Facebook Badge

Tuesday, September 1, 2009

ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက်

၁ စက်တင်ဘာ ၂၀၀၉

လတ်တလော ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး အခြား ကချင်ဒေသ၊ ရှမ်းဒေသများသို့ပါ ဂယက် ရိုက်ခတ်မှုရှိနေကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ် ဖားကန့် လုံးခင်းတွင် နေထိုင်သူတဦးက “ပြီးခဲ့တဲ့ အပတ်ကစ ကျမတို့ ရပ်ကွက်ထဲက မိသားစုတွေကို ကေအိုင်အေက လိုက်ပြီး နှိုးဆော်တယ်။ အိမ်ထောင်စု (၁) စုကို အနည်းဆုံး ဆန် (၁) အိတ်နဲ့ ငွေကျပ် (၂) သောင်းလောက်တော့ အဆင်သင့်ပြင်ထား၊ ဆောင်ထားကြပါ။ ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်လာရင် မိသားစုတွေအနေနဲ့ အခက်အခဲ တစုံတရာ ဖြေရှင်းနိုင်အောင်လို့ဆိုပြီး ပြောတယ်။ အဲဒါ သူတို့ ကေအိုင်အေဗဟိုက ညွှန်ကြားတာလား၊ ဒါမှမဟုတ် နယ်မြေခံ ကေအိုင်အေ တာဝန်ရှိသူတွေကပဲ နှိုးဆော်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိဘူး” ဟု ပြောသည်။

အဆိုပါ ဖားကန့် လုံးခင်းဒေသသည် စစ်အစိုးရထိန်းချုပ်ထားသည့် ဒေသဖြစ်သော်လည်း အောက်ခြေ ပြည်သူလူထုထဲတွင်မူ ကေအိုင်အေတပ်ဖွဲ့၏ သြဇာသက်ရောက်မှုရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနား စီတာပူတွင် နေထိုင်သူ ကချင်အမျိုးသမီးတဦးကလည်း “ကျမ အစ်ကိုက ကေအိုင်အေ ဆေးဌာနက အရာရှိတဦးပါ၊ လိုင်ဇာမှာ နေပါတယ်။ အခု သူတို့နယ်မြေမှာ အစိုးရနဲ့ တိုက်ပွဲဖြစ်ခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒီတော့ သူပိုင်ဆိုင်သမျှတွေ သယ်လို့ လွယ်တာတွေ ကျမအိမ်ကို ယူလာပြီး လာအပ်ထားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ အပစ်ရပ်ငြိမ်းအဖွဲ့တခုဖြစ်သည့် အန်ဒီအေ (ကချင်) ခေါ် ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့်အဖွဲ့သည် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားသည့် အဖွဲ့ဖြစ်ပြီး လောလောဆယ် လက်နက်စာရင်းပြုစု ပေးအပ်ခြင်း၊ လူစာရင်း ပြုစုပေးအပ်ခြင်းတို့ ပြုလုပ်ပြီးနောက် နအဖစစ်တပ်ထံမှ စစ်သင်တန်းယူခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ရှမ်းပြည် မိုင်းလား အထူးဒေသအနီး မိုင်းယောင်းဘက်တွင် စစ်အစိုးရတပ်တို့၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှု သတင်းများရ၍ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်း၌လည်း လူများ လှုပ်လှုပ်ရှားရှားဖြစ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ မြန်မာနိုင်ငံသား အရာရှိတဦးက အီးမေးလ်မှတဆင့် ပြောကြားသည်။

၎င်းက “ကိုးကန့်ကိစ္စမှာ စစ်အစိုးရက အဓိက ပြောနေတာ လက်နက်စက်ရုံကိစ္စ၊ ဒီလက်နက်စက်ရုံဆိုတာ ဝနယ်မှာလည်း ရှိတယ်၊ မိုင်းလားမှာလည်း ရှိတယ်၊ ကချင် အထူးဒေသ (၁) ပန်ဝါမှာလည်း ရှိတယ်။ ဒီတော့ စစ်အစိုးရက ပြဿနာရှာရင် ပြဿနာရှိလာနိုင်တယ်။ အခု မဲခေါင်မြစ် အနောက်ဘက်ခြမ်း မိုင်းယောင်းမှာ အစိုးရတပ်တွေ ပြင်ဆင်နေတယ်ဆိုတဲ့သတင်း ပန်ဆန်းကလူတွေ ရတယ်။ အဲဒီနေရာက မိုင်းလားအထူးဒေသနဲ့ နီးတယ်။ ဒီတော့ ဘာဖြစ်လာဦးမလဲဆိုပြီး ပြောဆိုနေကြတာတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဝအဖွဲ့၊ ဦးဖုန်ကျားရှင်၏ ကိုးကန့်အဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလားအဖွဲ့၊ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (၄) ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို နောင်အစိုးရတက်လာမှ ဆွေးနွေးမည်ဆိုပြီး သဘောထားပေးထားသည့် အဖွဲ့များဖြစ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP