Facebook Badge

Friday, September 25, 2009

လူမျိုးစုနဲ့နိုင်ငံမဲ့များအရေး

ကမ္ဘာပေါ် လူမျိုးစုတို့ စုပေါင်းနေထိုင်ရာ ကို အစွဲပြုပြီး နိုင်ငံ တစ်နိုင်ငံရယ် လို့ မည့်ခေါ်ကြတဲ့ အတွက် နိုင်ငံပေါင်းများစွာ ဖြစ်ပေါ်တည်ရှိနေပါတယ် ။ ဒါပေမယ့် နိုင်ငံတိုင်း မှာ လူမျိုးတမျိုးဘဲ နေထိုင်တာ မဟုတ်ဘဲ အများအပြားနေထိုင် ကြတာ ရှိတဲ့ အတွက် လူမျိုးများ အနေနှင့် နိုင်ငံ အရေအတွက် ထပ် များပြားနေပါတယ်။

ဒါကိုကြည့်ရင် လူမျိုးတိုင်းဟာ မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ရာ ဒေသ(နိုင်ငံ) ရှိကြတာချည်းပဲ လို့ ဆိုရပါမယ် ။ မည်သူတဦးတယောက် ကမှ နိုင်ငံမဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး ဆိုတာ ထင်ရှားပါတယ် ။ မိမိတိုပမွေးဖွားရာ ဒေသရှိ ပြီးမှ အကြောင်းကြောင်း ကြောင့် ကမ္ဘာအနှံ့အပြား ရောက်ရျိနေကြပြီး နိုင်ငံ မဲ့ ဖြစ်ရတဲ့ သာဓကတွေ ရှိပါတယ် ။



ဒါပေမယ့် နောက်ဆုံးမှာ မိမိတို့ ဇာတိဒေသ မှာ နိုင်ငံပြန်လည်ထူထောင် နိုင်တဲ့ အတွက် ကြောင့် နိုင်ငံမဲ့ ဘဝက လွတ်မြောက်သည့် သာဓက အဖြစ် အစ္စရေး နိုင်ငံ ကို လက်တွေ့မြင်နိုင်ပါတယ် ။ အလားတူ ပါလက်စတိုင်း လူမျိုးတို့လည်း လတ်တလော နိုင်င့ မဲ့ ဘဝ ရောက်နေပေမယ့် မကြာမှီ ကိုယ်ပိုင် နိုင်ငံ ထူထောင်နိုင်မှာ မလွဲပါဘူး ။


ဒါပေမယ့် ကမ္ဘာအရပ်ရပ်မှာ လူမျိုးတမျိုး ပါလို့ သတ်မှတ် အခေါ်ခံရပြီး နိုင်ငံ ပျောက်နေတဲ့ (သို့မဟုတ်) နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးအများအပြားလည်း ရှိနေပါသေးတယ် ။ ကောင်းပါပြီ ဒီလူမျိုးတွေဟာ နိုင်ငံ မရှိ ငြားလည်း ကမ္ဘာပေါ် မှာ နေစရာ အမိုးအကာ ၊ စားစရာ အစားအသောက် ၊ ဝတ်စရာအဝတ်အထည် ရရှိပြီး ၊ အသက်ရှင် နေထိုင်ကြတဲ့ အတွက် နိုင်ငံ မရှိတော့ ဘာအရေးလဲ လို့ သဘောထား တွေးမိသူတွေ ရှိနိုင်ပါတယ် ။ ကောင်းပါပြီ အကယ်၍ ထိုအတွေး ရှိသူ ထိုအတွေး ကို လက်တွေ့ဆန်ဆန် ပြောနေသူ တွေ ဟာ လုံးဝမမှန်နိုင်ပါဘူး ။

အများသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ မြေပြင်သာမက ရေပြင်၊ လေပြင်ကိုပါ ခွဲခြမ်းပြီး နိုင်ငံအသီးသီး ရဲ့ပိုင်နက်နယ်နမိတ် ထဲသတ်မှတ်သွတ်သွင်းပြီး သားဖြစ်နေပါတယ်။ အဲဒီသီးခြားစီ သတ်မှတ်နိုင်ငံ နယ်ပယ်ထဲမှ ထိုနိုင်ငံသားလိုသတ်မှတ် ခံနိုင်တယ်။ အဲဒီနိုင်ငံ သားလို့ သတ်မှတ်ခံရမှသာ အဲဒီနိုင်ငံက ပြဌာန်းသတ်မှတ်ထားတဲ့ အခွင့်အရေးအဖုံဖုံ ကို ရယူခံစားနိုင်ခွင့်ရှိတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား အဖြစ်မခံရသူ (သို့မဟုတ်) နိုင်ငံမဲ့ ဖြစ်နေသူ လူမျိုးတို့ဟာ မျောက်သစ်ကိုင်းလွတ်သလိုနေစရာ မဲ့တွေ ဖြစ်နေကြရတယ်။ လူဘဝဆုံးရရှာတယ် လို့တောင် ပြောနိုင်တယ်။ မိမိခိုကပ်နေရတဲ့ နိုင်ငံ နဲ့နိုင်ငံသားတို့ သနားမှသာ အသက်ရှင်နိုင်တဲ့ ဘဝဖြစ်ရရှာတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ် မှာ အကြောင်းကြောင်း အမျိုးမျိုး နဲ့ နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးတို့မှာ သနားစရာ အလွန်ကောင်းပါတယ်။

မျက်မှောက်ကာလ ကမ္ဘာ အဲဒီလို နိုင်ငံမဲ့ လူမျိုးဘဝရောက်ကြရတဲ့ အကြောင်းအရင်းကို ရှာဖွေတဲ့ အခါ အဓိက တွန်းအားပေးတဲ့ အချက်အချို့ကို ရှာတွေ့ကြရတယ်။ ထိုအချက်တို့မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အခြေအနေ အလွန်ရှုပ်ထွေး ပြင်းထန်ပြီး ရုတ်တရက် ပေါက်ကွဲ ဖြစ်ပေါ် ပြောင်းလဲ သွားတဲ့ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုကြောင့် လည်း သက်ဆိုင်သလို ဥပမာ ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံ နှင့် ယူဂိုဆလားဗီးယား ဆိုရှယ်လစ်ပြည်ထောင်စု နိုင်ငံ တို့ ပြိုကွဲသွားတဲ့ အဖြစ်မျိုး ။ ဒါ့အပြင် လူမျိုးရေး ကိစ္စ ၊ ဓနဥစ္စာ ပိုင်ဆိုင်မှု ကိစ္စ ၊ ကလေးသူငယ် များ နှင့် အမျိုးသမီးများ အခွင့်အရေး ပြဿနာများ စသည့် တို့အပေါ် အမြင်သဘောထားများ ကွဲပြားခြင်း တို့ကြောင့် တကြောင်း ။ ပြီးတော့ မတူခြားနားတဲ့ လူမျိုးစုများ အကြား အင်အား၊ အာဏာ ၊ ချိန်ခွင်ညှာ ပြိုင်ကြခြင်း ကြောင့် တကြောင်း စတဲ့ အကြောင်းတွေ ကြောင့် နိုင်ငံမဲ့ ဘဝများဖြစ်ပေါ်လာခဲ့ကြရတယ်။

လူမျိုးရေးကိစ္စ နှင့်ပတ်သတ်ရင် ဥပမာ ခရိုင်မီးယား နယ်ဖွား တာတာလူမျိုး TARTARS ၂၅၀§٫၀၀၀ ကျော်တို့ဟာ ၁၉၄၄ခု နှစ်တုန်းက ဆိုဗီယက်နိုင်ငထဲံက ကွန်မြူနစ်ခေါင်းဆောင် ̏စတာလင်̋ မောင်းထုတ်လိုက်တဲ့ အတွက် ပြည်ပနိုင်ငံများမှာ နိုင်ငံမဲ့ ဘဝနဲ့ ဆယ်စုနှစ်များစွာ နေခဲ့ကြရတယ်။ ၎င်းတို့လိုပဲ ကမ္ဘာအရပ်ရပ် မှာ နိုင်ငံမဲ့ ဘဝနဲ့ ရောက်ရှိနေတဲ့ သူတွေ အများအပြား ရှိနေပါတယ် ။ သူတို့ရောက်နေတဲ့ နိုင်ငံက လည်း ၎င်းတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်မပြု ကြပါဘူး ။ ဒါကြောင့် ၎င်းတို့ဟာ နိုင်ငံတကာ က တရားဝင်ပေးထားတဲ့ အခွင့်အရေးတွေ ဖြစ်တဲ့ ကျမ်းမာရေး ခံစားခွင့် ၊ ပညာသင်ကြားခွင့် ၊ နိုင်ငံရေး သက်ဝင်ယုံကြည်ခွင့် ၊ လွပ်လပ်ခွင့် စတာတွေ ကိုအနည်းဆုံး ခံစားရတာက လွဲပြီး အပြည့်အဝ ဘာမှ မရရှိကြဘူး ။

ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ ဧည့်သည်ဖြစ်နေတဲ့ အတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်မရှိကြဘူး ။ မြို့ပေါ်မှာ အလုပ်လုပ်ခွင့်မရှိကြဘူး ။ အနိမ့်ဆုံး လယ်ယာလုပ်သားတေါ အဖြစ်တောင် တရားဝင်လုပ်ခွင့်မရကြဘူး ။ အခန်းကျဉ်လေးထဲမှာ စုပေါင်းနေထိုင်နေကြရတယ် ။ ဆေးဝါးတရားဝင် ကုသခွင့်မရကြဘူး ။ ဆေးမြစ်ရှာ ဆေးဝါးဖော်စပ် သုံးစွဲနေကြရတယ် ။ သေတော့လဲ သိက္ခာရှိရှိ မသေကြရဘူး ။ တရားဝင် စာရွက်စာတမ်း မရှိရင် မြေမြုပ်ခွင့် ရဖို့ သင်္ဂြိုလ်ခွင့်ရဖို့ ခက်ကြရတယ် ။

ဆိုဗီယက်ယူနီယံ ပြိုကွဲ ပြီးနောက် လွပ်လပ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ရယ်လို့ ပေါ်ထွက်လာခဲ့တယ် ။ တာတာတို့ဟာ ထို့အခါကျမှ သူတို့ ဘိုးဘွားဘီဘင် နေထိုင် ခဲ့တဲ့ ဇာတိမြေ ကို ပြန်ခွင့်ရကြတယ် ။ ပထမတသုတ် ၁၇٫၀၀၀ ပြန်လာတဲ့ အထဲ က တချို့ ယူကရိန်း နိုင်ငံသား ခံယူခွင့်ရကြပြီး ။ ကျန်အများစုက ဥဇဘက်ကစ္စတန် နိုင်ငံသား အဖြစ် ခံယူခွင့်ရကြတယ် ။

တာတာ တို့ဟာ ယူကရိန်းနိုင်ငံရဲ့ သမိုင်းစဉ် မျိုးနွယ်စုဖြစ်တာ မှန်ပေမယ့် ခိုင်မာတဲ့ အထောက်အထား အချက်အလက်တွေ ပြသရန် ခက်ခဲနေတဲ့ အတွက် အားလုံးကိုယူကရိန်းနိုင်ငံသား အဖြစ် လက်ခံ လိုက်ရန် အကြပ်တွေ့ကြရတယ် ။ ပြန်လာနေတဲ့ တာတာတို့ ကိုယ်တိုင်ကလည်း ဦးနှောက်ခြောက်ရပြန်တာ က ယူကရိန်းနိုင်ငံ သားဖြစ်ဖို့ မသေချာမရေရာသေးတဲ့ အခြေအနေမှာ ရရှိထား တဲ့ ဥဇဘက်နိုင်ငံ သားအဖြစ် ကို စွန့်လွှတ်ရန် စဉ်းစားသင့် မသင့် စဉ်းစားစရတဲ့ ပြဿနာ ကြုံရပြန်တယ် ။

၁၉၉၂-၁၉၉၃ ခုနှစ်တုန်းက ချက်ကိုစလိုဗက်ကီင်္းယား လိုနိုင်ငံ နှစ်ခြမ်းကွဲ ခဲ့ ကြတယ် ။ ချက်သမ္မတနိုင်ငံ နဲ့ စလိုဗက်ကီးယား သမ္မတ နိုင်ငံ ဆိုပြီး နှစ်နိုင်င့ တည်ထောင်ခဲ့ ကြတယ် ။ အဲဒီအခြေအနေ အောက်မှာ နိုင်ငံ သား အချို့ ကြားချန်နေခဲ့ ကြတယ် ။ မဲထည့်တဲ့ အချိန်မှာ ချက်နိုင်ငံ မှာ မဲထည့်ခဲ့ကြတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ စလိုဗက်နိုင်ငံသား အဖြစ်သတ်မှတ်ခံလိုက်ရတယ် ။ ဒါကြောင့် ချက်နိုင်ငံသား ဖြစ်ခွင့် ရအောင် စလိုဗက်နိုင်ငံ သား အဖြစ်ခံယူပြီး အဲဒီအဖြစ် ကို ပြန်စွန့်လွှတ်ကာ နိုင်ငံ မဲ့ ဘဝ နဲ့ ယာယီနေရမယ် ။ ပြီးနောက်မှ ချက်နိုင်ငံသား အဖြစ် လျှောက်ယူရမယ် လို့ ဆိုတယ် ။ စလိုဗက်နိုင်ငံ အာဏာပိုင်များက ထောက်ခံပေး မှ လျှောက်နိုင်တယ် ။ ဒါပေမယ့် ရမယ် မသေချာသေးဘူး ။ အငြင်းပယ်ခံရရင် နိုင်ငံမဲ့ ဘဝနဲ့ နေရမယ် ကိန်းဆိုက်နေတယ် ။

အာရှနိုင်ငံတွေမှာ လည်း နိုင်ငံမဲ့ ဘဝ နဲ့ ကြုံတွေ့ နေရသူတွေ ရှိသေးတယ် ။ (BOAT PEOPPLE) ဆိုတဲ့ လှေပေါ် အိုးအိမ်ဖွဲ့နေထိုင်သူတွေ နေရာရွှေ့ပြောင်း ခဲ့ကြတဲ့ ၁၉၇၀-နဲ့ ၁၉၈၀ ခုနှစ်တုန်းက ဖြစ်တယ် ။ လူမျိုးတစုဟာ ဗီယမ်နမ်နိုင်ငံကနေ ဟောင်ကောင် ကျွန်းကို ထွက်ပြေးခိုလှုံခဲ့ကြတယ် ။ ဟောင်ကောင် ကျွန်းဟာ တရုတ်ပြည်မကြီး လက်အောက် ပြန်ရောက်တဲ့ အချိန်မှာ ဗီယမ်နမ်က ပြေးလာတဲ့ တရုတ်တို့ဟာ တရုတ်ပြည်မကြီး ဆီ ပြေးဝင် ခိုလှုံပြန်တယ် ။ ဗိယမ်နမ် ကို ပြန်ပြေးခိုလှုံသူ တွေ လဲ ရှိတယ် ။

ဗီယမ်နမ်က ထိုတရုတ် အမျိုးသားတို့ဟာ သူတို့လူမျိုးမဟုတ်တဲ့ အတွက် နိုင်ငံသား အဖြစ်လက်မခံဘဲ ငြင်းဆိုတယ် ။ တရုတ်ပြည်မကြီး ကလည်း (BOATPEOPPLE) တွေကို တရုတ်နိုင်ငံသား အဖြစ်တောင်းဆိုခွင့် မရှိသူများအဖြစ် တရုတ် အစိုးရက သဘေထား ထားတယ် ။ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံရတဲ့ အကြောင်းက ဟောင်ကောင်မှာ ထိုသူတို့အနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ခွင့်ရသူတွေ မဟုတ်လို့ ဖြစ်တယ်ဟုပြောသည် ။ ထိုသူတို့ ကိစ္စဟာ အလွန်ရှုပ်ထွေး ခက်ခဲလှတဲ့ ပြဿနာ အဖြစ် ကျန်ရစ်နေဆဲ ဖြစ်တယ် ။

နိုင်ငံ တနိုင်ငံမှာ နိုင်င့သား အဖြစ် ခံစားရရှိဖို့ က သမိုင်းကြောင်း ဇစ်မြစ်ဆိုင်ရာကိစ္စတို့ ဆိုတဲ့ တွေခေါ်မြှော်မြင်ချင်းဆိုင်ရာ ကိစ္စတွေ ကို ထည့်သွင်းစဉ်းစားကြတယ် ။ တချို့နိုင်ငံမဲ့ လူမျိုးများအတွက် သူတို့ခမျာ သူတို့ရောက်ရှိနေတဲ့ နိုင်ငံ မှာ မျိုးဆက်အလိုက် ကာလ ရှည်ကြာ စွာ နေထိုင်ခဲ့ ပေမယ့် နိုင်ငံသားဖြစ်ခွင့် မရကြဘူး ။ တချို့ကျတော့ နိုင်ငံသား ခံယူခွင့် ပြုခံရပေမယ့် မတည်မြဲကြပြန်ဘူး ။ ဥပမာ အားဖြင့် ၁၉၇၀ ခုနှစ်̏ယူဂန်ဒါ̋ နိုင်ငံမှာ အီဒီယမ်အာမင် တွေ အာဏာသိမ်းလိုက်တုန်းက နိုင်ငံသား ခံယူခွင့် ပြုထားတဲ့ အာရှသား များ နိုင်ငံထဲက ပြန်မောင်းထုတ်ခံရတာမျိုးတွေ ၊ ဖမ်းဆီးချုပ်နှောင်ခံရတာမျိုးနဲ့ ပစ္စည်းဥစ္စာ တွေ အသိမ်းခံရတာမျိုးတွေ ကြုံတွေ့ခဲ့ကြရတယ် ။

ဆိုဗီယက်ယူနီယံ အုပ်စုနဲ့ အနောက်ဥရောပ အုပ်စုတို့ရဲ့ စစ်အေးတိုက်ပွဲ ကာလတုန်းက လည်း နိုင်ငံ ကို စွန့်ခွာ သွားပြီး နောက် ဘယ်နိုင်ငံသား အဖြစ် မှ ခံယူခွင့်မရကြတဲ့ ရှုမေးနီးယား လူမျိုးတွေ နဲ့ ဆိုဗီယက်လူမျိုးတွေ လည်းရှိသေးတယ် ။ အလားတူ နိုင်ငံရေးပြဿနာများ ကြောင့် နိုင်ငံမဲ့ ဘဝရောက်မေသူတွေ ကမ္ဘ့အနှံအပြားမှာ ရှိနေပါသေးတယ် ။ စာရင်းအတိအကျ မပြုစုနိုင်သေးလို့သာ အရေ အတွက် မသိနိုင်သော်လည်း အမြောက်အမြား ရှိနေကြသည် ။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ကြီးက ထိုနိုင်ငံ မဲ့လူသားများ ကိစ္စ ကို ကူညီဖြေရှင်းပေးရန် ၁၉၅၄ ခုနှစ်မှာ နိုင်ငံတကာ သဘောတူညီချက်များကို ပြဌာန်းပေးခဲ့ သည် ။ နောက်တဖန် ၁၉၆၁ ခုနှစ် မှာလည်း နိုင်ငံမဲ့ ဘဝတွေ လျှော့နည်းသွားအောင် နိုင်ငံတကာ က ပူပေါာင်းဆောင်ရွက် ကြဖို့ ပြဌာန်းချက် အသစ် များ ချနှတ်ပေးခဲ့သေးသည် ။ ၁၉၇၄ ခုနှစ်မှာတော့ ကုလသမဂ္ဂ ညီလာခံကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနိုင်ငံမဲ့ သမား တို့အား အကန့်အသတ်နဲ့ တရားဝင် အကူအညီ ပေးရန် ညွှန်ကြားခဲ့တယ် ။ ဒုတိယ ကမ္ဘာစစ်ပြီး ပြီးနောက် နိုင်ငံ တချို့က လိုက်နာကြပေမယ့် မျက်မှောက်ကာလ မှာ များမကြာမှီ နှစ်ပနည်းငယ် အတွင်းမှာ နိုင်ငံမဲ့ လူသားဘဝ ပြဿနာများဟာ ပိုမိုအာရုံစိုက်စရာ ပြဿနာ တရပ် အဖြစ် ဖြစ်လာပါ့မယ် ။

ဒါကြောင့် ၁၉၉၆ ခုနှစ်က ကမ္ဘ့ာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက (UNHCR) ရုံးကို လုပ်ပိုင်ခွင့် အာဏာ ကိုချပေးပြီး ကမ္ဘ့ာ အဝန်းမှာ နိုင်ငံမဲ့ လူသားတို့ ဘဝ ပပျောက်ရေး ကိုအလေးပေး ဆောင်ရွက် စေခဲ့တယ် ။ (UNHCR) ရုံးဟာ ယူကရိန်နိုင်ငံ အစိုးရ အာဏာပိုင် တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တာတာ လူမျိုးတို့ ရဲ့နိုင်ငံမဲ့ ဘဝ ပြဿနာ ကို ဖြေရှင်းပေးနိုင်ခဲ့ တယ် ။ ၁၉၉၇-၁၉၉၈ ခုနှစ်အတွင်း ပြန်တော် ပြန်လာတဲ့ တာတာ လူမျိုး ၄၅٫၀၀၀ တို့ ယူကရိန်းနိုင်ငံသား ခံယူခွင့်ရသွားတယ် ။ ချက်သမ္မတနိုင်ငံ အစိုးရက လည်း (UNHCR) ရဲ့ မေတ္တာရပ်ခံ ချက်ကြောင့် ချက်လူမျိုး နိုင်ငံမဲ့ ဘဝ ရောက်နေသူတွေ ကို ပြန်လည်စီစစ်ပြီး ချက် နိုင်ငံသား အဖြစ် ပြန်လက္ခံ ရန် စီစဉ်လျှက်ရှိသည် ။

တကမ္ဘာ လုံးဆိုင်ရာ လူအခွင့်အရေး ဆိုင်ရာ ကြေငြာ စာတမ်းမှာ ̏လူသားတိုင်းနိုင်ငံတနိုင်ငံ ရဲ့ နိုင်ငံသားဖြစ်ခွင့် ရှိစေရမယ် ̋ လိုပဖော်ပြထားတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံသား ဖြစ်ခွင့် ဥပဒေများ ပြဌာန်းချက် ရှိနေပါတယ် ။ အစိုးရတို့မှာ နိုင်ငံသား ဖြစ်ခွင့် ပေးအပ်နိုင်ခွင့် ဆိုတဲ့ အရေးပါတဲ့ အခွင့် အာဏာ ရှိပါတယ် ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူမျိုးရေး ပြဿနာ များ တင်းမာရှုပ်ထွေးနေချိန်မှာ လူစုလူဝေးနဲ့ နိုင်ငံက ထွက်ပြေးကြတဲ့ ကာလမျိုးမှာ အစိုးရ တို့မှာ လူမျိုးတွေကို ကြိုဆိုလက်ခံ ဖို့ ဝန်လေးနေတတ်ကြပါတယ် ။ ဒါကြောင့် နိုင်ငံမဲ့ လူမျိုးများ လူသားများ ပြဿနာ ဟာ အနာဂါတ် ကာလမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်စရာရှိပါတယ် သေးတယ် ဟု သတိပေးရင်း နိဂုံးချုပ်ပါတယ် ။ ။
နောင်နောင်

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP