Facebook Badge

Friday, September 18, 2009

တရားရေးနှင့်ဥပဒေ ရေးရာ၌ ကျွမ်းကျင်ရန်လိုအပ်လာ


နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအဖက်ဖက်မှဖွံ့ဖြိုးတိုးတက် ရန် အားယူနေသည့်အချိန်၌ နယ် ပယ်အသီးသီးတွင် တရားမျတမှုနှင့် အမှန်တရားအတွက် အမှုအခင်းများ မကြာခဏရင်ဆိုင်နေရသည်ဖြစ်ရာ အမှုများအားလိုက်ပါဆောင်ရွက်မည့် ဥပဒေပညာရှင်ရှေ့နေများအနေဖြင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာတို့ ကို အမှန်တကယ်ကျွမ်းကျင်ရန်လို အပ်လာသည်ဟု ဥပဒေပညာရှင်အ ချို့က သုံးသပ်ပြောကြားခဲ့ကြသည်။

ရှေ့နေများအနေဖြင့် အမှုများ အားလိုက်ပါဆောင်ရွက်ရာတွင် ရာ ဇ၀တ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ အ မှန်တရားနှင့်ယှဉ်ကာ ဥပဒေကိုသာ အားကိုး၍ အမှုကိုတည်ဆောက်အ နိုင်ယူသင့်ကြောင်း၊အမှုရင်ဆိုင်ရာ တွင် သမာသမတ်ကျစွာလာဘ်ပေး လာဘ်ယူကင်းရှင်းခြင်းကလည်းတရားစီ ရင်ရေးမဏ္ဍိုင်ကိုဝိုင်းဝန်းတည့်မတ် ရာတွင် တစ်ဖက်တစ်လမ်းမှကူညီ ရာရောက်ကြောင်း ၀ါရင့်ရှေ့နေကြီး အချို့ကအကြံပေးခဲ့ကြသည်။

အမှုတည်ဆောက်ပုံ၊ခံယူချက် နှင့်ဥပဒေအကိုးအကားတိကျခိုင်မာ ပါက အမှုအနိုင်ရနိုင်ကြောင်းနှင့် ပတ်သက်၍ ရှေ့နေတစ်ဦးက ပြော ကြားခဲ့ရာ '' တရားမမှုပဲဖြစ်ဖြစ် ပြစ် မှုပဲဖြစ်ဖြစ် အမှုလိုက်ပါဆောင်ရွက် တော့မယ်ဆိုရင် ကိုယ့်အမှုကိုဥပဒေ နဲ့အညီ ခိုင်မာအောင်ဘယ်လိုတည် ဆောက်မလဲ၊ ဥပဒေအရတစ်ဖက်ကို ဘယ်လိုအနိုင်ယူမလဲကိုပဲ ရှေ့နေ တစ်ယောက်အနေနဲ့စဉ်းစားသင့်တယ်၊မသမာတဲ့နည်းလမ်းတွေနဲ့အမှုကို အနိုင်မယူသင့်ဘူး။မသမာတဲ့ နည်းတွေဆိုတာ က မမှန်သက်သေခံကို တင်ပြတာ ၊ အမှုကို ဖြစ်ရပ်မှန်နဲ့ သွေဖည်ပြီး လီဆယ်တည်ဆောက်တာ ၊ တရားစီရင်ရေး မဏ္ဍိုင်ကို ယိမ်းယိုင်စေတဲ့လာဘ်ပေးလဘ်ယူ ပြုလုပ်တာတွေ မလျော်သြဇာသုံးပြီး အမှုအနိုင်ရဖို့ အမှုသည်ကိုအားပေးကူညီတာတွေပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ရှေ့နေတစ်ယောက်အနေနဲ့ ဥပဒေ ဘောင်ထဲက ငါ့အရည်အချင်းကို ဘယ်လိုပြမယ်၊ အမှုကို ဘယ်လို တရားမျတစွာအနိုင်ယူပြီး နာမည် ကောင်းရယူမယ်ဆိုတဲ့ ခံယူချက် ရှိနေသင့်တယ်။ အဲဒီလိုခံယူချက်မျိုး နဲ့ရှေ့နေတွေသာ များပြားလာမယ် ဆိုရင် မသမာတဲ့နည်းနဲ့ အမှုအနိုင်ရ အောင် ကြိုးစားနေတာတွေလည်း လျော့နည်းသွားနိုင်ပါတယ်'' ဟု ဆိုပါသည်။

အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများဘက်မှ မဖြစ်မနေသိထား သင့်သောဥပဒေများမှာ ရာဇသတ် ကြီး၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေနှင့် ၂၀၀၀ ပြည့်နှစ်တရားစီ ရင်ရေးဥပဒေတို့ဖြစ်ကြောင်း၊ သီး ခြားပြဋ္ဌာန်းထားသော အခြားဥပဒေ များကိုလည်း အကြမ်းဖျင်းသိရှိထား ရန်လိုအပ်ကြောင်းနှင့်ဥပဒေပညာရှင် ရှေ့နေများအနေဖြင့် ဥပဒေများအား အလွတ်ရရန်မလိုသော်လည်း မည် သည့်အမှုကိစ္စမျိုးအား မည်သည့် ဥပဒေဖြင့် ရင်ဆိုင်ရန် ဥပဒေကိုရှာ တတ်ရန်ဟူသည့် (တ့နမန အသ်ငညိ အ့နူတေ) ဆိုရိုးနှင့်ညီရန်သာ လို ကြောင်း ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။

ပြစ်မှုဆိုင်ရာ တရားစီရင်ရာ တွင်ဖြစ်စေ၊ တရားမမှုတရားစီရင်ရာ တွင်ဖြစ်စေ အမှုသည်များ၊ ရှေ့နေ များသည် မိမိတို့အမှုအနိုင်ရရှိရေး အတွက် တရားသူကြီးများထံနည်း မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်တတ် ကြောင်း၊ ငွေကြေးအခွင့်အရေးစသည့် လာဘ်လာဘများဖြင့် တရားသူကြီး များ၏တရားစီရင်မှုကိုခြယ်လှယ်ရန် ကြိုးစားခဲ့ကြကြောင်း၊ လာဘ်ပေး လာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သောပြစ် ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိ တရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း၊ တရား ရေးနှင့်နှီးနွှယ်ဆက်စပ်သည့်တာဝန် ရှိအဆင့်အားလုံးက ခေတ်ကိုမျော် ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့်အလေ့အထကောင်း သည့် တရားစီရင်ရေးစနစ်ကို ၀ိုင်း ၀န်းကြိုးပမ်းထူထောင်ကြရန်ဖြစ် ကြောင်း မေလ ၁၂ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ တရား ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပ သည့်တရားရုံးချုပ်နှင့်ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌နိုင်ငံတော်ဝန်ကြီးချုပ် က ပြောကြားခဲ့ပါသည်။

တရားစီရင်ရေးနှင့်ပတ်သက်၍ ရှေ့နေများသိထားသင့်သည့် ဥပဒေ များထဲတွင် ၁၉၄၈ ခုနှစ် အဂတိ လိုက်စားမှု တားမြစ်ရေးအက်ဥပဒေ လည်းပါဝင်ကြောင်းဥပဒေပညာရှင် များကဆိုပါသည်။ အဂတိလိုက်စားသူများအား ထောင်ဒဏ်ခုနစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက် ဥပဒေအရ သိရသည်။

ထို့ပြင် ရှေ့နေများအနေဖြင့် ဥပဒေများကိုကျွမ်းကျင်တတ်မြောက် ထားရန်သာမက ရှေ့နေကျင့်ဝတ် များကိုလည်းသိရှိလိုက်နာရန်လိုအပ် ကြောင်း ရှေ့နေလောကတွင် နှစ် ၃၀ ကျော်ကြာကျင်လည်ခဲ့သူ တရားရုံး ချုပ်ရှေ့နေတစ်ဦးကဆိုပါသည်။ ''ရှေ့နေတွေအပါအ၀င် တရား ရေးမဏ္ဍိုင်မှာပါဝင်တဲ့သူတွေအားလုံး ဟာခေတ်နဲ့အညီပြောင်းလဲတဲ့ဥပဒေ တွေကိုသိထားသင့်တယ်။ စီးပွား ရေးဆိုင်ရာဥပဒေတွေ၊ မူပိုင် ခွင့်ဥပဒေတွေသိထားသင့် တယ်။ စီးပွားရေးဖွင့် လိုက်ရင် နိုင်ငံစုံကော်ပို ရေးရှင်းကြီးတွေဝင်လာ မယ်။ သူတို့ရဲ့နိုင်ငံတကာ ရှေ့နေတွေပါလာမယ်။ ဒီအချိန်မျိုးမှာကိုယ့် ရဲ့လျောက်လဲချက်၊ စီရင်ချက်တွေကို သူတို့တွေကြည့်ပြီး ရယ်စရာဖြစ်နေရင် ဘယ်ကောင်း ပါ့မလဲ''ဟုဥပဒေ ပညာရှင်တစ်ဦး က ပြောကြားခဲ့ ပါသည်။

ရှေ့နေရှေ့ရပ်များသည် တရား သူကြီးနှင့် ခင်မင်ရင်းနှီးမှု၊ ဆွေမျိုး တော်စပ်မှုကိုအကြောင်းပြုပြီး မလျော် သောအခွင့်အရေးများကို ရယူရန် ကြိုးစားခြင်းမပြုသင့်ပါ၊ တရားသူ ကြီးနှင့် တရားရေးအကြံပေးတို့အား လာဘ်ပေးခြင်း မပြုသင့်ကြောင်း နှင့်ပတ်သက်၍ ကျင့်ဝတ်သိက္ခာနှင့် လုံးဝညီညွတ်ခြင်းမရှိသည်ကို သတိ ပြုသင့်ကြောင်း (ဗဟိုတရားရုံး၊ တရားမအထွေထွေမှု အမှတ် ၅၀၊ ၃၀.၉.၈၇ ရက်စွဲပါ စီရင်ချက်) (တရားရုံးချုပ်၊ ၁၉၈၉ ခုနှစ်၊ တရားမ အထွေထွေမှုအမှတ် ၃၂၊ ၂၃.၈.၈၉ ရက်စွဲပါစီရင်ချက်)''ဟူ၍ ရှေ့နေ ချုပ်ရုံးမှထုတ်ဝေသည့် ရှေ့နေရှေ့ရပ် များ၏ ကျင့်ဝတ်သိက္ခာများ တာဝန် များနှင့် အခွင့်အရေးများတွင်ပါဝင်မှု အရ သိရသည်။

''တရားစီရင်ရေးမှာ အမကအ့ယ ညသအ့ငညါ ဘကအ အ့န အမကအ့ ဆိုတဲ့ 'အမှန်တရားမှလွဲ၍'ဆိုတာသက်သေ ထွက်တဲ့သူတင်မက အားလုံးသိထား သင့်တဲ့အဓိဋ္ဌာန်ပါ''ဟုတရားရုံးချုပ် ရှေ့နေတစ်ဦးက ပြောကြားခဲ့ပါ သည်။

ဒီမိုကရေစီကို သွားတော့မည် ဆိုလျင် တရားရေးမဏ္ဍိုင်ကို မဖြစ် မနေတည့်မတ်ရတော့မည်ဖြစ်ကြောင်း၊ အမှုတစ်ခုအား လိုက်ပါဆောင်ရွက် ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းအရ အမှုကိုအနိုင်ရရန် ကြိုးပမ်းခြင်း ထက် လာဘ်ပေးလာဘ်ယူပြုလုပ် ကာ အမှုအနိုင်ရရှိရေးကြိုးပမ်းမှုမျိုး ကို လူငယ်ရှေ့နေများအနေဖြင့် ပိုမို ရှောင်ကြဉ်သင့်ကြောင်း၊ လူငယ် ရှေ့နေများအနေဖြင့် ခေတ်ကို မျော် ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့် အလေ့အထကောင်း သည့် တရားစီရင်ရေးစနစ်ကို ၀ိုင်း ၀န်းကြိုးပမ်း ထူထောင်ကြရာတွင် အမှန်တရားဘက်မှသမာသမတ်ကျစွာ ဆောင်ရွက်ပေးရမည့်သူများဖြစ်သော ကြောင့် ကိုယ်ကျင့်သိက္ခာကို ပိုမို စောင့်ထိန်းသင့်ကြောင်းဥပဒေပညာ ရှင်များက သတိပေးပြောကြားခဲ့ ကြသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP