မိုဘိုင်းဖုန်းများတွင် Font အလွယ်တကူထည့်သွင်း၍မရနိုင်
| Tuesday, 08 September 2009 |
မိုဘိုင်းဖုန်းများအတွင်းသို့ မြန်မာဖောင့်များထည့်သွင်းခြင်းနှင့် ဘာသာစကားဆိုင်ရာစနစ်များ ထည့်သွင်းသည့်အခါတွင် တတ်ကျွမ်းနားလည်းသော ဆားဗစ်သမားများနှင့်သာထည့်သွင်းသင့်ပြီး ကိုယ်တိုင်ထည့်သွင်းပါက ဖုန်းအ ကြောင်းဗဟုသုတရှိရန်လိုအပ်ပြီး ထိုသို့မဟုတ်ပါက အလွယ်တကူ ထည့်သွင်း၍ရနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ Font များနှင့် Language စနစ်တို့မှာ တူညီမှုမရှိဘဲ Language အနေဖြင့်ထည့်သွင်းမည်ဆိုပါက လွယ်ကူသော် လည်း Font စနစ်အနေဖြင့်ထည့်သွင်းမည်ဆိုပါက အနည်းငယ်အခက်အခဲရှိကြောင်းသိရသည်။ Font စနစ်မှာ Zawgyi ကိုအသုံးပြုခြင်း၊ အခြားကိုယ်တိုင်ပြုလုပ်ထားသော Font များထည့်သွင်းမည်ဆိုပါက Symbian ဖုန်းများ အတွက်အခက်အခဲရှိသော်လည်း Windows မိုဘိုင်းအတွက်မှာ ကိုယ်တိုင်ထည့်သွင်းလျှင်ရနိုင်ပြီး PDA , HTC ဖုန်းများနှင့် Windows OS ထည့်သွင်းထားသောဖုန်းများတွင်လည်း အဆင်ပြေစေနိုင်မည်ဖြစ်သည်။ Language စနစ်မှာ မိုဘိုင်းဖုန်းစနစ်ထဲတွင်ပါဝင်မည်ဖြစ်သည်။ သို့သော် မြန်မာစာအသုံးပြု၍ရနိုင်မည်မဟုတ်သေးကြောင်း သိရသည်။“မိုဘိုင်းဖုန်းထဲကိုဖောင့်ထည့်သွင်းတာ နည်းစနစ်ပိုင်းကအရမ်းကို ရှုပ်ထွေးပါတယ်။ သာမန်သုံးစွဲသူတွေ အလွယ်တကူထည့်ဖို့သိပ်မလွယ်ပါဘူး။ ဒါပေမယ့် Windows မိုဘိုင်းဖုန်းတွေက အဆင်ပြေနိုင်တယ်။ Symbian OS ဖုန်း တွေအနေနဲ့ ဆော့ဖ်ဝဲလိုဟာမျိုးတွေသုံးရတာလွယ်ကူပြီး ဆော့ဖ်ဝဲမဟုတ်ဘဲ အင်တာနက်ကြည့်ဖို့ Office Application တွေမှာသုံးဖို့အတွက်ဆိုရင်တော့ Windows Mobile လို PDA ဖုန်းတွေမှာမြင်ရပေမယ့် Symbian ဖုန်းတွေမှာမြင်ရဖို့ အတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေများပါတယ်” ဟု မိုဘိုင်းဖုန်းဆားဗစ်သမားတစ်ဦးက ရှင်းပြသည်။ မိုဘိုင်းဖုန်းများတွင် မြန်မာစာစနစ်သုံးနိုင်ခြင်းမှာ Technomation Studio မှထုတ်လုပ်သောဆော့ဖ်ဝဲများတွင် မြန်မာလို SMS အပြန်အလှန်ပို့နိုင်ပြီး sm3 မှမိုဘိုင်းဆော့ဖ်ဝဲများသည်လည်း မြန်မာလိုအသုံးပြုနိုင်သော ဆော့ဖ် ၀ဲများကိုထုတ်လုပ်သည်။ Zawgyi ဖြင့်သုံးနိုင်သော မိုဘိုင်းဆော့ဖ်ဝဲများကိုလည်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ နောင်နောင် |


မိုဘိုင်းဖုန်းများအတွင်းသို့ မြန်မာဖောင့်များထည့်သွင်းခြင်းနှင့် ဘာသာစကားဆိုင်ရာစနစ်များ ထည့်သွင်းသည့်အခါတွင် တတ်ကျွမ်းနားလည်းသော ဆားဗစ်သမားများနှင့်သာထည့်သွင်းသင့်ပြီး ကိုယ်တိုင်ထည့်သွင်းပါက ဖုန်းအ ကြောင်းဗဟုသုတရှိရန်လိုအပ်ပြီး ထိုသို့မဟုတ်ပါက အလွယ်တကူ ထည့်သွင်း၍ရနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ Font များနှင့် Language စနစ်တို့မှာ တူညီမှုမရှိဘဲ Language အနေဖြင့်ထည့်သွင်းမည်ဆိုပါက လွယ်ကူသော် လည်း Font စနစ်အနေဖြင့်ထည့်သွင်းမည်ဆိုပါက အနည်းငယ်အခက်အခဲရှိကြောင်းသိရသည်။ Font စနစ်မှာ Zawgyi ကိုအသုံးပြုခြင်း၊ အခြားကိုယ်တိုင်ပြုလုပ်ထားသော Font များထည့်သွင်းမည်ဆိုပါက Symbian ဖုန်းများ အတွက်အခက်အခဲရှိသော်လည်း Windows မိုဘိုင်းအတွက်မှာ ကိုယ်တိုင်ထည့်သွင်းလျှင်ရနိုင်ပြီး PDA , HTC ဖုန်းများနှင့် Windows OS ထည့်သွင်းထားသောဖုန်းများတွင်လည်း အဆင်ပြေစေနိုင်မည်ဖြစ်သည်။ Language စနစ်မှာ မိုဘိုင်းဖုန်းစနစ်ထဲတွင်ပါဝင်မည်ဖြစ်သည်။ သို့သော် မြန်မာစာအသုံးပြု၍ရနိုင်မည်မဟုတ်သေးကြောင်း သိရသည်။