Facebook Badge

Wednesday, September 2, 2009

စစ်အစိုးရက အာဏာကိုဆက်လက် ချုပ်ကိုင်ရန် ကြိုးစားနေဟုဆို

Tuesday, 01 September 2009 19:51

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စစ်အာဏာရှင်သက်တမ်း အရှည်ဆုံး နိုင်ငံဖြစ်ပြီး လာမည့် ၂ဝ၁၀ ရွေးကောက်ပွဲတွင်လည်း စစ်အာဏာရှင်များကသာ ဆက်လက် အုပ်စိုးနိုင်ရန် စီစဉ် လျက်ရှိကြောင်း စစ်ဘက် အရပ်ဘက် လေ့လာသူများနှင့် စစ်အစိုးရ အတိုက်အခံများက သုံးသပ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်၌ ယနေ့နေ့လယ်က အရပ်ဘက် စစ်ဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တရပ်ကိုကျင်းပခဲ့ရာ၌ စစ်ဘက်အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက “မြန်မာနိုင်ငံ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အထက်ပါအတိုင်း သုံးသပ်ခဲ့သည်။

“လာမယ့် ရွေးကောက်ပွဲမှာ စစ်အစိုးရက သူတို့ လိုလားတဲ့ ပါတီတွေ အဖွဲ့ အစည်းတွေ အသာစီးရဖို့ အနိုင်ရဖို့ အစစပြင်ဆင်နေတာကို တွေ့ရတယ်။ ဥပမာ ကြံ့ခိုင် ဖွံ့ ဖြိုးရေး အသင်းလိုဟာမျိုးကို အနိုင်ရဖို့ အတွက် အဘက်ဘက်က ကြောထောက်နောက်ခံလုပ်ပေးတာမျိုးပေါ့” ဟု ဦးဝင်းမင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုဘက်က ရပ်တည်လှုပ်ရှားမည့် အဖွဲ့များ အတွက်မူ အခက်အခဲ ရှိနေမည်ဖြစ်ပြီး စစ်အစိုးရအနေနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ရခဲ့သည့် အတွေ့အကြုံကို သင်ခန်းစာ ယူလိမ့်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ပြည်သူလူထု အဓိက ထောက်ခံတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို နည်းမျိုးစုံနဲ့ ချုပ်ချယ်ကန့်သတ်ပြီး သူတို့လိုလားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူထောက်ခံတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။ ဒီတော့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူကို ကိုယ်စားပြုမယ့် ပါတီတွေ၊ အဖွဲ့ အစည်းတွေက လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရမှာ မဟုတ်ဘူး” ဟု သူက ပြောသည်၊

အဆိုပါဆွေးနွေးပွဲတွင် ဦးဝင်းမင်းက ရာစုနှစ်တ၀က်ခန့် စစ်အာဏာရှင် လက်အောက်တွင် ခါးသီးစွာ နေထိုင်ခဲ့ကြရသော ပြည်သူများ၏ အတွေ့ အကြုံများ၊ လူထုအုံကြွမှုများ၊ တိုင်းရင်းသားများ၏ ပုန်ကန် တော်လှန်မှုများနှင့်အတူ စစ်အစိုးရ၏ ဖိနှိပ်မှု၊ အာဏာနှင့် စည်းစိမ် ယစ်မူးမှုများကိုလည်း အကျယ်တ၀င့် တင်ပြခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်သူ တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့မှ ၀န်ကြီး ဦးဝင်းလှိုင်ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ရခြင်းမှာ ယခင်က ပါတီများ မညီညွတ်မှု၊ တိုင်းရင်းသားများ တော်လှန်ပုန်ကန်သဖြင့် ပြည်တွင်းစစ်မီး တောက်လောင် မှုကြောင့် ဟုဆိုခဲ့ကြသော်လည်း ယခုအခါ စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ စည်းစိမ်အာဏာ လက်လွတ် ဆုံးရှုံးရမည်ကို ထိတ်လန့်လာသောကြောင့် အဓိက ဖြစ်သည်ဟု ပြောသည်။

“စစ်ဗိုလ်ချုပ်ကြီးတွေက အဆမတန်ချမ်းသာတဲ့ မီလျံနာ၊ ဘီလျံနာတွေ ဖြစ်ကုန်ကြတော့ သူတို့ရဲ့ စည်းစိမ်တွေ၊ သူတို့ရဲ့ အာဏာတွေကို လက်လွတ်ဆုံးရှုံးရမှာ အရမ်းကြောက်နေကြပြီ။ ဒါကြောင့် သူတို့ အချင်းချင်း စည်းလုံးသည်ထက် စည်းလုံးအောင် လုပ်ဆောင်နေကြတယ်၊ တခြားတဘက်မှာကျတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ကျနော်တို့က တကယ့်ကို ကျစ်လျစ်တဲ့ ညီညွတ်မှု မတည်ဆောက်နိုင်ကြဘူး၊ အဲဒီလို မညီမညွတ်တာတွေကလည်း စစ်အစိုးရကို သက်ဆိုးရှည်စေတဲ့ အကြောင်းတရပ်လို့ ကျနော်ထင်တယ်” ဟု သူ၏ထင်မြင်ချက်ကို ပြောသည်။

ထို့ပြင်မြန်မာ့အရေးကို ပါဝင်ဆွေးနွေးသူ ချူလာလောင်ကွန်း တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ သီတီနန် ဖုန်စူဒီလတ်ကလည်း ပြည်တွင်း၊ ပြည်ပ အတိုက်အခံများ ပူးပေါင်းကာ တိုင်းပြည် အနာဂတ်ကို ယခု အချိန်တွင် သေချာစွာ စဉ်းစားစေချင်ကြောင်း ပြောသွားသည်။

၎င်းက “ပြည်တွင်း အတိုက်အခံတွေက လက်ရှိအခြေအနေကို တမျိုးတွေးခေါ်နေပြီး ပြည်ပက အတိုက်အခံတွေကလည်း တမျိုးစဉ်းစားနေတယ်လို့ ကျနော်မြင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ပင် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည်လည်း အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စစ်အုပ်ချုပ်မှုအောက်၌ ကာလာရှည်ကြာ နေထိုင်ခဲ့ရသဖြင့် အဆိုပါနိုင်ငံများမှ ပါမောက္ခများကလည်း ၎င်းတို့ နိုင်ငံ၏ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး အတွေ့ အကြုံများကို တင်ပြဆွေးနွေး ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ နိုင်ငံတကာမှ ပညာရှင်များ၊ ပါမောက္ခများ၊ စစ်သံမှူးများ၊ လေ့လာသူများနှင့် သတင်းစာဆရာများ တက်ရောက်ကြသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP