ပြင်ဆင်အား စိုက်ရဦးမယ့် မြန်မာ့စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းဂယက် သက်ရောက်မှု တစ်နှစ်ပြည့်
............................................................................
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းသက်ရောက်မှု တစ်နှစ်ပြည့်မြောက်ခဲ့ပြီးနောက်တွင် ရိုက်ခတ်ခံခဲ့ရသည့် နိုင်ငံကြီးများ၌ အကျပ်တည်းဆုံးသောအခြေအနေများကို လွန်မြောက်ခဲ့ပြီဟု စီးပွားရေးအင်အားကြီးနိုင်ငံများက မှတ်ချက်ချလာခဲ့သည်။
ယခုအခါ၌မှု အကျပ်အတည်း မရိုက်ခတ်မီက အခြေအနေသို့ ပြန် လည်မရောက်ရှိသော်လည်း ဈေး နှုန်း၊ ၀ယ်လိုအားများကျဆင်းမှု ရပ် တန့်ခဲ့ပြီး အနည်းငယ်ပြန်လည်ဦး မော့လာသည့် အခြေအနေများကို မြင်တွေ့နေရပြီဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့်မူ ကမ္ဘာ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို တိုက်ရိုက်ခံစားရခြင်းမရှိဘဲ စီးပွား ရေးအရဆက်စပ်သည့် နိုင်ငံများမှ တစ်ဆင့်သွယ်ဝိုက်၍ ရိုက်ခတ်ခံရ မှုများရှိခဲ့သည်။ သို့သော် ထိုသို့ ကမ္ဘာ့စီးပွား ရေးဂယက်သက်ရောက်မှုမရှိခင်က ပင် မြန်မာ့စီးပွားရေးတွင် နဂိုရှိရင်း စွဲအခက်အခဲအချို့ကို ကျော်ဖြတ် နေရဆဲဖြစ်ကြောင်းနှင့် ပြန်လည်ဦး မော့လာမည့် နိုင်ငံတကာဈေးကွက် သို့ လိုက်ပါနိုင်ရန် ဆိုပါက ပြင်ဆင် အားစိုက်စရာများစွာရှိနေသည်ဟု သုံးသပ်လာကြသည်။
နဂိုရှိရင်းစွဲအခက်အခဲနဲ့ အကျပ်အ တည်းဂယက်ပေါင်းလိုက်တော့ . . .
ကမ္ဘာ့စီးပွားရေးအကျပ်အ တည်းမှာ သွယ်ဝိုက်သောအားဖြင့် သာ မြန်မာနိုင်ငံသို့သက်ရောက် သည့်အတွက် တိုက်ရိုက်ခံစားရ သည့်နိုင်ငံများကဲ့သို့ ချက်ချင်းထင် ရှားသည့် လက္ခဏာများ မပြသခဲ့ ပါ။ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စ ခဲ့သည့် သက်ရောက်မှုမှာ ၂၀၀၉ ခု နှစ် မတ်လ၀န်းကျင်ကျမှသာ ထင် ရှားလာခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များကဆိုသည်။
''ကမ္ဘာ့စီးပွားရေးအကျပ်အ တည်းက နောက်မှ လာတာ။ နဂို ကတည်းက နိုင်ငံတ ကာဈေးကွက် နဲ့ချိတ်ဆက်တဲ့အခါမျိုးမှာ ဘဏ်စ နစ်ကပေးတဲ့ အခွင့်အလမ်းကိုအ ပြည့် အ၀အသုံးမချနိုင်တဲ့ပြဿနာ၊ အချိန်ပေးလုပ်ရတဲ့လုပ်ငန်းအဆင့် ဆင့်အခက်အခဲနဲ့ တစ်ဆင့်ခံနိုင်ငံ တွေကိုအားပြုပြီးကုန်သွယ်ရတဲ့ပြဿ နာတွေကိုရင်ဆိုင်နေရသူ တွေဖြစ် တယ်။ ဥပမာ-ဘဏ်အခွင့်အလမ်း ကို အပြည့်အ၀အသုံးမချနိုင်တဲ့ အ တွက်အရင်းကို နှစ်ရင်း သုံးရင်း ရင်းပြီးမှ ကုန်စည်ထုတ်လုပ်တင်ပို့ ရတယ်လေ။ ဒီတော့ ထပ်ပြီးမချဲ့ နိုင်ဘူး။ မစွန့်စားရဲဘူး။ ထုတ်လုပ် စရိတ်ကိုလည်း အကြောင်းအမျိုးမျိုး ကြောင့် မလျော့ချနိုင်ဘူး။ ဒီတော့ နိုင်ငံတကာဈေးကွက်မှာပြိုင်ရတာ ခက်ခဲတဲ့အနေအထားရှိလာတာပေါ့။ ဒီလိုအခြေအနေတွေရှိနေတဲ့အချိန် မှာ အကျပ်အတည်းကသက်ရောက် တော့ ပြန်အရှိန်ရဖို့ဆိုရင် ပြင်ဆင် စရာရှိတာပြင်ဆင်ဖို့လိုတယ်။ အခု လည်း ကမ္ဘာ့စီးပွားရေးအကျပ်အ တည်းကာလတုန်းကလို မဟုတ်ပဲ ၀ယ်လိုအားပြန်ရှိလာတာကိုမြင်နေ ရပါပြီ။ ဒီတော့သက်ဆိုင်သူအားလုံး အခုထက်ပိုပူးပေါင်းပြီး ပြင်စရာရှိ တာပြင်သွားသင့်တယ်'' ဟု လေ့ လာသူတစ်ဦးကရှင်းပြခဲ့သည်။
ကမ္ဘာ့စီးပွားရေးအကျပ်အတည်း တစ်နှစ်ပြည့်နဲ့ မြန်မာ့စီးပွားရေး . . . ''လက်ရှိ စီးပွားရေးလုပ်ငန်း တွေကတော့ ၀ယ်လိုအား Buying Power ပျောက်နေတုန်းလို့ပြောလို့ရ တယ်။ ၀ယ်လိုအား ပြန်မတက်လာ သေးဘူး။ နောက်ကုန်စည်ဈေးနှုန်း ကလည်း အရင်ကနှုန်းကို ပြန်မ ရောက်သေးဘူး။ ဥပမာ-ရေထွက် ကုန်ဆိုပါတော့ အရင်တုန်းက ၀ယ် လိုအား အရင်တုန်းက ဈေးပြန်မ ရောက်သေးဘူး။ ဆန်ဆိုရင်လည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကာလမရောက်ခင်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၅၀ ၀န်းကျင် ရှိတယ်။ အခု တစ်တန်ကို အမေရိ ကန်ဒေါ်လာ ၂၇၀ ၀န်းကျင်ပဲ ရှိနေ သေးတယ်။ တခြားနိုင်ငံတွေလိုပဲ ဈေးကျတာရပ်သွားတယ်၊ ၀ယ်လို အားနည်းနည်းလေးပြန်ရှိလာတယ် ဆိုတဲ့အခြေအနေမှာတော့ရှိနေပါပြီ။ အကျပ်အတည်းတွေများတဲ့ကြားက လုပ်ငန်းရှင်တွေ ဒီအခြေအနေထိ ထိန်းထားနိုင်တာကတော့ချီးကျူး ရမှာပေါ့။ ပြင်ဆင်စရာရှိတာ ပြင် ဆင်မယ်ဆိုရင် အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ လွယ်ကူလာ နိုင်တာပေါ့''ဟု မြန်မာနိုင်ငံငါး လုပ် ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှ မောင်ရွှေက ရှင်းပြခဲ့ပါသည်။
ထိုသို့ပင် အခြားသော ပြည် တွင်းထုတ်ကုန်လုပ်ငန်းများထဲတွင် လည်း မသုံးမဖြစ်သုံးရသည့် ကုန် စည်အမျိုးအစားများထုတ်လုပ်မှုမှလွဲ ၍ကျန်လုပ်ငန်းများမှာကြိုးစားနေရ ဆဲအနေအထားဖြစ်သည်ဟုလည်း UMFCCI မှ တာဝန်ရှိသူတစ်ဦးက လည်း ဆိုသည်။
''မသုံးမဖြစ်သုံးရတဲ့စားသောက် ကုန်လိုကုန်စည်ထုတ်လုပ်မှုကလွဲပြီး အခြားချင့်ချိန်သုံးလို့ရတဲ့ ကုန်စည် တေထုတ်လုပ်နိုင်မှုကတော့ ကြိုးစား ဆဲအဆင့်မှာပဲရှိနေပါသေးတယ်။ သိပ်မတက်လာသေးပါဘူး။ ကုန် ထုတ်လုပ်မှုအပိုင်းကလည်း အား နည်းနေတဲ့အခြေအနေရှိတယ်။ အား စိုက်မှအတက်မြန်မှာပါ'' ဟု ၄င်းက ရှင်းပြခဲ့ပါသည်။
''တချို့လုပ်ငန်းရှင်တွေက ၂၀၁၀ ပြည့်နှစ်ကိုစောင့်ကြည့်ပြီးမှ အင်အား ပြည့်ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတာ လည်းရှိတယ်။ အခုကတော့ လက်ရှိ လည်ပတ်နေတာကိုပဲထိန်းပြီးသွား နေကြတာရှိတယ်''ဟု ထုတ်ကုန်လုပ် ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါသည်။
ဘာတွေပြင်ဆင်ရမှာလဲ . . .
နိုင်ငံတကာကုန်စည်ဈေးကွက် တွင် ဈေးကွက်သစ်ရရှိမှသာ ယခင် ၀ယ်လိုအား၊ ယခင်ဈေးနှုန်းများ အတိုင်းပြန်လည်ရရှိနိုင်မည့်အခြေ အနေဖြစ်ရာ ဈေးကွက်သစ်ရရှိရေး အတွက် ပြင်ဆင်ကြိုးပမ်းရန်လို သည်ဟု သုံးသပ်ကြသည်။ ''ဈေးကွက်သစ်ရရှိဖို့အတွက် ထုတ်လုပ်မှုပိုင်းက အရင်အရည်အ သွေးမျိုးနဲ့မရတော့ဘူး။ နိုင်ငံတကာ ဈေးကွက်မှာ တခြားနိုင်ငံတွေနဲ့ အဓိ ကယှဉ်ပြီး ဈေးကွက်ရှာရတဲ့အခါ ကုန်စည်အရည်သွေးပိုင်းနဲ့ ဈေးနှုန်း ယှဉ်ပြိုင်နိုင်မှုအပိုင်းကအဓိကပဲ။ ဒီတော့ ထုတ်လုပ်တဲ့နေရာမှာတန်ဖိုး မြင့်ထုတ်ကုန်တွေတိုးထုတ်ရမယ်။ နောက် ထုတ်လုပ်စရိတ်လျော့ချနိုင် ရမယ်။ ဒါမှဈေးပြိုင်လို့ရမှာလေ။ ထုတ်လုပ်စရိတ်လျော့ချဖို့ဆိုတာက လည်းခက်ခဲတယ်။ ရေမီးနဲ့ အခြား မကုန်ကျသင့်တဲ့စရိတ်တွေ မကျသ ရွေ့ထုတ်လုပ်စရိတ်ကလည်းကျမှာ မဟုတ်ဘူး။ တန်ဖိုးမြင့်ထုတ်ကုန် ပိုင်းကိုပိုပြီးအားစိုက်မှ နိုင်ငံတကာ ဈေးကွက်မှာနေရာရမယ်။ ပြည်တွင်း ထွက်ကုန်တွေကုန်ကြမ်းဈေးလောက် ရတာကနေလွတ်မယ်''ဟု UMFCCI တာဝန်ရှိသူတစ်ဦးကရှင်းပြခဲ့ပါသည်။
''ပြည်ပ၀ယ်လက်အများစုက သူတို့လိုချင်တဲ့ ပမာဏကို သူတို့ လို ချင်တဲ့အချိန်ပို့နိုင်တဲ့ နိုင်ငံကိုပဲဦးစား ပေးရွေးချယ်ပြီးဝယ်တာ။ ဥပမာ- အထည်ချုပ်လုပ်ငန်းဆို အရင်က အချိန်နှစ်လပေးပြီးအလုပ်အပ်တယ်။ အခု ၄၅ ရက်ပဲပေးတော့။ အခြား လုပ်ငန်းတွေလည်းဒီလိုပဲ လိုတဲ့အ ချိန်တင်ပို့ပေးနိုင်ဖို့အရေးကြီးတယ်။ မပို့ပေးနိုင်ရင် ပို့ပေးနိုင်တဲ့နိုင်ငံကို ပြောင်းပြီးအလုပ်အပ်လေ့ရှိတယ်လေ။ ပြည်တွင်းထုတ်လုပ်တင်ပို့ရတဲ့အ ပိုင်းမှာတချို့လုပ်ငန်းအဆင့်တွေ က ခက်ခဲတာရှိနေတယ်။ ပြည်ပက၀ယ် လက်ဆီကို အသင့်ထုတ်လုပ်ပြီးကုန် စည်တင်ပို့ဖို့အတွက်ဆို ရင်တောင် လိုင်စင်လျောက်တာကနေ သင်္ဘော ပေါ်တင်တာအထိကိုအနည်းဆုံး နှစ် ပတ်လောက်အချိန်ပေးရတယ်။ မလို အပ်ပဲ လုပ်ငန်းအဆင့်တွေတိုးလာ တာမျိုးလည်းရှိပြန်တယ်။ ဥပမာ-မသမာတဲ့ လုပ်ငန်းရှင်တစ်ဦးက နိုင် ငံတကာကုန်စည်တင်ပို့တဲ့အခါမှာ ကန့်သတ်ထားတဲ့ပစ္စည်းတွေ ထည့် သွင်းပို့မယ်။ နိုင်ငံတကာလက်မခံ တဲ့ အရည်အသွေးနိမ့်ကုန်စည်တွေပို့ မယ်ဒါကိုစိစစ်တွေ့ရှိတော့ ပို့ကုန် တွေကို ဘယ်လိုစစ်ဆေးမယ်ဆိုပြီး နိုင်ငံတော် ကစည်းကမ်းချက်ထုတ် မယ်။
အဆင့်တစ်ခုတိုးမယ်။ ဒီတော့ တခြားမှန်ကန်တဲ့ကုန်သည် အများစု က ဒီလိုအချိန်ကုန်၊ အခြားစရိတ် တွေကုန်ကျတဲ့ဒဏ်ကို ခံစားရပြန် တယ်။ ဒီလိုနဲ့ အဆင့်တစ်ဆင့် ထုတ် ရင်းနဲ့ အဆင့်ဆင့်ဖြတ်ကျော်ရတော့ တာပဲ။ ဒီတော့တစ်ဖက်က ၀ယ်ယူ သူလိုအပ်တဲ့ အချိန်အမီပို့နိုင်ဖို့ဆိုတဲ့ နေရာမှာအခက်အခဲတစ်ချို့ဖြစ် တာ ပေါ့။ ဒီလိုအဆင့်ဆင့်လုပ်ရတဲ့ အခါ မလိုအပ်တဲ့ကုန်ကျစရိတ်တွေပိုလာ တော့ ဈေးနှုန်းယှဉ်ပြိုင်ရတဲ့အခါ အ ခက်တွေ့စေတယ်။ ဒါတွေကိုလည်း လျော့သင့်တယ်လို့ထင်ပါတယ်။ ဒီ လိုအပိုင်းမှာနိုင်ငံတော်အစိုးရအပိုင်း ကလည်း ပြန်လည်စိစစ်ပြင်ဆင် ပေးသလို ပုဂ္ဂလိကပိုင်းကလည်း ရိုး သားဖို့လိုတယ်။ ထုတ်ကုန်ကဏ္ဍကို ပိုကြိုးစားတာကောင်းတယ်။ လက် ၀ါးကြီးအုပ်ဈေးကွက်ချဲ့ထွင်ဖို့ကိုပြော တာမဟုတ်ပါဘူး''ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဥက္ကဋ္ဌဦးအေးလွင်ကလည်း ပြောပြခဲ့ပါသည်။
''ရေရှည်အတွက် ဘဏ်စနစ်အ သက်ဝင်ဖို့လိုတယ်။ ၂၀၁၅ ဆို AFTA အာဆီယံနိုင်ငံတွေကြားမှ လွတ်လပ်စွာကုန်သွယ်မှုဆိုတာလာ တော့မှာ။ အဲဒီတော့မှပဲ ထလုပ်မယ် ဆိုရင်ခက်ခဲလိမ့်မယ်။ လွတ်လပ်စွာ ကုန်သွယ်မှုစနစ်ဆိုတာနဲ့ ရင်းနှီးနေမှ လိုက်ပြီးစီးမျောလို့ရမှာ။ ပို့ကုန်သွင်း ကုန်လုပ်ငန်းအဆင့်တွေ၊ အခွန်အခ တွေကို ပြင်ဆင်ဖို့ဆိုတာကလည်း Public နဲ့ Private အခုထက်ပိုပြီးပူး ပေါင်းဖို့လိုတယ်။ Private ကလည်း ဒီနေရာမှာ အခွန်လျော့ချချင်တယ် တခြားနေရာကျတော့လည်း ရှောင် ချင်တယ်လုပ်လို့မရဘူး''ဟု ၄င်းက ဆက်လက် ရှင်းပြခဲ့ပါသည်။
ပြည်တွင်းလုပ်ငန်းရှင်များသည် လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအကျပ် အတည်း၏ရိုက်ခတ်မှု၊ရှိရင်းစွဲအမျိုး မျိုးသောအကြောင်းအချက်များကြား မှကြံ့ကြံ့ခံလုပ်ကိုင်ဆဲဖြစ်သည်။


