Facebook Badge

Wednesday, September 2, 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ

NEJ / ၂ စက်တင်ဘာ ၂၀၀၉
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်အား အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် နေပြည်တော်တာဝန်ရှိ သူတို့က ခေါ်ယူစစ်ဆေးနေသည်မှာ ရက်သတ္တနှစ်ပတ်မျှရှိပြီဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းနှင့်ဆက်စပ်ပတ်သက်နေသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲအရာရှိများကိုလည်း အထူးစုံစမ်းစစ်ဆေးရေး (BSI) နှင့် သတင်းတပ်ဖွဲ့ (SB) တို့က ခေါ်ယူစစ်ဆေးနေဆဲဖြစ်သည်။

အမှုတွဲဆက်စပ် ရဲအရာရှိများကို ရန်ကုန်မြို့၊ ဆိပ်ကမ်းလမ်း အမှတ် (၆၇-၆၉)၊ အထူးစုံစမ်းစစ်ဆေးရေးရုံးချုပ်၌ စစ်ဆေးနေသည်ဟုလည်းကောင်း၊ ကမ်းနားလမ်း ခြောက်ထပ်ရုံး သတင်းတပ်ဖွဲ့ရုံးချုပ်၌ စစ်ဆေးနေသည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

သြဂုတ်လ နောက်ဆုံးပတ်အတွင်း ခြောက်ထပ်ရုံး၌ ရဲအရာရှိကားများ အ၀င်အထွက်များနေသောကြောင့် ခြောက်ထပ်ရုံး၊ သတင်းတပ်ဖွဲ့ရုံးချုပ်၌ ၎င်းအမှုတွဲအား စစ်ဆေးနေသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း ခြောက်ထပ်ရုံးမှ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌လည်း ယခုလပိုင်းများအတွင်း ဌာနတွင်းအရေးယူမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးတာဝန်ရှိသူ ၀န်ထမ်း (၂၀) ကျော်အပြစ်ပေးအရေးယူခံရပြီး ယခင်လအတွင်း၌ ရုံးဝန်ထမ်း (၄၀) ခန့် နယ်ပြောင်းရွှေ့အပြစ်ပေးအရေးယူခံရကြောင်း အဆိုပါရုံးမှ ပြည်နယ်တခုသို့ အပြောင်းခံရသူ သတင်းတပ်ဖွဲ့အရာရှိတဦးက ပြောသည်။

၎င်းက “ခုချိန်ထိကို နယ်ပြောင်းကိစ္စတွေ မပြီးသေးဘူး။ Passport ရုံး တရုံးလုံး ပြောင်းပစ်ဖို့အစီအစဉ် ရှိပုံရတယ်” ဟု ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးတာဝန်ရှိသူများ ဤသို့ အရေးယူခံရခြင်းသည် နေပြည်တော်၊ မြေအောက်ဥမင်လိုဏ်ခေါင်းသတင်း ပေါက်ကြားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ၀န်ထမ်းများက ယူဆကြသည်။

မြေအောက်ဥမင်တူးဖော်ရေး သတင်းပေါက်ကြားမှုတွင် သံသယရှိသူများဟု ယူဆခံရသည့် တပ်မတော်အရာရှိအချို့သည် အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ အဆိုပါအရာရှိများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းကြောင့် ဆက်စပ် သတင်းတပ်ဖွဲ့ဝင်များ ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတပ်ဖွဲ့အရာရှိတဦးက ပြောသည်။

ယခုလက်ရှိ နေပြည်တော်မှ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ရဲမှူးကြီးအဆင့်မှ တဆင့်တိုး ရာထူးဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ရောက်ရှိလာသည်မှာ (၂) နှစ် ၀န်းကျင်ခန့်ရှိပြီဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP