သေးသလို အလေးချိန်နဲ့ဆိုတော့ ဈေးအမျိုးမျိုးရှိတယ်။ တလောက မေးကြည့်တာ တကီလိုကို (၁၈) ယွမ် (ကျပ်သုံးထောင်ဝန်းကျင်) ရှိတယ်” ဟု ပြောသည်။

ခွေးအပြင် လိပ်၊ မြွေနှင့် အခြားတောကောင်များကိုလည်း တရုတ်ပြည်သို့ မှောင်ခိုလမ်းကြောင်းမှတဆင့် တင်ပို့နေပြီး တရုတ်ပြည်တွင် ဟင်းလျာအဖြစ် စားသုံးနေကြသည်။

ခွေးကို အရေအတွက် အများအစား တစုတစည်းတည်း အလွယ်တကူ ရှာယူပြီး တရုတ်ပြည်သို့ စီးပွားဖြစ် တင်ပို့ရန်ဆိုသည်မှာ မဖြစ်နိုင်၍ ကုန်သည်များအနေဖြင့် လုပ်ကြမည်မထင်ကြောင်း၊ ပေါ်ပင်လုပ်လိုသူများကသာ လုပ်ခြင်းဖြစ်နိုင်ကြောင်း နယ်စပ်ကုန်သည်တဦးက ပြောသည်။
ခေတ်ပြိုင်မှ့ကူးယူဖော်ပြပါသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP