Facebook Badge

Friday, July 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စကားဝိုင်းကျင်းပ




၁၃၊၆၊၁၀ တနင်္ဂနွေ

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စကားဝိုင်းတစ်ခုကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံး တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

စကားဝိုင်းအားအလုပ်သမားများ ၊ နိုင်ငံရေးစိတ်ဝင်စားသူများ ၊ အဖွဲ့အစည်းများက တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး စုစုပေါင်း (၈၀) ခန့်တက်ရောက်ခဲ့ပါသည်။

စကားဝိုင်း ကို ညနေပိုင်း (၆း၀၀) ခန့်တွင်စတင်ကျင်းပခဲ့ပြီး NDD မှဦးမောင်မောင်ကြီးကှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းအား စတင်မိတ်ဆက်၍ တက်ရောက်လာသောအလုပ်သမားများနှင့်လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေများ ယခင်အချိန်ကာလ က အခြေအနေများကို ဆက်စပ်၍ ဆွေနွေးရင်း နိုင်ငံရေးအခြေအနေ နှင့် ဖွဲ့စည်းပုံအခြေခံ အပေါ်မည်သို့နားလည်သဘောပေါက် ပါသလဲဆိုပြီး အပြန်အလှန် ဆွေးနွေးသွားပါသည်။

တက်ရောက်လာသူအလုပ်သမားတစ်ဦးဖြစ်သူ ကိုထွန်းအောင်က ̏ ဒီနေ့မှာကျရောက်

တဲ့မွေးနေ့ကိုပါဝင်ဆုတောင်းပေးရသလို ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ် မတရားချုပ်နှောင်ခံထားရတဲ့ အခြားသူတွေကို ဆုတောင်းပေးခွင့်ရတာကို ကျေနပ်မိပါတယ် နာမည်တွေသိတာတော့ နဲတယ်လေ ဒါပေမယ့်သူတို့ ကောင်းတယ်ဆိုတာကိုသိပါတယ်ဗျာ မြန်မြန်လွတ်မြောက်ပြီး အေးချမ်းပါစေဗျာ ရွေးကောက်ပွဲမပြောနဲ့ဗျာ ဘာဖွဲ့စည်းပုံလဲမသိပါဘူး ၂၀၀၈ တုန်းကလုပ်တယ် အတင်းထည့်ခိုင်းတာပဲလေ ခုလဲ ဒီလိုပဲနေမှာပေါ့ ရွေးကောက်ပွဲဆိုတာလဲ ဒီလိုပဲ ဖြစ်လာမှာပါဗျာ ̋ ဟုသူကပြောသွားပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဝင်များ၊ တက်ရောက်လာသော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမားများမှ ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မီးထွန်းဆုတောင်းခဲ့ပြီး̏ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ̋ ̏ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေ̋ ဟု သုံးကြိမ်သံပြိုင်ဆုတောင်းပြီး အကျွေးအမွေးဖြင့်ဧည့်ခံ၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သွေးလှုဒါန်းပွဲကိုလဲ မယ်တော်ဆေးခန်းတွင် ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ နံနက်(၉း၀၀) မှ နေ့လည်ပိုင်းအထိ မယ်တော်ဆေးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)မြောက် မွေးနေ့အထိမ်းအမှတ် သွေးလှုဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။

သွေးလှုဒါန်းခြင်းအခမ်းအနားတွင် မဲဆောက်အခြေစိုက်ရွေ့ပြောင်းကျောင်းသားများ ၊ ရွေ့ပြောင်းအလုပ်သမားများ ၊ နယ်စပ်အခြေစိုက် အဖွဲ့အစည်းများ ၊ မယ်တော်ဆေးခန်းရှိ ဝန်ထမ်းများ နှင့်စုပေါင်း ကျင်းပခဲ့သည်။ သွေးလှုဒါန်းသူများ စုစုပေါင်း ၂၀၀ နီးပါးလာရောက်လှုဒါန်းတာကိုတွေ့ရပါသည်။

သွေးလှုဒါန်းသူ အလုပ်သမားတစ်ဦးက “ကျွန်တော်တို့ ဒီနေ့သွေးလှုဒါန်းခွင့်ရတာကို အရမ်းဂုဏ်ယူမိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်သားများအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ သုတို့တွေ အကျဉ်းချခြင်းခံရတာကို အလွန်စိတ်မကောင်းဖြစ်တယ်ဗျာ ၊ အမြန်ဆုံးပြန်လည်လွတ်မြောက်အောင် ဝိုင်းဆုတောင်းခွင့်ရတာ ၊ ခုလိုပါဝင်ခွင့်ရတာကိုကျေနပ်ပါတယ်” ယခုလိုပြောသည်။

သွေးလှုဒါန်းသူများကို သွေးလှုမှုဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံရိုက်နှိပ်ထားသော အကျီ င်္နှင့်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP