Facebook Badge

Tuesday, December 1, 2009

မြန်မာအလုပ်သမားများ ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် တုန့်ပြန်မှု အထူးနှေးကွေး

Tuesday, 01 December 2009 15:35

ထိုင်းနှင့် မြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် မြန်မာအလုပ်သမားများ တုန့်ပြန်မှုမှာ နှေးကွေးလွန်းသဖြင့် အထူးစဉ်းစားစရာ အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြား အလုပ်သမားများရေးရာဌာန မန်နေဂျာ နိုင်ထနစ်နနွိုင်က ပြီးခဲ့သောရက်ပိုင်းက ၀န်ကြီးဌာနအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ပြီးခဲ့သော နိုဝင်ဘာ(၂၈)ရက်နေ့ အလုပ်သမား ၀န်ကြီးဌာန အစည်းအဝေး၊ နိုင်ငံခြား အလုပ်သမားများ မူဝါဒရေးရာ သုံးသပ်ဆွေနွေးပွဲတွင် မန်နေဂျာက “ဇူလိုင်လကတည်းက အခုအချိန်ထိ မြန်မာအလုပ်သမား ရှစ်သောင်း ယာယီပတ်စပို့လုပ်ဖို့ ဖေါင်တွေဖြည့်ပြီး လျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံ အစိုးရက သူတို့နိုင်ငံသားအဖြစ် အတည်ပြုပြီးတော့ အကြောင်းပြန်တာက အလုပ်သမား သုံးသောင်း ဆိုတော့ ကျန်တဲ့လူငါးသောင်းက ဘာတွေဖြစ်လို့ အကြောင်းမပြန်တာလဲ၊ လေးလကျော် ငါးလနီးပါး လုပ်လာပြီ နည်းနည်းချင်းစီ လာလုပ်နေကြတာ ဒီနေ့အထိ စုစုပေါင်း (၄၀၀၀)ပဲ လုပ်သေးတယ်။ ၂၀၀၉ ခုနှစ် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားက (၇၀၀၀၀၀) ရှိတယ်၊ ကျနော်တို့ကတော့ နိုင်ငံသားအဖြစ် စီစစ်လို့ မရတဲ့လူတွေကို ၂၀၁၀ ဖေဖေါ်ဝါရီလကုန်ဆိုရင် ဥပဒေအရ နိုင်ငံအပြင်ဘက်ကို မောင်းထုတ်ရမယ့် သဘောဖြစ်နေတယ်”ဟု သတင်းထောက်များအားပြောသည်။

မြန်မာနိုင်ငံသားများမှ အချက်အလက်များ ဖြည့်စွက်ရာတွင် ပြည့်စုံမှု မရှိခြင်းများ ရှိနေကြောင်း၊ အလုပ်သမားများ၏ ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံဖက်မှ အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံဖက်မှ ဘာကြောင့် အခက်အခဲဖြစ်ပြီး နှောင့်နှေးကြန့်ကြာနေတာကို မိမိတို့စဉ်းစားမရ ဖြစ်နေကြောင်း ရေးသားထားသည်။

နယ်စပ်လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ ကရင်၊ မွန်နှင့် ရိုဟင်ဂျာဟုခေါ်သော လူများ မည်သို့ပင်ဖြစ်စေ နိုင်ငံသားအဖြစ် စီစစ်မရနိုင်သော သူများကို မိမိတို့ အစိုးရအနေဖြင့် တရားမ၀င် နိုင်ငံခြာသား အလုပ်သမားများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ယမန်နေ့က ထိုင်းဘာသာဖြင့် ထုတ်ဝေသော ဒေးလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။


ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP