Facebook Badge

Wednesday, September 2, 2009

စည်ပင်သာယာက ရေမီတာတပ်ခိုင်းပြီး အခွန်ထပ်ကောက်မည့်အတွက် မြို့ခံများ အခက်တွေ့

Wednesday, 02 September 2009 19:22

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက ရေမီတာများ တပ်ဆင်ခိုင်းပြီး ရေခွန်ပေးဆောင်ခိုင်းနေသဖြင့် မြို့ခံများ အခက်အခဲ ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် တလခန့်မှစတင်ကာ မီတာတလုံးလျှင် ၁၂,၀၀၀ ကျပ်နှုန်းဖြင့် တပ်ဆင်ခိုင်းကာ ရေခွန် ထပ်မံပေးဆောင်ခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ရေပိုက်သွယ်ထားတဲ့ အိမ်တွေ အကုန်ဝယ်ရမှာ။ ရေကန်ကနေ ပိုက်ဆင်တော့လဲ ပိုက်ဆံပေးတယ်။ နှစ်စဉ်လည်း ရေခွန်က ပေးနေရသေးတယ်။ ဒီကြားထဲ နွေဘက်ရေခမ်းသွားရင်လည်း စက်မောင်းဖို့ ဆီဖိုးလည်း ပေးရတော့ အခု ထပ်ပေးဖို့ ကျနော်တို့ မတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ခရမ်းမြို့ပေါ်တွင် ရေပိုက်သွယ်တန်း တပ်ဆင်ထားသူများအနေဖြင့် တနှစ်လျှင် ရေခ ၇,၂၀၀ ကျပ် ပေးဆောင်နေရသည့်အပြင် မီးသတ်၊ အမျိုးသမီးရေးရာ၊ ကျန်းမာရေးဌာများကိုလည်း ပေးနေရကြောင်း ၎င်းက ပြောသည်။

ခရမ်းမြို့ပေါ်တွင် ရေကန်ပေါင်း ၆၀ ကျော်ရှိပြီး မြို့ပြင်တွင် ကန်ကြီး ၄ လုံးရှိကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တူးထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မြို့ပေါ်က ကန်တွေက ဘိုးဘွားပိုင်ကန်တွေချည်းပဲ။ နွေဘက် ရေနည်းသွားရင် မြို့ပြင်ကန်ကြီးတွေကနေ စက်တွေနဲ့ ကန်လေးတွေကို ပို့တယ်။ အဲဒီကတဆင့် ရပ်ကွက်အလိုက် မော်တာလေးတွေတပ်ပြီး သုံးရတာ” ဟု မြို့ခံက ဆက်ပြောသည်။

ခရမ်းမြို့နယ် စည်ပင်သာယာအနေဖြင့် အကောက်အခွန်အမျိုးမျိုးကို တောင်းခံနေသော်လည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတခုမှ လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“စည်ပင်က ကျနော်တို့ဆီမှာ ရေမြောင်းတောင် မဖောက်ပေးဘူး။ မြောင်းတွေ ကိုယ့်ဟာကိုယ် ဆွဲရတယ်။ မိုးရွာလို့ ရေတွေတတ်လာရင် ညစ်ပတ်မှာစိုးလို့။ သူတို့က အခွန်တွေပဲ ကောက်တာ။ တမြို့လုံး အမှိုက်တွေ ပွယောင်းနေတာ။ လိုက်သိမ်းတာတခါမှ မရှိဘူး” ဟု မြို့ခံက ဆက်လက်ပြောဆိုသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP