Facebook Badge

Sunday, September 6, 2009

မလေးရှား အချုပ်ခန်းများမှ မြန်မာပြည်သား ၄၉ ဦး ရန်ကုန်သို့ရောက်



မလေးရှား အချုပ်ခန်းများမှ မြန်မာပြည်သား အလုပ်သမား ၄၉ ဦး ပြည်တော်ပြန်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
သတင်းထဲတွင် မြန်မာပြည်သားများကို ဖမ်းဆီးအကျဉ်းချခံထားရသည်ဟု ဖော်ပြထားခြင်း မရှိပေ။
၎င်းတို့ကို "မလေးရှားနိုင်ငံ၌ ရောက်ရှိနေသော အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများ" ဟု ဖော်ပြသည်။

၂နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုအရ ထို ၄၉ ဦးသည် ပထမအသုတ် အဖြစ် ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအသုတ် နှင့် တတိယအသုတ်များ မည်သည့်အချိန်တွင် ရောက်ရှိမည်ကို ခန့်မှန်း ဖော်ပြထားခြင်း မရှိပါ။ ကျန်ရှိသည့် အရေအတွက်၊ မည်သည့်အကြောင်းကြောင့် မလေးရှားတွင် သောင်တင်နေရသည်တို့ကိုလည်း ဖော်ပြမထားပေ။
မလေးရှားသို့ တရားဝင် သွားရောက် လုပ်ကိုင်သော မြန်မာပြည်သားများ ရှိသကဲ့သို့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မလေးရှားသို့ တရားမ၀င် ခိုးဝင်သူများလည်း အများအပြား ရှိသည်။
မလေး အာဏာပိုင်များက စစ်ဆေးသည့်အခါ တရားဝင် စာရွက်စာတမ်း၊ လက်မှတ် ပြသနိုင်ခြင်း မရှိပါက ဖမ်းဆီးထိန်းသိမ်း ခံရသည်။ မလေးတွင် ထိုသို့ ထိန်းသိမ်းခံနေရသူ မြန်မာပြည်သား အရေအတွက်မှာ ၃၀၀၀ နီးပါး ရှိသည်။
လူအနည်းငယ်ကို အချိန်ပိုင်း ထိန်းသိမ်းရန် ဆောက်ထားသော အချုပ်ခန်းများတွင် ထောင်ပေါင်းများစွာသော နိုင်ငံခြားသားများကို ထည့်သွင်း ချုပ်နှောင်ထားသည်ဟု သိရသည်။ ရောဂါကူးစက်မှုများ ဖြစ်ပွားပြီး အသေအပျောက် သတင်းများလည်း မကြာခဏ ထွက်ပေါ်နေသည်။
ဤအခြေအနေတွင် မြန်မာပြည်သား ၄၉ ဦး ပြန်လည် လွတ်မြောက်ပြီး ရန်ကုန်သို့ ရောက်သွားသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။


မိုးမခ

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP