Facebook Badge

Monday, August 31, 2009

မလေးရှား အကျဉ်းထောင်တွင် မြန်မာတဦး ထပ်မံသေဆုံး

Monday, 31 August 2009 18:30

မလေးရှား နိုင်ငံတွင် အထိန်းသိမ်းခံနေရသူ မြန်မာအလုပ်သမား ၁ ဦး အဖျားရောဂါ တမျိုးကြောင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားသည် ပူထရာဂျာရာ ဆေးရုံတွင် ပြီးခဲ့သည့် စနေနေ့က သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများ အပါဝင် အထိန်းသိမ်းခံနေရ သူများ၏ အဆိုအရ သိရသည်။

သေဆုံးသူ ကိုစိုးသိန်းသည် ကွာလာလမ်ပူမြို့ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေးစခန်း အဆောင် ( ၁ ) တွင် ချုပ်နှောင်ခံ ထားရသူဖြစ်သည်။

“ရောဂါစဖြစ်တာ သုံးပတ်လောက်ရှိပြီ။ စဖြစ်ဖြစ်ချင်း ဖျားတာကနေ နောက်ပိုင်း ထမင်းစားချင်စိတ် မရှိတော့ဘူး။ နှစ်ပတ်လောက် နေတော့ ခန္ဓာကိုယ် တအားရောင်လာတယ်၊ အဲဒါ ပြီးခဲ့တဲ့ သောကြာနေ့က ဆေးရုံ တင်ပေး တယ် စနေနေ့မှာ ဆုံးသွားတယ်” ဟု ကိုစိုးသိန်းနှင့်အတူ အထိန်းသိမ်းခံနေခဲ့ရသည့် ကိုနေမင်းက ဧရာဝတီသို့ ပြောသည်။

ကိုစိုးသိန်း ချုပ်နှောင်ခံခဲ့ရသည့် အဆောင်တွင် ၎င်းဖြစ်ပွားခဲ့သော ရောဂါ ဝေဒနာမျိုး ခံစားနေရသူ ၅ ဦးခန့် ကျန်နေသေးကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရောဂါ အတိအကျကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းက အလားတူ ရောဂါ ဝေဒနာ ခံစားနေရသူ တဦး သေဆုံးခဲ့သေးကြောင်း ကိုနေမင်းက ပြောပြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာပြည်သား အလုပ်သမား ၂ ဦး သေဆုံးခဲ့ဖူးသည်။ သေဆုံးရသည့် အကြောင်းရင်း ပေါ်ထွက်လာခြင်း မရှိပေ။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို မကျွေးဘဲ ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရ ဓာတ် ချို့တဲ့နေကြသည်ဟု သိရသည်။ ၎င်း စခန်းအတွင်း ရေချိုးသည့်အခါ ဆပ်ပြာ မရှိသဖြင့်အများစုမှာ ယား နာများ စွဲကပ်နေရကြောင်းလည်း သိရသည်။

ကိုနေမင်း အပါအဝင် မြန်မာပြည်သားများမှာ မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေခဲ့ရပြီး ကွာလာ လမ်ပူ လေဆိပ်အနီး ထိန်းသိမ်းရေး စခန်းသို့ ၎င်းတို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့် ရှိနေသည်။ ထိုအထဲတွင် မြန်မာပြည်သား အများစု ပါဝင်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အထိန်းသိမ်းခံထားရသူများ အတွက် နေရာ ထိုင်ခင်းလည်း အလုံ အလောက် မရှိဘဲ အထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်မှုများရှိသည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြား သား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။ အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP