Facebook Badge

Sunday, August 9, 2009

သံတွဲနှင့် ဂွအကြား ကုန်တင် ကားတစီး တံတားကျိုး၍ ချောက်ထဲထိုးကျ ယဉ်မောင်းနှင့် ကားသမား တဦးပျောက်ဆုံးနေ


8/7/2009

သံတွဲမှ ဂွမြို့သို့ မောင်းနှင်လာသော ကုန်တင်ကား တစီးသည် ယမန်နေ့ ညနေက ချောက်ထဲ ထိုးကျသွားသဖြင့် ယဉ်မောင်းနှင့် ကားသမားတဦးမှာ ပျောက်ဆုံးနေကြောင်း သံတွဲဒေသခံ တဦးက ပြောသည်။

“ကားက ညဉ့် ၉ နာရီခန့်မှာ သံတွဲနဲ့ ဂွအကြား မိုင်တိုင် (၅၀) အနီးက တံတား အရောက်မှာ တံတားကျိုးပြီး ချောက်ထဲ ကျသွားပါတယ်။ ချောက်က ပေ ၄၀၀ လောက်နက်ပါတယ်။”

ပျောက်ဆုံးနေသော ကားဒရိုင်ဘာမှာ ဦးမင်းသူ ဖြစ်ပြီး နောက်တဦး၏ အမည်နှင့် နေရပ် လိပ်စာကိုမူ မသိရကြောင်း သူကပြောသည်။

ချောက်ထဲကျသွားသော ကားအမှတ်မှာ ယ/ ၂၄၆၀ ဖြစ်ပြီး ယခုအခါ သက်ဆိုင်ရာမှ အဆိုပါကားကို ချောက်ထဲမှ ဆယ်ယူနေကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၆ ရက်နေ့က မောင်တောမှ ဆန်အိတ် ၁၂၀ ကိုတင်ဆောင်ပြီး ကြိမ်ချောင်းသို့ မောင်နှင်လာသော ကားတစီး ဖက်ဝိုင်းချောင်းတံတားအရောက်တွင် တံတားပေါ်မှ ချော်ကျပြီး ချောင်းထဲသို့ ကျသွားသည်ဟု သိရသည်။

ဒေသခံများက အဆိုပါ ဖြစ်စဉ်တွင် တဦးသေပြီး နှစ်ဦးဒဏ်ရာ ရရှိကြောင်း ပြောဆိုသော်လည်း သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သေဆုံးသူ မရှိကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသော ကားလမ်းများမှာ စနစ်တကျ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားခြင်း မဟုတ်သဖြင့် မိုးရာသီအတွင်း ကားလမ်းများမှာ ရေတိုက်စားပြီး မြေပြိုမူများ ဖြစ်သဖြင့် ကားများကို အထူးသတိထားပြီး မောင်းနှင် ကြရသည်ဟု သတင်းရရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP