Facebook Badge

Thursday, August 6, 2009

ကူးစက်တတ်သည့် အဆုတ်ရောင်ရောဂါ

၂၄ နာရီအတွင်း သေစေနိုင်သော ကူးစက်တတ်သည့် အဆုတ်ရောင်ရောဂါ PDF Print E-mail
Wednesday, 05 August 2009 11:34

ထိုင်းနိုင်ငံ လူထုကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အနေနဲ့ အဆုတ်ရောင်ရောဂါအား ကပ်ရောဂါအဖြစ် ကြေငြာလိုက်ပါက အဆိုပါရောဂါနှင့် ပတ်သက်၍ ကူးစက်စေတတ်သော ရောဂါများဆိုင်ရာ အက်ဥပဒေကို ပြဌာန်းသွားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းဟိုင် မြို့တွင် လူသုံးယောက် အဆိုပါ အဆုတ်ရောင်ရောဂါ ကူးစက်ပြီးပြီးချင်း ပထမ လေးရက်နေ့မှာပဲ သေဆုံးသွားခဲ့ပြီးပြီလို့လည်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

“လူထုကျန်းမာ ရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဝင်ထွက်ပေါက် (၆၄)ခုနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လေဆိပ်တွေကို အဆုတ်ရောင် ရောဂါ ကာကွယ် တားဆီးရေးကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပြီးပါပြီ” လို့ ထိုင်းနိုင်ငံရှိ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာန၏ အထွေထွေ ဒါရိုက်တာ ဒေါက်တာ ဆွန်ချိုင်ဂျာကရာပန်ဟုက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ဝက်များမှ တစ်ဆင့် ရောဂါကူးစက်မှုအလားအလာ များသည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အရာရှိများအနေနှင့် ၀က်ကောင်ရေ အရေအတွက်ကိုလည်း ပြန်လည်ဆန်းစစ်ဖို့လိုကြောင်း ဒေါက်တာဆွန်ချိုင်က ပြောပါတယ်။ ရှဉ့် နှင့် ယုန် စသည့် သတ္တ၀ါတို့မှလည်း ရောဂါ ကူးစက်တတ်သည့်အတွက် သတိပြုကြရန် ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုအား သတိပေး ပြောကြားထားပါတယ်။

အဆုတ်ရောင်ရောဂါဟာ ယာစီးနီးယား ဟုခေါ်သည့် ကူးစက်တတ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး သေစေနိုင် လောက်သော ရောဂါဖြစ်ပါတယ်။ ထိုရောဂါ ကူးစက်ခံရသော လူတစ်ယောက်ဟာ ရောဂါကူးစက်ခံရပြီးနောက် ၂၄ နာရီအတွင်း သေစေနိုင်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၄ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာပါ “Airport alert for pneumonic plague” ကို ကျော်သိင်္ခမှ ဆီလျော်အောင် ဘာသာပြန်ပါသည်။

မူရင်း link : http://www.bangkokpost.com/news/local/151086/govt-may-enforce-law-to-combat-plague မှ့တဆင့်ကူးယူဖော်ပြပါသည်)

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP