Facebook Badge

Saturday, December 12, 2009

အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး



နိုင်ငံသားများ၏ အခွင့်အရေးကို ချိုးဖောက်သည့် ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များ အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ယမန်နေ့တွင် ပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဖယောင်းတိုင်မီးထွန်းပြီး လှည့်လည် ဆုတောင်းသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ သမ္မတ အိုဘားမား တည်းခိုရာ ဟိုတယ်သို့ ချီတက်သွားကြသည် (ဓာတ်ပုံ - Reuters)

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပေးအပ်သော နိုဗဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီး ပြောကြားခဲ့သော မိန့်ခွန်းတွင် အိုဘားမားက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လူ့အခွင့် အရေးကို စနစ်တကျ ချိုးဖောက် နေသည့် တိုင်းပြည်များတွင် မြန်မာ နိုင်ငံသည် တနိုင်ငံ အပါအ၀င် ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည်ချက် ကိုလည်း အိုဘားမားက ချီးကျူး ပြောဆိုသည်။

“ဒါဖာမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိတယ်၊ ကွန်ဂိုမှာလည်း စနစ်တကျ ဖျက်လို ဖျက်ဆီး လုပ်နေတာတွေ ရှိသလို မြန်မာ မှာလည်း ဖိနှိပ်မှုတွေ ရှိပါတယ်၊ အဲဒီအတွက် နောက်ဆက်တွဲ ရလာဒ် တွေရှိမှာပါ၊ သံတမန်ရေးနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရှိသလို မအောင်မြင် ရင်လည်း နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အိုဘားမားက ပြောသည်။

နျူကလီးယား စွမ်းအင်ကို သတ်မှတ် ထားသည်ထက် ပိုမို စမ်းသပ် ဆောင်ရွက် နေသည့် အီရန်၊ မြောက်ကို ရီးယားနှင့် နိုင်ငံသားများ အပေါ်တွင် နှိပ်စက် ညှဉ်းပန်း မှုများ ပြုလုပ်နေသည့် ဒါဖာနှင့် မြန်မာ နိုင်ငံတို့ အပေါ် တွင် နိုင်ငံတကာ အသိုင်းအ၀န်းက အဓိပ္ပာယ်ရှိသော အရေးယူ ဆောင်ရွက် ချက်များကို “ဒေါ်အောင်ဆန်း စုကြည်လိုပဲ အီရန်ရဲ့ လမ်းမပေါ်ကိုထွက်ပြီး တိတ်ဆိတ်စွာ ချီတက်ခဲ့ကြတဲ့ ထောင်ပေါင်း များစွာသော ပြည်သူတွေ၊ အရိုက်ခံရပေမယ့် ရဲရင့်စွာ မဲပေးခဲ့ကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေလို ငြိမ်သက် ပြီးတော့ သိက္ခာရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ ပေးဆပ်မှုတွေကို ကျနော်တို့ လေးစား ဂုဏ်ပြု ပါတယ်၊ အစိုးရ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ နိုးကြားမှုကို အခြားတိုင်းပြည်များ၏ အင်အား တောင့်တင်းမှု ထက် ပိုမိုကြောက်ရွံ့ကြတယ်ဆိုတာကို ဖော်ပြနေတာပါ”ဟု အိုဘားမားက ပြောသည်။

နိုဗဲလ်ဆုရွေးချယ်ရေး ကော်မတီက အိုဘားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့် လိုက်ကြောင်း အောက်တို ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

တချိန်တည်းမှာပင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့မှ ထုတ်ပြန် သည့် ထုတ်ပြန်ချက်တွင် ယင်းအဖွဲ့၏ အကြံပေးအရာရှိ James Jonesက အိုဘားမား အစိုးရ အနေဖြင့် မြန်မာ နှင့် အီရန်နိုင်ငံတို့တွင် ကျူးလွန်နေသော ဖိနှိပ်မှုများကို အာရုံစိုက် စောင့်ကြည့်နေကြောင်း ဆိုသည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်သည့် အခမ်းအနားတွင် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေပုံ (ဓာတ်ပုံ - Reuters)

အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosiက အကျယ်ချုပ်ကျခံနေဆဲ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒါဖာတွင် အစုလိုက်အပြုံလိုက် လူသတ်မှုများကို ကိုးကား၍ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အမေရိကန်၏ ဦးဆောင်မှုကို ကမ္ဘာတ၀န်းလုံးက လိုအပ်ကြောင်း ပြောသည်။

ထို့အပြင် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်ကလည်း အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သော်လည်း ဒီမို ကရေစီရေး ပြောင်းလဲမှုနှင့်ပတ်သက်၍ တိုးတက်မှု တစုံတရာ မရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ညွှန်း၍ မစ္စတာ စကော့မာရှယ်က“ဆုံးဖြတ်ချက်တွေကို တယောက်တည်း ကနေ ချမှတ် နေတာက ပြဿနာပါ၊ အဲဒီ ပုဂ္ဂိုလ်က မြင်သာတဲ့ ပွင့်လင်းမှုကို အခုထက်ထိ မပြသေးဘူး၊ တိုးတက်မှု တစုံတရာ မရှိသေးရင် နှစ်ဦး နှစ်ဘက် ထပ်မံစကားပြောဖို့ ခက်လိမ့်မယ်၊ အခုချိန်ထိတော့ အဲဒီ အခြေအနေ မရောက်သေးပါဘူး၊ ကျနော်တို့ ခရီးစဉ်က တစုံတရာ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ပါ ဘူး” ဟု ဆိုသည်။

နိုဝင်ဘာလက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ အခြားအရာရှိ ၂ ဦးတို့နှင့် အတူ မစ္စတာ စကော့မာရှယ်သည် မြန်မာပြည်သို့ သွားရောက်ခဲ့သည်။ချမှတ်ရန် လိုကြောင်း ၎င်းက ဆိုသည်။



ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP