Facebook Badge

Wednesday, August 26, 2009

မြန်မာ Search engine ပြိုင်ပွဲကို အများက သံသယရှိနေ Tuesday, 25 August 2009 20:10 အေးချမ်းမြေ

မန်မာနိုင်ငံ ကွန်ပျူတာ နည်းပညာရှင်များ အသင်း (MCPA) က ကြီးမှူးကျင်းပမည့် မြန်မာ Search engine ပြိုင်ပွဲ နှင့် ပတ်သက်၍ ပြည်တွင်းပြည်ပရှိ ကွန်ပျူတာ ပညာရှင်များက သံသယ ရှိနေကြကြောင်း ကြားသိရသည်။

၂၀၀၉ ခုနှစ်အတွက် ကျင်းပသည့် ယင်း မြန်မာ Search engine ပြိုင်ပွဲ လျှောက်လွှာများကို လာမည့် သြဂုတ် ၃၁ ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည် ဖြစ်ပြီး အဖွဲ့လိုက် ဖြစ်စေ၊ တဦးချင်းစီဖြစ်စေ ယှဉ်ပြိုင်နိုင်မည်ဟု ကြေညာထားသည်။

ယင်းပြိုင်ပွဲအတွက် ၆ လကြာ အချိန်ယူပြင်ဆင်ခွင့်ရှိပြီး ပြိုင်ပွဲတွင် ပထမရသူကို အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ် သိန်း ၃၀ ကျော်) ချီးမြှင့်မည်ဟု MCPA က ဆိုသည်။

MCPA အနေနှင့် ထူးချွန်သော မြန်မာ ကွန်ပျူတာပညာရှင်များ ပေါ်ထွက်စေရန် ယင်းပြိုင်ပွဲကို ကျင်းပပေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။

Search engine ဆိုသည်မှာ စနစ်တကျ သိမ်းဆည်းထားသော အချက်အလက်မှန်သမျှကို အလွယ်တကူ ပြန်လည် ရှာဖွေပေးနိုင်သည့် ကွန်ပျူတာ ဆော့ဖ်ဝဲ ဖြစ်ပြီး အကျိုးရှိစွာ အသုံးပြုနိုင်လျှင် အလွန် အသုံး တည့်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ ကွန်ပျူတာပညာရှင် တဦးက ပြောသည်။

“မြန်မာ ဂူဂယ်လ် အသေးစားလေးပဲ။ ဒီ Search engine ဆော့ဖ်ဝဲ ရှိပြီဆိုရင် ကြိုက်တာကိုပြန်ရှာလို့ရပြီ။ အဓိကက အချက်အလက်တွေ၊ ဥပမာ - ကျောင်းတကျောင်းမှာ သိန်းနဲ့ သန်းနဲ့ ချီတဲ့ ကျောင်းသားစာရင်းတွေနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ရှာချင်တယ်ဆိုရင် ဒီဆော့ဖ်ဝဲထည့်ထားရင် ချက်ချင်း ရှာနိုင်မယ်” ဟု သူကဆိုသည်။

လတ်တလော အနေအထားအရ မြန်မာနိုင်ငံအတွင်း၌ အင်တာနက်အသုံးပြုရာတွင် တားမြစ်ထားသည့် ဝက်ဘ် ဆိုက်များစွာရှိပြီး ထိုဝက်ဘ်ဆိုက်များကို ကြည့်ရှုလိုပါက Proxy နံပါတ်များကို အသုံးပြု၍ ဝင်ကြည့်ကြရသည်။ ထိုသို့ Proxy ကျော်၍ ဝင်ကြည့်ခြင်းနည်းလမ်းကို ပြည်တွင်းပြည်ပရှိ ကွန်ပျူတာ ပညာရှင်များက ဖြန့်ဝေ ပေးထားဖြင်းဖြစ်သည်။

သတင်းနှင့် နည်းပညာ ဝက်ဘ်ဆိုက် တခုဖြစ်သော pandia.com တွင် အဆိုပါပြိုင်ပွဲနှင့်ပတ်သက်ပြီး စစ်အစိုးရ အနေနှင့် မြန်မာနိုင်ငံတွင်းရှိ လူငယ်များကို နည်းပညာတိုးတက်မှုရှိစေရန် အစဉ် ကန့်သတ်ထားကြောင်း၊ ယခု ပြိုင်ပွဲကို ကျင်းပပေးခြင်းမှာ နည်းပညာကျွမ်းကျင်သူ လူငယ်များကို ဖော်ထုတ်မြှင့်တင်ပေးလိုခြင်းထက် ၎င်းတို့ ထံမှ ထွက်ပေါ်လာမည့် Search engine ဆော့ဖ်ဝဲကို စစ်အစိုးရ အကျိုးအတွက်သာ အသုံးချချင်သောကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

၎င်း ဝက်ဘ်ဆိုက်တွင် “ပြည်တွင်းပြည်ပမှာ ကွန်ပျူတာကျွမ်းကျင်သူတွေ ဘယ်လောက်ရှိနေတယ် ဆိုတာ အစိုးရက မသိဘူး။ အားလုံးက လျှို့ဝှက်လှုပ်ရှားနေကြတာ။ တကယ်လို့ ဒီပြိုင်ပွဲမှာ သူတို့ ဝင်ပြိုင်မယ်ဆိုရင် ဘယ်သူတွေက ကျွမ်းကျင်သူတွေလဲဆိုတာကို သိနိုင်မယ်၊ စောင့်ကြည့်နိုင်မယ်” ဟု ဖော်ပြထားသည်။

ကွန်ပျူတာနှင့် အင်တာနက် နည်းပညာကို မြန်မာပြည်တွင် ကျယ်ပြန့်စွာ အသုံးပြုရန် ကွန်ပျူတာ ပညာရှင်များစွာ ဖော်ထုတ်မြှင့်တင်ပေးဖို့လိုသည်ဟု ထိုင်းနိုင်ငံရောက် ကွန်ပျူတာ ပညာရှင်က ပြောသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော ကွန်ပျူတာပညာရှင်တဦးကလည်း မြန်မာပြည်တွင် ယခုကဲ့သို့ ကွန်ပျူတာ စနစ်ကို အကျိုးရှိစွာ အသုံးချသင့်သည်မှာ ကြာပြီ ဖြစ်ကြောင်းနှင့် မြန်မာစာလုံးများနှင့် စနစ်တကျ ရေးသား ထည့်သွင်းထားလျှင် အချက်အလက်မှန်သမျှ ရှာဖွေရာ၌ လွယ်ကူသွားမည်ဖြစ်ကြောင်း ပြောသည်။

“ဒီဟာက တခုရရင် လိုသလို ပြောင်းသုံးလို့ရတယ်။ ဥပမာ - စာပေစိစစ်ရေးမှာ သုံးမယ်ဆိုရင် သူတို့ ရုံးက ဆာဗာထဲ ဒီစနစ်ကို ပုံစံပြောင်းထည့်ထားလိုက်ရင် စာရေးဆရာမှန်သမျှရဲ့ သတင်းအချက်အလက်တွေ ရှာရတာ လွယ်သွားမယ်၊ ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်ရုံးရယ်၊ လေဆိပ်ရယ်၊ ထောက်လှမ်းရေးရယ် .. ဒီသုံးရုံး ချိတ်ပြီး သုံးမယ်ဆိုရင်လည်း ရတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၌ ကွန်ပျူတာ စနစ်ကို အသုံးမပြုနိုင်သေးသောကြောင့် ဌာနဆိုင်ရာများ၌ လစ်ဟာမှုများ ရှိပြီး ထိုလစ်ဟာမှုများကို စစ်အစိုးရအနေနှင့် ဖြည့်ဆည်းချင်ပုံရသည်ဟု ၎င်းက သုံးသပ်သည်။

“ဥပမာ တလောက ပတ်စ်ပို့စ်ရုံးကနေ နာမည်အတုနဲ့ ထွက်သွားတာမျိုးပေါ့။ ဒီ Search engine ရှိမယ် ဆိုရင် ဒါမျိုး မဖြစ်တော့ဘူး။ ဌာနဆိုင်ရာတိုင်းမှာ ဒီဟာကို ထည့်ထားရင် အစိုးရအတွက် အများကြီး အကျိုးရှိနိုင်မယ်” ဟုလည်း သူက ပြောသည်။

စစ်အစိုးရအနေနှင့် ပြိုင်ပွဲတွင် ပထမရသော ဆော့ဖ်ဝဲ၏ ကောင်းမွန် အဆင့်မီမှုအပေါ် အခြေခံ၍ ၎င်းတို့ အလိုရှိရာ စိစစ်ရေး လုပ်ငန်းများ၌လည်းကောင်း၊ ဌာနဆိုင်ရာများ၌ လည်းကောင်း ပြန်လည် အသုံးချနိုင်မည်ဟု pandia.com တွင် ရေးသားထားသည်။

“ဒီလို ပြိုင်ပွဲတွေ လုပ်ပေးတာတော့ ကောင်းပါတယ်၊ Search engine သုံးနိုင်ရင် အစိုးရက စိစစ်ရတာ လိုက်ရတာ ပိုလွယ်သွားမယ်။ ထောင်ချခံရမယ့်သူလည်း တော်တော်များ သွားမယ်။ အီလက်ထရွန်နစ် ပုဒ်မက ၁၅ နှစ်ကိုး” ဟု ထိုင်းနိုင်ငံရောက် ကွန်ပျူတာ ပညာရှင်ကပြောသည်။

သို့ရာတွင် ယခင်ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး ထိုပြိုင်ပွဲများတွင် ပထမ ဆွတ်ခူးသူပင် မှန်ကန်သည့် မြန်မာ Search engine ကို ကိုယ်တိုင်ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ တခြား ဆော့ဖ်ဝဲတခုကို အသုံးပြုကာ တဆင့်ခံ ရေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP