EU က ဖြစ်နိုင်ဖွယ်ရှိသော အင်တာနက်တိုက်ခိုက်မှုများနှင့် နှောင့်ယှက်မှုများအား ကာကွယ်ရန်အသင့်ပြင်
ဥရောပသမဂ္ဂ(EU) အလုပ်အမှု ဆောင်အဖွဲ့က အင်တာနက်အဖျက်အမှောင့် များနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ပြင် ဆင်နိုင်မည့် မဟာဗျူဟာသစ်အား အဆိုပြု ခဲ့သည်ဟုဆိုသည်။ EUကုမ္ပဏီ ၉၃ ရာခိုင် နှုန်းနှင့် ဥရောပသားထက်ဝက်ခန့်သည် ၂၀၀၇ က အင်တာနက်ကို စိတ်အားထက်သန်စွာ အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း သဘာဝ ဘေးအန္တရာယ်များ၊ အကြမ်းဖက်တိုက်ခိုက် မှုများနှင့် မလိုတမာစိတ်ဖြင့် ပြုမူဆောင်ရွက် မှုနှင့် အမာထည်ပစ္စည်း ပျက်ယွင်းမှုများ ကြောင့် ဥရောပ၏ သတင်းအချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံများကို စိုး ရိမ်ဖွယ်ရာအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ခဲ့ သည်ဟုဆိုသည်။ ဖြစ်နိုင်ဖွယ်ရာရှိသော အနှောင့်အယှက်များ သို့မဟုတ် တိုက်ခိုက် မှုများကို ပြင်ဆင်ရန်အတွက် ပူးပေါင်းဆောင် ရွက်မှု၊ သတင်းဖလှယ်မှုနှင့် EU အဖွဲ့ဝင်နိုင်ငံ များအကြား ကောင်းမွန်သောမူဝါဒအတွေ့ အကြုံများကို လဲလှယ်ပေးပို့သင့်သည်ဟု EUကော်မရှင်က ပြောပြသည်။
အများပြည်သူနှင့်ဆိုင်သော အာ ဏာပိုင်တို့နှင့် ပုဂ္ဂလိကကဏ္ဍများမှနေ၍ လုံ လောက်သော ကာကွယ်မှုပြုရန်အတွက် အတွေ့ကြုံများနှင့် သတင်းအချက်အလက် များကို EU အဖွဲ့ဝင်နိုင်ငံများအကြားတွင် ဝေမျှသင့်သည်ဟုဆိုသည်။ သတင်းအချက် အလက်များ ဝေမျှခြင်းနှင့် သတိပေးစနစ်များ အားဖြင့် ဖြစ်ပေါ်လာနိုင်မည့် အင်တာနက် ဘေးဆိုးများကို တုံ့ပြန်စစ်ဆေးမှုပြုနိုင်မည် ဟု ကော်မရှင်ကပြောခဲ့သည်။ EUအဖွဲ့ ၀င်နိုင်ငံများအနေဖြင့် အမျိုးသားနှင့် နိုင်ငံ မျိုးစုံပါဝင်သော အရေးပေါ်အစီအစဉ်များ ကို ရေးဆွဲသင့်ပြီး ပုံမှန်အတွေ့အကြုံများကို ကိုင်ဆွဲထားခြင်းအားဖြင့် ပမာဏကြီးမား သော ကွန်ရက်ထိခိုက်မှုများကို ကာကွယ် တားဆီးနိုင်မည့် အခြေအနေကောင်းများ ကို ရရှိစေမည်ဖြစ်သည်ဟုဆိုသည်။
ကော်မရှင်၏အဆိုအရ ၂၀၀၇ ခုနှစ်တွင် အင်တာနက်တိုက်ခိုက်မှုကြောင့် အက်စတိုနီးယန်းပါလီမန်သည် ၎င်းင်း၏ အီးမေးလ်စနစ်ကို ၁၂နာရီခန့် ရပ်ဆိုင်းခဲ့ရပြီး အဓိကဘဏ်လုပ်ငန်းကြီးနှစ်ခုမှာမူ ၎င်းတို့၏ အွန်လိုင်းဝန်ဆောင်မှုများကို ပိတ်ပစ်ခဲ့ရသည် ဟု ဆိုသည်။
(နောင်နောင်)


