Facebook Badge

Wednesday, September 2, 2009

တပ်မတော်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ


Print E-mail
ဂျိုးဇက်ဘောလ် (Joseph Ball)
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 02 ရက် 2009 ခုနှစ် 15 နာရီ 26 မိနစ်


၂၀၁၀ ခုနှစ်မြန်မာနိုင်ငံရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ပါ။ လူထုကလုပ်ပိုင်ခွင့် အာဏာနှင်းအပ်ထားသော ဒေါ်အောင်ဆန်းစုကြည် တပ်ဦးအခန်းမှရှိနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အပြည့်အဝပါဝင်ခွင့်ရဖွယ်မရှိပါ။ ရွေးကောက်ပွဲအပြီးတွင် စစ်တပ်က နိုင်ငံရေးလုပ်ပိုင်ခွင့်၌ မတန်တဆ အချိုးအဆဖြင့်ဆက်လက်ရယူထားဦးမည်သာ ဖြစ်သည်။ တိုတိုပြောရလျှင် ရွေးကောက်ပွဲများဖြင့် စစ်တပ်က မြန်မာနိုင်ငံ၏ ထိပ်တန်းအဓိပတိ နိုင်ငံရေးခေါင်းဆောင်ကြီးများအဖြစ် သူတို့နေရာကို ခိုင်မာအောင် လုပ်ကာ သရဖူဆောင်း မည်သာဖြစ်သည်။

နောက်ဆုံးအချက်မှတပါး ကျန်အချက်အများစုသည် မှန်ကန်ဘို့များသည်။ ပြန်လည်ပြုပြင်ပြောင်းလဲခွင့်လည်း ရှိမည်မဟုတ်တော့။

၂၀၁၀ အပြီးဖြစ်ပေါ်လာမည့်အခြေအနေများကို အကဲဖြတ်ရလျှင်၊ တကယ်လည်း အဆိုပါရွေးကောက်ပွဲများ ကျင်းပဖြစ်ခဲ့မည်ဆိုလျှင်၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မျှော်လင့်တကြီးချဉ်းကပ်နေကြသူ အားလုံးသည် ဤဖြစ်စဉ်၏အောက်ခြေမမြင်သာသောနေရာတွင်ရှိနေသည့် ရှုပ်ထွေး ပွေလီမှုများကို မသိကျိုးကျွန် ပြုထားကြခြင်းသာဖြစ်လိမ့်မည်။

ဆယ်စုနှစ် နှစ်ခုကြာ မြန်မာ့နိုင်ငံရေးအသွင်ပြောင်းလဲရေး ပြောဟောရေးသားချက်များကို လူထုအုံကြွမှုကြီး၏ ပုံရိပ်များ၊ အိပ်မက်များကလွှမ်းမိုးထားခဲ့သည်။ စစ်အစိုးရလက်ထဲမှ အာဏာကို အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးနိုင်ရေးအတွက် သွေးမြေကျတိုက်ပွဲဝင်ခဲ့ကြ ရသည်။ အဆိုပြုထားသော ၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ လူထု၏မျှော်မှန်းချက်များ၊ တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးနိုင်သည့်အရာ အဖြစ်သာ ရှုမြင်ထားကြသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲများကို အမြော်အမြင်ရှိရှိ ချဉ်းကပ်ကြည့်လျှင်၊ ဆိုလိုသည်မှာ တပ်မတော်နှင့်စပ်လျဉ်း၍ လတ်တလောတွင် စစ်တပ်သည်သာ အဓိကအခန်းမှရှိနေသည်ဆိုသည်ကို လက်ခံလျှင်၊ လာတော့မည့်အဖြစ်အပျက်များအတွက် ဤအချက်သည် အရပ်သား လူထုအဖို့ အဓိကလိုအပ်နေသော အရေးပါသည့်အချက်ဖြစ်လိမ့်မည်။

လွန်ခဲ့သော ၂ နှစ်က စစ်တပ်က လမ်းမများပေါ်တွင် သံဃာတော်များနှင့် အရပ်သားများကို ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဆိုသည်ကို မည်သူမျှမေ့နိုင်ကြဦးမည်မဟုတ်ပါ။ အနိမ့်ဆုံး အားဖြင့် စစ်တပ်ကိုယ်တိုင်ကလဲ မေ့နိုင်မည်မဟုတ်ပါ။ အတိုက်အခံတို့ပြောလေ့ပြောထရှိ သောလေလုံးမိုးလုံးဖြစ်သည့် တပ်မတော်သည်သာ တခုတည်းသောခိုင်မာသည့် အင်အားစု ကြီးဖြစ်သည်ဟူသည့်အချက်ကို အပုပ်ချပြောဆိုနေမည်ဆိုလျှင် တပ်မတော်အတွင်းရှိ တပ်မှူး တပ်သားများအကြား ရွှေရည်စိမ်ညီညွတ်ရေးကို ထိန်းသိမ်းပေးရေးကိုကူညီဆောင်ရွက်ရာ ရောက်လိမ့်မည်။ အာဃာတကြီးသောအရပ်သားများ၏အန္တရာယ်ရှိနေသည်၊ တို့တတွေ ညီညွတ်မှဖြစ်လိမ့်မည်ဟု အရာရှိများကို သဘောပေါက်သွားစေလိမ့်မည်။ နေရာအနှံ့ပြန့်နေ သည့်အစိုးရစနစ်အောက်တွင် ဤအရာရှိများ ဒူးထောက်အညံ့ခံတော့မည်လောဟူသည့် မေးခွန်းကိုမေးမြန်းရတော့မည့် အရေးကြီးသောအချိန်အခါလည်းဖြစ်သည်။

တနည်းအားဖြင့်ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲဖြစ်စဉ်တရပ်ကို ပြန်လည်ဆောင်ရွက်ပေးခြင်းသည် စစ်တပ်နှင့်ပတ်သက်သည့်မေးခွန်းများကို မေးခွန်းထုတ် နေလိမ့်မည်။ အချိန်အတန်ကြာ မဖြေဆိုဘဲနေခဲ့ရသည့် မေးခွန်းတခုဖြစ်သော စစ်အရာရှိများ အနေနှင့် လက်ရှိစနစ်ကို ထောက်ခံမည်လော၊ ဖျက်လိုဖျက်ဆီးလုပ်မည်လောဆိုသည့်မေးခွန်း ကို အရာရှိများ ဖြေဆိုကြရတော့မည်။

(အလားတူ သမိုင်းအဖြစ်အပျက်နှင့် ဆက်စပ်မှုကို ဖိလစ်ပိုင်တွင် ဖာဒီနန်မားကို့စ် အာဏာရှင်အစိုးရလက်ထက် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကာလအပြီး တွင် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ သို့သော် `ပြည်သူ့အာဏာ´ သည် နောက်ထပ် ၅ နှစ်ကြာမျှ မနီလာတွင် ပေါ်ပေါက်မလာခဲ့ပါ။ ဘက်လိုက်ဆောင်ရွက်သော ဒီမိုကရေစီပြောင်းလဲရေး ဖြစ် စဉ်များကြောင့် အရာရှိများအတွင်း ထိုကဲ့သို့သော မေးခွန်းများသာ ပေါ်ပေါက်မလာခဲ့ဘူးဆို လျှင် လူထုကအောင်ပွဲခံရန်လည်း လုံးဝမသေချာပါ။)

တပ်မတော်အရာရှိများ ဘက်ပြောင်း၍ ဒီချုပ် သို့ကူးပြောင်းကာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ကြလိမ့်မည်ဟု မဆိုလိုပါ။ အဖွဲ့အစည်းအကျိုးစီးပွါးနှင့်၎င်း၊ တဦး ချင်းအကျိုးစီးပွါးနှင့်၎င်း၊ ဆက်စပ်ပြီး နိုင်ငံရေးအဓိပတိကြီးများနှင့် ဆက်စပ်သည့်ပြဿနာကို စစ်ဘက်တပ်ဖွဲ့ဝင်များအား မေးခွန်းထုတ်ရန်သာ ဆိုလိုပါသည်။

အဆုံးစွန်အားဖြင့်ပြောရလျှင် ၂၀၀၇ စက်တင်ဘာအရေးအခင်းများမှ ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားချက် တရပ်ဖြစ်သော စစ်တပ်သည် လက်နက်မဲ့ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည် ဟူသော နိုင်ငံရေးဒိုင်းနမစ်နှင့် နိုင်ငံရေးအပြောင်းအလဲရှုထောင့်မှ သုံးသပ်ချက်သည် တပ်မတော်သည် ယခုလည်း အတော်ခိုင်ခိုင်မာမာ ညီညွတ်လျက်ပင် ရှိသေးသည်ဟူသော အချက် လောက်ဖြင့် အရေးမပါလှပါ။

အကယ်၍ လူထု၏မျှော်မှန်းချက်များကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှ ရအောင်လုပ်ယူရမည် ဆိုလျှင် တပ်မတော်တွင်း မမှန်ကန်သော ညီညွတ်ရေးကို ပြိုကွဲအောင်လုပ်မှရမည်။ သူတို့ကို စစ်တပ်ကိုစွန့်ခွာလာအောင် ပြောသည်မဟုတ်ပါ။ စစ်တပ်အတွင်းအကြပ်တပ်သား များအကြား ဝေဖန်ဆန်းစစ်သော အလေ့ပေါ်ထွက်လာအောင်လုပ်ရေးသာဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲများနှင့် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများသည် ရယ်ဒီကယ်ကျကျ ပြင်ပအထိ ထိုးထွက်ပြောင်းလဲလာရန်မလိုပါ။ ဤရည်မှန်းချက်ပန်းတိုင်မှတဆင့် ဒီမိုကရေစီလိုလားသော အရပ်သားအတိုက်အခံများ၏ မျှော်လင့်ချက်ကို အကောင်အထည်ပေါ်လာစေဘို့ သာဖြစ် သည်။

သူတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အရပ်သားတက်ကြွလှုပ်ရှားသူများနှင့် ဒီမိုကရေစီခေါင်းဆောင် များသည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စစ်တပ် ထိပ်ပိုင်းအဆင့်ဆင့်နှင့် အလုပ်ဖြစ်နိုင်သော ဆက်ဆံရေးများကို ခိုင်မာအောင်လုပ်ထားသင့်ကြသည်။ အရပ်သား အတိုက်အခံများနှင့် စစ်တပ်တို့အကြား သတင်းစီးဆင်းမှု သိသိသာသာတိုးတက်လာအောင် လုပ်ထားသင့်ကြသည်။

လူထုကစစ်တပ်ကို လိုအပ်ပါသည်၊ စစ်တပ်ကလည်း လူထုကိုလိုအပ်ပါသည်။ စစ်တပ်နှင့် အရပ်သားခေါင်းဆောင်များအကြား ဤအချက်ကို အသိအမှတ်ပြု၍ အပြန်အလှန်ဆက်ဆံရေး တရပ်ထူထောင်ထားပြီး ၂၀၁၀ အလွန်မြန်မာနိုင်ငံ၏ အောင်ပွဲကြီးများကို အရယူကြရမည်။ တပ်မတော်အတွင်းရှိ အကြပ်တပ်သားများအဘို့လည်း ရွေးကောက်ပွဲသည် မည်မျှပင် ချို့ယွင်းအားနည်းချက်များရှိနေပါစေ၊ သာယာဝပြော၊ လုံခြုံစိတ်ချရပြီး ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံတော် ထူထောင်ရေးတွင် လူထု၏ထောက်ခံမှုကို လိုအပ်သည်ဟူသော အချက်ကို နားလည်အသိအမှတ်ပြုကြရလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲများက မြန်မာနိုင်ငံကို အပြောင်းအလဲများပေါ်ပေါက်စေလိမ့်မည် မဟုတ် ပါ။ သို့သော်ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် နိုင်ငံရေးရေမြေအနေအထားပြောင်းလဲသွား စေသည်ဆိုလျှင်ပင် တိုင်းပြည်၏ဒီမိုကရေစီအတိုက်အခံများအတွက် အသုံးချနိုင်စရာ အခြေအနေသစ်တရပ်ကို ရရှိစေလိမ့်မည်။ တပ်မတော်ကို အင်အားစုကြီးတရပ်၊ အဖွဲ့အစည်းကြီးတရပ်အဖြစ် ပြုပြင်ပြောင်းလဲရေးစိတ်ဓါတ်ရှိသော အရာရှိများက ထိန်းသိမ်းလမ်းညွှန်ပေးပြီး ဤဖြစ်စဉ်ကြီးတွင် တန်ဘိုးရှိသော လက်တွဲဖော်အဖြစ် အသုံးချနိုင်ရေး ချဉ်းကပ်ဆောင်ရွက် သွားနိုင်သည်နှင့်အမျှ ဤအချက်မှာ အောင်မြင်ဖွယ်ရှိပါသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP