Facebook Badge

Tuesday, September 8, 2009

သမ္မတအိုဘားမား အမေရိကန် အလုပ်သမားတွေကို ဂုဏ်ပြု


08 September 2009

အမေရိကန် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲအဖြစ် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အလုပ်သမား လှုပ်ရှားမှုများ အားကောင်းရင် နိုင်ငံရဲ့ စီးပွားရေးကို အားကောင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့မှာ တနင်္လာနေ့က ပြုလုပ်တဲ့ အမေရိကန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် နှစ်ပတ်လည် ပျော်ရွှင်ပွဲမှာ သမ္မတ အိုဘားမားက အဲဒီလို ပြောကြားတာဖြစ်ပြီး သူ့အစိုးရက လူလတ်တန်းစားကို နိုင်ငံစီးပွားရေးရဲ့ ကျောရိုးအဖြစ် ဆက်လက် ထားရှိစေမယ်လို့ အာမခံသွားပါတယ်။

သူ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြဖို့ တိုက်တွန်းသွားပြီး သမ္မတက ဗုဒ္ဓဟူးနေ့ ကွန်ဂရက်စ်လွှတ်တော် စည်းဝေးပွဲကြရင် အသေးစိတ် ဆွေးနွေးသွားမယ်လို့ ပြောဆိုပါတယ်။

အလုပ်သမား ၁၅၅ သန်းရှိတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်သမားနေ့ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အမေရိကန် ၁၅ သန်း အလုပ်လက်မဲ့ ဖြစ်နေကြပြီး သမ္မတ အိုဘားမားကတော့ စီးပွားရေး ဦးမော့လာနေတဲ့ လက္ခဏာများ တွေ့ရလို့ နိုင်ငံဟာ လမ်းမှန်ပေါ်မှာ လျှောက်လှမ်းနေပြီလို့ ပြောဆိုသွားပါတယ်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP