Facebook Badge

Wednesday, August 26, 2009

စံပြဆေးရုံတွင် လျှပ်စစ်အား မပြည့်မီသဖြင့် ခွဲစိတ်လူနာများ ဓာတ်မှန်ရိုက်ရန် အခက်တွေ့

ရန်ကုန်မြို့၊ စံပြအထွေထွေရောဂါကုဆေးရုံ (သင်္ကန်းကျွန်း) ဓာတ်မှန်ဌာန၌ လုံလောက်သော လျှပ်စစ်ဗို့အား မရရှိခြင်းကြောင့် ဓာတ်မှန်ရိုက်ရန်လိုအပ်သည့် အရေးပေါ်ခွဲစိတ်လူနာများ အခက်တွေ့နေသည်။

အဏုမြူဓာတ်ရောင်ခြည်ဖြင့် ရောဂါရှာဖွေသည့် (X-Ray) စက်များသည် အ၀င်ဗို့အား (၂၀၀) ရှိမှသာ စွမ်းအားပြည့် လည်ပတ်အလုပ်လုပ်ပြီး Watt (၂၀၀) အောက်ကျသွားပါက စက်များမှ Auto ဖြုတ်ချလိုက်ကြောင်း သိရသည်။

ထို့ကြောင့် မီးအားအသုံးများသည့် နေ့ဘက်၌ လုံးဝနီးပါး ဓာတ်မှန်ရိုက်၍မရဘဲ လျှပ်စစ်ဗို့အား ပြန်တက်တတ်သည့် ည (၉) နာရီကျော်မှသာ လူနာများအား ဓာတ်မှန်ရိုက်ပေးနေရသည်ဟု ဓာတ်မှန်ဘက်ဆိုင်ရာ ၀န်ထမ်းတဦးက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်အ၀င်ဗို့အားနည်း၍ X-Ray စက်ကြီးများ အချိန်ပြည့် အလုပ်မလုပ်နိုင်သည်မှာ (၂) ပတ်ခန့်ရှိနေပြီဖြစ်ပြီး အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည့်လူနာများ ပြင်ပပုဂ္ဂလိကဆေးခန်းကြီးများ၌ ဈေးနှုန်းကြီးမြင့်စွာ ပေး၍ ဓာတ်မှန်ရိုက်နေရ သည်။

ယခုကဲ့သို့ ဓာတ်မှန်စက်များ မသုံးနိုင်ခြင်းသည် ငွေကြေးအဆမတန်ကုန်ကျခြင်းထက် အချိန်နှင့်အမျှ အရေးကြီးသော လူနာ၏အသက်အန္တရာယ်ကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု ဆရာဝန်များက ပြောသည်။

ဦးနှောက်တွင်း သွေးခဲ၍ သြဂုတ် (၁၃) ရက်နေ့က စံပြဆေးရုံတက်ရောက်လာသော အမျိုးသမီးလူနာတဦးသည် ဆေးရုံ၌ ကွန်ပျူတာဓာတ်မှန် (CT) ရိုက်မရ၍ ပုဂ္ဂလိက ဆေးခန်းတခု၌ CT ရိုက်ခဲ့ရသည်။

“ဆေးရုံမှာ CT ရိုက်ခ (၂၀,၀၀၀) ကျပ်ခန့်သာ ကုန်ကျမှာဖြစ်ပေမယ့် အဲဒီနေ့က ဆေးရုံလူနာတင်ယာဉ်ကားခ (၆,၀၀၀) ကျပ်အပါအ၀င် (၁) သိန်းလောက် ကုန်သွားတယ်” ဟု လူနာနှင့်ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

စံပြဆေးရုံကြီး၌ ရင်ခေါင်းပိုင်း ဓာတ်မှန်ရိုက်ခြင်း၊ ဦးခေါင်းပိုင်း ဓာတ်မှန်ရိုက်ခြင်း၊ အရိုးအကြောအဆစ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း စသဖြင့် ပြည့်စုံစွာထားရှိသော်လည်း လျှစ်စစ်အားမပြည့်မီသဖြင့် စက်များအသုံးချမရ ဖြစ်နေသည်။

ယင်းသို့ လျှပ်စစ်ဗို့အားမပြည့်မီ၍ ဓာတ်မှန်ရိုက်စက်များ အချိန်မှန် အလုပ်မလုပ်နိုင်သည့်အပြင် မီးစက်ကိုလည်း လတ်တလော အသုံးမပြုနိုင်သေးကြောင်း စံပြဆေးရုံ ဓာတ်မှန်ဌာနတာဝန်ခံ အမျိုးသမီးက “မီးစက်က လတ်တလောမရှိသေးပါဘူး။ ဒီကိစ္စကို ဆေးရုံအုပ်ကြီးထံ အချိန်မီတင်ပြထားပါတယ်” ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံး (EPC) မှ တာဝန်ကျ လျှပ်စစ်ဝန်ထမ်းတဦးကလည်း “ပင်မဓာတ်အားလိုင်းက အ၀င်နည်းလို့ ကျနော်တို့ဆီက အထွက်နည်းနေရတာပါ။ ကျနော်တို့ ရရှိတဲ့ ဓာတ်အား ပမာဏထဲက သုဝဏ္ဏ၊ စံပြဆေးရုံ၊ CNG ဆိုင်တွေကို VIP ဦးစားပေးအဆင့် တတ်နိုင်သမျှ ဗို့အားတင်ပေးထားပါတယ်။ လုံလောက်တဲ့လျှပ်စစ်ဗို့အား မပေးနိုင်တာက လည်း ရန်ကုန်တမြို့လုံးဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ထိုကဲ့သို့ လျှပ်စစ်ဗို့အားမလုံလောက်သည့်အခြေအနေသည် ဗိုလ်ချုပ်လမ်း၊ ရန်ကုန်ဆေးရုံကြီးမှလွဲ၍ အင်းစိန်ဆေးရုံ၊ ဗဟန်းအမျိုးသမီးဆေးရုံအပါအ၀င် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံအားလုံးနီးပါး ရင်ဆိုင်နေရသည်ဟု ၀န်ထမ်းအသီးသီးက ပြောကြသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP