Facebook Badge

Thursday, August 6, 2009

ကားတစီး လမ်းချော်ပြီး သစ်ပင်ဖြင့် တိုက်မိ၊

ကားတစီး လမ်းချော်ပြီး သစ်ပင်ဖြင့် တိုက်မိ၊ ကျန်းမာရေး အာမခံလက်မှတ် လုပ်မည့်သူ အများအပြား ဒဏ်ရာရ PDF Print E-mail
Tuesday, 04 August 2009 19:25

ယနေ့ နံနက် (၁၀)နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ဘန်မူဝမ်ရွာ၌ှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအစိုးရ ကျန်းမာရေးဌာနမှ ပြုလုပ်ပေးသည့် အာမခံလက်မှတ် ပြုလုပ်ရန်သွားသော ကားတစီးလမ်းချော်ပြီး သစ်ပင်ဖြင့် တိုက်မိရာ လူအများအပြား ဒဏ်ရာရရှိသဖြင့် တချို့မှာ အရေးပေါ် အခြေအနေရှိနေကြာင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် အမျိုးသမီး(၅)ဦးနှင့် အမျိုးသား(၃)ဦးမှာ တကွန်ပါမြို့နယ် ဆေးရုံတွင် တက်ရောက်ကုသခံနေရပြီး၊ အသက် (၂)နှစ်အရွယ် ကလေးငယ်နှင့် အသက် (၁၆)နှစ်အရွယ် ယောက်ျားလေး (၁)ဦးတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ဖူခက်ခရိုင် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေရသည်။

အဆိုပါ ကားပေါ်တွင် ကျန်းမာရေး အာမခံလက်မှတ် ပြုလုပ်ရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆)ဦး၊ လမ်းကြုံလိုက်သူတဦး၊ ကလေးတဦးနှင့် ယာဉ်မောင်းတဦး စုစုပေါင်း (၁၉)ဦးလိုက်ပါလာသည်။

“ကားက လည်ထွက်သွားပြီးတဲ့နောက်မှာ ဘာဖြစ်သွားလည်းဆိုတာ ကျနော်မသိတော့ဘူး” ဟု ကားပေါ်တွင် လိုက်ပါလာပြီး လက်တွင် ဒဏ်ရာ ရရှိသွားသော အသက် (၁၉)နှစ်အရွယ် မောင်ကျော်ထိုက်က ပြောသည်။

ဖန်ငခရိုင်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော Grassroots HRE အဖွဲ့မှ ၀န်ထမ်းများက တကွန်ပါ ဆေးရုံသို့ သွားရောက်ပြီး ထိုင်း-မြန်မာ ဘာသာပြန်အဖြစ် ကူညီပေးခြင်း၊ လိုအပ်သည့် အစားအသောက်များ ပံ့ပိုးပေးခြင်းနှင့် အားပေးစကားများ ပြောကြားပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုင်း- မြန်မာ ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးနေသော Grassroots HRE ကျန်းမာရေးဌာနမှ မလေဒီက

“ဖူခက်ဆေးရုံပို့လိုက်တဲ့ နှစ်ယောက်က ဒဏ်ရာတော်တော်ပြင်းမယ်။ ကျမတို့ တွေ့တဲ့အချိန်မှာ သတိမေ့နေတယ်။ တချို့ကတော့ ဒဏ်ရာတော့ရတယ်။ သိပ်မပြင်းလို့ ဆေးရုံမတက်ရဘူး။ ဆေးထည့်ပေးပြီးတော့ အိမ်ပြန်လွှတ်လိုက်တယ်” ဟုပြောပြသည်။

ရွှေ့ပြောင်းအလုပ်သမားများအား ပြုလုပ်ပေးသည် ကျန်းမာရေး အာမခံလက်မှတ်သည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်ရာတွင် တပါတည်း ပြုလုပ်ရပြီး ကျန်းမာရေး မကောင်း၍ ဆေးကုသသည့်အခါ တခါကုသလျှင် ဘတ်ငွေ (၃၀)သာ ကုန်ကျသည်။

http://ghre.org/mm/ မှ့တဆင့်ကူးယူဖော်ပြပါသည်)

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP