Facebook Badge

Tuesday, December 1, 2009

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ


ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

ခင်မင်ရသောသူများ ညစဉ် ဆက်ဆက်လာနော်။ မိတ်ဆွေများ နေ့စဉ် ဆက်ဆက်လာနော် လာရောက်လည်ပတ်သူများကို ကျေးဇူးတင်ပါတယ်။

About This Blog

Lorem Ipsum

ကဲဘယ်နိုင်ငံမှာ ဘယ်နှစ်နာရီထိုးပြီလဲ

ပြောပြီးပြန်လဲရပါတယ်တခုခုတော့ပြောခဲ့ပါ

ဇော်ဂျီဖောင့် ကွန်ဗက်စ်တာလေးပါ















Web
youthnetworks








  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP