Facebook Badge

Thursday, August 20, 2009

“သတင်းပြိုင်ပွဲ”

---ရုရှားသိပ္ပံ ပညာရှင်များ မြောအောက်တူးဖော်မှု ပြုလုပ်ရာ မြေအောက်ပေ ၁၀၀ အနက် အရောက်တွင် နှစ် (၁၀၀၀) သက်တမ်းရှိ တယ်လီဖုန်းကြိုးများကို တွေ့ရသည်။နောက်တစ်ရက်တွင် ရုရှားသတင်းစာများက ဤသို့ ဖော်ပြကြ၏။

`“ရုရှား ဘိုးဘေး ဘီဘင်များ လွန်ခဲ့သော နှစ် ၁၀၀၀ ကပင် တယ်လီဖုန်း သုံးစွဲခဲ့”

--နောက် ၁၀ ရက်အကြာတွင် အမေရိကန် သိပ္ပံပညာရှင်များကလည်း မြောအောက် တူးဖော်မှု တစ်ရပ်ပြူလုပ်ခဲ့ကြသည်။ မြေအောက်ေ ပ ၂၀၀ အရောက်တွင် နှစ် ၂၀၀၀ သက်တမ်းရှိ ဖိုင်ဘာအော့ပ်တစ်ကြိုး များကိုတွေ့ရသည်။

နောက်တစ်ရက်တွင် အမေရိကန် သတင်းစာများကဤသို့ ဖော်ပြကြသည်။

အမေရိကန် ဘိုးဘေးဘီဘင်များ လွန်ခဲ့သောနျစ် ၂၀၀၀ ကပင် ဒီဂျစ်တယ် တယ်လီဖုန်းများ အသုံးပြုခဲ့ကြောင်းတွေ့ ရှိ”

--နောက် ၇-ရက်အကြာတွင် တရုတ်သိပ္ပံပညာရျင်များ မြေအောက်တူးဖော်သည်။ မြေအောက်ပေ ၅၀၀ အနက်အရောက် အထိ မည်သည့် ပစ္စည်းမှ မတွေရရှိကြ။ နောက်တရက်တွင် တရုတ်သတင်းစာများက ဤသို့ဖော်ပြကြ၏။

`“တရုတ် ဘိုးဘေးဘီဘင်များသည် လွန်ခဲ့သော နှစ် ၅၀၀၀ ကပင်၊ ဖုန်းကြိုးများ အခိုးခံရမည် စိုး၍ မိုဘိုင်းဖုန်းများ သုံးစွဲခဲ့”

မြန်မာ စစ်ခေါင်းဆောင်များက အထက်ပါ ထုတ်ပြန်ချက်များကို ထောက်ရှူ ဆင်ခြင်၍ သမိုင်း အထောက်အထား နောက်ကျ မကျန်ခဲ့စေခြင်း အကျိုးငှာ အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။

မြန်မာ ဘိုးဘေး ဘီဘင်များသည် ရှေးနှစ်ပါင်း ၅၀၀၀ မတိုင်မီ ခေတ်ဦးမဆွကကပင်အမေရိကန်၊အင်္ဂလန်နှင့်အပြင်ပ နိုင်ငံ များ၏ ခေတ်မှ ပစ္စည်းများသုံး၍ နိုင်ငံရေးအရ ၀င်ရောက် နှောက်ယှက် ဗိုလ်ကျမည် စိုးရိမ်၍ စက်ပစ္စည်းများမသုံးဘဲ ၄င်းတို့ အစား၊၀ိဇ္ဇာ ပညာရပ် စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့် ဘာသာရေး သမထ ကျင့်စဉ်များသုံးကာ တယ်လီပသီနည်းဖြင့် တဦးနှင့် တဦး ဆက်သွယ်ခဲ့ကြ”

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP