Facebook Badge

Sunday, August 9, 2009

အာဏာရှင်၊အဆိပ်ပင်၊အဆိပ်သီးနဲ့ ကပ်ပါးမျောက်(၂)


စစ်အာဏာရှင် အမြစ်သွယ်ပေါက်နေမှု ကာလ ကြာမြင့်သည်နှင့်အမျှ နိုင်ငံသည် မြေဆီသြဇာခမ်းခြောက်လာ သည့် ဖုန်းဆိုး

မြေသဖွယ် ဖြစ်ခဲ့လေပြီ။ စီးပွါးရေး၊ကျန်းမာရေး၊ပညာရေး၊လူမှုရေ၊နိုင်ငံတစ်ခု၏ဂုဏ်သိက္ခာ ဘက်စုံကဏ္ဍစုံ၊၌ အဖက်ဖက်မှ

ယိုယွင်း ဆုတ်ယုတ်လျှက် သာရှိ၏။
အများပြည်သူပိုင်ကျောက်မျက်ရတနာများ ကျွန်းသစ်ရေနံ။ သဘာသဓါတ်ငွေ့နှင့်ရေထွက်ပစ္စည်း များအစ ရှိသည် သဘာဝမှ

ပေးအပ်ထားသည့် တိုင်း ပြည်ရတနာများကို ထုခွဲရောင်းချလျှက် အာဏာရှင် စနစ် ရှင်သန် ရေးအတွက် အဆိပ်ပင်ရေလောင်း

ပေးနေသည်မှာ မိခင်အား ထုထောင်းနှိပ်စက်လျှက် သူမ၏ ထဘီကို ပေါင်နှံရောင်းချ စားသောက်ပစ်တတ်သော သားဆိုး

သားယုတ်နှင့် သာတူတော့၏။
ထိုသို့နှိပ်စက်တတ်သော စစ်အာဏာရှင် အဆိပ်ပင်ကို အမြစ်လှန်ဖြိုလှဲနိုင်ရန် နိုင်ငံအ၀ှမ်းမှ မတရားမှုကို စက်ဆုတ်ကြကုန်

သော ရဟန်းရှင်လူများ၊ ယုံကြည်ချက်မတူသော အဖွဲ့ အစည်းများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေး

ပါတီများ အစရှိသည့် ဒီမိုကရေစီ အင်အားစုတို့ သည် ဘသနှင့်သွေးသား အသက်တို့ကို ရင်းနှီးလျှက်မဆုံးသေးသော တော်

လှန်ရေး ခရီးနှင်လျှက် ရှိသည်မှာ ၁၉၆၂ မှသည် ယနေ့တိုင်ပင်ဖြစ်၏။ သူတို့၏ ပေးဆပ်မှု ၊ရဲရင့်မှုကား လက်ဖြစ်တီးအံ့ချီး

လောက်ပါပေ၏။


ထိုသူတို့ကား သာမန်လူများ မပြုနိုင်သော အမှုကိုပြုသည့် အာဂ အာဇာနည်များ ဖြစ်ကြ၏၊ သူတို့ ထုဆစ် ကဗ္မည်း ၊တင်ရစ်

ခဲ့ကြသော သမိုင်းမှတ် တိုင်များကား နိုင်ငံတော်၏ ဂုဏ်ကို ထွန်းပြောင်စေခဲ့သည်။ ဤနေရာ တွင် စာရေးသူသည် ထိုထိုသော

အာဇာနည်သူရဲကောင်းတို့၏ ကြီးမြတ်သော စွန့် လွှတ်မှု ၊မနှိုင်းယှဉ် အပ် သောရဲရင့်မှုတို့ကို ဦးညွှတ်လိုပ်ပါ၏၊ အထူးသဖြင့်

ယခုအချိန်အခါတွင် စစ်အာဏာရှင် ကျားနာ၏ အငြိုးတကြီး ကိုက်ခဲ့မှုကို ခါးစီးခံနေကြရသော ဒေါ်အောင်ဆန်းစုကြည် ဦး

ဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ကျောင်းသားအဖွဲ့အစည်းများ၊ အခြား ဒီမိုကရေ စီ အင်အားစုတို့၏ မတုန်

လှုပ်သော ယုံကြည်ချက်နှင့် ကြံ့ ခိုင်သောစိတ်ဓါတ်ကိုဦးခိုက် အရိုသေပြုလိုက်ပါ၏။
လူထုအုံကြွမှုများ ၊ပေါ်ပေါက်ပြီးသည့် အရေးအခင်းများ၊ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများသည် စစ်အာဏာရှင်

ဖြုတ်ချရေး၊ တော်လှန်ရေး ခရီး၏ လှေကားထစ်များ ဖြစ်ကြပေသည်။ ထိုလှေကားထစ်များ သည်ဒီမိုကရေစီနိုငငံတော်သို့

ဆိုက်ရောက်နိုင်ရန် ပို့ဆောင်ပေးခဲ့ကြလေပြီ။ ပန်းတိုင်ကား တနေ့ထက် တနေ့ နီး၍သာ လာပေသည်။ အကယ်၍သာ တော်

လှန်ရေး အင်အားစုများ ယခုထက်ပို၍ ညီညွတ်မှု၊ဘုံရန်သူချေမှုန်းရေး ပဓါန ထားမှု တို့ရှိခဲ့သော် ပို၍မြန်မြန်ဆန်ဆန် ခရီး

ပေါက်နိုင်ရာ၏။
ဤနေရာတွင် ဗမာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကို အရှိအတိုင်း သိမြင်ဖို့ လိုပေသည်၊ နိုင်ငံရေးနည်း၊စစ်ရေးနည်း၊ အတွေးအခေါ်

မျိုးစုံနှင့် တော်လှန်ရေးအဖွဲ့ အစည်းများစွာ သမိုင်းနောက်ခံ အခြေအနေခြင်း ကွဲပြားစွာ ပေါ်ပေါက်ခဲ့ကြ၏။
စစ်အာဏာရှင် သံလှောင်ချိုင့် အောက်တွင် တော်လှန်ရေးသစ်ပင်ပျိုများစွာတို့ နိုငငံရေး အသိနေခြည် မလောက်မငနှင့် ကြမ်း

တမ်းခက်ခဲစွာပေါက် ရောက်ခဲ့ကြရသည်။ အချို့ အပင်တို့သည် ကြုံလှိကြသည်။ အချို့လည်း အားကောင်းမောင်းသန် ရှင်သန်

ကြ၏။ တခါတရံ ၄င်းတို့ အကြား အတွေးအမြင် အကြံအစည်တို့ ကွဲပြားနိုင်ကြသည်၊ ညှိနှိုင်းမရ ဖြစ်တတ်ကြသည်။အကွဲအပြဲ

များ ဖြစ်တတ်ကြပေလိမ့်မည်။ သို့သော်လည်း စစ်အာဏာရှင်အဆိပ်ပင် တော်လှန်ရေးရည်မှန်းချက် ကားအတူတူပင် ဖြစ်

သည်။ အမြင်ကွဲပြားစွာ ပူးပေါင်း လက်တွဲ၍လုပ်နိုငသော နည်းလမ်းများစွာရှိ၏၊ ဒီမိုကရေစီ၏အနှစ်သာရကား အများဆန္ဒကို

လေးစား လိုက်နာခြင်း နှင့်အတူ အနည်းဆနကိုလည်း လေးစားအသိအမှတ်ပြုခြင်းပင်ဖြစ်သည်။
တချိန်တည်းမှာပင် စစ်အာဏာရှင်တို့ သည်လည်း သူတို့၏ ရှင်သန်နိုငရေးအတွက် နည်းမျိုးစုံနှင့် အားထုတ်ကြပေလိမ့်မည်။

ထိုအထဲတွင် တော်လှန် ရေး အင်အားစုများ ညီညွတ်မှုပြိုကွဲ၇န် သပ်လှို ခြေထိုးမှုများ အစဉ်ကြိုးပမ်းမည်မှာ ဧကန်မလွဲဖြစ်

၏။ လူ့အဖွဲ့အစည်းများ ရဟန်းသံဃာထုထဲတွင် တန်ပြန်ခြေထိုးသူများသတင်းပေးများထည့်၍၄င်း၊ မီဒီယာနှင့် လူထု ဆက်

သွယ်ရေးလမ်းကြောင်းများ၌လည်း သတင်း မျောက်များ၊ အင်တာနက် ကပ်ပါးမျောက်များ မွေးမြူ၍ ညီညွတ်မှုပြိုကွဲရန် ၊

သတင်းရယူရန် အားထုတ်လျှက်ရှိကြ၏၊ တော်လှန်ရေးသတိ အမြဲရှိခြင်းသည် မိမိကိုယ်ကို စောင့် ရှောက်နေချိန်တွင် ဒီမို

ကရေစီကိုလည်း စောင့်ရှောက်ခြင်း မည်ပေသည်။
အကျင့်စာရိတ္တ ပျက်စီးမှုဆိုသည်မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ပေပြီ။ ဌာနဆိုင်ရာအသီးသီးနှင့် အစိုးရ ၀န်ထမ်းလော

က တွင်ကား အကျင့်ပျက် ခြင်းသည် စစ်အာဏာရှင်လက်ထက်တွင် ဂုဏ်ယူစရာ အရည်အချင်းဖြစ်လာလျှက်ဗြဟ္မစိုရ် တရား

တို့ ဆိတ်သုန်းပျောက်ကွယ် ခဲ့ပေပြီ။ မြန်မာပြည်သူတို့ကား အမင်္ဂလာတရားနှင့် နိုးထ၍ အမင်္ဂလာ တရားးဖြင့် အိပ်စက် ကြရ

ကုန်၏၊ အရာရာသည်အနိဌာရုံများဖြင့် ပစ္စန္တရစ် အရပ်ဖြစ်မှန်းမသိ ဖြစ်ခဲ့လေပြီ။
စစ်အာဏာရှင်တို့သည် မတရားသဖြင့်ရအပ်သော နိုငငံတော်အာဏာကိုအသုံးချလျှက် ကပ်ပါးမျောက်များကို ဖြားယောင်း

သိမ်းသွင်းကာ လမ်းမှားသို့ လိုက်စေခဲ့သည်။ ကပ်ပါးမျောက်တို့သည်လည်း စစ်အာဏာရှင်တို့ ပေးကမ်းသည့် အရိုးအရင်း

အခွင့်အာဏာနှင့် ပစ္စည်းဥစ္စာများကို ပြည်သူ့ဘဏ္ဍာဟု မမြင်နိုင်ဘဲ အာဏာရှင်ကိုကျေးဇူးရှင်ဟု ထင်မှတ်မှားလျှက် သစ္စာ

စောင့်သိ ကိုးကွယ်လျှက်ရှိကြကုန်၏။


စွမ်းအားရှင်၊ကြံ့ ဖွံ့ ၊ရဲထောက်လှမ်းရေး အစရှိသော ကပ်ပါးမျောက်တို့သည် သခင်အလိုကျ မိုက်မဲရန် ၀န်မလေးကြပေ၊မိရင်း၊

ဖရင်း ညီအကိုမောင်နှမ သားရင်းသာမက သံဃာတော်များ၊ဘုရားပုထိုးများ မကျန် ပြစ်မှားဖျက်ဆီးသတ်ဖြတ်နှိပ်စက်မှုကို

လူပုံအလယ်တွင် ရဲရင့်စွာ နေ့ခင်းကြောင်တောင်၌ ကျူးလွန်လာခဲံကြသည်။
ဒီမိုကရေစီအတွက်ရဲဝန့်စွာ စွန့်လွှတ်နေသူတို့အား ၊မိဘ ရဟန်းရှင်လူတို့အား အရှက်ကင်းမဲ့စွာ စော်ကားဝန်ံကြ၏၊ လူဖြစ်

ဂုဏ်သိက္ခာကို မြေသို့ ချနင်း ခြေ ညစ်နွမ်းစေခဲ့သည်။ နှလုံးကြေကွဲစရာကောင်းလှ၏၊ မိဘပြည်သူ တို့၏ ဒဏ်ခတ်မှုကို မလွဲ

မသွေကြုံတွေ့ ကြရပေလိမ့်မည်။ လောကတွင် တည် မြဲခြင်း ဆိုသည်မှာမရှိ။ မဝေးတော့သော အနာဂါတ်အချိန်တွင် စစ်အာ

ဏာရှင် အဆိပ်ပင်ကြီး မုချပြိုလဲပေလိမ့်ဦး မည်။ ထိုအခါတွင် အဆိပ်သီးတို့သည် ၄င်း၊ ကပ်ပါးမျောက် အပေါင်း တို့သည်၎င်း

သူတို့ကျူးလွန် ခဲ့သည့်မကောင်းမှုကံတို့၏ အစီအမံ အတိုင်း ကျဆုံးပျက်စီး ကြပေလိမ့်မည်၊ အဆိပ်အပင်နှင့်အတူ ဖြစ်၍

အဆိပ်အပင်နှင့်အတူ ကွယ်ပျောက်ခြင်းသာ နိဂုံး၌ ရှိတော့၏။

လောကပါလ-မောင်ကောင်းချစ်
ခေတ္တ-စင်ကာပူမြို့ 
၂၈ ဇွန် ။၂၀၀၉
http://www.hittai.orgမှ့တဆင့်ကူးယူဖော်ပြပါသည်

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP