ကုန်ပစ္စည်းများအား တရားဝင်တင်သွင်းဖြန့်ချိနေသည့် စီးပွားရေးလုပ်ငန်းများ အခက်အခဲအချို့ရှိလာ
နိုင်ငံတကာမှကုန်ပစ္စည်း များအား သက်ဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့်အညီ တရားဝင် ကိုယ်စားလှယ်ယူ၍ တင်သွင်းဖြန့် ချိနေသည့်စီးပွားရေးလုပ်ငန်းအချို့ သည် နယ်စပ်ဝင်ပေါက်များမှ တရားမ၀င်သောနည်းလမ်းများဖြင့် ဈေးကွက်အတွင်းသို့ဝင်ရောက်လာ သည့်အမျိုးတူဈေးကွာပစ္စည်းများ ကြောင့် အခက်အခဲအချို့ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရပါသည်။''မြန်မာပြည်က ဈေးကွက်မှာ တရားဝင်တင်သွင်းနေတဲ့နိုင်ငံတကာ က နာမည်ကြီးတံဆိပ်တွေ၊ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကုန် ပစ္စည်းအမျိုးအမည်တွေ ထိုက်သင့် သလောက်ရှိတယ်။ ဒီကုန်ပစ္စည်း တွေအားလုံးက အိမ်နီးချင်းနိုင်ငံတွေ မှာလည်းရှိတယ်။ တရားဝင်ကုမ္ပဏီ တွေက စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်သွင်းပြီး ရောင်းဝယ်ရတယ်၊ အခွန်အခပေးဆောင်ရတယ်။ ဒါပေ မယ့် နယ်စပ်ကနေဒီပစ္စည်းတွေက တရားမ၀င်နည်းလမ်းနဲ့လည်း ဈေး ကွက်ထဲကိုဝင်နေတယ်။ သူတို့က ကျွန်တော်တို့ရောင်းနိုင်တဲ့ဈေးနဲ့ခွာပြီး ရောင်းတော့ ကျွန်တော်တို့ရဲ့ ရောင်း အားကိုထိခိုက်စေတယ်။ လက်ရှိ အချိန်မှာတော့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့အလှကုန်ပစ္စည်းတွေလို လူသုံးကုန်ပစ္စည်းတွေကို တရားဝင် တင်သွင်းနေတဲ့လုပ်ငန်းတွေအထိ အနာဆုံးဖြစ်နေပါတယ်''ဟုလုပ်ငန်း ရှင်တစ်ဦးကပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံဈေးကွက် အတွင်းရှိ နိုင်ငံတကာကုန်ပစ္စည်းများကို တင် သွင်းရာတွင် အချို့ကို ပင်လယ်ရေ ကြောင်းမှတင်သွင်းပြီး အချို့ကိုအိမ် နီးချင်းနိုင်ငံများရှိ ကုန်ပစ္စည်းထုတ် လုပ်သောစက်ရုံများထံမှနယ်စပ်ဝင် ပေါက်များမှတစ်ဆင့်တင်သွင်းဖြန့်ချိ ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ကုန် ပစ္စည်းထုတ်လုပ်သောစက်ရုံ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိမ်နီးချင်း နိုင်ငံဈေးကွက်များတွင် မည်သည့်ကုန် ပစ္စည်းကိုမဆို လက်လီလက်ကား ၀ယ်ယူရရှိနိုင်ပြီး တစ်နိုင်တစ်ပိုင် နည်းလမ်းနှင့်ဖြစ်စေ၊ အစုလိုက်သယ် ယူမှုနည်းလမ်းနှင့်ဖြစ်စေ၊ နယ်နိမိတ် ထိစပ်လျက်ရှိသော လမ်းကြောင်း အချို့မှ ပြည်တွင်းဈေးကွက်သို့ တင် သွင်းနိုင်ကြောင်း သိရပါသည်။ ''ကျွန်တော်တို့ကုမ္ပဏီက အိမ်နီး ချင်းနိုင်ငံကနေကုန်ပစ္စည်းတွေတရား ၀င်တင်သွင်းနေတာပါ။ ဒီကုန်ပစ္စည်း မျိုးတူကိုပဲ တရားမ၀င်နည်းလမ်းနဲ့ ၀င်တာရှိနေတယ်။ ကျွန်တော်တို့ တရားဝင်ကုမ္ပဏီအနေနဲ့ကုန်ပစ္စည်း တင်သွင်းတာကစည်းမျဉ်းစည်းကမ်း တွေ အခွန်အခတွေတရားဝင်ပေး ဆောင်ကြရပြီးဈေးကွက်မှာနေရာရဖို့ ကိုလည်းအကုန်အကျခံပြီးထူထောင် ရတာပါ။ အခုဖြစ်နေပုံကကျွန်တော် တို့က တစ်သိန်းနဲ့ ရောင်းရင် သူတို့ က ရှစ်သောင်းလောက်နဲ့ ရောင်းနိုင် တယ်။ ကျွန်တော်တို့လို အာမခံတွေ၊ ၀န်ဆောင်မှုတွေ တရားဝင်မပေးနိုင် ပေမယ့် သူတို့ဈေးကွက်က ပမာဏ မသေးဘူး။ ပစ္စည်းတွေကိုလည်း တရားဝင်နဲ့ တရားမ၀င်တာကိုရော ရောင်းကြတယ်။ ဒီကိစ္စတွေမှာ ပြည် တွင်းအရောင်းကိုယ်စားလှယ်ဆိုင် တချို့ရဲ့ ပါဝင်ပတ်သက်မှုတွေရှိနိုင် ပါတယ်''ဟု နိုင်ငံတကာကုန်ပစ္စည်း များကိုတရားဝင်တင်သွင်းဖြန့်ချိနေသည့် လုပ်ငန်းရှင်တစ်ဦးကရှင်းပြခဲ့သည်။
စီးပွားရေးနှင့်စီမံခန့်ခွဲမှု အငြိမ်း စားပါမောက္ခဒေါ်လှမြင့်ကလည်း''တရား ၀င်ကုမ္ပဏီရဲ့ကုန်ပစ္စည်းကိုဝယ်ရင် ဈေးများပြီးတရားမ၀င်ကုန်ပစ္စည်းကို ၀ယ်ရင်ဈေးနည်းတာမျိုးကို လူတွေ ကြုံဖူးဝယ်ဖူးကြမှာပါ။ လူ့သဘာဝ အရတော့ဈေးသက်သာတာကိုဘ၀င် ကျကြပါတယ်။ ဒါပေမယ့်ဒီလိုပစ္စည်း တွေကဈေးသက်သာပေမယ့်၊ ပစ္စည်း စစ်ချင်စစ်ပေမယ့်အာမခံချက်မရှိဘူး။ ၀ယ်ယူသူတစ်ဦးအနေနဲ့တစ်စုံတစ်ရာ ထိခိုက်မှုရှိရင်၊ အသက်အန္တရာယ် ရှိရင်လည်းတရားဝင်တိုင်ကြားလျောက် ထားခွင့်ရဖို့ အခက်အခဲရှိနိုင်တယ်။ ဒီလို တရားမ၀င်ကုန်ပစ္စည်းတွေဈေး ကွက်ထဲဝင်ရောက်နေတာကတရားဝင် လုပ်ငန်းတွေကိုထိခိုက်နစ်နာစေတယ်။ တရားဝင်နဲ့ တရားမ၀င်ပစ္စည်းတွေ ရော ရောင်းကြတာတွေကလည်း စီးပွားရေးကျင့်ဝတ်ကို ချိုးဖောက်မှု ရှိပါတယ်။
တရားမ၀င်လုပ်ငန်းတွေ က ၀န်ဆောင်မှုအပိုင်းကိုစွမ်းဆောင် နိုင်ဖို့ခက်ခဲတဲ့အတွက်တရားဝင်ကုမ္ပဏီ တွေက ရောင်းပြီးချိန်မှာ ၀ယ်သူကို ပေးတဲ့ဝန်ဆောင်မှုကိုမြှင့်တင်ထားရင် တရားမ၀င်ကုန်ပစ္စည်းတွေနည်းပါး သွားနိုင်တယ်''ဟု သုံးသပ်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု များသည် ပင်လယ်ရပ်ခြားကုန် သွယ်မှုနှင့်နှိုင်းယှဉ်လျင် တရားမ၀င် ကုန်သွယ်မှုပြုလုပ်နိုင်သည့် အခြေ အနေ ပိုမိုများပြားသည့်အတွက် အကောက်ခွန်စနစ်နှင့်စည်းမျဉ်းစည်း ကမ်းများကို လိုအပ်ချက်နှင့်ကိုက်ညီ စေရန်ချမှတ်သင့်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ကုန်သွယ်မှုသဘော တူညီချက်များ၊ သတင်းအချက် အလက် ဖလှယ်သည့်စနစ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလုပ်ငန်း စဉ်တို့အား ထားရှိသင့်ကြောင်း နယ် စပ်ကုန်သွယ်ရေးကျွမ်းကျင်သူများ က ထင်မြင်ချက်ပေးခဲ့ပါသည်။
စီးပွားရေးလုပ်ငန်း စည်းမျဉ်း စည်းကမ်းများနှင့် အခွန်အခနှုန်း ထားများ ကျွမ်းကျင်သူပညာရှင် တစ်ဦးကလည်း''တတိယကမ္ဘာ့နိုင်ငံ တွေအနေနဲ့တရားမ၀င်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တချို့ရဲ့စည်း မျဉ်းစည်းကမ်းနဲ့ ဥပဒေပြင်ပရောက် နေတာတွေကို အခွန်အခကောက် နိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် နေတယ်။ ဒီလို အခွန်မဆောင်တဲ့၊ အခွန်ရှောင်တဲ့ စီးပွားရေးလုပ်ငန်း တွေ၊ ကဏ္ဍတွေ ရှိနေမယ်ဆိုရင် တရားဝင်လုပ်ငန်းနယ်ပယ်ထဲကလူတွေ၊ အခွန်အခ ထမ်းဆောင်နေရတဲ့လူ တွေကို ၀န်ပိစေတယ်။ ဒါ့အပြင် အခွန်ဆောင်နေရတဲ့လုပ်ငန်းအနေ အထားကနေ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုရှိလာပြီး အခွန်တိမ်းရှောင် လိုစိတ်ပါဖြစ်ပေါ်စေနိုင်တယ်'' ဟု ဆိုခဲ့ပါသည်။