Facebook Badge

Monday, October 12, 2009

နယ်စပ် တံတား အသစ် တည်ဆောက်ရန် ထိုင်းလွှတ်တော်အတည်ပြု

ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန်အတွက် ထိုင်း အစိုးရက မြ၀တီ-မဲဆောက် ဒေသတွင် မြစ်ကူးတံတားတစင်း ထပ်မံ ဆောက်လုပ်ရန် အင်္ဂါနေ့က ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ဘတ်ငွေ သန်း ၄၀၀ ကုန်ကျမည့် မြစ်ကူးတံတား ဆောက်လုပ်ရေး အပါအ၀င် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုထားချက်ကို ထိုင်းနိုင်ငံ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

၎ လမ်းသွား တံတားသစ် ပါဝင်မည့် ဧက ၃၂၀၀ ခန့် ကျယ်ဝန်းသည့် အဆိုပါ စီးပွားရေးဇုန်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး ဘက်စုံ စီမံကိန်းလည်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီးက ပြောသည်။

“နယ်စပ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့် လာစေမှာ ဖြစ်ပါတယ်၊ တံတားသစ် ဆောက်ပြီးတာနဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကရတဲ့ဝင်ငွေနဲ့ တခြား အခွန်ဝင်ငွေတွေမပါ၊ တနှစ်ကို ဘတ်သန်းပေါင်း ဘီလီယံ ၄၀ အထ နှစ်ဆ တက်သွားဖို့ မျှော်လင့်ရတယ်” ဟု ဒု-၀န်ကြီး Alongkorn Ponlaboot ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်သတင်းစာက ကိုးကားဖော်ပြထားသည်။

တံတားဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် သဘောတူညီမှု မရသေးပေ။

တာ့ခ် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone ကမူ တံတားစီမံကိန်းအတွက် မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးရဦးမည်ဟု ဧရာဝတီသို့ ပြောသည်။

“တံတား တည်ဆောက်ရေးအတွက် မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးရမယ်၊ မြန်မာဘက်က ဘယ်လိုသဘောရလဲ မသိသေးဘူး၊ အကယ်၍ ခွင့်ပြုချက် မရရင်တော့ ဆောက်လို့ရမှာ မဟုတ်ဘူး” ဟု Bunpot Kokiatcharone က ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် တံတားတစင်း ရှိသော်လည်း ထိုတံတားမှာ သက်တမ်း ရင့်လာသဖြင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာရန် မသင့်လျော်တော့ကြောင်း၊ ထို့ကြောင့် တံတားအသစ် ဆောက်လုပ်ရန် လိုအပ်ကြောင်း သူက ရှင်းပြသည်။

တံတားသစ်သည် မဲဆောက်မြို့ နှင့် မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာတို့ကို ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။ ရွှေကုက္ကိုရွာသည် မြန်မာအာဏာပိုင်တို့နှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ထိန်းချုပ်ရာ နယ်မြေ ဖြစ်သည်။

“တံတား အသစ် ထပ်ဖွင့်လို့ လမ်းကြောင်း တလျှောက်လုံး ဂိတ်ကြေးတွေ မပေးရတော့ဘူး ဆိုရင်တော့ မဆိုးဘူး။ အဲဒီ ဂိတ်ကြေးတွေ ရှိနေဦးမယ် ဆိုရင် မထူးခြားပါဘူး” ဟု မဲဆောက်မြို့ရှိ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP