Thai pop စက်ရုံအလုပ်သမားများ အလုပ်ပြတ်တောက်နေစဉ်အပြင်ထွက်လုပ်ရာမှ ငွေလိမ်ခံရ
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မှုဘန့်နေ Thai pop စက်ရုံအလုပ်သမားများ စက်ရုံအလုပ်ပြတ်တောက်နေချိန် အပြင်ထွက်ပြီး ကြံခုတ်နေ့စားလိုက်လုပ်ရာ နေ့စားခေါ်သူမှ လုပ်အားခ ကိုမရှင်းပေးဘဲ ထွက်ပြေးသွားကြောင်း နေ့စားခမရသူတယောက်ဖြစ်တဲ့ ကိုအရှည်ကြီးက ယခုလိုပြောသည်။
̏ကျွန်တော်တို့က စက်ရုံမှာချည်ပြတ်သွားချိန် အလုပ်မရှိဘူးဗျာ ဒါကြောင့် အလုပ်နားနေချိန်မှာ စားစရိတ်လေးရအောင် ဆိုပြီး အပြင်မှာထွက်အလုပ်လုပ်ဖို့ ကိုစိုးနိုင်ကို ပြောတော့ သူမှာ အလုပ်ရှိတယ် ကြံခုတ်ရမယ်ပေါ့ တနေ့ ၁၀၀ ရမယ် ဆိုပြီး လိုက်လုပ်တာလေ စက်ရုံထဲက ၁၀ ယောက်ကျော် လိုက်လုပ်မယ်ပေါ့ စက်ရုံကထမင်းပေးတယ် ဟင်းမပေးဘူးလေ ဒါကြောင့် အပြင်ကဆိုင်တွေမှာ အကြွေးစာရင်းဖွင့်ပြီး ဟင်းဝယ်သွားရတယ်လေ ၁၀ရက်လောက်ရတော့ သူဌေးက ပိုက်ဆံမပေးသေးဘူးလားမေးတော့ နောက်ထပ် တနေရာပြီးရင် ရှင်းပေးမယ်လို့ပြောတယ်ဗျာ အဲဒီနေရာပြီးတော့ သူပြောတာ စက်ရုံက သူဌေးကို ပိုက်ဆံမပေးသေးဘူးခဏစောင်ပေးပါ ပေးတာနဲ့ သူလာပေးပါ့မယ် ဆိုပြီးခုထိ ပေါ်မလာတော့တာဘဲ ခုတော့ ဟင်းဖိုးလဲမကြေ ပိုက်ဆံလဲ မရ လူတွေလဲ ပင်ပန်း သူကတော့ အားလုံး ငွေတွေယူပြီး ထွက်ပြေးသွားတယ်လေ”
အဆိုပါ Thai pop kniting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး ၎င်းစက်ရုံအနီး နေထိုင်သူ ကိုစိုးနိုင်မှ လုပ်အားခ ငွေ စုစုပေါင်း ဘတ် ၃၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်
Thai pop kniting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး လက်ရှိ သတင်းထွက်ပေါ်ချိန်တွင် အလုပ်ပြတ်တောက်နေချိန်လဲဖြစ်သည်။